တရုတ္ျပည္၏ မိုးေမွ်ာ္တိုက္ၾကီးမ်ားအေရး

တရုတ္ျပည္၏ မိုးေမွ်ာ္တိုက္ၾကီးမ်ားအေရး - Property News in Myanmar from iMyanmarHouse.com
16 Dec 2019 11:06 am တွင် တင်ခဲ့သည်
1201 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

တရုတ္ျပည္တြင္ မိုးေမွ်ာ္တိုက္ၾကီးမ်ား အျပိဳင္အဆိုင္၊ အရူးအမူး ေဆာက္လုပ္လာေနၾကျပီး ကမၻာ့အျမင့္မားဆံုး မိုးေမွ်ာ္တိုက္ၾကီးမ်ား၏ ထက္ဝက္ေက်ာ္မွာ တရုတ္ျပည္တြင္ ျဖစ္သည္။

CBRE ၏ ထုတ္ျပန္ခ်က္အရ တရုတ္ျပည္၏ နာမည္ေက်ာ္ ျမိဳ ႔ၾကီး ၁၇ ျမိဳ ႔တြင္ ရံုးခန္းေနရာလြတ္ ပမာဏမွာ ဆယ္စုႏွစ္တစ္ခုတာအတြင္း အျမင့္မားဆံုးပမာဏသို႔ ေရာက္ရွိေနျပီဟု ေဖာ္ျပထားသည္။

တရုတ္ျပည္ စီးပြားေရးေကာင္းစဥ္ႏွစ္မ်ားအတြင္း မိုးေမွ်ာ္တိုက္ၾကီးမ်ား အလံုးအရင္းေဆာက္လုပ္ခဲ့ရာ တရုတ္ျပည္၏ မိုးေမွ်ာ္တိုက္ၾကီးမ်ားသည္ ကမၻာ့အဆင့္ဆုေပါင္းမ်ားစြာ ရရွိခဲ့ကာ ကမၻာ့မီဒီယာမ်ားတြင္ ေရပန္းစားခဲ့သည္။

ယေန႔ကာလတြင္မူ တိုင္းျပည္စီးပြားေရးအေျခအေန ေအးစက္ေနမႈ၊ လူသူမဲ့အခန္းလြတ္မ်ားစြာရွိလာေနမႈမ်ားရွိလာရာ ပိုင္ရွင္မ်ားသည္ ၎တို႔ အေဆာက္အအံုမ်ားအတြက္ ဝင့္ဝါခဲ့မႈမ်ားအတြက္ ျပန္လည္ေပးဆပ္ေနရျပီဟု ဆိုႏိုင္သည္။

ျပည္မၾကီးရွိ မိုးေမွ်ာ္တိုက္ၾကီး ၉ လံုးကို ကမၻာ့အေကာင္းဆံုး မိုးေမွ်ာ္တိုက္ၾကီးမ်ားစာရင္းတြင္ “မိုးေမွ်ာ္တိုက္မ်ားႏွင့္ ျမိဳ ႔ျပအေျခခ်ေနထိုင္မႈ ေကာင္စီ” (CTBUH) က ထည့္သြင္းေဖာ္ျပခဲ့ျပီး ယခင္ႏွစ္အတြင္း ဆုေပါင္း ၇ ဆု ရရွိခဲ့သည္။

အေမရိကန္ျပည္ေထာင္စု၊ ခ်ီကာဂိုျမိဳ ႔အေျခစိုက္ CTBUH ေကာင္စီသည္ အဆိုပါဆုမ်ားကို လာမည့္ ၂၀၂၀ ျပည့္ႏွစ္၊ ဧျပီလအတြင္း ခ်ီးျမွင့္သြားရန္ စီစဥ္ထားသည္။

တရုတ္ျပည္မွ ရရွိခဲ့ေသာ ဆုမ်ားတြင္ ရွန္ဟုိင္းျမိဳ႕တြင္ Pacific Group က ေဆက္လုပ္ခဲ့သည့္ ၉၃ မီတာ ျမင့္မားေသာ Gala Ave Westside အေဆာက္အအံု၊ Huayuan Property က ေဆာက္လုပ္ခဲ့ေသာ ၁၁၅ မီတာ ျမင့္မားသည့္ Changsha Hua စင္တာ ၊ ေပက်င္းျမိဳ႕ေတာ္တြင္ Soho China က ေဆာက္လုပ္ခဲ့ေသာ ၂၀၇ မီတာ ျမင့္မားသည့္ Leeza Soho အေဆာက္အအံုၾကီးႏွင့္ Xi’an Maike Metal International Group က ေဆာက္လုပ္ခဲ့ေသာ ၂၁၅ မီတာ ျမင့္မားသည့္ Maike စင္တာတို႔ အပါအဝင္ ျဖစ္သည္။

မိုးေမွ်ာ္တိုက္ၾကီးမ်ားသည္ ရင္းႏွီးျမွဳပ္ႏွံမႈၾကီးမားစြာ လိုအပ္သည့္အျပင္ ဝယ္လက္ႏွင့္ ရံုးခန္းဖြင့္မည့္သူတို႔ကို ဆြဲေဆာင္ႏိုင္ရန္ အျခား မိုးေမွ်ာ္တိုက္မ်ားႏွင့္ ကြဲထြက္ေနရန္ လိုအပ္သည့္ ေစ်းကြက္ဖိအားလည္း အလြန္မ်ားေၾကာင္း ျဗိတိန္အေျခစိုက္ ဗိသုကာအဖြဲ႔ Benoy ၏ ရွန္ဟိုင္းရံုးခြဲ ညႊန္ၾကားေရးမွဴး Pan Qin က ေျပာၾကားသည္။

တရုတ္အိမ္ျခံေျမေလာက၏ အဆိုးဆံုးျဖစ္ဖြယ္ ယေန႔ကာလမ်ဳိးတြင္ ဆုတံဆိပ္မ်ား၊ ခ်ီးမြမ္းဂုဏ္ျပဳျခင္းမ်ားႏွင့္အတူ ဖိအားမ်ား မ်ားစြာ ေရာက္ရွိလာေနသည္။ အိမ္ျခံေျမေလာက အတိုင္ပင္ခံ ပုဂၢိဳလ္တို႔က ခန္႔မွန္းခ်က္အရ တရုတ္ျပည္၏ အခ်က္အျခာျမိဳ႕ၾကီးမ်ားတြင္ အခန္းလြတ္မ်ား ေလွ်ာ့ခ်ႏိုင္ေရး အလားအလာနည္းပါးေၾကာင္း၊ တရုတ္ျပည္၏ စီးပြားေရးမွာ ဆယ္စုႏွစ္ ၃ ခုတာကာလအတြင္း တိုးတက္မႈ အေႏွးေကြးဆံုးကာလျဖစ္ေနေၾကာင္း သံုးသပ္ၾကသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

တရုတ်ပြည်တွင် မိုးမျှော်တိုက်ကြီးများ အပြိုင်အဆိုင်၊ အရူးအမူး ဆောက်လုပ်လာနေကြပြီး ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီးများ၏ ထက်ဝက်ကျော်မှာ တရုတ်ပြည်တွင် ဖြစ်သည်။

CBRE ၏ ထုတ်ပြန်ချက်အရ တရုတ်ပြည်၏ နာမည်ကျော် မြို့ကြီး ၁၇ မြို့တွင် ရုံးခန်းနေရာလွတ် ပမာဏမှာ ဆယ်စုနှစ်တစ်ခုတာအတွင်း အမြင့်မားဆုံးပမာဏသို့ ရောက်ရှိနေပြီဟု ဖော်ပြထားသည်။

တရုတ်ပြည် စီးပွားရေးကောင်းစဉ်နှစ်များအတွင်း မိုးမျှော်တိုက်ကြီးများ အလုံးအရင်းဆောက်လုပ်ခဲ့ရာ တရုတ်ပြည်၏ မိုးမျှော်တိုက်ကြီးများသည် ကမ္ဘာ့အဆင့်ဆုပေါင်းများစွာ ရရှိခဲ့ကာ ကမ္ဘာ့မီဒီယာများတွင် ရေပန်းစားခဲ့သည်။

ယနေ့ကာလတွင်မူ တိုင်းပြည်စီးပွားရေးအခြေအနေ အေးစက်နေမှု၊ လူသူမဲ့အခန်းလွတ်များစွာရှိလာနေမှုများရှိလာရာ ပိုင်ရှင်များသည် ၎င်းတို့ အဆောက်အအုံများအတွက် ဝင့်ဝါခဲ့မှုများအတွက် ပြန်လည်ပေးဆပ်နေရပြီဟု ဆိုနိုင်သည်။

ပြည်မကြီးရှိ မိုးမျှော်တိုက်ကြီး ၉ လုံးကို ကမ္ဘာ့အကောင်းဆုံး မိုးမျှော်တိုက်ကြီးများစာရင်းတွင် “မိုးမျှော်တိုက်များနှင့် မြို့ပြအခြေချနေထိုင်မှု ကောင်စီ” (CTBUH) က ထည့်သွင်းဖော်ပြခဲ့ပြီး ယခင်နှစ်အတွင်း ဆုပေါင်း ၇ ဆု ရရှိခဲ့သည်။

အမေရိကန်ပြည်ထောင်စု၊ ချီကာဂိုမြို့အခြေစိုက် CTBUH ကောင်စီသည် အဆိုပါဆုများကို လာမည့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလအတွင်း ချီးမြှင့်သွားရန် စီစဉ်ထားသည်။

တရုတ်ပြည်မှ ရရှိခဲ့သော ဆုများတွင် ရှန်ဟိုင်းမြို့တွင် Pacific Group က ဆေက်လုပ်ခဲ့သည့် ၉၃ မီတာ မြင့်မားသော Gala Ave Westside အဆောက်အအုံ၊ Huayuan Property က ဆောက်လုပ်ခဲ့သော ၁၁၅ မီတာ မြင့်မားသည့် Changsha Hua စင်တာ ၊ ပေကျင်းမြို့တော်တွင် Soho China က ဆောက်လုပ်ခဲ့သော ၂၀၇ မီတာ မြင့်မားသည့် Leeza Soho အဆောက်အအုံကြီးနှင့် Xi’an Maike Metal International Group က ဆောက်လုပ်ခဲ့သော ၂၁၅ မီတာ မြင့်မားသည့် Maike စင်တာတို့ အပါအဝင် ဖြစ်သည်။

မိုးမျှော်တိုက်ကြီးများသည် ရင်းနှီးမြှုပ်နှံမှုကြီးမားစွာ လိုအပ်သည့်အပြင် ဝယ်လက်နှင့် ရုံးခန်းဖွင့်မည့်သူတို့ကို ဆွဲဆောင်နိုင်ရန် အခြား မိုးမျှော်တိုက်များနှင့် ကွဲထွက်နေရန် လိုအပ်သည့် ဈေးကွက်ဖိအားလည်း အလွန်များကြောင်း ဗြိတိန်အခြေစိုက် ဗိသုကာအဖွဲ့ Benoy ၏ ရှန်ဟိုင်းရုံးခွဲ ညွှန်ကြားရေးမှူး Pan Qin က ပြောကြားသည်။

တရုတ်အိမ်ခြံမြေလောက၏ အဆိုးဆုံးဖြစ်ဖွယ် ယနေ့ကာလမျိုးတွင် ဆုတံဆိပ်များ၊ ချီးမွမ်းဂုဏ်ပြုခြင်းများနှင့်အတူ ဖိအားများ များစွာ ရောက်ရှိလာနေသည်။ အိမ်ခြံမြေလောက အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့က ခန့်မှန်းချက်အရ တရုတ်ပြည်၏ အချက်အခြာမြို့ကြီးများတွင် အခန်းလွတ်များ လျှော့ချနိုင်ရေး အလားအလာနည်းပါးကြောင်း၊ တရုတ်ပြည်၏ စီးပွားရေးမှာ ဆယ်စုနှစ် ၃ ခုတာကာလအတွင်း တိုးတက်မှု အနှေးကွေးဆုံးကာလဖြစ်နေကြောင်း သုံးသပ်ကြသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service