စက္ရုပ္ဝန္ထမ္းမ်ားျဖင့္သာ လည္ပတ္ေသာ ကမၻာ့ပထမဆံုးဟိုတယ္ၾကီးဖြင့္လွစ္ျပီး ၄ ႏွစ္အၾကာမွာ ဘာေတြျဖစ္ေနလဲ

စက္ရုပ္ဝန္ထမ္းမ်ားျဖင့္သာ လည္ပတ္ေသာ ကမၻာ့ပထမဆံုးဟိုတယ္ၾကီးဖြင့္လွစ္ျပီး ၄ ႏွစ္အၾကာမွာ ဘာေတြျဖစ္ေနလဲ - Property News in Myanmar from iMyanmarHouse.com
27 Dec 2019 10:33 am တွင် တင်ခဲ့သည်
43803 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ဧည့္သည္ အမ်ဳိးသမီးတစ္ဦး ဟိုတယ္တစ္ခုထဲ ဝင္လာသည္။ ဧည့္ၾကိဳေကာင္တာေနာက္တြင္ လူတစ္ဦးမွ် မေတြ႔။

စက္ရုပ္တစ္ရုပ္က နာမည္ေမးကာ အခန္းငွားရမ္းစာရင္းသြင္းမႈ လုပ္ငန္းမ်ားလုပ္ေဆာင္ျပီးေနာက္ အခန္းေသာ့ ထုတ္ေပး၏။

အျခားစက္ရုပ္တစ္ရုပ္က သူမ၏ ခရီးေဆာင္လက္ဆြဲအိတ္ကို ယူေဆာင္ေပးျပီး အခန္းရွိရာသို႔ လိုက္ပို႔၏။

အခန္းကိုလည္း သူမ မေရာက္မီကေလးပင္ စက္ရုပ္တစ္ရုပ္က သန္႔ရွင္းေရး ျပဳလုပ္ထားေပးျပီး ျဖစ္သည္။

ဤသည္ကား ဟိုတယ္ဝန္ေဆာင္မႈက႑၏ အနာဂတ္ေလာ။

မ်ားစြာေသာ ပညာရွင္တို႔ကလည္း ထိုအတုိင္းပင္ ျဖစ္လာလိမ့္မည္ဟု ေဟာကိန္းထုတ္ထားၾကသည္။

စက္ရုပ္တုိ႔ကို ထားရွိျခင္းမွာ လူသားဝန္ထမ္းမ်ား ခန္႔ထားရသည့္ ကုန္က်စရိတ္ေအာက္ မ်ားစြာနည္းပါးသက္သာလွသည္။

သို႔ရာတြင္ ဂ်ပန္တြင္ျဖစ္ပ်က္ခဲ့သည့္ အျဖစ္အပ်က္မ်ားက စက္ရုပ္တို႔၏ အလားအလာကို ေတြးေတာဖြယ္ရာမ်ား ေပၚေပါက္လာေစသည္။

၂၀၁၅ ခုႏွစ္အတြင္းက ဂ်ပန္တြင္ စက္ရုပ္ဝန္ထမ္းမ်ားျဖင့္သာ လုပ္ငန္းလည္ပတ္သည့္ ကမၻာ့ပထမဆံုး ဟိုတယ္ၾကီးကို ဖြင့္လွစ္ခဲ့သည္။

သို႔ရာတြင္ ေနာင္ ၄ ႏွစ္အၾကာ၊ ၂၀၁၉ ခုႏွစ္သို႔ ေရာက္ရွိေသာအခါ စက္ရုပ္ဝန္ထမ္းမ်ားစြာ၏ေနရာတြင္ လူသားဝန္ထမ္းမ်ားျဖင့္ ေျပာင္းလဲခဲ့ရသည္။

ဟန္နဟိုတယ္ (Henna Hotel) (ထူးျခားဆန္းျပား ဟိုတယ္ဟု အဓိပၸာယ္ရ) ဟု အမည္ေပးထားေသာ ဟိုတယ္ၾကီးသည္ ကမၻာတဝန္း စိတ္ဝင္စားမႈ မ်ားစြာခံခဲ့ရျပီး ဂင္းနက္စ္ကမၻာ့စံခ်ိန္မွတ္တမ္းတြင္လည္း ကမၻာ့ပထမဆံုး စက္ရုပ္ဟိုတယ္အျဖစ္ ေဖာ္ျပျခင္း ခံခဲ့ရသည္။

အနာဂတ္ဆန္လွရံုမက ဝန္ထမ္းရွားပါးမႈျပႆနာကိုလည္း ေျဖရွင္းေပးႏိုင္ရန္ ရည္ရြယ္ခဲ့ျခင္း ျဖစ္သည္။

ခရီးေဆာင္အိတ္မ်ား သိမ္းဆည္းေပးျခင္း၊ ေကာ့ေတးေဖ်ာ္စပ္ေပးျခင္း၊ အခန္းမ်ား သန္႔ရွင္းေရးျပဳလုပ္ေပးျခင္းတို႔အျပင္ နားေနခန္းတြင္ ကျပေဖ်ာ္ေျဖျခင္းမ်ားလည္း ျပဳလုပ္ေစခဲ့သည္။

“လူဦးေရက်ဆင္းမႈျပႆနာရင္ဆိုင္ေနရတဲ့ တိုင္းျပည္ေတြမွာ စက္ရုပ္ဟိုတယ္ေတြရဲ႕ အနာဂတ္ရွိေနတယ္လို႔ ကၽြန္မတို႔ သံုးသပ္ပါတယ္” ဟု စက္ရုပ္ဟိုတယ္ကို လည္ပတ္လုပ္ကိုင္သည့္ Huis Ten Bosch ကုမၸဏီမွ အယာကို မတ္ဆုအိုအမည္ရွိ အမ်ဳိးသမီးက ေျပာၾကားသည္။

ဝန္ထမ္းစရိတ္ ေလွ်ာ့ခ်ႏိုင္ျခင္းမွာ စက္ရုပ္မ်ားကို ဟိုတယ္ဝန္ထမ္းခန္႔ထားျခင္းတြင္ ပိုမိုေကာင္းမြန္သည့္ ေရြးခ်ယ္စရာ ျဖစ္လာေစေၾကာင္းလည္း သူမက ဆက္လက္ေျပာၾကားသည္။

သို႔ရာတြင္ စက္ရုပ္မ်ားခ်ည္း လက္ေတြ႔အသံုးျပဳေသာအခါ အလြဲအေခ်ာ္္မ်ားစြာ ၾကံဳေတြ႔လာရသည္။

ဟိုတယ္ ကြန္စီယာ (concierge) သည္ ဧည့္သည္မ်ား၏ ေမးခြန္းမ်ားကိုေျဖႏိုင္ရန္ မ်ားစြာအခက္ၾကံဳရသည္။

နားေနခန္းမွ ကေခ်သည္စက္ရုပ္မ်ားမွာလည္း ေကာင္းစြာအလုပ္မလုပ္ေတာ့သည့္ စက္ရုပ္မ်ားျဖစ္ေနသည္။

ခရီးေဆာင္အိတ္ သယ္ေဆာင္ေပးသည့္ စက္ရုပ္မ်ားသည္ ေလွကားမ်ား မတက္ႏိုင္သလို အျပင္သို႔လည္း ထြက္ႏိုင္စြမ္းမရွိၾက။

စံုစမ္းေမးျမန္းမႈမ်ားကို အေမးအေျဖျပဳလုပ္ေပးသည့္ စက္ရုပ္မ်ားမွာလည္း သတ္မွတ္ထားသည့္ အေျခခံ သာမန္ေမးခြန္းမ်ားမွ လြဲျပီး ေျဖၾကားႏိုင္စြမ္းမရွိ။

အိပ္ေပ်ာ္ကာ ေဟာက္သံေပးေနသည့္ ဧည့္သည္မ်ားကို လႈပ္ႏိႈးကာ “သင္..ေျပာေနသည္မ်ားကို နားမလည္ပါ” ဟု ထပ္တလဲလဲ လာေျပာေနသည့္ ျဖစ္ရပ္မ်ဳိးလည္း ၾကံဳၾကရသည္။

ထိုသို႔ အခက္အခဲမ်ား ေပၚေပါက္ေနသည့္ စက္ရုပ္တို႔၏ က႑ကို ကူညီေပးရန္ႏွင့္ လိုအပ္သည္မ်ား အဆင့္ျမွင့္တင္ ျပဳျပင္ေပးရန္ လိုအပ္ေနသည္။

ထို႔ေၾကာင့္ စက္ရုပ္ေပါင္း ၂၄၃ ခုအနက္ ထက္ဝက္ေက်ာ္ကို တာဝန္မွ ရပ္ဆိုင္းရန္ ဟိုတယ္က ဆံုးျဖတ္လိုက္ရသည္။

သို႔ရာတြင္ ခရီးသြားလုပ္ငန္းနယ္အတြင္း အလိုအေလ်ာက္စနစ္မ်ား အသံုးျပဳလာၾကသည့္လားရာအေရြ႕မွာ ပိုမိုၾကီးမားလာသည္။

မစၥ မတ္ဆုအိုက ယံုၾကည္သည္မွာ အနာဂတ္ဟိုတယ္ေလာကသည္ စက္ရုပ္ေလာကျဖစ္ေနမည္ျဖစ္ေၾကာင္း၊ ဆန္းျပားဟိုတယ္တြင္ အခက္အခဲမ်ားရင္ဆိုင္ရေသာ္လည္း စက္ရုပ္မ်ားထားရွိျခင္းမွာ အမွားတစ္ရပ္ကား မဟုတ္ေၾကာင္း ေျပာၾကားသည္။

“စက္ရုပ္ေတြ လုပ္ေဆာင္ေပးမယ့္ ဝန္ေဆာင္မႈနဲ႔ လူသားေတြ လုပ္ေဆာင္ေပးမယ့္ ဝန္ေဆာင္မႈဆိုျပီး ခြဲျခားေပးထားဖုိ႔ အေရးၾကီးတာပါ”

ဧည့္သည္မ်ား မည္သည့္အရာလိုခ်င္သည္ကို စက္ရုပ္မ်ားက မခန္႔မွန္းႏိုင္ဘဲ လူသားမ်ားကသာ ခန္႔မွန္းႏိုင္ေၾကာင္း၊ သို႔ရာတြင္ လူသားတိုိ႔ မလုပ္ေဆာင္ႏိုင္သည့္အရာမ်ားစြာကို စက္ရုပ္မ်ားကသာ လုပ္ေဆာင္ႏိုင္ျခင္းမ်ားလည္းရွိေၾကာင္း မစၥ မတ္ဆုအိုက ဆက္လက္ေျပာၾကားသည္။

ဟိုတယ္မ်ားကို စက္ရုပ္ဝန္ထမ္းမ်ားခ်ည္း လည္ပတ္ရန္မွာမူ လတ္တေလာတြင္ မျဖစ္ႏိုင္ေသးေခ်။

သို႔ရာတြင္ ဟိုတယ္လုပ္ငန္းတြင္ စက္ရုပ္တို႔၏အခန္းက႑ ဆက္လက္ၾကီးထြားလာေနဦးမည္ကား အေသအခ်ာပင္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

 

### Unicode Version ###

ဧည့်သည် အမျိုးသမီးတစ်ဦး ဟိုတယ်တစ်ခုထဲ ဝင်လာသည်။ ဧည့်ကြိုကောင်တာနောက်တွင် လူတစ်ဦးမျှ မတွေ့။

စက်ရုပ်တစ်ရုပ်က နာမည်မေးကာ အခန်းငှားရမ်းစာရင်းသွင်းမှု လုပ်ငန်းများလုပ်ဆောင်ပြီးနောက် အခန်းသော့ ထုတ်ပေး၏။

အခြားစက်ရုပ်တစ်ရုပ်က သူမ၏ ခရီးဆောင်လက်ဆွဲအိတ်ကို ယူဆောင်ပေးပြီး အခန်းရှိရာသို့ လိုက်ပို့၏။

အခန်းကိုလည်း သူမ မရောက်မီကလေးပင် စက်ရုပ်တစ်ရုပ်က သန့်ရှင်းရေး ပြုလုပ်ထားပေးပြီး ဖြစ်သည်။

ဤသည်ကား ဟိုတယ်ဝန်ဆောင်မှုကဏ္ဍ၏ အနာဂတ်လော။

များစွာသော ပညာရှင်တို့ကလည်း ထိုအတိုင်းပင် ဖြစ်လာလိမ့်မည်ဟု ဟောကိန်းထုတ်ထားကြသည်။

စက်ရုပ်တို့ကို ထားရှိခြင်းမှာ လူသားဝန်ထမ်းများ ခန့်ထားရသည့် ကုန်ကျစရိတ်အောက် များစွာနည်းပါးသက်သာလှသည်။

သို့ရာတွင် ဂျပန်တွင်ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များက စက်ရုပ်တို့၏ အလားအလာကို တွေးတောဖွယ်ရာများ ပေါ်ပေါက်လာစေသည်။

၂၀၁၅ ခုနှစ်အတွင်းက ဂျပန်တွင် စက်ရုပ်ဝန်ထမ်းများဖြင့်သာ လုပ်ငန်းလည်ပတ်သည့် ကမ္ဘာ့ပထမဆုံး ဟိုတယ်ကြီးကို ဖွင့်လှစ်ခဲ့သည်။

သို့ရာတွင် နောင် ၄ နှစ်အကြာ၊ ၂၀၁၉ ခုနှစ်သို့ ရောက်ရှိသောအခါ စက်ရုပ်ဝန်ထမ်းများစွာ၏နေရာတွင် လူသားဝန်ထမ်းများဖြင့် ပြောင်းလဲခဲ့ရသည်။

ဟန်နဟိုတယ် (Henna Hotel) (ထူးခြားဆန်းပြား ဟိုတယ်ဟု အဓိပ္ပာယ်ရ) ဟု အမည်ပေးထားသော ဟိုတယ်ကြီးသည် ကမ္ဘာတဝန်း စိတ်ဝင်စားမှု များစွာခံခဲ့ရပြီး ဂင်းနက်စ်ကမ္ဘာ့စံချိန်မှတ်တမ်းတွင်လည်း ကမ္ဘာ့ပထမဆုံး စက်ရုပ်ဟိုတယ်အဖြစ် ဖော်ပြခြင်း ခံခဲ့ရသည်။

အနာဂတ်ဆန်လှရုံမက ဝန်ထမ်းရှားပါးမှုပြဿနာကိုလည်း ဖြေရှင်းပေးနိုင်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

ခရီးဆောင်အိတ်များ သိမ်းဆည်းပေးခြင်း၊ ကော့တေးဖျော်စပ်ပေးခြင်း၊ အခန်းများ သန့်ရှင်းရေးပြုလုပ်ပေးခြင်းတို့အပြင် နားနေခန်းတွင် ကပြဖျော်ဖြေခြင်းများလည်း ပြုလုပ်စေခဲ့သည်။

“လူဦးရေကျဆင်းမှုပြဿနာရင်ဆိုင်နေရတဲ့ တိုင်းပြည်တွေမှာ စက်ရုပ်ဟိုတယ်တွေရဲ့ အနာဂတ်ရှိနေတယ်လို့ ကျွန်မတို့ သုံးသပ်ပါတယ်” ဟု စက်ရုပ်ဟိုတယ်ကို လည်ပတ်လုပ်ကိုင်သည့် Huis Ten Bosch ကုမ္ပဏီမှ အယာကို မတ်ဆုအိုအမည်ရှိ အမျိုးသမီးက ပြောကြားသည်။

ဝန်ထမ်းစရိတ် လျှော့ချနိုင်ခြင်းမှာ စက်ရုပ်များကို ဟိုတယ်ဝန်ထမ်းခန့်ထားခြင်းတွင် ပိုမိုကောင်းမွန်သည့် ရွေးချယ်စရာ ဖြစ်လာစေကြောင်းလည်း သူမက ဆက်လက်ပြောကြားသည်။

သို့ရာတွင် စက်ရုပ်များချည်း လက်တွေ့အသုံးပြုသောအခါ အလွဲအချော်များစွာ ကြုံတွေ့လာရသည်။

ဟိုတယ် ကွန်စီယာ (concierge) သည် ဧည့်သည်များ၏ မေးခွန်းများကိုဖြေနိုင်ရန် များစွာအခက်ကြုံရသည်။

နားနေခန်းမှ ကချေသည်စက်ရုပ်များမှာလည်း ကောင်းစွာအလုပ်မလုပ်တော့သည့် စက်ရုပ်များဖြစ်နေသည်။

ခရီးဆောင်အိတ် သယ်ဆောင်ပေးသည့် စက်ရုပ်များသည် လှေကားများ မတက်နိုင်သလို အပြင်သို့လည်း ထွက်နိုင်စွမ်းမရှိကြ။

စုံစမ်းမေးမြန်းမှုများကို အမေးအဖြေပြုလုပ်ပေးသည့် စက်ရုပ်များမှာလည်း သတ်မှတ်ထားသည့် အခြေခံ သာမန်မေးခွန်းများမှ လွဲပြီး ဖြေကြားနိုင်စွမ်းမရှိ။

အိပ်ပျော်ကာ ဟောက်သံပေးနေသည့် ဧည့်သည်များကို လှုပ်နှိုးကာ “သင်..ပြောနေသည်များကို နားမလည်ပါ” ဟု ထပ်တလဲလဲ လာပြောနေသည့် ဖြစ်ရပ်မျိုးလည်း ကြုံကြရသည်။

ထိုသို့ အခက်အခဲများ ပေါ်ပေါက်နေသည့် စက်ရုပ်တို့၏ ကဏ္ဍကို ကူညီပေးရန်နှင့် လိုအပ်သည်များ အဆင့်မြှင့်တင် ပြုပြင်ပေးရန် လိုအပ်နေသည်။

ထို့ကြောင့် စက်ရုပ်ပေါင်း ၂၄၃ ခုအနက် ထက်ဝက်ကျော်ကို တာဝန်မှ ရပ်ဆိုင်းရန် ဟိုတယ်က ဆုံးဖြတ်လိုက်ရသည်။

သို့ရာတွင် ခရီးသွားလုပ်ငန်းနယ်အတွင်း အလိုအလျောက်စနစ်များ အသုံးပြုလာကြသည့်လားရာအရွေ့မှာ ပိုမိုကြီးမားလာသည်။

မစ္စ မတ်ဆုအိုက ယုံကြည်သည်မှာ အနာဂတ်ဟိုတယ်လောကသည် စက်ရုပ်လောကဖြစ်နေမည်ဖြစ်ကြောင်း၊ ဆန်းပြားဟိုတယ်တွင် အခက်အခဲများရင်ဆိုင်ရသော်လည်း စက်ရုပ်များထားရှိခြင်းမှာ အမှားတစ်ရပ်ကား မဟုတ်ကြောင်း ပြောကြားသည်။

“စက်ရုပ်တွေ လုပ်ဆောင်ပေးမယ့် ဝန်ဆောင်မှုနဲ့ လူသားတွေ လုပ်ဆောင်ပေးမယ့် ဝန်ဆောင်မှုဆိုပြီး ခွဲခြားပေးထားဖို့ အရေးကြီးတာပါ”

ဧည့်သည်များ မည်သည့်အရာလိုချင်သည်ကို စက်ရုပ်များက မခန့်မှန်းနိုင်ဘဲ လူသားများကသာ ခန့်မှန်းနိုင်ကြောင်း၊ သို့ရာတွင် လူသားတို့ မလုပ်ဆောင်နိုင်သည့်အရာများစွာကို စက်ရုပ်များကသာ လုပ်ဆောင်နိုင်ခြင်းများလည်းရှိကြောင်း မစ္စ မတ်ဆုအိုက ဆက်လက်ပြောကြားသည်။

ဟိုတယ်များကို စက်ရုပ်ဝန်ထမ်းများချည်း လည်ပတ်ရန်မှာမူ လတ်တလောတွင် မဖြစ်နိုင်သေးချေ။

သို့ရာတွင် ဟိုတယ်လုပ်ငန်းတွင် စက်ရုပ်တို့၏အခန်းကဏ္ဍ ဆက်လက်ကြီးထွားလာနေဦးမည်ကား အသေအချာပင်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service