နယူးေယာက္၏ ပထမဆံုး လိင္တူခ်စ္သူ အိမ္ရာမဲ့သက္ၾကီးရြယ္အိုမ်ားကို ေနထိုင္ခြင့္ေပးမည့္ အခန္းေပါင္း ၁၄၅ ခန္းပါ အိမ္ရာဖြင့္လွစ္

နယူးေယာက္၏ ပထမဆံုး လိင္တူခ်စ္သူ အိမ္ရာမဲ့သက္ၾကီးရြယ္အိုမ်ားကို ေနထိုင္ခြင့္ေပးမည့္ အခန္းေပါင္း ၁၄၅ ခန္းပါ အိမ္ရာဖြင့္လွစ္ - Property News in Myanmar from iMyanmarHouse.com
19 Dec 2019 12:06 pm တွင် တင်ခဲ့သည်
1417 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

အေမရိကန္ျပည္ေထာင္စု၊ နယူးေယာက္ျမိဳ ႔တြင္ လိင္တူခ်စ္သူ (LGBT) အိမ္ရာမဲ့သက္ၾကီးရြယ္အိုမ်ားကို ေနထိုင္ခြင့္ေပးမည့္ အခန္းေပါင္း ၁၄၅ ခန္းပါ အိမ္ရာတစ္ခု ဖြင့္လွစ္လိုက္ျပီ ျဖစ္သည္။

Stonewall House ဟုေခၚေသာ အဆိုပါအိမ္ရာသည္ နယူးေယာက္တြင္ LGBT မ်ားအတြက္ ဦးတည္မႈေပးသည့္ ပထမဆံုးေသာ လူေန အိမ္ရာတစ္ခုလည္း ျဖစ္သည္။ဒိုင္ဒရာ ေနာ္တင္ဟမ္အမည္ရွိ လိင္တူခ်စ္သူ အဘြားအိုသည္ ယခုအခါ ေနအိမ္ခန္းသစ္တစ္ခုသို႔ ေျပာင္းေရႊ႕ရန္ အသင့္ျဖစ္ေနျပီ ျဖစ္သည္။အဘြားအို ေနာ္တင္ဟမ္သည္ အသက္ ၆၉ ႏွစ္ရွိျပီျဖစ္ျပီး Stonewall House အိမ္ရာတြင္ ပထမဆံုးေနထုိင္ခြင့္ရသူမ်ားအနက္ တစ္ဦး အပါအဝင္ျဖစ္လာမည္ ျဖစ္သည္။

နယူးေယာက္ျမိဳ႕၊ ဘရြတ္ကလင္းအရပ္၊ Fort Greene ပန္းျခံအနီးတြင္ တည္ရွိျပီး ခရစၥမတ္ကာလမတိုင္မီတြင္ ပထမဆံုးအသုတ္ ေနထိုင္ခြင့္ရသူမ်ား ေနထိုင္ခြင့္ရမည္ဟု ခန္႔မွန္းထားသည္။

က်န္ရွိသည့္ ေနထိုင္ခြင့္ရသူမ်ားမွာ ဇန္နဝါရီလအတြင္း ဆက္လက္ေရာက္ရွိလာၾကမည္ ျဖစ္သည္။

အေမရိကန္ျပည္ေထာင္စုအတြင္း LGBT မ်ားအတြက္ ရည္ရြယ္သည့္ အိမ္ရာမ်ားတြင္ အၾကီးမားဆံုးျဖစ္ျပီး BFC Partners ကုမၸဏီက သက္ၾကီးရြယ္အို LGBT မ်ား၏ လူေနမႈဘဝမ်ား ျမင့္မားေစရန္ ရည္ရြယ္ဖြဲ႔စည္းထားသည့္ ကမၻာ့အၾကီးမားဆံုးႏွင့္ သက္တမ္းအရင့္ဆံုး အဖြဲ႔ၾကီး SAGE ႏွင့္ ပူးေပါင္း အေကာင္အထည္ေဖာ္ခဲ့ျခင္း ျဖစ္သည္။

Stonewall House အိမ္ရာထက္တြင္ LGBT ၏ ကိုယ္စားျပဳအမွတ္တံဆိပ္ျဖစ္ေသာ ၾကယ္မ်ား၊ အစင္းမ်ားႏွင့္ သက္တန္႔ပံု အလံက တလူလူလြင့္ေနသည္။အဘြားအိုေနာ္တင္ဟမ္က ေျပာၾကားရာတြင္ “လာမယ့္ ဇန္နဝါရီ ပထမပတ္ထဲေလာက္မွာ ေျပာင္းေရႊ႕ေနထိုင္မွာပါ။ အဘြားက လိင္တူ ခ်စ္သူေတြအေပၚ ခြဲျခားဆက္ဆံမႈမ်ဳိးမရွိဘဲ လိင္တူခ်စ္သူေတြနဲ႔ သဟဇာတျဖစ္မယ့္ ဝန္းက်င္မ်ဳိးမွာ ေနခ်င္တဲ့စိတ္ အျမဲရွိခဲ့တယ္။ လူသစ္ေတြနဲ႔ ေတြ႔ျပီး အဖြဲ႔သစ္ေတြထဲကို ဝင္မွာပါ။ အဘြားဟာ လိင္တူခ်စ္သူေတြကို ဥပေဒအရ တရားမဝင္ဘူးလို႔ သတ္မွတ္ထားခ်ိန္ကတည္းက လိင္တူခ်စ္သူေတြအတြက္ ေရွ႕ကရပ္တည္ခဲ့သူပါ။” ဟု ဆိုသည္။

လူးဝစ္ လီဇာဒီအမည္ရွိ အဘိုးအိုမွာမူ ျပဴတိုရီကို ကၽြန္းႏိုင္ငံကေလးတြင္ ေနထိုင္သူျဖစ္ျပီး ၂၀၁၇ ခုႏွစ္၊ စက္တင္ဘာလအတြင္း မာရီယာ ဟာရီကိန္းမုန္တိုင္းၾကီး တိုက္ခတ္ေသာအခါ ရွိသမွ်အရာရာ ဆံုးရံႈးသြားခဲ့ရသည္။အသက္ ၆၇ ႏွစ္ရွိျပီျဖစ္ေသာ လိင္တူခ်စ္သူ အဘိုးအိုသည္ ျပဴတိုရီကိုတြင္ ေနထိုင္ခဲ့စဥ္က လိင္တူခ်စ္သူ ေယာက်္ားမ်ားကို ရံြရွာမုန္းတီးမႈမ်ားသာ ရင္ဆိုင္ခဲ့ရသည္။

ယခုႏွစ္ ဇြန္လတြင္မူ နယူးေယာက္သို႔ေရာက္ရွိလာကာ အိမ္ရာမဲ့ ယာယီတဲစခန္းမ်ားတြင္ ေနထုိင္လ်က္ရွိသည္။ယခုဖြင့္လွစ္မည့္ အိမ္ရာတြင္ က်န္ရွိသည့္ ဘဝသက္တမ္းကို ျဖတ္သန္းကုန္ဆံုးလိုေၾကာင္း၊ မိတ္ေဆြသစ္မ်ား ရွာေဖြလိုေၾကာင္း အဘိုးအို လူးဝစ္က ေျပာၾကားသည္။

Stonewall House အိမ္ရာတြင္ အသက္ ၆၂ ႏွစ္အထက္ရွိျပီး ေဒသတြင္း ပွ်မ္းမွ်ဝင္ေငြ၏ ၆၀ ရာခိုင္ႏႈန္းေအာက္သာ ဝင္ေငြရွိသူမ်ားကို လက္ခံသြားမည္ဟု ဆိုသည္။အိမ္ရာတြင္ စတူဒီယိုခန္း ၅၄ ခန္းႏွင့္ အိပ္ခန္း ၁ ခန္းပါအခန္း ၉၁ ခန္း ပါဝင္ျပီး အေရးတၾကီး လိုအပ္သူမ်ားကို ပထမဆံုး လက္ခံထားရွိသြားမည္ ျဖစ္သည္။

ေလာ့စ္အိန္ဂ်လိ၊ ဖီလာဒဲလ္ဖီးယား၊ ခ်ီကာဂိုႏွင့္ မင္နီယာပိုလစ္ျမိဳ႕ၾကီးမ်ားတြင္လည္း ယခုကဲ့သို႔ အိမ္ရာမ်ဳိး ရွိျပီး ျဖစ္သည္။Stonewall House အိမ္ရာသည္ LGBT မ်ားအတြက္ခ်ည္း သီးသန္႔ရည္ရြယ္ထားျခင္းကား မဟုတ္ေခ်။LGBT ဦးေရ ၅၀ ရာခိုင္ႏႈန္းႏွင့္ သာမန္လူမ်ားအတြက္ ၅၀ ရာခိုင္ႏႈန္းစီ ထားရွိသြားရန္ စီစဥ္ထားသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

 

### Unicode Version ###

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် လိင်တူချစ်သူ (LGBT) အိမ်ရာမဲ့သက်ကြီးရွယ်အိုများကို နေထိုင်ခွင့်ပေးမည့် အခန်းပေါင်း ၁၄၅ ခန်းပါ အိမ်ရာတစ်ခု ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

Stonewall House ဟုခေါ်သော အဆိုပါအိမ်ရာသည် နယူးယောက်တွင် LGBT များအတွက် ဦးတည်မှုပေးသည့် ပထမဆုံးသော လူနေ အိမ်ရာတစ်ခုလည်း ဖြစ်သည်။ဒိုင်ဒရာ နော်တင်ဟမ်အမည်ရှိ လိင်တူချစ်သူ အဘွားအိုသည် ယခုအခါ နေအိမ်ခန်းသစ်တစ်ခုသို့ ပြောင်းရွှေ့ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။အဘွားအို နော်တင်ဟမ်သည် အသက် ၆၉ နှစ်ရှိပြီဖြစ်ပြီး Stonewall House အိမ်ရာတွင် ပထမဆုံးနေထိုင်ခွင့်ရသူများအနက် တစ်ဦး အပါအဝင်ဖြစ်လာမည် ဖြစ်သည်။

နယူးယောက်မြို့၊ ဘရွတ်ကလင်းအရပ်၊ Fort Greene ပန်းခြံအနီးတွင် တည်ရှိပြီး ခရစ္စမတ်ကာလမတိုင်မီတွင် ပထမဆုံးအသုတ် နေထိုင်ခွင့်ရသူများ နေထိုင်ခွင့်ရမည်ဟု ခန့်မှန်းထားသည်။

ကျန်ရှိသည့် နေထိုင်ခွင့်ရသူများမှာ ဇန်နဝါရီလအတွင်း ဆက်လက်ရောက်ရှိလာကြမည် ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုအတွင်း LGBT များအတွက် ရည်ရွယ်သည့် အိမ်ရာများတွင် အကြီးမားဆုံးဖြစ်ပြီး BFC Partners ကုမ္ပဏီက သက်ကြီးရွယ်အို LGBT များ၏ လူနေမှုဘဝများ မြင့်မားစေရန် ရည်ရွယ်ဖွဲ့စည်းထားသည့် ကမ္ဘာ့အကြီးမားဆုံးနှင့် သက်တမ်းအရင့်ဆုံး အဖွဲ့ကြီး SAGE နှင့် ပူးပေါင်း အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။

Stonewall House အိမ်ရာထက်တွင် LGBT ၏ ကိုယ်စားပြုအမှတ်တံဆိပ်ဖြစ်သော ကြယ်များ၊ အစင်းများနှင့် သက်တန့်ပုံ အလံက တလူလူလွင့်နေသည်။အဘွားအိုနော်တင်ဟမ်က ပြောကြားရာတွင် “လာမယ့် ဇန်နဝါရီ ပထမပတ်ထဲလောက်မှာ ပြောင်းရွှေ့နေထိုင်မှာပါ။ အဘွားက လိင်တူ ချစ်သူတွေအပေါ် ခွဲခြားဆက်ဆံမှုမျိုးမရှိဘဲ လိင်တူချစ်သူတွေနဲ့ သဟဇာတဖြစ်မယ့် ဝန်းကျင်မျိုးမှာ နေချင်တဲ့စိတ် အမြဲရှိခဲ့တယ်။ လူသစ်တွေနဲ့ တွေ့ပြီး အဖွဲ့သစ်တွေထဲကို ဝင်မှာပါ။ အဘွားဟာ လိင်တူချစ်သူတွေကို ဥပဒေအရ တရားမဝင်ဘူးလို့ သတ်မှတ်ထားချိန်ကတည်းက လိင်တူချစ်သူတွေအတွက် ရှေ့ကရပ်တည်ခဲ့သူပါ။” ဟု ဆိုသည်။

လူးဝစ် လီဇာဒီအမည်ရှိ အဘိုးအိုမှာမူ ပြူတိုရီကို ကျွန်းနိုင်ငံကလေးတွင် နေထိုင်သူဖြစ်ပြီး ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလအတွင်း မာရီယာ ဟာရီကိန်းမုန်တိုင်းကြီး တိုက်ခတ်သောအခါ ရှိသမျှအရာရာ ဆုံးရှုံးသွားခဲ့ရသည်။အသက် ၆၇ နှစ်ရှိပြီဖြစ်သော လိင်တူချစ်သူ အဘိုးအိုသည် ပြူတိုရီကိုတွင် နေထိုင်ခဲ့စဉ်က လိင်တူချစ်သူ ယောကျ်ားများကို ရွံရှာမုန်းတီးမှုများသာ ရင်ဆိုင်ခဲ့ရသည်။

ယခုနှစ် ဇွန်လတွင်မူ နယူးယောက်သို့ရောက်ရှိလာကာ အိမ်ရာမဲ့ ယာယီတဲစခန်းများတွင် နေထိုင်လျက်ရှိသည်။ယခုဖွင့်လှစ်မည့် အိမ်ရာတွင် ကျန်ရှိသည့် ဘဝသက်တမ်းကို ဖြတ်သန်းကုန်ဆုံးလိုကြောင်း၊ မိတ်ဆွေသစ်များ ရှာဖွေလိုကြောင်း အဘိုးအို လူးဝစ်က ပြောကြားသည်။

Stonewall House အိမ်ရာတွင် အသက် ၆၂ နှစ်အထက်ရှိပြီး ဒေသတွင်း ပျှမ်းမျှဝင်ငွေ၏ ၆၀ ရာခိုင်နှုန်းအောက်သာ ဝင်ငွေရှိသူများကို လက်ခံသွားမည်ဟု ဆိုသည်။အိမ်ရာတွင် စတူဒီယိုခန်း ၅၄ ခန်းနှင့် အိပ်ခန်း ၁ ခန်းပါအခန်း ၉၁ ခန်း ပါဝင်ပြီး အရေးတကြီး လိုအပ်သူများကို ပထမဆုံး လက်ခံထားရှိသွားမည် ဖြစ်သည်။

လော့စ်အိန်ဂျလိ၊ ဖီလာဒဲလ်ဖီးယား၊ ချီကာဂိုနှင့် မင်နီယာပိုလစ်မြို့ကြီးများတွင်လည်း ယခုကဲ့သို့ အိမ်ရာမျိုး ရှိပြီး ဖြစ်သည်။

Stonewall House အိမ်ရာသည် LGBT များအတွက်ချည်း သီးသန့်ရည်ရွယ်ထားခြင်းကား မဟုတ်ချေ။LGBT ဦးရေ ၅၀ ရာခိုင်နှုန်းနှင့် သာမန်လူများအတွက် ၅၀ ရာခိုင်နှုန်းစီ ထားရှိသွားရန် စီစဉ်ထားသည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service