ဘန္ေကာက္ပို႔စ္ သတင္းစာ ဆက္လက္ထုတ္ေဝႏိုင္ရန္အတြက္ ရံုးခ်ဳပ္အေဆာက္အအံုႏွင့္ ပံုႏွိပ္တိုက္အေဆာက္အအံုတို႔ကို ေရာင္းခ်ရန္ စီစဥ္

ဘန္ေကာက္ပို႔စ္ သတင္းစာ ဆက္လက္ထုတ္ေဝႏိုင္ရန္အတြက္ ရံုးခ်ဳပ္အေဆာက္အအံုႏွင့္ ပံုႏွိပ္တိုက္အေဆာက္အအံုတို႔ကို ေရာင္းခ်ရန္ စီစဥ္ - Property News in Myanmar from iMyanmarHouse.com
27 Dec 2019 10:42 am တွင် တင်ခဲ့သည်
1102 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ထိုင္းႏိုင္ငံ၏ သက္တမ္းအရင့္ဆံုး အဂၤလိပ္သတင္းစာ ဘန္ေကာက္ပို႔စ္သည္ ေၾကာ္ျငာဝင္ေငြ အလြန္နည္းပါးမႈေၾကာင့္ အရံႈးေပၚလ်က္ရွိရာ သတင္းစာဆက္လက္ထုတ္ေဝႏိုင္ေရးအတြက္ ဘန္ေကာက္ရွိ ရံုးခ်ဳပ္အေဆာက္အအံုႏွင့္ပံုႏွိပ္တိုက္ အေဆာက္အအံုတို႔ကို ေရာင္းထုတ္ရန္ စီစဥ္လာရေၾကာင္း ဂ်ပန္သတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။

ေၾကာ္ျငာလားရာမွာ အြန္လိုင္းက႑ဘက္သို႔ ကူးေျပာင္းေနမႈမ်ားေၾကာင့္ ဝင္ေငြက်ဆင္းလာရာမွ ယခုအခါ သတင္းစာ (print version) ဆက္လက္ရပ္တည္ႏိုင္ေရးအတြက္ ကုမၸဏီ၏ တစ္ခုတည္းေသာ ၾကီးမားသည့္ ပုိင္ဆိုင္မႈျဖစ္ေသာ အေဆာက္အအံုမ်ားကို ေရာင္းထုတ္ရန္ စီစဥ္လာရျခင္းလည္း ျဖစ္သည္။

ေၾကာ္ျငာေအဂ်င္စီတစ္ခုျဖစ္ေသာ Media Intelligence က ေဖာ္ျပေသာ အခ်က္အလက္မ်ားအရ ထိုင္းႏိုင္ငံတြင္ ၂၀၁၅ ခုႏွစ္အတြင္း အင္တာနက္၌ ေၾကာ္ျငာအတြက္ အသံုးျပဳေငြမွာ ဘတ္ေငြ ၈ ဘီလီယံ (လက္ရွိ ေငြလဲႏႈန္းမ်ားအရ ကန္ေဒၚလာ ၂၆၅ သန္း) ခန္႔ အသံုးျပဳခဲ့ျပီး ေနာင္ ၃ ႏွစ္အၾကာတြင္ အင္တာနက္ေၾကာ္ျငာက႑အတြက္ အသံုးျပဳေငြမွာ ႏွစ္ဆေက်ာ္ျမင့္တက္ကာ ဘတ္ေငြ ၁၇ ဘီလီယံအထိ ရွိလာခဲ့သည္။

လာမည့္ ၂၀၂၀ တြင္ ဘတ္ေငြ ၂၄ ဘီလီယံသို႔တုိင္ ေရာက္ရွိဖြယ္ရွိသည္ဟု ခန္႔မွန္းထားသည္။

တခ်ိန္တည္းမွာပင္ သတင္းစာေၾကာ္ျငာက႑ကုိ ၾကည့္မည္ဆိုလွ်င္ မ်ားစြာထိုးက်သြားရာ ၂၀၁၅ ခုႏွစ္တြင္ ဘတ္ေငြ ၁၂ ဘီလီယံ သံုးစြဲခဲ့ရာမွ လာမည့္ ၂၀၂၀ ျပည့္ႏွစ္တြင္ ဘတ္ေငြ သန္း ၅၀၀ သာရွိဖြယ္ရွိသည္ဟု ခန္႔မွန္းထားရာ ၉၆ ရာခုိင္ႏႈန္းအထိ ထိုးက်သြားျခင္း ျဖစ္သည္။

ယခုအခါ ထုတ္ေဝမႈသက္တမ္း ၇၃ ႏွစ္ရွိခဲ့ျပီျဖစ္ေသာ ဘန္ေကာက္ပို႔စ္သည္ ပံုႏွိပ္တိုက္ႏွင့္ ျဖန္႔ခ်ိေရးအျဖစ္ အသံုးျပဳေသာ စတုရန္းမီတာ ၃၀၀၀၀ က်ယ္ဝန္းသည့္ အေဆာက္အအံုႏွင့္ ရံုးခ်ဳပ္အျဖစ္ ရံုးစိုက္ခဲ့သည့္ စတုရန္းမီတာ ၃၅၄၈၃ က်ယ္ဝန္းသည့္ အေဆာက္အအံု ၂ လံုးကို ေရာင္းခ်ေတာ့မည္ ျဖစ္သည္။

အဆိုပါ အေဆာက္အအံု ၂ လံုး၏ စုစုေပါင္းတန္ဖိုးမွာ ဘတ္ေငြ ၁ ဒသမ ၆၈ ဘီလီယံခန္႔ ရရွိဖြယ္ရွိသည္ဟု ခန္႔မွန္းထားသည္။

ဘန္ေကာက္ပို႔စ္ ထုတ္ေဝသူသည္ ထိုင္းဘာသာ သတင္းစာ ၂ ေစာင္ျဖစ္ေသာ Post Today ႏွင့္ M2F တို႔ကို ယခုႏွစ္ အေစာပိုင္းကပင္ ရပ္နားခဲ့ျပီး အြန္လိုင္းအျဖစ္ ေျပာင္းလဲခဲ့သည္။

ဘန္ေကာက္ပို႔စ္သည္ ၂၀၁၉ ခုႏွစ္ ၊ ပထမ ၉ လတာ ကာလအတြင္း ဘတ္ေငြ ၃၄၁ ဒသမ ၅ သန္းခန္႔ အရႈံးေပၚခဲ့ျပီး ၂၀၁၈ ခုႏွစ္ အလားတူကာလႏွင့္ ႏႈိင္းယွဥ္လွ်င္ ၂ ဆေက်ာ္ အရံႈးေပၚခဲ့သည္ဟု ဆိုသည္။

ထိုင္းစေတာ့အိတ္ခ်ိန္း (SET) တြင္ ဘန္ေကာက္ပို႔စ္၏ ရွယ္ယာမ်ားကို (ဂ) အဆင့္ သတ္မွတ္ခံလိုက္ရသည္။ ရွယ္ယာဝယ္ေစ်းေအာက္ ၅၀ ရာခိုင္ႏႈန္းေက်ာ္ တန္ဖိုးက်ဆင္းသြားသည့္ ရွယ္ယာမ်ားကို ယင္းသို႔သတ္မွတ္ျခင္းျဖစ္သည္။

ဘန္ေကာက္ပို႔စ္သတင္းစာကို ဒုတိယကမၻာစစ္အတြင္း အေမရိကန္စစ္ေထာက္လွမ္းေရးအရာရွိအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သူ အလက္ဇျႏၵား မက္ေဒၚနယ္က ၁၉၄၆ ခုႏွစ္တြင္ ထိုင္းရွယ္ယာရွင္ ၇ ဦးႏွင့္အတူ စတင္တည္ေထာင္ ထုတ္ေဝခဲ့ျခင္း ျဖစ္သည္။

ဘန္ေကာက္ပို႔စ္သည္ ထိုင္းႏိုင္ငံ၏ သက္တမ္းအရွည္ဆံုးႏွင့္ ၾသဇာအၾကီးဆုံး အဂၤလိပ္သတင္းစာၾကီးအျဖစ္ ရပ္တည္ခဲ့ျပီး ထိုင္းႏိုင္ငံကို ကမၻာက ရႈျမင္ႏိုင္သည့္ ျပတင္းေပါက္တစ္ခ်ပ္အျဖစ္လည္း သတ္မွတ္ခံခဲ့ရသည္။

“ပံုႏွိပ္တိုက္ကို ေရာင္းဖို႔ ကၽြန္ေတာ္တို႔ ဆံုးျဖတ္လိုက္ျပီး ဘန္ေကာက္ပို႔စ္ကို ရိုက္ႏွိပ္ထုတ္ေဝသြားဖို႔အတြက္ ျပင္ပပံုႏွိပ္တိုက္ကို အသံုးျပဳသြားမွာပါ။ သတင္းစာကို ရပ္ဆိုင္းလိုက္ဖို႔ အစီအစဥ္မရွိပါဘူး” ဟု ဘန္ေကာက္ပို႔စ္သတင္းစာမွ အယ္ဒီတာတစ္ဦးျဖစ္သူ ဆြန္ရတ္ ဘြန္ယာမာနီက ေျပာၾကားသည္။

ဘန္ေကာက္ပို႔စ္၏ တစ္ခုတည္းေသာ ျပည္တြင္းျပိဳင္ဖက္ အဂၤလိပ္သတင္းစာျဖစ္သည့္ The Nation (ထုတ္ေဝမႈသက္တမ္း ၄၈ ႏွစ္) မွာမူ ယခုႏွစ္ ဇြန္လကတည္းကပင္ အရံႈးဒဏ္မခံႏိုင္ေတာ့ေသာေၾကာင့္ သတင္းစာရပ္ဆိုင္းခဲ့သည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

 

### Unicode Version ###

ထိုင်းနိုင်ငံ၏ သက်တမ်းအရင့်ဆုံး အင်္ဂလိပ်သတင်းစာ ဘန်ကောက်ပို့စ်သည် ကြော်ငြာဝင်ငွေ အလွန်နည်းပါးမှုကြောင့် အရှုံးပေါ်လျက်ရှိရာ သတင်းစာ ဆက်လက်ထုတ်ဝေနိုင်ရေးအတွက် ဘန်ကောက်ရှိ ရုံးချုပ်အဆောက်အအုံနှင့် ပုံနှိပ်တိုက် အဆောက်အအုံတို့ကို ရောင်းထုတ်ရန် စီစဉ်လာရကြောင်း ဂျပန်သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ကြော်ငြာလားရာမှာ အွန်လိုင်းကဏ္ဍဘက်သို့ ကူးပြောင်းနေမှုများကြောင့် ဝင်ငွေကျဆင်းလာရာမှ ယခုအခါ သတင်းစာ (print version) ဆက်လက်ရပ်တည်နိုင်ရေးအတွက် ကုမ္ပဏီ၏ တစ်ခုတည်းသော ကြီးမားသည့် ပိုင်ဆိုင်မှုဖြစ်သော အဆောက်အအုံများကို ရောင်းထုတ်ရန် စီစဉ်လာရခြင်းလည်း ဖြစ်သည်။

ကြော်ငြာအေဂျင်စီတစ်ခုဖြစ်သော Media Intelligence က ဖော်ပြသော အချက်အလက်များအရ ထိုင်းနိုင်ငံတွင် ၂၀၁၅ ခုနှစ်အတွင်း အင်တာနက်၌ ကြော်ငြာအတွက် အသုံးပြုငွေမှာ ဘတ်ငွေ ၈ ဘီလီယံ (လက်ရှိ ငွေလဲနှုန်းများအရ ကန်ဒေါ်လာ ၂၆၅ သန်း) ခန့် အသုံးပြုခဲ့ပြီး နောင် ၃ နှစ်အကြာတွင် အင်တာနက်ကြော်ငြာကဏ္ဍအတွက် အသုံးပြုငွေမှာ နှစ်ဆကျော်မြင့်တက်ကာ ဘတ်ငွေ ၁၇ ဘီလီယံအထိ ရှိလာခဲ့သည်။

လာမည့် ၂၀၂၀ တွင် ဘတ်ငွေ ၂၄ ဘီလီယံသို့တိုင် ရောက်ရှိဖွယ်ရှိသည်ဟု ခန့်မှန်းထားသည်။

တချိန်တည်းမှာပင် သတင်းစာကြော်ငြာကဏ္ဍကို ကြည့်မည်ဆိုလျှင် များစွာထိုးကျသွားရာ ၂၀၁၅ ခုနှစ်တွင် ဘတ်ငွေ ၁၂ ဘီလီယံ သုံးစွဲခဲ့ရာမှ လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ဘတ်ငွေ သန်း ၅၀၀ သာရှိဖွယ်ရှိသည်ဟု ခန့်မှန်းထားရာ ၉၆ ရာခိုင်နှုန်းအထိ ထိုးကျသွားခြင်း ဖြစ်သည်။

ယခုအခါ ထုတ်ဝေမှုသက်တမ်း ၇၃ နှစ်ရှိခဲ့ပြီဖြစ်သော ဘန်ကောက်ပို့စ်သည် ပုံနှိပ်တိုက်နှင့် ဖြန့်ချိရေးအဖြစ် အသုံးပြုသော စတုရန်းမီတာ ၃၀၀၀၀ ကျယ်ဝန်းသည့် အဆောက်အအုံနှင့် ရုံးချုပ်အဖြစ် ရုံးစိုက်ခဲ့သည့် စတုရန်းမီတာ ၃၅၄၈၃ ကျယ်ဝန်းသည့် အဆောက်အအုံ ၂ လုံးကို ရောင်းချတော့မည် ဖြစ်သည်။

အဆိုပါ အဆောက်အအုံ ၂ လုံး၏ စုစုပေါင်း တန်ဖိုးမှာ ဘတ်ငွေ ၁ ဒသမ ၆၈ ဘီလီယံခန့် ရရှိဖွယ်ရှိသည်ဟု ခန့်မှန်းထားသည်။

ဘန်ကောက်ပို့စ် ထုတ်ဝေသူသည် ထိုင်းဘာသာ သတင်းစာ ၂ စောင်ဖြစ်သော Post Today နှင့် M2F တို့ကို ယခုနှစ် အစောပိုင်းကပင် ရပ်နားခဲ့ပြီး အွန်လိုင်းအဖြစ် ပြောင်းလဲခဲ့သည်။

ဘန်ကောက်ပို့စ်သည် ၂၀၁၉ ခုနှစ် ၊ ပထမ ၉ လတာ ကာလအတွင်း ဘတ်ငွေ ၃၄၁ ဒသမ ၅ သန်းခန့် အရှုံးပေါ်ခဲ့ပြီး ၂၀၁၈ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်လျှင် ၂ ဆကျော် အရှုံးပေါ်ခဲ့သည်ဟု ဆိုသည်။

ထိုင်းစတော့အိတ်ချိန်း (SET) တွင် ဘန်ကောက်ပို့စ်၏ ရှယ်ယာများကို (ဂ) အဆင့် သတ်မှတ်ခံလိုက်ရသည်။ ရှယ်ယာဝယ်ဈေးအောက် ၅၀ ရာခိုင်နှုန်းကျော် တန်ဖိုးကျဆင်းသွားသည့် ရှယ်ယာများကို ယင်းသို့သတ်မှတ်ခြင်းဖြစ်သည်။

ဘန်ကောက်ပို့စ်သတင်းစာကို ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်စစ်ထောက်လှမ်းရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ အလက်ဇန္ဒြား မက်ဒေါ်နယ်က ၁၉၄၆ ခုနှစ်တွင် ထိုင်းရှယ်ယာရှင် ၇ ဦးနှင့်အတူ စတင်တည်ထောင် ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။

ဘန်ကောက်ပို့စ်သည် ထိုင်းနိုင်ငံ၏ သက်တမ်းအရှည်ဆုံးနှင့် သြဇာအကြီးဆုံး အင်္ဂလိပ်သတင်းစာကြီးအဖြစ် ရပ်တည်ခဲ့ပြီး ထိုင်းနိုင်ငံကို ကမ္ဘာက ရှုမြင်နိုင်သည့် ပြတင်းပေါက်တစ်ချပ်အဖြစ်လည်း သတ်မှတ်ခံခဲ့ရသည်။

“ပုံနှိပ်တိုက်ကို ရောင်းဖို့ ကျွန်တော်တို့ ဆုံးဖြတ်လိုက်ပြီး ဘန်ကောက်ပို့စ်ကို ရိုက်နှိပ်ထုတ်ဝေသွားဖို့အတွက် ပြင်ပပုံနှိပ်တိုက်ကို အသုံးပြုသွားမှာပါ။ သတင်းစာကို ရပ်ဆိုင်းလိုက်ဖို့ အစီအစဉ်မရှိပါဘူး” ဟု ဘန်ကောက်ပို့စ်သတင်းစာမှ အယ်ဒီတာတစ်ဦးဖြစ်သူ ဆွန်ရတ် ဘွန်ယာမာနီက ပြောကြားသည်။

ဘန်ကောက်ပို့စ်၏ တစ်ခုတည်းသော ပြည်တွင်းပြိုင်ဖက် အင်္ဂလိပ်သတင်းစာဖြစ်သည့် The Nation (ထုတ်ဝေမှုသက်တမ်း ၄၈ နှစ်) မှာမူ ယခုနှစ် ဇွန်လကတည်းကပင် အရှုံးဒဏ်မခံနိုင်တော့သောကြောင့် သတင်းစာရပ်ဆိုင်းခဲ့သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service