ကမၻာေက်ာ္ စူပါေမာ္ဒယ္ ဂ်ီဂ်ီ ဟာဒစ္ႏွင့္ ဘယ္လာ ဟာဒစ္တို႔၏ ဖခင္ အိမ္ျခံေျမလုပ္ငန္းရွင္ မိုဟာမက္ ဟာဒစ္၏ ေနအိမ္ျပႆနာ

ကမၻာေက်ာ္ စူပါေမာ္ဒယ္ ဂ်ီဂ်ီ ဟာဒစ္ႏွင့္ ဘယ္လာ ဟာဒစ္တို႔၏ ဖခင္ အိမ္ျခံေျမလုပ္ငန္းရွင္ မိုဟာမက္ ဟာဒစ္၏ ေနအိမ္ျပႆနာ - Property News in Myanmar from iMyanmarHouse.com
19 Dec 2019 12:38 pm တွင် တင်ခဲ့သည်
1596 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ကမၻာေက်ာ္ စူပါေမာ္ဒယ္ ဂ်ီဂ်ီ ဟာဒစ္ႏွင့္ ဘယ္လာ ဟာဒစ္တို႔၏ ဖခင္ အိမ္ျခံေျမလုပ္ငန္းရွင္ မိုဟာမက္ဟာဒစ္သည္ အိမ္နီးခ်င္း၏ တိုင္ၾကားမႈေၾကာင့္ သူ၏ေနအိမ္ ျဖိဳခ်ဖ်က္သိမ္းရေတာ့မည္ျဖစ္ေၾကာင္း အဂၤလန္အေျခစိုက္ သတင္းမီဒီယာမ်ားတြင္ ေဖာ္ျပသည္။

အဆိုပါေနအိမ္ကို ေဆာက္လုပ္မိျခင္းေၾကာင့္ ေနာင္တရေၾကာင္း၊ ယင္းေနအိမ္သည္ မိမိ၏ ဘဝကို ဖ်က္ဆီးခဲ့ျပီျဖစ္ေၾကာင္း မိုဟာမက္ဟာဒစ္က ေျပာၾကားသည္။

“အခု အျဖစ္အပ်က္တစ္ခုလံုးဟာ ေျခာက္ျခားစရာၾကီးပါ။ ဒါကို စလုပ္မိတာ ေနာင္တရပါတယ္။ ဒီအိမ္က ကၽြန္ေတာ့္ဘဝကို ဖ်က္ဆီးလိုက္ပါျပီ။ ကၽြန္ေတာ့္ရဲ႕ နာမည္ဂုဏ္သတင္းနဲ႔ မိသားစုအေပၚပါ ရိုက္ခတ္ခဲ့ပါတယ္” ဟု မိုဟာမက္ ဟာဒစ္က ဆိုသည္။

တရားရံုးက မိုဟာမက္ဟာဒစ္၏ ေနအိမ္ကို ဖ်က္သိမ္းရန္ အမိန္႔ခ်မွတ္ခဲ့သည္။ ေနအိမ္ဖ်က္သိမ္းရန္ စရိတ္မွာ ေပါင္ ၅ သန္းခန္႔ က်သင့္ဖြယ္ရွိရာ မိုဟာမက္ဟာဒစ္က ေပါင္ ၅ သိန္းဆိုလွ်င္ပင္ မတတ္ႏိုင္ေၾကာင္း တရားရံုးတြင္ တင္ျပခဲ့သည္။ ယင္းေနာက္ သူ၏ ကုမၸဏီကို ေဒဝါလီခံေၾကာင္း ေလွ်ာက္ထားတင္သြင္းခဲ့သည္။

သို႔ရာတြင္ လူပုဂၢိဳလ္အရမူ ေဒဝါလီမခံေၾကာင္း၊ ယခုျပႆနာသည္ သမီး ၂ ဦးအေပၚ အလြန္ရိုက္ခတ္ခဲ့ေၾကာင္း၊ ဖခင္ျဖစ္သူ၏ အိမ္ျခံေျမျပႆနာအေပၚ မၾကာခဏေမးျမန္းခံေနၾကရေၾကာင္း မိုဟာမက္ ဟာဒစ္က ေျပာၾကားသည္။

ရိုင္းစိုင္း ရက္စက္လွေသာ အိမ္နီးခ်င္း ဂ်ဳိး ဟိုရာဆက္ခ္သည္ မိမိေနအိမ္ေဆာက္လုပ္ေနမႈအေပၚ အသည္းအသန္ ျပႆနာ ရွာလိုေနသူျဖစ္ျပီး ေနအိမ္ေဆာက္လုပ္ေနမႈ ရပ္တန္႔သြားေစရန္ ေခ်ာင္းေျမာင္းရန္ရွာေနသူတစ္ဦးျဖစ္ေၾကာင္း မိုဟာမက္ဟာဒစ္က ေျပာၾကားသည္။

တရားသူၾကီး ကရစ္ဂ်္ ကာလန္က သံုးသပ္ရာတြင္ ေနအိမ္၏ အေနအထားႏွင့္ေဆာက္လုပ္ထားသည့္ ပံုစံမွာ အိမ္နီးခ်င္းမ်ားအေပၚ ထိခိုက္အႏၱရာယ္ျဖစ္ေစမည္မွာ ေသခ်ာလွေၾကာင္း၊ သို႔အတြက္ ျဖိဳခ်ဖ်က္သိမ္းပစ္ရမည္ျဖစ္ေၾကာင္း သံုးသပ္ခဲ့သည္။

အိမ္နီးခ်င္းမ်ား၏ တင္ျပခ်က္မ်ားကိုလည္း ကာလန္က ထည့္သြင္းသံုးသပ္သြားခဲ့သည္။ အိမ္နီးခ်င္းမ်ား၏ တင္ျပခ်က္မ်ားတြင္ တရားမဝင္ ဆင္ေျခေလွ်ာမ်ား၊ အတည္ျပဳခ်က္ရယူမထားေသာ ေျမထိန္းနံရံမ်ားႏွင့္ မခိုင္မာေသာ ေအာက္ခံေဖာင္ေဒးရွင္းတို႔ေၾကာင့္ အဆိုပါေနအိမ္သည္ အလြန္ေျခာက္ျခားတုန္လႈပ္ဖြယ္ အႏၱရာယ္ၾကီးမားလွေၾကာင္း တင္ျပထားသည္။

မိုဟာမက္ဟာဒစ္၏ အဆိုပါေနအိမ္ကို ေဆာက္လုပ္ေပးခဲ့သည့္ ဗိသုကာပညာရွင္ကိုယ္တိုင္ကပင္လွ်င္ “ဒီေနအိမ္ၾကီး ေတာင္ကုန္းေအာက္ကို ျပိဳက်ျပီး လူတစ္ေယာက္ေယာက္ေသသြားမွာ စိုးရိမ္မိပါတယ္” ဟု ေျပာၾကားခဲ့သည္ဟု ဆိုသည္။

မိုဟာမက္ဟာဒစ္က DailyMailTV သို႔ ေျပာၾကားခဲ့ရာတြင္ “ကၽြန္ေတာ္ ေဒဝါလီမခံပါဘူး။ ကၽြန္ေတာ့္ကုမၸဏီ ေဒဝါလီခံတာ ျဖစ္ပါတယ္။ ကုမၸဏီက ေငြေတြဟာ ဘဏ္ေခ်းေငြေတြပါ။ ေနအိမ္တစ္လံုး ဖ်က္ဖို႔အတြက္ ဘယ္ဘဏ္မွ ေဒၚလာ ၅ သန္း ထုတ္ေပးမွာ မဟုတ္ပါဘူး”ဟု ေျပာၾကားသည္။

အိမ္နီးခ်င္းအေပၚ မိုဟာမက္ဟာဒစ္က ေျပာၾကားခဲ့ရာတြင္ “သူက အဆိုးရြားဆံုးလူသားတစ္ေယာက္ပါ။ သူဟာ လက္စားေခ်တတ္တဲ့၊ အမ်က္ၾကီးတဲ့၊ ေၾကာက္စရာအေကာင္းဆံုးျဖစ္တဲ့ အိမ္နီးခ်င္းေတြထဲမွာ တစ္ဦးအပါအဝင္ျဖစ္ပါတယ္။ ဒီျမိဳ႕ကေန ကၽြန္ေတာ့္ကို ထြက္သြားေအာင္လုပ္ေနတာ ျဖစ္ပါတယ္” ဟု ေျပာၾကားသည္။

“သူဟာ ကၽြန္ေတာ့္အိမ္ဖ်က္သိမ္းဖို႔ အသည္းအသန္ျဖစ္ေနပါတယ္။ ဒါက သူ႔အတြက္ ဘဝျဖစ္ေနတယ္။ သူနဲ႔ သူ႔မိန္းမႏွစ္ေယာက္လံုးက ကၽြန္ေတာ့္ကို ဘယ္လိုတိုက္ခိုက္ရမလဲဆိုတာ ေန႔တိုင္းေလ့လာေနၾကတယ္။ လြန္ခဲ့တဲ့ ၃ ႏွစ္ေလာက္က သူေျပာခဲ့ဖူးတာ တစ္ခုရွိပါတယ္။ သူက ဒီကိစၥအတြက္ နာရီေပါင္း ၆၀၀၀ ေက်ာ္ အခ်ိန္ယူ အားစိုက္ထားျပီးျပီလို႔ ေျပာခဲ့ဖူးတယ္” ဟု မိုဟာမက္ဟာဒစ္က ဆက္လက္ေျပာၾကားသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

ကမ္ဘာကျော် စူပါမော်ဒယ် ဂျီဂျီ ဟာဒစ်နှင့် ဘယ်လာ ဟာဒစ်တို့၏ ဖခင် အိမ်ခြံမြေလုပ်ငန်းရှင် မိုဟာမက် ဟာဒစ်သည် အိမ်နီးချင်း၏ တိုင်ကြားမှုကြောင့် သူ၏နေအိမ် ဖြိုချဖျက်သိမ်းရတော့မည်ဖြစ်ကြောင်း အင်္ဂလန်အခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြသည်။ အဆိုပါနေအိမ်ကို ဆောက်လုပ်မိခြင်းကြောင့် နောင်တရကြောင်း၊ ယင်းနေအိမ်သည် မိမိ၏ ဘဝကို ဖျက်ဆီးခဲ့ပြီဖြစ်ကြောင်း မိုဟာမက်ဟာဒစ်က ပြောကြားသည်။

“အခု အဖြစ်အပျက်တစ်ခုလုံးဟာ ခြောက်ခြားစရာကြီးပါ။ ဒါကို စလုပ်မိတာ နောင်တရပါတယ်။ ဒီအိမ်က ကျွန်တော့်ဘဝကို ဖျက်ဆီးလိုက်ပါပြီ။ ကျွန်တော့်ရဲ့ နာမည်ဂုဏ်သတင်းနဲ့ မိသားစုအပေါ်ပါ ရိုက်ခတ်ခဲ့ပါတယ်” ဟု မိုဟာမက် ဟာဒစ်က ဆိုသည်။

တရားရုံးက မိုဟာမက်ဟာဒစ်၏ နေအိမ်ကို ဖျက်သိမ်းရန် အမိန့်ချမှတ်ခဲ့သည်။ နေအိမ်ဖျက်သိမ်းရန် စရိတ်မှာ ပေါင် ၅ သန်းခန့် ကျသင့်ဖွယ်ရှိရာ မိုဟာမက်ဟာဒစ်က ပေါင် ၅ သိန်းဆိုလျှင်ပင် မတတ်နိုင်ကြောင်း တရားရုံးတွင် တင်ပြခဲ့သည်။ ယင်းနောက် သူ၏ ကုမ္ပဏီကို ဒေဝါလီခံကြောင်း လျှောက်ထားတင်သွင်းခဲ့သည်။

သို့ရာတွင် လူပုဂ္ဂိုလ်အရမူ ဒေဝါလီမခံကြောင်း၊ ယခုပြဿနာသည် သမီး ၂ ဦးအပေါ် အလွန်ရိုက်ခတ်ခဲ့ကြောင်း၊ ဖခင်ဖြစ်သူ၏ အိမ်ခြံမြေပြဿနာအပေါ် မကြာခဏမေးမြန်းခံနေကြရကြောင်း မိုဟာမက် ဟာဒစ်က ပြောကြားသည်။

ရိုင်းစိုင်း ရက်စက်လှသော အိမ်နီးချင်း ဂျိုး ဟိုရာဆက်ခ်သည် မိမိနေအိမ်ဆောက်လုပ်နေမှုအပေါ် အသည်းအသန် ပြဿနာ ရှာလိုနေသူဖြစ်ပြီး နေအိမ်ဆောက်လုပ်နေမှု ရပ်တန့်သွားစေရန် ချောင်းမြောင်းရန်ရှာနေသူတစ်ဦးဖြစ်ကြောင်း မိုဟာမက်ဟာဒစ်က ပြောကြားသည်။

တရားသူကြီး ကရစ်ဂျ် ကာလန်က သုံးသပ်ရာတွင် နေအိမ်၏ အနေအထားနှင့်ဆောက်လုပ်ထားသည့် ပုံစံမှာ အိမ်နီးချင်းများအပေါ် ထိခိုက်အန္တရာယ်ဖြစ်စေမည်မှာ သေချာလှကြောင်း၊ သို့အတွက် ဖြိုချဖျက်သိမ်းပစ်ရမည်ဖြစ်ကြောင်း သုံးသပ်ခဲ့သည်။

အိမ်နီးချင်းများ၏ တင်ပြချက်များကိုလည်း ကာလန်က ထည့်သွင်းသုံးသပ်သွားခဲ့သည်။ အိမ်နီးချင်းများ၏ တင်ပြချက်များတွင် တရားမဝင် ဆင်ခြေလျှောများ၊ အတည်ပြုချက်ရယူမထားသော မြေထိန်းနံရံများနှင့် မခိုင်မာသော အောက်ခံဖောင်ဒေးရှင်းတို့ကြောင့် အဆိုပါနေအိမ်သည် အလွန်ခြောက်ခြားတုန်လှုပ်ဖွယ် အန္တရာယ်ကြီးမားလှကြောင်း တင်ပြထားသည်။

မိုဟာမက်ဟာဒစ်၏ အဆိုပါနေအိမ်ကို ဆောက်လုပ်ပေးခဲ့သည့် ဗိသုကာပညာရှင်ကိုယ်တိုင်ကပင်လျှင် “ဒီနေအိမ်ကြီး တောင်ကုန်းအောက်ကို ပြိုကျပြီး လူတစ်ယောက်ယောက်သေသွားမှာ စိုးရိမ်မိပါတယ်” ဟု ပြောကြားခဲ့သည်ဟု ဆိုသည်။

မိုဟာမက်ဟာဒစ်က DailyMailTV သို့ ပြောကြားခဲ့ရာတွင် “ကျွန်တော် ဒေဝါလီမခံပါဘူး။ ကျွန်တော့်ကုမ္ပဏီ ဒေဝါလီခံတာ ဖြစ်ပါတယ်။ ကုမ္ပဏီက ငွေတွေဟာ ဘဏ်ချေးငွေတွေပါ။ နေအိမ်တစ်လုံး ဖျက်ဖို့အတွက် ဘယ်ဘဏ်မှ ဒေါ်လာ ၅ သန်း ထုတ်ပေးမှာ မဟုတ်ပါဘူး”ဟု ပြောကြားသည်။

အိမ်နီးချင်းအပေါ် မိုဟာမက်ဟာဒစ်က ပြောကြားခဲ့ရာတွင် “သူက အဆိုးရွားဆုံးလူသားတစ်ယောက်ပါ။ သူဟာ လက်စားချေတတ်တဲ့၊ အမျက်ကြီးတဲ့၊ ကြောက်စရာအကောင်းဆုံးဖြစ်တဲ့ အိမ်နီးချင်းတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ ဒီမြို့ကနေ ကျွန်တော့်ကို ထွက်သွားအောင်လုပ်နေတာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

“သူဟာ ကျွန်တော့်အိမ်ဖျက်သိမ်းဖို့ အသည်းအသန်ဖြစ်နေပါတယ်။ ဒါက သူ့အတွက် ဘဝဖြစ်နေတယ်။ သူနဲ့ သူ့မိန်းမနှစ်ယောက်လုံးက ကျွန်တော့်ကို ဘယ်လိုတိုက်ခိုက်ရမလဲဆိုတာ နေ့တိုင်းလေ့လာနေကြတယ်။ လွန်ခဲ့တဲ့ ၃ နှစ်လောက်က သူပြောခဲ့ဖူးတာ တစ်ခုရှိပါတယ်။ သူက ဒီကိစ္စအတွက် နာရီပေါင်း ၆၀၀၀ ကျော် အချိန်ယူ အားစိုက်ထားပြီးပြီလို့ ပြောခဲ့ဖူးတယ်” ဟု မိုဟာမက်ဟာဒစ်က ဆက်လက်ပြောကြားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service