ဒုတိယကမၻာစစ္အတြင္း နာဇီတို႔ကို ခုခံရန္ ေဆာက္လုပ္ခဲ့သည့္ ျဗိတိသွ် လက္နက္ၾကီးစခန္း အေရာင္းေစ်းကြက္ဝင္လာ

ဒုတိယကမၻာစစ္အတြင္း နာဇီတို႔ကို ခုခံရန္ ေဆာက္လုပ္ခဲ့သည့္ ျဗိတိသွ် လက္နက္ၾကီးစခန္း အေရာင္းေစ်းကြက္ဝင္လာ - Property News in Myanmar from iMyanmarHouse.com
24 Dec 2019 11:30 am တွင် တင်ခဲ့သည်
1654 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ေငြေၾကးၾကြယ္ဝလွ်င္ လုပ္ေဆာင္ႏိုင္သည့္ အရာမ်ားအနက္မွ တစ္ခုမွာ မိမိေနထိုင္လိုသည့္ ေနရာတြင္ ေနထိုင္ႏိုင္ျခင္းျဖစ္ျပီး စိတ္ဝင္စားဖြယ္ေနရာ၊ သမားရိုးက်မဟုတ္ေသာ ေနရာမ်ားလည္း ပါဝင္ႏိုင္ပါသည္။

Daily Mail သတင္းတစ္ရပ္တြင္ေဖာ္ျပခ်က္အရ သင့္တြင္ ကန္ေဒၚလာ ၇ ဒသမ ၆သန္းရွိမည္ဆိုပါက ဒုတိယကမၻာစစ္အတြင္း ျဗိတိသွ်တို႔၏ လက္နက္ၾကီး အေျမာက္စခန္းအျဖစ္ အသံုးျပဳခဲ့ေသာေနရာကို ဝယ္ယူႏိုင္သည့္ အခြင့္အလမ္းတစ္ရပ္ ေပၚေပါက္ေနျပီျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အေျမာက္စခန္းတြင္ တည္ရွိသည့္ စံအိမ္ကို “အေျမာက္ၾကီး” (The Gunnery) ဟု အမည္ေပးထားျပီး အဂၤလန္ႏိုင္ငံ၊ ကန္႔ခရိုင္၊ ကင္းစ္ေဒါင္းျမိဳ႕တြင္ တည္ရွိကာ ေပ ၉၀ ခန္႔ျမင့္မားေသာ ထံုးေက်ာက္ ေခ်ာက္ကမ္းပါးၾကီး၏ ထိပ္တြင္ ေဆာက္လုပ္ထားသည္။

ျပင္သစ္ႏိုင္ငံ၊ ဒန္းကာ့ခ္ဆိပ္ကမ္းမွ ျဗိတိသွ်တပ္မ်ား ဆုတ္ခြာခဲ့ျပီးေနာက္ ဂ်ာမန္တို႔ ကမ္းတက္တိုက္ခိုက္မႈမွ ကာကြယ္ရန္ ၁၉၄၀ ျပည့္ႏွစ္အတြင္း အေဆာတလ်င္ ေဆာက္လုပ္ခဲ့ျခင္းျဖစ္သည္။

စစ္ၾကီးျပီးဆံုးခ်ိန္တြင္ အေျမာက္စခန္းကို အသံုးမျပဳေတာ့ဘဲ လက္နက္ျဖဳတ္သိမ္းခဲ့ျပီး လက္ရွိအခ်ိန္တြင္မူ အိမ္ျခံေျမ developer စံုတြဲျဖစ္ေသာ ဂါးရ္ဖီးႏွင့္ ဗနက္ဆာ စပင္ဆာတို႔က ပိုင္ဆိုင္ထားသည္။

စပင္ဆာတို႔က မူရင္းစံအိမ္ကို ျဖိိဳဖ်က္ျပီး အေဆာက္အအံုသစ္ေဆာက္လုပ္ရန္ စီစဥ္ခဲ့သည္။ ၃ ႏွစ္ၾကာ ၾကိဳးပမ္းခဲ့အျပီး ၂၀၁၅ ခုႏွစ္တြင္ ဖ်က္သိမ္းခြင့္ႏွင့္ အသစ္ေဆာက္လုပ္ခြင့္ ခြင့္ျပဳခ်က္မ်ား ရရွိခဲ့သည္။

စပင္ဆာတုိ႔သည္ အဂၤလန္ဖြားမ်ားျဖစ္ေသာ္လည္း လက္ရွိတြင္ အေမရိက၌ ေနထိုင္လ်က္ရွိၾကသည္။

ယခု စံအိမ္ျပန္လည္ေဆာက္လုပ္မႈကို ယခုႏွစ္အေစာပိုင္းက အျပီးသတ္ခဲ့ျပီး ေနအိမ္မေရာင္းခ်မီတြင္ အပန္းေျဖစံအိမ္အျဖစ္ အသံုးျပဳေနခဲ့ၾကသည္။

အဆိုပါစံအိမ္ၾကီးသည္ ဂ်ိမ္းစ္ဘြန္းရုပ္ရွင္မ်ားကဲ့သို႔ ခံစားရေစမည္ျဖစ္ေၾကာင္း ေစ်းကြက္တင္ေပးသည့္ အက်ဳိးေဆာင္ အက္ဒ္ဝါ့ ခ်ာ့ခ်္က ေျပာၾကားသည္။

ေခ်ာက္ကမ္းပါးေအာက္ေျခတြင္ ကားရပ္နားရန္ ေနရာတည္ရွိသည္။ ယင္းေနာက္ ေျမေအာက္ ဥမင္တစ္ခုမွ လမ္းေလွ်ာက္ျဖတ္သန္း သြားလွ်င္ ဓာတ္ေလွကားတစ္ခုသို႔ ေရာက္ရွိမည္ျဖစ္သည္။ အဆိုပါဓာတ္ေလွကားမွတဆင့္ ေနအိမ္ရွိရာသို႔ တက္ေရာက္ႏိုင္မည္ ျဖစ္သည္။ ဓာတ္ေလွကားမွာ မွန္သားဓာတ္ေလွကားျဖစ္ျခင္းေၾကာင့္ အေပၚသို႔ တက္ေရာက္ေနစဥ္အတြင္း ထံုးေက်ာက္ေခ်ာက္ကမ္းပါး ၾကီး၏ ျမင္ကြင္းမ်ားကို ေတြ႔ျမင္ႏိုင္မည္ ျဖစ္သည္။ ေနအိမ္၏ ကဇာတ္ရံုသို႔ ေရာက္ရွိမည့္ ဒုတိယေျမာက္ လွ်ို႕ဝွက္ဥမင္တစ္ခုလည္း တည္ရွိေနေသးသည္။

ကမ္းေျခတြင္ ဧရိယာအက်ယ္အဝန္း ၆ ဧကခန္႔ ပါဝင္ျပီး ပင္လယ္ကမ္းေျခအနီးတြင္ တည္ရွိသည္ဆိုေသာ္လည္း ေနအိမ္တည္ရွိရာ ေခ်ာက္ကမ္းပါးအထိ ပင္လယ္ေရ တိုက္စားမည့္ အႏၱရာယ္မွ ကင္းေဝးသည့္ အကြာအေဝးတြင္ တည္ရွိသည္။

ပင္လယ္ကို မ်က္ႏွာမူထားသည့္ နံရံအမ်ားစုတြင္ ျပတင္းမ်ားစြာ ထည့္သြင္းေပးထားမႈေၾကာင့္ ဒိုဗာႏွင့္ အဂၤလိပ္ေရလက္ၾကားတို႔၏ ရႈခင္းအလွမ်ား၊ အေဝးဆီတြင္ ျပင္သစ္ႏိုင္ငံတို႔ကို ေတြ႔ျမင္ႏိုင္မည္ ျဖစ္သည္။

စံအိမ္ၾကီးအတြင္း ေခတ္မီ မီးဖိုေဆာင္၊ ညစာစားရန္ေနရာ၊ ဝိုင္သိုေလွာင္ခန္း၊ အိပ္ခန္း ၄ ခန္း၊ သန္႔စင္ခန္း၊ ေလ့လာေရးအခန္းႏွင့္ စိုက္ပ်ဳိးေရးခန္းမတစ္ခုတို႔ ပါဝင္သည္။

စံအိမ္တည္ေနရာ၏ လွပမႈႏွင့္ အံ့ဖြယ္ဥမင္မ်ားက ဝယ္လက္ကို ဖမ္းစားရန္ မလံုေလာက္ေသးဟုဆိုလွ်င္ ေခတ္မီနည္းပညာမ်ား တပ္ဆင္ေပးထားမႈမ်ားကိုလည္း ေလ့လာႏိုင္ေသးျပီး ဂ်ိမ္းစ္ဘြန္းဇာတ္ကားမ်ားအသြင္ ခံစားရေစမည္ ျဖစ္သည္။ Master bedroom တြင္ မွန္ျပားရုပ္သံျပစက္တစ္ခုကို မ်က္ႏွာၾကက္မွ တြဲေလာင္းခ်ိတ္ဆြဲေပးထားသည္။

စံအိမ္အတြင္းရွိ မီးမ်ားအားလံုးကို အာရံုခံစနစ္ျဖင့္ ထိန္းခ်ဳပ္ထားျပီး စမတ္ဖုန္းမ်ားမွတဆင့္ ထိန္းခ်ဳပ္၍လည္းရသည္ဟု ဆိုသည္။

စပင္ဆာတို႔သည္ ယခုစံအိမ္တြင္ မ်ားစြာမေနထိုင္ျဖစ္ေတာ့ေသာေၾကာင့္ ေရာင္းထုတ္ရန္ ဆံုးျဖတ္လိုက္ျခင္းျဖစ္သည္။

အကယ္၍ သင္သည္ ဂ်ိမ္းစ္ဘြန္းဇာတ္ကားမ်ားမွ စံအိမ္မ်ဳိးတြင္ ေနထုိင္လိုသူဆိုပါက ယခုအခါ အဆိုပါစံအိမ္ၾကီးကို Strutt & Parker ကုမၸဏီက အေရာင္းေစ်းကြက္တင္ေပးထားျပီ ျဖစ္သည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

ငွေကြေးကြွယ်ဝလျှင် လုပ်ဆောင်နိုင်သည့် အရာများအနက်မှ တစ်ခုမှာ မိမိနေထိုင်လိုသည့် နေရာတွင် နေထိုင်နိုင်ခြင်းဖြစ်ပြီး စိတ်ဝင်စားဖွယ်နေရာ၊ သမားရိုးကျမဟုတ်သော နေရာများလည်း ပါဝင်နိုင်ပါသည်။

Daily Mail သတင်းတစ်ရပ်တွင်ဖော်ပြချက်အရ သင့်တွင် ကန်ဒေါ်လာ ၇ ဒသမ ၆သန်းရှိမည်ဆိုပါက ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိသျှတို့၏ လက်နက်ကြီး အမြောက်စခန်းအဖြစ် အသုံးပြုခဲ့သောနေရာကို ဝယ်ယူနိုင်သည့် အခွင့်အလမ်းတစ်ရပ် ပေါ်ပေါက်နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ အမြောက်စခန်းတွင် တည်ရှိသည့် စံအိမ်ကို “အမြောက်ကြီး” (The Gunnery) ဟု အမည်ပေးထားပြီး အင်္ဂလန်နိုင်ငံ၊ ကန့်ခရိုင်၊ ကင်းစ်ဒေါင်းမြို့တွင် တည်ရှိကာ ပေ ၉၀ ခန့်မြင့်မားသော ထုံးကျောက် ချောက်ကမ်းပါးကြီး၏ ထိပ်တွင် ဆောက်လုပ်ထားသည်။

ပြင်သစ်နိုင်ငံ၊ ဒန်းကာ့ခ်ဆိပ်ကမ်းမှ ဗြိတိသျှတပ်များ ဆုတ်ခွာခဲ့ပြီးနောက် ဂျာမန်တို့ ကမ်းတက်တိုက်ခိုက်မှုမှ ကာကွယ်ရန် ၁၉၄၀ ပြည့်နှစ်အတွင်း အဆောတလျင် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

စစ်ကြီးပြီးဆုံးချိန်တွင် အမြောက်စခန်းကို အသုံးမပြုတော့ဘဲ လက်နက်ဖြုတ်သိမ်းခဲ့ပြီး လက်ရှိအချိန်တွင်မူ အိမ်ခြံမြေ developer စုံတွဲဖြစ်သော ဂါးရ်ဖီးနှင့် ဗနက်ဆာ စပင်ဆာတို့က ပိုင်ဆိုင်ထားသည်။

စပင်ဆာတို့က မူရင်းစံအိမ်ကို ဖြိုဖျက်ပြီး အဆောက်အအုံသစ်ဆောက်လုပ်ရန် စီစဉ်ခဲ့သည်။ ၃ နှစ်ကြာ ကြိုးပမ်းခဲ့အပြီး ၂၀၁၅ ခုနှစ်တွင် ဖျက်သိမ်းခွင့်နှင့် အသစ်ဆောက်လုပ်ခွင့် ခွင့်ပြုချက်များ ရရှိခဲ့သည်။ စပင်ဆာတို့သည် အင်္ဂလန်ဖွားများဖြစ်သော်လည်း လက်ရှိတွင် အမေရိက၌ နေထိုင်လျက်ရှိကြသည်။

ယခု စံအိမ်ပြန်လည်ဆောက်လုပ်မှုကို ယခုနှစ်အစောပိုင်းက အပြီးသတ်ခဲ့ပြီး နေအိမ်မရောင်းချမီတွင် အပန်းဖြေစံအိမ်အဖြစ် အသုံးပြုနေခဲ့ကြသည်။

အဆိုပါစံအိမ်ကြီးသည် ဂျိမ်းစ်ဘွန်းရုပ်ရှင်များကဲ့သို့ ခံစားရစေမည်ဖြစ်ကြောင်း ဈေးကွက်တင်ပေးသည့် အကျိုးဆောင် အက်ဒ်ဝါ့ ချာ့ချ်က ပြောကြားသည်။

ချောက်ကမ်းပါးအောက်ခြေတွင် ကားရပ်နားရန် နေရာတည်ရှိသည်။ ယင်းနောက် မြေအောက် ဥမင်တစ်ခုမှ လမ်းလျှောက်ဖြတ်သန်း သွားလျှင် ဓာတ်လှေကားတစ်ခုသို့ ရောက်ရှိမည်ဖြစ်သည်။ အဆိုပါဓာတ်လှေကားမှတဆင့် နေအိမ်ရှိရာသို့ တက်ရောက်နိုင်မည် ဖြစ်သည်။ ဓာတ်လှေကားမှာ မှန်သားဓာတ်လှေကားဖြစ်ခြင်းကြောင့် အပေါ်သို့ တက်ရောက်နေစဉ်အတွင်း ထုံးကျောက်ချောက်ကမ်းပါး ကြီး၏ မြင်ကွင်းများကို တွေ့မြင်နိုင်မည် ဖြစ်သည်။ နေအိမ်၏ ကဇာတ်ရုံသို့ ရောက်ရှိမည့် ဒုတိယမြောက် လျှို့ဝှက်ဥမင်တစ်ခုလည်း တည်ရှိနေသေးသည်။

ကမ်းခြေတွင် ဧရိယာအကျယ်အဝန်း ၆ ဧကခန့် ပါဝင်ပြီး ပင်လယ်ကမ်းခြေအနီးတွင် တည်ရှိသည်ဆိုသော်လည်း နေအိမ်တည်ရှိရာ ချောက်ကမ်းပါးအထိ ပင်လယ်ရေ တိုက်စားမည့် အန္တရာယ်မှ ကင်းဝေးသည့် အကွာအဝေးတွင် တည်ရှိသည်။

ပင်လယ်ကို မျက်နှာမူထားသည့် နံရံအများစုတွင် ပြတင်းများစွာ ထည့်သွင်းပေးထားမှုကြောင့် ဒိုဗာနှင့် အင်္ဂလိပ်ရေလက်ကြားတို့၏ ရှုခင်းအလှများ၊ အဝေးဆီတွင် ပြင်သစ်နိုင်ငံတို့ကို တွေ့မြင်နိုင်မည် ဖြစ်သည်။ စံအိမ်ကြီးအတွင်း ခေတ်မီ မီးဖိုဆောင်၊ ညစာစားရန်နေရာ၊ ဝိုင်သိုလှောင်ခန်း၊ အိပ်ခန်း ၄ ခန်း၊ သန့်စင်ခန်း၊ လေ့လာရေးအခန်းနှင့် စိုက်ပျိုးရေးခန်းမတစ်ခုတို့ ပါဝင်သည်။

စံအိမ်တည်နေရာ၏ လှပမှုနှင့် အံ့ဖွယ်ဥမင်များက ဝယ်လက်ကို ဖမ်းစားရန် မလုံလောက်သေးဟုဆိုလျှင် ခေတ်မီနည်းပညာများ တပ်ဆင်ပေးထားမှုများကိုလည်း လေ့လာနိုင်သေးပြီး ဂျိမ်းစ်ဘွန်းဇာတ်ကားများအသွင် ခံစားရစေမည် ဖြစ်သည်။ Master bedroom တွင် မှန်ပြားရုပ်သံပြစက်တစ်ခုကို မျက်နှာကြက်မှ တွဲလောင်းချိတ်ဆွဲပေးထားသည်။

စံအိမ်အတွင်းရှိ မီးများအားလုံးကို အာရုံခံစနစ်ဖြင့် ထိန်းချုပ်ထားပြီး စမတ်ဖုန်းများမှတဆင့် ထိန်းချုပ်၍လည်းရသည်ဟု ဆိုသည်။

စပင်ဆာတို့သည် ယခုစံအိမ်တွင် များစွာမနေထိုင်ဖြစ်တော့သောကြောင့် ရောင်းထုတ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

အကယ်၍ သင်သည် ဂျိမ်းစ်ဘွန်းဇာတ်ကားများမှ စံအိမ်မျိုးတွင် နေထိုင်လိုသူဆိုပါက ယခုအခါ အဆိုပါစံအိမ်ကြီးကို Strutt & Parker ကုမ္ပဏီက အရောင်းဈေးကွက်တင်ပေးထားပြီ ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service