ကမ္ဘောဒီးယားတွင် ကျေးရွာသားများကို မြေယာများခွဲဝေပေးပြီး ပြန်လည်ရောင်းချခြင်း၊ ပေါင်နှံခြင်းမပြုလုပ်ရန် ဝန်ကြီးက မေတ္တာရပ်ခံ ပြောကြား
ကမ္ဘောဒီးယားတွင် ကျေးရွာသားများကို မြေယာများခွဲဝေပေးပြီး ပြန်လည်ရောင်းချခြင်း၊ ပေါင်နှံခြင်းမပြုလုပ်ရန် ဝန်ကြီးက မေတ္တာရပ်ခံ ပြောကြား - Property News in Myanmar from iMyanmarHouse.com
20 Dec 2019 12:00 pm တွင် တင်ခဲ့သည်
805 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
 ### Unicode Version ###
 ကမ္ဘောဒီးယားတွင် ကျေးရွာသားများကို မြေယာများခွဲဝေပေးလိုက်ပြီး အဆိုပါမြေယာများတွင် နေအိမ်များ ဆောက်လုပ်ရန်နှင့် ထွန်ယက်စိုက်ပျိုးရန်နှင့် သားသမီးများကို အမွေအဖြစ် လက်ဆင့်ကမ်းလွှဲပြောင်းရန်အတွက်သာ ဦးတည်ကြရန်နှင့် ပြန်လည်ရောင်းချခြင်း၊ ပေါင်နှံခြင်းမပြုလုပ်ရန် “မြေယာစီမံခန့်ခွဲရေး၊ မြို့ပြစီမံကိန်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာ”ဝန်ကြီး ချီယာ ဆိုဖာရာက မေတ္တာရပ်ခံ ပြောကြားလိုက်ကြောင်း ကမ္ဘောဒီးယားအခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ကမ္ဘောဒီးယားနိုင်ငံ၊ ကမ်ပေါင်ချန်းပြည်နယ်တွင် ပြုလုပ်ခဲ့သော မရွှေ့ပြောင်းနိုင်သည့် မြေယာပိုင်ဆိုင်မှုလက်မှတ်များ ထုတ်ပေးခြင်းနှင့် “လူမှုရေးနှင့် စီးပွားရေးဖွံ့ဖြိုးရန်အတွက် မြေယာချထားပေးရေး စီမံကိန်းအဆင့် ၂” အောင်ပွဲအထိမ်းအမှတ် အခမ်းအနားတွင် ဝန်ကြီးက ထိုသို့ မေတ္တာရပ်ခံခဲ့ခြင်း ဖြစ်သည်။
ဆင်းရဲသားများနှင့် စစ်မှုထမ်းဟောင်းများအနက် မြေယာလိုအပ်နေသူများကို နေအိမ်ဆောက်လုပ်ရန်၊ ထွန်ယက်စိုက်ပျိုးရန်အတွက် အစိုးရက မြေယာများ ချထားပေးခြင်းဖြစ်ကြောင်း ဝန်ကြီး ဆိုဖာရာက ပြောကြားသည်။
ရရှိလာသည့် မြေများတွင် မွေးမြူရေးလုပ်ငန်းများလုပ်ခြင်း၊ ထွန်ယက်စိုက်ပျိုးခြင်းတို့ဖြင့် ဘဝမြင့်မားလာအောင်ကြိုးပမ်းကြရန် ၊ ဆင်းရဲတွင်းမှ ရုန်းထွက်ကြရန်ဝန်ကြီးက လမ်းညွှန်ခဲ့ကြောင်း ဆမာကီ မီးချေးခရိုင် အုပ်ချုပ်ရေးမှူး ဗွန် ဆီဖာက ပြောကြားသည်။
ဝန်ကြီးက မြေယာများကို ပြန်လည်ရောင်းချခြင်းမပြုရန်နှင့် အဆိုပါမြေယာများသည် မိမိတို့၏ အနာဂတ်၊ မိမိတို့ရင်သွေးများအတွက် အမွေအနှစ်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
မြေယာများကို ပေါင်နှံပါကလည်း ပြန်လည်မရွေးယူနိုင်ပါက ဆုံးရှုံးနိုင်သောကြောင့် ပေါင်နှံခြင်းလည်း မပြုလုပ်ရန် ဝန်ကြီးက မေတ္တာရပ်ခံခဲ့သည်။ “တခါတရံမှာ ရွာသားတွေဟာ နေ့စဉ်နေထိုင်မှုစရိတ်ရဖို့၊ လုပ်ငန်းတိုးချဲ့ဖို့ အစရှိတဲ့အကြောင်းကြောင်းကြောင့် မြေယာတွေကို ပေါင်နှံလေ့ရှိကြပါတယ်။ ဒီလိုတွေမလုပ်ဖို့ ဝန်ကြီးက လမ်းညွှန်ခဲ့တာပါ။ ကျွန်တော်တို့ သူ့ဆီက ထောက်ခံမှုရပြီး မြေယာတွေ ရအောင် တော်တော်ကြိုးစားထားရတာပါ။ ဒါပေမယ့် မြေယာကို ရရှိသွားတဲ့ ရွာသားတွေမှာ ရောင်းချ၊ ပေါင်နှံခွင့်တွေ ရှိသွားပြီဖြစ်တာကြောင့် သူတို့ ရောင်းချ၊ ပေါင်နှံတာတွေလုပ်ခဲ့ရင် ကျွန်တော်တို့အနေနဲ့ တားဆီးပိတ်ပင်လို့ မရပါဘူး” ဟု ဗွန် ဆီဖာက ဆိုသည်။
“ကျေးဇူးပြုပြီး ဒီမြေတွေကို ရောင်းချ၊ ပေါင်နှံတာတွေ မလုပ်ကြပါနဲ့။ ဒီလိုလုပ်တာက ပိုမိုကျပ်တည်းမှုတွေနဲ့ပဲ ရင်ဆိုင်လာရနိုင်ပါတယ်”ဟု အုပ်ချုပ်ရေးမှူးက ဆက်လက်ပြောကြားသည်။
ဆမာကီ မီချေးခရိုင်တွင် နေထိုင်သော စစ်မှုထမ်းဟောင်း ရဲဝန်ထမ်းတစ်ဦးဖြစ်သည့် ဆွန် ကင်ရောင်သည် မီတာ ၃၀ ပတ်လည် လူနေမြေကွက်နှင့် ၁ ဟက်တာကျယ်ဝန်းသော စိုက်ပျိုးမြေရရှိခဲ့ပြီး အလွန်ဝမ်းမြောက်လျက်ရှိသည်။
အစိုးရက ချထားပေးသည့် မြေယာများကို ကောင်းစွာထိန်းသိမ်းစောင့်ရှောက်သွားမည်ဟု ကင်ရောင်က ကတိပြုစကား ပြောကြားသည်။ “ကျွန်တော် နေအိမ်တစ်လုံးနဲ့ ထွန်ယက်စိုက်ပျိုးဖို့ မြေတစ်ကွက်ရခဲ့ပါတယ်။ ဒီလိုမြေယာတွေရတော့ ကျွန်တော်အရမ်းပျော်မိပါတယ်”ဟု ကင်ရောင်က ဝမ်းမြောက်စကားဆိုသည်။
ဒေသတွင်းတွင် အခြေခံအဆောက်အအုံ မပြည့်စုံမှုကြောင့် မြေယာရရှိသူအချို့မှာ ငွေကြေးအကျပ်အတည်းကြုံရကာ ရောင်းချ၊ ပေါင်နှံခြင်းများ ပြုလုပ်လေ့ရှိကြောင်းလည်း ကင်ရောင်က ဆက်လက်ပြောကြားသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
Mingalar Market
INNO CITY
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service