တရုတ္အစိုးရ ေက်ာေထာက္ေနာက္ခံျပဳ ကုမၸဏီၾကီး Citic Pacific က ေဟာင္ေကာင္ရွိ တန္ဖိုးၾကီးအိမ္ရာေဆာက္လုပ္မည့္ ေျမေနရာကို ေလလံဆြဲရာ ျပိိဳင္ဖက္ကုမၸဏီ ၂၄ ခုကို ျဖတ္ေက်ာ္ကာ ေဟာင္ေကာင္ေဒၚလာ ၃ ဘီလီယံေက်ာ္ျဖင့္ ေလလံေအာင္ျမင္

တရုတ္အစိုးရ ေက်ာေထာက္ေနာက္ခံျပဳ ကုမၸဏီၾကီး Citic Pacific က ေဟာင္ေကာင္ရွိ တန္ဖိုးၾကီးအိမ္ရာေဆာက္လုပ္မည့္ ေျမေနရာကို ေလလံဆြဲရာ ျပိိဳင္ဖက္ကုမၸဏီ ၂၄ ခုကို ျဖတ္ေက်ာ္ကာ ေဟာင္ေကာင္ေဒၚလာ ၃ ဘီလီယံေက်ာ္ျဖင့္ ေလလံေအာင္ျမင္ - Property News in Myanmar from iMyanmarHouse.com
20 Dec 2019 12:25 pm တွင် တင်ခဲ့သည်
763 ကြိမ် ကြည့်ရှု့ပြီး

တရုတ္အစိုးရ ေက်ာေထာက္ေနာက္ခံျပဳ ကုမၸဏီၾကီး Citic Pacific သည္ ေဟာင္ေကာင္ရွိ တန္ဖိုးၾကီးအိမ္ရာေဆာက္လုပ္မည့္ ေျမေနရာတစ္ခုကို ေလလံဆြဲရာ ျပိိဳင္ဖက္ကုမၸဏီ ၂၄ ခုကို ျဖတ္ေက်ာ္ကာ ေဟာင္ေကာင္ေဒၚလာ ၃ ဒသမ ၂ ဘီလီယံ (ကန္ေဒၚလာ ၄၁၀ ဒသမ ၈ သန္း) ျဖင့္ ေလလံေအာင္ျမင္သြားေၾကာင္း ေဟာင္ေကာင္ေျမယာဦးစီးဌာန၏ ထုတ္ျပန္ခ်က္တစ္ရပ္တြင္ ေဖာ္ျပသည္။

အဆိုပါေျမကြက္သည္ ေဟာင္ေကာင္ေဒၚလာ ၁ ဒသမ ၇ ဘီလီယံမွ ေဟာင္ေကာင္ေဒၚလာ ၅ ဒသမ ၄၁ ဘီလီယံအၾကား (ကန္ေဒၚလာ ၂၁၈ သန္းမွ ကန္ေဒၚလာ ၆၉၄ သန္းအၾကား) ရရွိဖြယ္ရွိသည္ဟု မူလက ခန္႔မွန္းခဲ့ၾကေၾကာင္း ေစ်းကြက္ေစာင့္ၾကည့္သူတို႔က ဆိုသည္။

ေဟာင္ေကာင္တြင္ ၇ လၾကာ အစိုးရဆန္႔က်င္ေရး ဆႏၵျပပြဲမ်ား ေပၚေပါက္ေနမႈ၊ တစ္ႏွစ္ေက်ာ္ျပီျဖစ္ေသာ အေမရိကန္-တရုတ္ ကုန္သြယ္ေရးစစ္ပြဲတို႔ေၾကာင့္ ေဟာင္ေကာင္အိမ္ျခံေျမေစ်းကြက္အေပၚ သတိထားကိုင္တြယ္ေနမႈမ်ားအေပၚ ယခုေလလံပြဲက အဆံုးသတ္ေပးလိုက္ျခင္းျဖစ္သည္ဟု ရႈျမင္ၾကသည္။

ေဟာင္ေကာင္ စေတာ့အိတ္ခ်ိန္းစာရင္းဝင္ Citic Pacific သည္ လြန္ခဲ့ေသာ ၄ ႏွစ္ခန္႔က ေဟာင္ေကာင္မွ Ma On Shan အရပ္ရွိ လူေနေျမေနရာတစ္ခုကို ေဟာင္ေကာင္ေဒၚလာ ၁ ဒသမ ၄၇ ဘီလီယံျဖင့္ ဝယ္ယူျပီးေနာက္ပိုင္း ေဟာင္ေကာင္တြင္ ပထမဆံုးအၾကိမ္ ေျမယာဝယ္ယူမႈ ျပန္လည္ျပဳလုပ္လာျခင္းလည္း ျဖစ္သည္။

ယခု ဝယ္ယူလိုက္သည့္ ေျမတန္ဖိုးအပါအဝင္ စုစုေပါင္း ေဟာင္ေကာင္ေဒၚလာ ၅ ဒသမ ၅ ဘီလီယံ ရင္းႏွီးျမွဳပ္ႏွံသြားရန္ ရည္မွန္းထားေၾကာင္း Citic Pacific က ထုတ္ျပန္ထားသည္။

အဆိုပါ ေလလံပြဲတြင္ ဝင္ေရာက္ေလလံယွဥ္ျပိဳင္ခဲ့သည့္ အျခားကုမၸဏီမ်ားမွာလည္း နာမည္ေက်ာ္ ထိပ္သီးမ်ားခ်ည္းျဖစ္ျပီး ေဟာင္ေကာင္ developer မ်ားျဖစ္ေသာ CK Asset (လီကာရွင္း၏ ကုမၸဏီ)၊ Sun Hung Kai Properties ၊ Henderson Land Development ၊ ျပည္မၾကီးမွ developer မ်ားျဖစ္ေသာ KWG Group ၊ Kaisa Group Holdings ႏွင့္ Logan Properties Holdings တို႔ ပါဝင္သည္။

ယခု ေလလံေအာင္ျမင္သည့္ ေစ်းႏႈန္းအရ Citic Pacific သည္ စတုရန္း ၁ ေပလွ်င္ ေဟာင္ေကာင္ေဒၚလာ ၂၄၈၃၆ ( ကန္ေဒၚလာ ၃၁၈၈ ) ေပးခဲ့ရျခင္း ျဖစ္သည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

တရုတ်အစိုးရ ကျောထောက်နောက်ခံပြု ကုမ္ပဏီကြီး Citic Pacific သည် ဟောင်ကောင်ရှိ တန်ဖိုးကြီးအိမ်ရာဆောက်လုပ်မည့် မြေနေရာတစ်ခုကို လေလံဆွဲရာ ပြိုင်ဖက်ကုမ္ပဏီ ၂၄ ခုကို ဖြတ်ကျော်ကာ ဟောင်ကောင်ဒေါ်လာ ၃ ဒသမ ၂ ဘီလီယံ (ကန်ဒေါ်လာ ၄၁၀ ဒသမ ၈ သန်း) ဖြင့် လေလံအောင်မြင်သွားကြောင်း ဟောင်ကောင်မြေယာဦးစီးဌာန၏ ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြသည်။

အဆိုပါမြေကွက်သည် ဟောင်ကောင်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံမှ ဟောင်ကောင်ဒေါ်လာ ၅ ဒသမ ၄၁ ဘီလီယံအကြား (ကန်ဒေါ်လာ ၂၁၈ သန်းမှ ကန်ဒေါ်လာ ၆၉၄ သန်းအကြား) ရရှိဖွယ်ရှိသည်ဟု မူလက ခန့်မှန်းခဲ့ကြကြောင်း ဈေးကွက်စောင့်ကြည့်သူတို့က ဆိုသည်။

ဟောင်ကောင်တွင် ၇ လကြာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပေါ်ပေါက်နေမှု၊ တစ်နှစ်ကျော်ပြီဖြစ်သော အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲတို့ကြောင့် ဟောင်ကောင်အိမ်ခြံမြေဈေးကွက်အပေါ် သတိထားကိုင်တွယ်နေမှုများအပေါ် ယခုလေလံပွဲက အဆုံးသတ်ပေးလိုက်ခြင်းဖြစ်သည်ဟု ရှုမြင်ကြသည်။

ဟောင်ကောင် စတော့အိတ်ချိန်းစာရင်းဝင် Citic Pacific သည် လွန်ခဲ့သော ၄ နှစ်ခန့်က ဟောင်ကောင်မှ Ma On Shan အရပ်ရှိ လူနေမြေနေရာတစ်ခုကို ဟောင်ကောင်ဒေါ်လာ ၁ ဒသမ ၄၇ ဘီလီယံဖြင့် ဝယ်ယူပြီးနောက်ပိုင်း ဟောင်ကောင်တွင် ပထမဆုံးအကြိမ် မြေယာဝယ်ယူမှု ပြန်လည်ပြုလုပ်လာခြင်းလည်း ဖြစ်သည်။

ယခု ဝယ်ယူလိုက်သည့် မြေတန်ဖိုးအပါအဝင် စုစုပေါင်း ဟောင်ကောင်ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားရန် ရည်မှန်းထားကြောင်း Citic Pacific က ထုတ်ပြန်ထားသည်။

အဆိုပါ လေလံပွဲတွင် ဝင်ရောက်လေလံယှဉ်ပြိုင်ခဲ့သည့် အခြားကုမ္ပဏီများမှာလည်း နာမည်ကျော် ထိပ်သီးများချည်းဖြစ်ပြီး ဟောင်ကောင် developer များဖြစ်သော CK Asset (လီကာရှင်း၏ ကုမ္ပဏီ)၊ Sun Hung Kai Properties ၊ Henderson Land Development ၊ ပြည်မကြီးမှ developer များဖြစ်သော KWG Group ၊ Kaisa Group Holdings နှင့် Logan Properties Holdings တို့ ပါဝင်သည်။

ယခု လေလံအောင်မြင်သည့် ဈေးနှုန်းအရ Citic Pacific သည် စတုရန်း ၁ ပေလျှင် ဟောင်ကောင်ဒေါ်လာ ၂၄၈၃၆ ( ကန်ဒေါ်လာ ၃၁၈၈ ) ပေးခဲ့ရခြင်း ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service