ကြန္ဒိုခန္းပိုင္ရွင္မွ ေရာင္းခ်ခိုင္းသည့္ေစ်းႏႈန္းထက္ ေစ်းပိုရေအာင္ ေရာင္းခ်ေပးခဲ့သည့္ စကၤာပူအိမ္ျခံေျမအက်ဳိးေဆာင္ အေရးယူခံရ

ကြန္ဒိုခန္းပိုင္ရွင္မွ ေရာင္းခ်ခိုင္းသည့္ေစ်းႏႈန္းထက္ ေစ်းပိုရေအာင္ ေရာင္းခ်ေပးခဲ့သည့္ စကၤာပူအိမ္ျခံေျမအက်ဳိးေဆာင္ အေရးယူခံရ - Property News in Myanmar from iMyanmarHouse.com
24 Dec 2019 11:11 am တွင် တင်ခဲ့သည်
1051 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

စကၤာပူတြင္ ကြန္ဒိုခန္းပိုင္ရွင္က ေရာင္းခ်ခိုင္းထားသည့္ ေစ်းႏႈန္းထက္ ပိုမိုျမင့္မားသည့္ ေစ်းႏႈန္းျဖင့္ ေရာင္းခ်ရန္ ၾကိဳးပမ္းခဲ့သည့္ အိမ္ျခံေျမ အက်ဳိးေဆာင္တစ္ဦးကို စကၤာပူေဒၚလာ ၃၀၀၀၀ ဒဏ္ေငြအျပင္ အက်ဳိးေဆာင္လုိင္စင္သက္တမ္း ၁ ႏွစ္ ပိတ္သိမ္း အေရးယူခဲ့ေၾကာင္း စကၤာပူအိမ္ျခံေျမေအဂ်င္စီမ်ား ေကာင္စီ (CEA) ၏ ထုတ္ျပန္ခ်က္တစ္ရပ္တြင္ ေဖာ္ျပသည္။

အသက္ ၃၉ ႏွစ္အရြယ္ရွိ အိမ္ျခံေျမအက်ဳိးေဆာင္ ငုပင္ခၽြမ္ ဂ်ိမ္းစ္ အီသန္ (ဂ်ိမ္းစ္ငုဟု လူသိမ်ား) သည္ အက်ဳိးေဆာင္ခ ပိုမိုရရွိလိုေသာေၾကာင့္ ပိုင္ရွင္က ေရာင္းခ်ခိုင္းသည့္ ေစ်းထက္ျမင့္မားေသာ ေစ်းႏႈန္းျဖင့္ ဝယ္လက္ထံ ေရာင္းခ်ေပးရန္ ၾကိဳးပမ္းခဲ့ျခင္း ျဖစ္သည္။

PropNex Realty အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္ျဖစ္သူ ဂ်ိမ္းစ္ငုသည္ ေဖာက္သည္ထံ ကြန္ဒိုခန္းေရာင္းခ်ရာတြင္ CEA က ခ်မွတ္ထားသည့္ အက်ဳိးေဆာင္မ်ား လိုက္နာရမည့္ က်င့္ဝတ္ (CEPCC) မွ အခ်က္ ၃ ခုကို ခ်ဳိးေဖာက္ခဲ့မႈျဖင့္ အေရးယူခံခဲ့ရျခင္း ျဖစ္သည္။

ယခုျဖစ္ရပ္တြင္ အိမ္ျခံေျမအက်ဳိးေဆာင္တစ္ဦးအေပၚ အေရးယူခဲ့သည့္ မွတ္တမ္းတေလွ်ာက္ အျပင္းထန္ဆံုး အေရးယူခဲ့မႈျဖစ္ေၾကာင္း CEA ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

ဂ်ိမ္းစ္ငု၏ လုပ္ေဆာင္မႈေၾကာင့္ သူ၏ေဖာက္သည္မွာ စကၤာပူေဒၚလာ ၂၀၀၀၀ မွ ၃၀၀၀၀ အၾကား ဆံုးရံႈးမႈျဖစ္ရေၾကာင္း CEA က ထုတ္ျပန္သည္။

ဝယ္လက္ျဖစ္သူက ဂ်ိမ္းစ္ငုကုိ ၂၀၁၆ ခုႏွစ္အတြင္း ဆက္သြယ္ကာ အခန္းရွာေဖြခဲ့ျခင္းျဖစ္ျပီး စကၤာပူ အေရွ႕ပိုင္း (သို႔မဟုတ္) အလယ္ပိုင္းတြင္ အခန္းအက်ယ္ စတုရန္းေပ ၈၀၀ ခန္႔ က်ယ္ဝန္းျပီး ေစ်းႏႈန္းအားျဖင့္ စကၤာပူေဒၚလာ ၉၀၀၀၀၀ ခန္႔ရွိသည့္ အခန္းတစ္ခန္း ရွာေဖြေစခဲ့ျခင္း ျဖစ္သည္။

၂၀၁၇ ခုႏွစ္၊ မတ္လသို႔ ေရာက္ေသာအခါ ဂ်ိမ္းစ္ငုက အဆိုပါဝယ္လက္အား စကၤာပူအေရွ႕ပိုင္းရွိ ကြန္ဒိုခန္းတစ္ခန္းကို ျပသခဲ့ျပီး ေစ်းႏႈန္းမွာ စကၤာပူေဒၚလာ ၁ ဒသမ ၀၄ သန္းျဖစ္သည္။

ဂ်ိမ္းစ္ငုက ေရာင္းခ်သူ၏ အက်ဳိးေဆာင္ထံ ဆက္သြယ္ကာ မိမိဝယ္လက္မွ အဆိုပါအခန္းကို ဝယ္ယူလိုေၾကာင္းႏွင့္ မိမိရရွိမည့္ ေကာ္မရွင္ခတို႔ကို ေမးျမန္းခဲ့သည္။

ေရာင္းခ်သူ၏ အက်ဳိးေဆာင္က ျပန္လည္ေျဖၾကားရာတြင္ အခန္းကို စကၤာပူေဒၚလာ ၁ ဒသမ ၀၂ သန္း ရရွိလွ်င္ ေရာင္းခ်မည္ျဖစ္ေၾကာင္း ၊ အက်ဳိးေဆာင္ခမွ ေရာင္းေစ်း၏ ၁ ရာခိုင္ႏႈန္းျဖစ္ေၾကာင္း ေျဖၾကားရာ ဂ်ိမ္းစ္ငုအေနျဖင့္ အက်ဳိးေဆာင္ခ စကၤာပူေဒၚလာ ၁၀၀၀၀ ဝန္းက်င္ ရရွိမည္ ျဖစ္သည္။

ထို႔ေနာက္ ဂ်ိမ္းစ္ငုက ေရာင္းခ်သူဘက္မွ ေျပာၾကားခဲ့သည့္ ေစ်းႏႈန္းျဖစ္ေသာ ေဒၚလာ ၁ ဒသမ ၀၂ သန္းျဖစ္ေၾကာင္းကို ဝယ္လက္အား ေျပာမျပေခ်။ ဂ်ိမ္းစ္ငုက ေရာင္းေစ်း၏ ၂ ဒသမ ၅ ရာခိုင္ႏႈန္းမွ ၃ ရာခိုင္ႏႈန္းအထိ အက်ဳိးေဆာင္ခ လိုခ်င္ေၾကာင္း ေရာင္းခ်သူ၏ အက်ဳိးေဆာင္ကို ေျပာခဲ့သည္။

ယင္းေနာက္ ဂ်ိမ္းစ္ငုက ဝယ္လက္ထံ ေစ်းႏႈန္းေျပာျပရာတြင္ အခန္းေစ်းႏႈန္းမွာ စကၤာပူေဒၚလာ ၁ ဒသမ ၁၈ သန္းျဖစ္ေၾကာင္း ေျပာၾကားရာ ဝယ္လက္က ၁ ဒသမ ၀၆ သန္းျဖင့္ ေစ်းဆစ္ခဲ့သည္။

ေနာက္ပိုင္းတြင္ ဂ်ိမ္းစ္ငု၏ ဝယ္လက္က ဘဏ္တစ္ခုမွတဆင့္ အဆိုပါအခန္းေစ်းကို စံုစမ္းရာ စကၤာပူေဒၚလာ ၉၅၀၀၀၀ မွ်သာျဖစ္ေၾကာင္း ေတြ႔ခဲ့ရသည္။

ဂ်ိမ္းစ္ငုက သူ၏ ျပစ္ဒဏ္ကို အယူခံဝင္ခဲ့ရာတြင္ အယူခံဘုတ္အဖြဲ႔က မူလျပစ္ဒဏ္ျဖစ္ေသာ လိုင္စင္ရပ္ဆိုင္းမႈ ၁၄ လမွ ၁၂ လသို႔ ေလွ်ာ့ခ်ေပးခဲ့ေသာ္လည္း ဒဏ္ေငြကိုမူ CEA စည္းကမ္းထိန္းသိမ္းေရးေကာ္မတီ၏ ဆံုးျဖတ္ခ်က္အတိုင္းသာ အတည္ျပဳခဲ့သည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

စင်္ကာပူတွင် ကွန်ဒိုခန်းပိုင်ရှင်က ရောင်းချခိုင်းထားသည့် ဈေးနှုန်းထက် ပိုမိုမြင့်မားသည့် ဈေးနှုန်းဖြင့် ရောင်းချရန် ကြိုးပမ်းခဲ့သည့် အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးကို စင်္ကာပူဒေါ်လာ ၃၀၀၀၀ ဒဏ်ငွေအပြင် အကျိုးဆောင်လိုင်စင်သက်တမ်း ၁ နှစ် ပိတ်သိမ်း အရေးယူခဲ့ကြောင်း စင်္ကာပူအိမ်ခြံမြေအေဂျင်စီများ ကောင်စီ (CEA) ၏ ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြသည်။

အသက် ၃၉ နှစ်အရွယ်ရှိ အိမ်ခြံမြေအကျိုးဆောင် ငုပင်ချွမ် ဂျိမ်းစ် အီသန် (ဂျိမ်းစ်ငုဟု လူသိများ) သည် အကျိုးဆောင်ခ ပိုမိုရရှိလိုသောကြောင့် ပိုင်ရှင်က ရောင်းချခိုင်းသည့် ဈေးထက်မြင့်မားသော ဈေးနှုန်းဖြင့် ဝယ်လက်ထံ ရောင်းချပေးရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။

PropNex Realty အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင်ဖြစ်သူ ဂျိမ်းစ်ငုသည် ဖောက်သည်ထံ ကွန်ဒိုခန်းရောင်းချရာတွင် CEA က ချမှတ်ထားသည့် အကျိုးဆောင်များ လိုက်နာရမည့် ကျင့်ဝတ် (CEPCC) မှ အချက် ၃ ခုကို ချိုးဖောက်ခဲ့မှုဖြင့် အရေးယူခံခဲ့ရခြင်း ဖြစ်သည်။

ယခုဖြစ်ရပ်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးအပေါ် အရေးယူခဲ့သည့် မှတ်တမ်းတလျှောက် အပြင်းထန်ဆုံး အရေးယူခဲ့မှုဖြစ်ကြောင်း CEA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဂျိမ်းစ်ငု၏ လုပ်ဆောင်မှုကြောင့် သူ၏ဖောက်သည်မှာ စင်္ကာပူဒေါ်လာ ၂၀၀၀၀ မှ ၃၀၀၀၀ အကြား ဆုံးရှုံးမှုဖြစ်ရကြောင်း CEA က ထုတ်ပြန်သည်။

ဝယ်လက်ဖြစ်သူက ဂျိမ်းစ်ငုကို ၂၀၁၆ ခုနှစ်အတွင်း ဆက်သွယ်ကာ အခန်းရှာဖွေခဲ့ခြင်းဖြစ်ပြီး စင်္ကာပူ အရှေ့ပိုင်း (သို့မဟုတ်) အလယ်ပိုင်းတွင် အခန်းအကျယ် စတုရန်းပေ ၈၀၀ ခန့် ကျယ်ဝန်းပြီး ဈေးနှုန်းအားဖြင့် စင်္ကာပူဒေါ်လာ ၉၀၀၀၀၀ ခန့်ရှိသည့် အခန်းတစ်ခန်း ရှာဖွေစေခဲ့ခြင်း ဖြစ်သည်။

၂၀၁၇ ခုနှစ်၊ မတ်လသို့ ရောက်သောအခါ ဂျိမ်းစ်ငုက အဆိုပါဝယ်လက်အား စင်္ကာပူအရှေ့ပိုင်းရှိ ကွန်ဒိုခန်းတစ်ခန်းကို ပြသခဲ့ပြီး ဈေးနှုန်းမှာ စင်္ကာပူဒေါ်လာ ၁ ဒသမ ၀၄ သန်းဖြစ်သည်။

ဂျိမ်းစ်ငုက ရောင်းချသူ၏ အကျိုးဆောင်ထံ ဆက်သွယ်ကာ မိမိဝယ်လက်မှ အဆိုပါအခန်းကို ဝယ်ယူလိုကြောင်းနှင့် မိမိရရှိမည့် ကော်မရှင်ခတို့ကို မေးမြန်းခဲ့သည်။

ရောင်းချသူ၏ အကျိုးဆောင်က ပြန်လည်ဖြေကြားရာတွင် အခန်းကို စင်္ကာပူဒေါ်လာ ၁ ဒသမ ၀၂ သန်း ရရှိလျှင် ရောင်းချမည်ဖြစ်ကြောင်း ၊ အကျိုးဆောင်ခမှ ရောင်းဈေး၏ ၁ ရာခိုင်နှုန်းဖြစ်ကြောင်း ဖြေကြားရာ ဂျိမ်းစ်ငုအနေဖြင့် အကျိုးဆောင်ခ စင်္ကာပူဒေါ်လာ ၁၀၀၀၀ ဝန်းကျင် ရရှိမည် ဖြစ်သည်။

ထို့နောက် ဂျိမ်းစ်ငုက ရောင်းချသူဘက်မှ ပြောကြားခဲ့သည့် ဈေးနှုန်းဖြစ်သော ဒေါ်လာ ၁ ဒသမ ၀၂ သန်းဖြစ်ကြောင်းကို ဝယ်လက်အား ပြောမပြချေ။ ဂျိမ်းစ်ငုက ရောင်းဈေး၏ ၂ ဒသမ ၅ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းအထိ အကျိုးဆောင်ခ လိုချင်ကြောင်း ရောင်းချသူ၏ အကျိုးဆောင်ကို ပြောခဲ့သည်။

ယင်းနောက် ဂျိမ်းစ်ငုက ဝယ်လက်ထံ ဈေးနှုန်းပြောပြရာတွင် အခန်းဈေးနှုန်းမှာ စင်္ကာပူဒေါ်လာ ၁ ဒသမ ၁၈ သန်းဖြစ်ကြောင်း ပြောကြားရာ ဝယ်လက်က ၁ ဒသမ ၀၆ သန်းဖြင့် ဈေးဆစ်ခဲ့သည်။

နောက်ပိုင်းတွင် ဂျိမ်းစ်ငု၏ ဝယ်လက်က ဘဏ်တစ်ခုမှတဆင့် အဆိုပါအခန်းဈေးကို စုံစမ်းရာ စင်္ကာပူဒေါ်လာ ၉၅၀၀၀၀ မျှသာဖြစ်ကြောင်း တွေ့ခဲ့ရသည်။

ဂျိမ်းစ်ငုက သူ၏ ပြစ်ဒဏ်ကို အယူခံဝင်ခဲ့ရာတွင် အယူခံဘုတ်အဖွဲ့က မူလပြစ်ဒဏ်ဖြစ်သော လိုင်စင်ရပ်ဆိုင်းမှု ၁၄ လမှ ၁၂ လသို့ လျှော့ချပေးခဲ့သော်လည်း ဒဏ်ငွေကိုမူ CEA စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ ဆုံးဖြတ်ချက်အတိုင်းသာ အတည်ပြုခဲ့သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service