ကမၻာေက်ာ္ ေတးဂီတအဖြဲ႔ၾကီး Queen အဖြဲ႔မွ ဒရမ္သမား ေရာ္ဂ်ာေတလာ၏ အဂၤလန္ရွိစံအိမ္ကို လက္ရွိပိုင္ရွင္ ကာတာ စီးပြားေရး လုပ္ငန္းရွင္က အေရာင္းေစ်းကြက္တင္

ကမၻာေက်ာ္ ေတးဂီတအဖြဲ႔ၾကီး Queen အဖြဲ႔မွ ဒရမ္သမား ေရာ္ဂ်ာေတလာ၏ အဂၤလန္ရွိစံအိမ္ကို လက္ရွိပိုင္ရွင္ ကာတာ စီးပြားေရး လုပ္ငန္းရွင္က အေရာင္းေစ်းကြက္တင္ - Property News in Myanmar from iMyanmarHouse.com
30 Dec 2019 12:22 pm တွင် တင်ခဲ့သည်
1296 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ကမၻာေက်ာ္ ေတးဂီတအဖြဲ႔ၾကီး Queen အဖြဲ႔မွ ဒရမ္သမား ေရာ္ဂ်ာေတလာ၏ အဂၤလန္ရွိစံအိမ္ အေရာင္းေစ်းကြက္ဝင္လာသည္။

Arts and Crafts ဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားေသာ စံအိမ္ၾကီးသည္ အဂၤလန္ႏိုင္ငံ အေရွ႕ေတာင္ပိုင္း ဆာေရးခရိုင္တြင္ တည္ရွိသည္။

ဆာေရး ခရိုင္၊ သာစေလ ေက်းရြာတြင္ တည္ရွိျပီး Milhanger Cottage ဟု အမည္ေပးထားေသာ စံအိမ္သည္ Queen အဖြဲ႔ ဒရမ္သမား၊ ေတးေရး ေရာ္ဂ်ာေတလာ ႏွစ္ေပါင္းမ်ားစြာ ေနထိုင္ခဲ့သည့္ စံအိမ္ျဖစ္သည္။

ပင္မစံအိမ္အတြင္း အိပ္ခန္း ၇ ခန္း ပါဝင္ျပီး ျခံဝန္းအက်ယ္ ဧက ၇၀ ခန္႔အထိ က်ယ္ဝန္းကာ ျခံဝန္းက်ယ္ၾကီးအတြင္း အျခားအေဆာက္အအံုမ်ား ပါဝင္ေနေသးသည္။

ယခုလအတြင္း အေရာင္းေစ်းကြက္ ျပန္ဝင္လာျခင္းျဖစ္ျပီး ေပါင္ ၆ သန္း (ကန္ေဒၚလာ ၇ ဒသမ ၇၇၅ သန္း) ေစ်းေခၚထားေၾကာင္း Zoopla ဝက္ဘ္ဆိုက္တြင္ ေဖာ္ျပသည္။

အသက္ ၇၀ ရွိျပီျဖစ္ေသာ မစၥတာေတလာသည္ Queen အဖြဲ႔ၾကီးတြင္ ေရွ႕ထြက္အဆိုေတာ္ ဖရက္ဒီ မာက်ဴရီႏွင့္အတူလက္တြဲကာ ကမၻာေက်ာ္ေတးသီခ်င္းမ်ားျဖစ္ေသာ Under Pressure ႏွင့္ These are the days of our lives တို႔ အပါအဝင္ ေတးသီခ်င္းမ်ားစြာ တီးခတ္ထုတ္လုပ္ခဲ့ၾကသည္။

ေရာ္ဂ်ာေတလာသည္ ယခုစံအိမ္ၾကီးတြင္ ၁၉၇၉ ခုႏွစ္မွ ၂၀၀၃ ခုႏွစ္အထိ ေနထိုင္ခဲ့ေၾကာင္း ေစ်းကြက္တင္ေပးသည့္ အက်ဳိးေဆာင္ကုမၸဏီ Savills ၏ အခ်က္အလက္မ်ားတြင္ ေဖာ္ျပသည္။

“ဒါဟာ ဂႏၳဝင္ ဂီတသမားၾကီးတစ္ဦး ေနထိုင္သြားခဲ့တဲ့ စံအိမ္ၾကီးပါ။ ၾကီးမားတဲ့ ေက်းလက္စံအိမ္တစ္လံုး ရွာေဖြေနသူေတြအတြက္ အခု ေစ်းကြက္ထဲ ျပန္ဝင္လာပါျပီ”ဟု အိမ္ျခံေျမအက်ဳိးေဆာင္ အလက္စတဲ မာဆာက ေျပာၾကားသည္။

ပင္မစံအိမ္တြင္ ၾကီးမားလွေသာ ဝက္သစ္ခ်သား ေလွကားၾကီးသည္ ဒုတိယထပ္ဆီ တက္သြားျပီး ဒုတိယထပ္တြင္ အိပ္ခန္း ၆ ခန္းႏွင့္ ဂိမ္းကစားခန္းမတစ္ခု ေတြ႔ရမည္ ျဖစ္သည္။

ထိုမွတဆင့္ ၾကီးမားလွသည့္ စာၾကည့္တိုက္ခန္းႏွင့္ ေဖ်ာ္ေျဖေရးခန္းမတို႔သို႔ ေရာက္ရွိႏိုင္သည္။

ၾကီးမားလွေသာ ခန္းမၾကီးတစ္ခုရွိ ေၾကာင္လိမ္ေလွကားမွတဆင့္ အပန္းေျဖေနရာသို႔ ေရာက္ရွိႏိုင္ျပီး အပန္းေျဖေနရာတြင္ ေရကူးကန္ႏွင့္ အားကစားေလ့က်င့္ေရးခန္းမတို႔ ပါဝင္သည္။

အေပၚဆံုးထပ္တြင္ ၾကီးမားက်ယ္ဝန္းေသာ Master Bedroom တစ္ခန္းပါဝင္သည္။

ျခံဝန္းၾကီးအတြင္းရွိ အေဆာက္အအံမ်ားအနက္ ႏွစ္ေပါင္း ၄၅၀ သက္တမ္းရွိ Cosford Mill ဟုေခၚေသာ အေဆာက္အအံုၾကီးတစ္လံုး ပါဝင္ျပီး လက္ရွိတြင္ ဧည့္ေဂဟာအျဖစ္ အသံုးျပဳထားသည္။

အဆိုပါ အေဆာက္အအံုၾကီးသည္ ရာစုႏွစ္မ်ားစြာ ျဖတ္သန္းခဲ့ျပီး အိပ္ခန္း ၄ ခန္း၊ မီးဖိုေဆာင္ႏွင့္ ဧည့္ခံခန္းမ်ားျဖင့္ ဖြဲ႔စည္းထားသည္။

လက္ရွိပိုင္ရွင္မွာ ကာတာမွ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးျဖစ္ျပီး ၂၀၁၈ ေႏြဦးေပါက္တြင္ ေပါင္ ၆ သန္းျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္သည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

ကမ္ဘာကျော် တေးဂီတအဖွဲ့ကြီး Queen အဖွဲ့မှ ဒရမ်သမား ရော်ဂျာတေလာ၏ အင်္ဂလန်ရှိစံအိမ် အရောင်းဈေးကွက်ဝင်လာသည်။

Arts and Crafts ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော စံအိမ်ကြီးသည် အင်္ဂလန်နိုင်ငံ အရှေ့တောင်ပိုင်း ဆာရေးခရိုင်တွင် တည်ရှိသည်။

ဆာရေး ခရိုင်၊ သာစလေ ကျေးရွာတွင် တည်ရှိပြီး Milhanger Cottage ဟု အမည်ပေးထားသော စံအိမ်သည် Queen အဖွဲ့ ဒရမ်သမား၊ တေးရေး ရော်ဂျာတေလာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည့် စံအိမ်ဖြစ်သည်။

ပင်မစံအိမ်အတွင်း အိပ်ခန်း ၇ ခန်း ပါဝင်ပြီး ခြံဝန်းအကျယ် ဧက ၇၀ ခန့်အထိ ကျယ်ဝန်းကာ ခြံဝန်းကျယ်ကြီးအတွင်း အခြားအဆောက်အအုံများ ပါဝင်နေသေးသည်။

ယခုလအတွင်း အရောင်းဈေးကွက် ပြန်ဝင်လာခြင်းဖြစ်ပြီး ပေါင် ၆ သန်း (ကန်ဒေါ်လာ ၇ ဒသမ ၇၇၅ သန်း) ဈေးခေါ်ထားကြောင်း Zoopla ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။

အသက် ၇၀ ရှိပြီဖြစ်သော မစ္စတာတေလာသည် Queen အဖွဲ့ကြီးတွင် ရှေ့ထွက်အဆိုတော် ဖရက်ဒီ မာကျူရီနှင့်အတူလက်တွဲကာ ကမ္ဘာကျော်တေးသီချင်းများဖြစ်သော Under Pressure နှင့် These are the days of our lives တို့ အပါအဝင် တေးသီချင်းများစွာ တီးခတ်ထုတ်လုပ်ခဲ့ကြသည်။

ရော်ဂျာတေလာသည် ယခုစံအိမ်ကြီးတွင် ၁၉၇၉ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ နေထိုင်ခဲ့ကြောင်း ဈေးကွက်တင်ပေးသည့် အကျိုးဆောင်ကုမ္ပဏီ Savills ၏ အချက်အလက်များတွင် ဖော်ပြသည်။

“ဒါဟာ ဂန္ထဝင် ဂီတသမားကြီးတစ်ဦး နေထိုင်သွားခဲ့တဲ့ စံအိမ်ကြီးပါ။ ကြီးမားတဲ့ ကျေးလက်စံအိမ်တစ်လုံး ရှာဖွေနေသူတွေအတွက် အခု ဈေးကွက်ထဲ ပြန်ဝင်လာပါပြီ”ဟု အိမ်ခြံမြေအကျိုးဆောင် အလက်စတဲ မာဆာက ပြောကြားသည်။

ပင်မစံအိမ်တွင် ကြီးမားလှသော ဝက်သစ်ချသား လှေကားကြီးသည် ဒုတိယထပ်ဆီ တက်သွားပြီး ဒုတိယထပ်တွင် အိပ်ခန်း ၆ ခန်းနှင့် ဂိမ်းကစားခန်းမတစ်ခု တွေ့ရမည် ဖြစ်သည်။

ထိုမှတဆင့် ကြီးမားလှသည့် စာကြည့်တိုက်ခန်းနှင့် ဖျော်ဖြေရေးခန်းမတို့သို့ ရောက်ရှိနိုင်သည်။

ကြီးမားလှသော ခန်းမကြီးတစ်ခုရှိ ကြောင်လိမ်လှေကားမှတဆင့် အပန်းဖြေနေရာသို့ ရောက်ရှိနိုင်ပြီး အပန်းဖြေနေရာတွင် ရေကူးကန်နှင့် အားကစားလေ့ကျင့်ရေးခန်းမတို့ ပါဝင်သည်။ အပေါ်ဆုံးထပ်တွင် ကြီးမားကျယ်ဝန်းသော Master Bedroom တစ်ခန်းပါဝင်သည်။

ခြံဝန်းကြီးအတွင်းရှိ အဆောက်အအံများအနက် နှစ်ပေါင်း ၄၅၀ သက်တမ်းရှိ Cosford Mill ဟုခေါ်သော အဆောက်အအုံကြီးတစ်လုံး ပါဝင်ပြီး လက်ရှိတွင် ဧည့်ဂေဟာအဖြစ် အသုံးပြုထားသည်။

အဆိုပါ အဆောက်အအုံကြီးသည် ရာစုနှစ်များစွာ ဖြတ်သန်းခဲ့ပြီး အိပ်ခန်း ၄ ခန်း၊ မီးဖိုဆောင်နှင့် ဧည့်ခံခန်းများဖြင့် ဖွဲ့စည်းထားသည်။

လက်ရှိပိုင်ရှင်မှာ ကာတာမှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ၂၀၁၈ နွေဦးပေါက်တွင် ပေါင် ၆ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service