လာမည့္ ေဖေဖာ္ဝါရီလအထိ အဂၤလန္တြင္ အိမ္ျခံေျမေစ်းႏႈန္းမ်ား က်ဆင္းေနဖြယ္ရွိေၾကာင္း ျဗိတိန္ေနအိမ္ေရႊ႕ေျပာင္းေရး ဝန္ေဆာင္မႈ ကုမၸဏီက ခန္႔မွန္း

လာမည့္ ေဖေဖာ္ဝါရီလအထိ အဂၤလန္တြင္ အိမ္ျခံေျမေစ်းႏႈန္းမ်ား က်ဆင္းေနဖြယ္ရွိေၾကာင္း ျဗိတိန္ေနအိမ္ေရႊ႕ေျပာင္းေရး ဝန္ေဆာင္မႈ ကုမၸဏီက ခန္႔မွန္း - Property News in Myanmar from iMyanmarHouse.com
18 Dec 2019 12:17 pm တွင် တင်ခဲ့သည်
661 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

အဂၤလန္ႏိုင္ငံတစ္ဝန္းတြင္ ယခုဒီဇင္ဘာမွ စတင္ကာ လာမည့္ ၂၀၂၀ ျပည့္ႏွစ္၊ ေဖေဖာ္ဝါရီလအထိ ၃ လဆက္တိုက္ အိမ္ျခံေျမ ေစ်းႏႈန္းမ်ား က်ဆင္းေနဖြယ္ရွိေၾကာင္း က်ဆင္းေနဖြယ္ရွိေၾကာင္း ျဗိတိန္ေနအိမ္ေရႊ႕ေျပာင္းေရး ဝန္ေဆာင္မႈ ကုမၸဏီ reallymoving က ခန္႔မွန္းထားသည္။

ဒီဇင္ဘာလမွ ေဖေဖာ္ဝါရီလအတြင္း အိမ္ျခံေျမေစ်းႏႈန္းမ်ား ၂ ဒသမ ၁ ရာခိုင္ႏႈန္း က်ဆင္းဖြယ္ရွိျပီး ၂၀၁၄ ခုႏွစ္မွ စကာ အိမ္ျခံေျမေလာကထိုင္းမႈိင္းေနမႈ ဆက္လက္ျဖစ္ေပၚေနဦးမည့္ အလားအလာျဖစ္သည္။

၂၀၁၄ ခုႏွစ္သည္ အဂၤလန္တြင္ အိမ္ျခံေျမေစ်းႏႈန္းမ်ား စတင္က်ဆင္းျခင္း၊ အေရာင္းအဝယ္က်ဆင္းျခင္းမ်ား စတင္ေပၚေပါက္ခဲ့သည့္ ကာလျဖစ္ျပီး ဥေရာပသမဂၢမွ ျဗိတိန္ႏႈတ္ထြက္ေရးဆိုင္ရာ မေရရာမႈမ်ားေၾကာင့္ ျဖစ္သည္။

ဒီဇင္ဘာလအတြင္း ပွ်မ္းမွ်အိမ္ျခံေျမေစ်းႏႈန္းက်ဆင္းမႈ ၁ ဒသမ ၁ ရာခုိင္ႏႈန္းရွိကာ ၂၀၂၀ ျပည့္ႏွစ္၊ ေဖေဖာ္ဝါရီတြင္ ၁ ဒသမ ၁ ရာခိုင္ႏႈန္း ဆက္လက္က်ဆင္းမည္ဟု အဆိုပါခန္႔မွန္းခ်က္တြင္ ေဖာ္ျပသည္။

သို႔ရာတြင္ ႏွစ္အလိုက္ႏႈိင္းယွဥ္လွ်င္မူ အိမ္ျခံေျမေစ်းႏႈန္းမ်ား၏ ရပ္တည္မႈမွာ အားေကာင္းေနသည္။

ယခုဒီဇင္ဘာလအတြင္း ႏွစ္အလိုက္အိမ္ျခံေျမေစ်းႏႈန္း ၂ ဒသမ ၆ ရာခိုင္ႏႈန္း ျမင့္တက္ခဲ့ျပီး လာမည့္ ၂၀၂၀ ဇန္နဝါရီတြင္ ၂ ဒသမ ၂ ရာခိုင္ႏႈန္းႏွင့္ ေဖေဖာ္ဝါရီတြင္ ၄ ဒသမ ၅ ရာခိုင္ႏႈန္းခန္႔ ျမင့္တက္မည္ဟု ခန္႔မွန္းထားသည္။

ေဖေဖာ္ဝါရီသို႔ ေရာက္လွ်င္ ပွ်မ္းမွ် အိမ္ျခံေျမေစ်းႏႈန္း ေပါင္ ၂၉၂၃၆၇ (ကန္ေဒၚလာ ၃၈၅၂၀၀) ရွိေနဖြယ္ရွိျပီး ၂၀၁၉ ခုႏွစ္၊ ေဖေဖာ္ဝါရီလက ပွ်မ္းမွ် အိမ္ျခံေျမေစ်းႏႈန္းမွာ ေပါင္ ၂၇၉၇၆၄ ျဖစ္သည္။

“လက္ရွိအားျဖင့္ အိမ္ျခံေျမ အေရာင္းအဝယ္ပမာဏဟာ ၁၂ ရာခိုင္ႏႈန္းကေန ၁၅ ရာခိုင္ႏႈန္းေလာက္ က်ဆင္းေနပါတယ္။ ဒါေပမယ့္ ေရြးေကာက္ပြဲ (ဒီဇင္ဘာ ၁၂) မွာ ကြန္ဆာေဗးတစ္ပါတီ အႏိုင္ရမယ္ဆိုရင္၊ ဇန္နဝါရီလကုန္မွာ ဥေရာပသမဂၢကေန ေခ်ာေခ်ာေမြ႔ေမြ႔ ႏႈတ္ထြက္ႏိုင္ေအာင္ စီစဥ္ႏိုင္မယ္ဆိုရင္ ဝယ္လိုအားေတြ ျပန္လည္ျမင့္တက္လာျပီး အိမ္ျခံေျမေစ်းေတြ ျပန္လည္ျမင့္တက္လာႏိုင္ပါတယ္” ဟု reallymoving ကုမၸဏီ၏ အမႈေဆာင္အရာရွိခ်ဳပ္ ေရာ့ဘ္ ဟို႔ဂ္တန္က ေျပာၾကားသည္။

(မွတ္ခ်က္။ ေရြးေကာက္ပြဲတြင္ ကြန္ဆာေဗးတစ္ပါတီက အႏိုင္ရသြားသည္။ ကြန္ဆာေဗးတစ္ပါတီက အမတ္ေနရာ ၃၆၅ ေနရာႏွင့္ ေလဘာပါတီက ၂၀၃ ေနရာရရွိခဲ့ၾကသည္။ အဆိုပါပမာဏမွာ မာဂရက္သက္ခ်ာေခတ္ ၁၉၈၇ ေနာက္ပိုင္း အၾကီးမားဆံုး ေအာင္ပြဲလည္း ျဖစ္သည္။ )

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

အင်္ဂလန်နိုင်ငံတစ်ဝန်းတွင် ယခုဒီဇင်ဘာမှ စတင်ကာ လာမည့် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလအထိ ၃ လဆက်တိုက် အိမ်ခြံမြေ ဈေးနှုန်းများ ကျဆင်းနေဖွယ်ရှိကြောင်း ကျဆင်းနေဖွယ်ရှိကြောင်း ဗြိတိန်နေအိမ်ရွှေ့ပြောင်းရေး ဝန်ဆောင်မှု ကုမ္ပဏီ reallymoving က ခန့်မှန်းထားသည်။

ဒီဇင်ဘာလမှ ဖေဖော်ဝါရီလအတွင်း အိမ်ခြံမြေဈေးနှုန်းများ ၂ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းဖွယ်ရှိပြီး ၂၀၁၄ ခုနှစ်မှ စကာ အိမ်ခြံမြေလောကထိုင်းမှိုင်းနေမှု ဆက်လက်ဖြစ်ပေါ်နေဦးမည့် အလားအလာဖြစ်သည်။

၂၀၁၄ ခုနှစ်သည် အင်္ဂလန်တွင် အိမ်ခြံမြေဈေးနှုန်းများ စတင်ကျဆင်းခြင်း၊ အရောင်းအဝယ်ကျဆင်းခြင်းများ စတင်ပေါ်ပေါက်ခဲ့သည့် ကာလဖြစ်ပြီး ဥရောပသမဂ္ဂမှ ဗြိတိန်နှုတ်ထွက်ရေးဆိုင်ရာ မရေရာမှုများကြောင့် ဖြစ်သည်။

ဒီဇင်ဘာလအတွင်း ပျှမ်းမျှအိမ်ခြံမြေဈေးနှုန်းကျဆင်းမှု ၁ ဒသမ ၁ ရာခိုင်နှုန်းရှိကာ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီတွင် ၁ ဒသမ ၁ ရာခိုင်နှုန်း ဆက်လက်ကျဆင်းမည်ဟု အဆိုပါခန့်မှန်းချက်တွင် ဖော်ပြသည်။

သို့ရာတွင် နှစ်အလိုက် နှိုင်းယှဉ်လျှင်မူ အိမ်ခြံမြေဈေးနှုန်းများ၏ ရပ်တည်မှုမှာ အားကောင်းနေသည်။

ယခုဒီဇင်ဘာလအတွင်း နှစ်အလိုက်အိမ်ခြံမြေဈေးနှုန်း ၂ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး လာမည့် ၂၀၂၀ ဇန်နဝါရီတွင် ၂ ဒသမ ၂ ရာခိုင်နှုန်းနှင့် ဖေဖော်ဝါရီတွင် ၄ ဒသမ ၅ ရာခိုင်နှုန်းခန့် မြင့်တက်မည်ဟု ခန့်မှန်းထားသည်။

ဖေဖော်ဝါရီသို့ ရောက်လျှင် ပျှမ်းမျှ အိမ်ခြံမြေဈေးနှုန်း ပေါင် ၂၉၂၃၆၇ (ကန်ဒေါ်လာ ၃၈၅၂၀၀) ရှိနေဖွယ်ရှိပြီး ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလက ပျှမ်းမျှ အိမ်ခြံမြေဈေးနှုန်းမှာ ပေါင် ၂၇၉၇၆၄ ဖြစ်သည်။

“လက်ရှိအားဖြင့် အိမ်ခြံမြေ အရောင်းအဝယ်ပမာဏဟာ ၁၂ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းလောက် ကျဆင်းနေပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲ (ဒီဇင်ဘာ ၁၂) မှာ ကွန်ဆာဗေးတစ်ပါတီ အနိုင်ရမယ်ဆိုရင်၊ ဇန်နဝါရီလကုန်မှာ ဥရောပသမဂ္ဂကနေ ချောချောမွေ့မွေ့ နှုတ်ထွက်နိုင်အောင် စီစဉ်နိုင်မယ်ဆိုရင် ဝယ်လိုအားတွေ ပြန်လည်မြင့်တက်လာပြီး အိမ်ခြံမြေဈေးတွေ ပြန်လည်မြင့်တက်လာနိုင်ပါတယ်” ဟု reallymoving ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ရော့ဘ် ဟို့ဂ်တန်က ပြောကြားသည်။

(မှတ်ချက်။ ရွေးကောက်ပွဲတွင် ကွန်ဆာဗေးတစ်ပါတီက အနိုင်ရသွားသည်။ ကွန်ဆာဗေးတစ်ပါတီက အမတ်နေရာ ၃၆၅ နေရာနှင့် လေဘာပါတီက ၂၀၃ နေရာရရှိခဲ့ကြသည်။ အဆိုပါပမာဏမှာ မာဂရက်သက်ချာခေတ် ၁၉၈၇ နောက်ပိုင်း အကြီးမားဆုံး အောင်ပွဲလည်း ဖြစ်သည်။ )

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

လာမည့္ ေဖေဖာ္ဝါရီလအထိ အဂၤလန္တြင္ အိမ္ျခံေျမေစ်းႏႈန္းမ်ား က်ဆင္းေနဖြယ္ရွိေၾကာင္း ျဗိတိန္ေနအိမ္ေရႊ႕ေျပာင္းေရး ဝန္ေဆာင္မႈ ကုမၸဏီက ခန္႔မွန္း - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service