ကမၻာေက်ာ္ ဝင္ခ်က္စတာရိုင္ဖယ္ကို ထုတ္လုပ္သူ၏ ဇနီး ရိုင္ဖယ္ေၾကာင့္ ေသခဲ့ရသူတို႔၏ ဝိဥာဥ္မ်ားက ေျခာက္လွန္႔မႈေၾကာင့္ လွ်ိဳ႕ဝွက္ခန္းမ်ား၊ ေျမေအာက္ခန္းမ်ားအပါအဝင္ အခန္းေပါင္း ၁၆၀ ေက်ာ္ ပါဝင္ေသာ စံအိမ္ၾကီးေဆာက္လုပ္ကာ တေစၦမ်ားရန္မွ ပုန္းေရွာင္ခဲ့ရ

ကမၻာေက်ာ္ ဝင္ခ်က္စတာရိုင္ဖယ္ကို ထုတ္လုပ္သူ၏ ဇနီး ရိုင္ဖယ္ေၾကာင့္ ေသခဲ့ရသူတို႔၏ ဝိဥာဥ္မ်ားက ေျခာက္လွန္႔မႈေၾကာင့္ လွ်ိဳ႕ဝွက္ခန္းမ်ား၊ ေျမေအာက္ခန္းမ်ားအပါအဝင္ အခန္းေပါင္း ၁၆၀ ေက်ာ္ ပါဝင္ေသာ စံအိမ္ၾကီးေဆာက္လုပ္ကာ တေစၦမ်ားရန္မွ ပုန္းေရွာင္ခဲ့ရ - Property News in Myanmar from iMyanmarHouse.com
13 Dec 2019 11:40 am တွင် တင်ခဲ့သည်
2977 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

အခ်ိန္ကား ၁၈၈၆ ခုႏွစ္။ အေမရိကန္ျပည္၊ ကြန္နက္တီကပ္ျပည္နယ္မွ ဆာရာဝင္ခ်က္စတာ အမည္ရွိ အမ်ဳိးသမီးတစ္ဦးသည္ အျမဲေျခာက္လွန္႔ခံေနရေသာ တေစၦသူရဲတို႔၏ ေဘးရန္မွ လြတ္ကင္းရန္ႏွင့္ တေစၦကင္းေသာဘဝသစ္ကို စတင္ရန္အတြက္ ကယ္လီဖုိးနီးယားျပည္နယ္၊ ဆန္ဂ်ဳိ႕စ္သို႔ ထြက္ခြာေရႊ႕ေျပာင္းခဲ့ေလသည္။

(ျမန္မာျပည္တြင္ သီေပါမင္း ပါေတာ္မူျပီး အဂၤလိပ္တို႔လက္ေအာက္သို႔ တစ္ႏိုင္ငံလံုးက်ေရာက္သြားသည့္ အခ်ိန္ျဖစ္သည္)

ဆာရာက ဆန္ဂ်ဳိ႕စ္တြင္ အိပ္ခန္း ၈ ခန္းပါ ယာေတာအိမ္တစ္လံုးကို ဝယ္ယူလိုက္၏။ ယင္းေနာက္ ျပဳျပင္မြမ္းမံမႈမ်ား ျပဳလုပ္ခဲ့သည္။

ထူးဆန္းသည္မွာ ယာေတာအိမ္ကို ဝယ္ယူျပီးေနာက္ပိုင္း ၃၆ ႏွစ္တိုင္ေအာင္ ျပဳျပင္မႈလုပ္ငန္းမ်ား လုပ္ကိုင္ေနခဲ့ျခင္းျဖစ္ျပီး ေရွးေခတ္ေငြ ေဒၚလာ ၅ ဒသမ ၅ သန္းခန္႔ ကုန္က်ခဲ့သည္။

ထိုသို႔ ျပင္ဆင္မြမ္းမံမႈမ်ား အဆံုးသတ္ခ်ိန္မွာ ၁၉၂၂ ခုႏွစ္ျဖစ္ျပီး သူမ ကြယ္လြန္ခ်ိန္မွ အဆုံးသတ္သြားျခင္း ျဖစ္သည္။

ဆာရာကြယ္လြန္ခ်ိန္တြင္ ဝင္ခ်က္စ္တာ စံအိမ္ၾကီးမွာ အလြန္ေခတ္မီေနျပီျဖစ္ျပီး အိမ္တြင္း ေရပိုက္လိုင္းစနစ္၊ မ်ားစြာေသာ ဓာတ္ေလွကားမ်ား၊ ေရပူေရပန္းႏွင့္ ဗဟိုအပူေပးစနစ္တို႔ ပါဝင္ေနျပီ ျဖစ္သည္။

ဝင္ခ်က္စ္တာ စံအိမ္ၾကီးတြင္ အခန္းေပါင္း ၁၆၀ အထိ တည္ရွိေနျပီး ယင္းအနက္ အခန္းေပါင္း ၄၀ မွာ အိပ္ခန္းမ်ားျဖစ္ၾကသည္။

စံအိမ္တစ္ခုလံုးတြင္ ျပတင္းေပါက္ စုစုေပါင္း ၁၀၀၀၀ ခန္႔ႏွင့္ တံခါးေပါက္ေပါင္း ၂၀၀၀ ေက်ာ္ပါဝင္ေနျပီး ေျမေအာက္ခန္း ၂ ခန္းလည္း ပါဝင္ေသးသည္။

အျခားထူးဆန္းသည့္ အရာတစ္ခုမွာ နံရံကပ္ဗီရိုတစ္လံုးျဖစ္ျပီး အဆိုပါဗီရိုကို ဖြင့္လိုက္ပါက လွ်ိဳ႕ဝွက္အခန္းေပါင္း ၃၀ ထံ ေရာက္ရွိသြားမည္ ျဖစ္သည္။

ဆာရာသည္ ဝင္ခ်က္စ္တာ စံအိမ္ၾကီးကို အဘယ္ေၾကာင့္အျမဲမျပတ္ ျပင္ဆင္ေဆာက္လုပ္မႈမ်ားျပဳလုပ္ေနခဲ့သည္ကို မည္သူမွ် ေရေရရာရာ မသိၾကေခ်။

မစၥ ဆာရာ ဝင္ခ်က္စ္တာသည္ ကမၻာေက်ာ္ဝင္ခ်က္စ္တာရိုင္ဖယ္တီထြင္ထုတ္လုပ္သည့္ ကုမၸဏီပိုင္ရွင္၏ ဇနီးျဖစ္ျပီး ဝင္ခ်က္စ္တာ ရိုင္ဖယ္ေသနတ္ေၾကာင့္ ေသဆံုးခဲ့ရသူတို႔၏ ဝိဥာဥ္မ်ားက သူမကိုလိုက္လံေျခာက္လွန္႔ေနခဲ့သည္ဟု ဆိုသည္။

ခင္ပြန္းျဖစ္သူ ကြယ္လြန္ျပီး ေနာက္ပိုင္း အၾကားအျမင္ဆရာတစ္ဦးက ေဟာကိန္းထုတ္ရာတြင္ မေကာင္းဆိုးရြားတို႔၏ ရန္မွလြတ္ေျမာက္ရန္အတြက္ အေနာက္အရပ္သို႔ ေရႊ႕ေျပာင္းကာ ေနအိမ္တစ္လံုးဝယ္ယူရန္၊ ယင္းေနာက္ အဆိုပါေနအိမ္ကို မျပတ္တမ္း မြမ္းမံေဆာက္လုပ္မႈမ်ား ျပဳလုပ္ေနရန္ ညႊန္ၾကားခဲ့သည္ဟု ဆို၏။

ေနအိမ္ေဆာက္လုပ္မႈ အျပီးသတ္ကာရပ္တန္႔လိုက္သည္ႏွင့္ ေသဆံုးလိမ့္မည္ဟု ဆာရာက ယံုၾကည္ခဲ့ေၾကာင္း အခ်ဳိ႕က သံုးသပ္သည္။

အခ်ဳိ႕က ခန္႔မွန္းရာတြင္ ဆာရာက ဝင္ခ်က္စ္တာစံအိမ္ၾကီးကို ဝကၤပါသဖြယ္ လွ်ိဳ႕ဝွက္ခန္းမ်ား၊ ေျမေအာက္ခန္းမ်ားပါ ထည့္သြင္းေဆာက္လုပ္ရျခင္းမွာ ပရေလာကသားမ်ားကို လွည့္စားရန္ျဖစ္ျပီး စံအိမ္ၾကီးအတြင္း မ်က္ေစ့လည္ေနေအာင္ ျပဳလုပ္ထားျခင္းျဖစ္ေၾကာင္း ခန္႔မွန္းၾကသည္။

ဆာရာသည္ ပရေလာကသားမ်ားကို ေရွာင္ရွားရန္အတြက္ စံအိမ္အတြင္းရွိ အိပ္ခန္းေပါင္း ၄၀ တြင္ လွည့္လည္အိပ္စက္တတ္ေလ့ရွိသည္ဟု ဆိုသည္။

၁၉၀၆ ခုႏွစ္တြင္ အဆိုပါေဒသ၌ ငလ်င္ၾကီးလႈပ္ခတ္ရာတြင္ ေနအိမ္ၾကီး၏ အေပၚထပ္ ၃ ခု ပ်က္စီးသြားခဲ့ရျပီး အျခားေသာ ၄ ထပ္တြင္လည္း ထိခိုက္ပ်က္စီးမႈမ်ား ရွိခဲ့သည္။

ဝင္ခ်က္စ္တာ စံအိမ္ၾကီးသည္ အလြန္သရဲေျခာက္သည္ဟု ေျပာဆိုၾကမႈမ်ား အလြန္မ်ားျပားလာျပီးေနာက္ပိုင္း ၁၉၉၀ ျပည့္လြန္ကာလမ်ားတြင္ ခရစၥတိုဖာ ခ်ားကြန္အမည္ရွိ ပရေလာကသုေတသီတစ္ဦးက သိပၸံနည္းက် ေလ့လာမႈမ်ား ျပဳလုပ္ခဲ့သည္။

လႏွင့္ခ်ီ၍ ၾကာျမင့္ေသာ သူ၏ေလ့လာမႈအတြင္း သရဲအေျခာက္ခံခဲ့ရသူ ၃၀၀ ေက်ာ္ႏွင့္ ေတြ႔ဆံုေမးျမန္းမႈမ်ား ျပဳလုပ္ျခင္း ၊ ပံုမွန္မဟုတ္သည့္ အေျခအေနအရပ္ရပ္ကို စမ္းစစ္ေလ့လာျခင္းမ်ား ျပဳလုပ္ခဲ့သည္။

ဝင္ခ်က္စ္တာစံအိမ္ၾကီး၏ ျဖစ္ရပ္မ်ားကို အေျခခံသည့္ သရဲရုပ္ရွင္ကားတစ္ကားလည္း ၂၀၁၈ ခုႏွစ္အတြင္းက ထြက္ရွိထားသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

အချိန်ကား ၁၈၈၆ ခုနှစ်။ အမေရိကန်ပြည်၊ ကွန်နက်တီကပ်ပြည်နယ်မှ ဆာရာ ဝင်ချက်စတာ အမည်ရှိ အမျိုးသမီးတစ်ဦးသည် အမြဲခြောက်လှန့်ခံနေရသော တစ္ဆေသူရဲတို့၏ ဘေးရန်မှ လွတ်ကင်းရန်နှင့် တစ္ဆေကင်းသော ဘဝသစ်ကို စတင်ရန်အတွက် ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဂျို့စ်သို့ ထွက်ခွာရွှေ့ပြောင်းခဲ့လေသည်။

(မြန်မာပြည်တွင် သီပေါမင်း ပါတော်မူပြီး အင်္ဂလိပ်တို့လက်အောက်သို့ တစ်နိုင်ငံလုံးကျရောက်သွားသည့် အချိန်ဖြစ်သည်)

ဆာရာက ဆန်ဂျို့စ်တွင် အိပ်ခန်း ၈ ခန်းပါ ယာတောအိမ်တစ်လုံးကို ဝယ်ယူလိုက်၏။ ယင်းနောက် ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။

ထူးဆန်းသည်မှာ ယာတောအိမ်ကို ဝယ်ယူပြီးနောက်ပိုင်း ၃၆ နှစ်တိုင်အောင် ပြုပြင်မှုလုပ်ငန်းများ လုပ်ကိုင်နေခဲ့ခြင်းဖြစ်ပြီး ရှေးခေတ်ငွေ ဒေါ်လာ ၅ ဒသမ ၅ သန်းခန့် ကုန်ကျခဲ့သည်။

ထိုသို့ ပြင်ဆင်မွမ်းမံမှုများ အဆုံးသတ်ချိန်မှာ ၁၉၂၂ ခုနှစ်ဖြစ်ပြီး သူမ ကွယ်လွန်ချိန်မှ အဆုံးသတ်သွားခြင်း ဖြစ်သည်။

ဆာရာကွယ်လွန်ချိန်တွင် ဝင်ချက်စ်တာ စံအိမ်ကြီးမှာ အလွန်ခေတ်မီနေပြီဖြစ်ပြီး အိမ်တွင်း ရေပိုက်လိုင်းစနစ်၊ များစွာသော ဓာတ်လှေကားများ၊ ရေပူရေပန်းနှင့် ဗဟိုအပူပေးစနစ်တို့ ပါဝင်နေပြီ ဖြစ်သည်။

ဝင်ချက်စ်တာ စံအိမ်ကြီးတွင် အခန်းပေါင်း ၁၆၀ အထိ တည်ရှိနေပြီး ယင်းအနက် အခန်းပေါင်း ၄၀ မှာ အိပ်ခန်းများဖြစ်ကြသည်။

စံအိမ်တစ်ခုလုံးတွင် ပြတင်းပေါက် စုစုပေါင်း ၁၀၀၀၀ ခန့်နှင့် တံခါးပေါက်ပေါင်း ၂၀၀၀ ကျော်ပါဝင်နေပြီး မြေအောက်ခန်း ၂ ခန်းလည်း ပါဝင်သေးသည်။

အခြားထူးဆန်းသည့် အရာတစ်ခုမှာ နံရံကပ်ဗီရိုတစ်လုံးဖြစ်ပြီး အဆိုပါဗီရိုကို ဖွင့်လိုက်ပါက လျှို့ဝှက်အခန်းပေါင်း ၃၀ ထံ ရောက်ရှိသွားမည် ဖြစ်သည်။

ဆာရာသည် ဝင်ချက်စ်တာ စံအိမ်ကြီးကို အဘယ်ကြောင့် အမြဲမပြတ် ပြင်ဆင်ဆောက်လုပ်မှုများ ပြုလုပ်နေခဲ့သည်ကို မည်သူမျှ ရေရေရာရာ မသိကြချေ။

မစ္စ ဆာရာ ဝင်ချက်စ်တာသည် ကမ္ဘာကျော် ဝင်ချက်စ်တာရိုင်ဖယ်တီထွင်ထုတ်လုပ်သည့် ကုမ္ပဏီပိုင်ရှင်၏ ဇနီးဖြစ်ပြီး ဝင်ချက်စ်တာ ရိုင်ဖယ်သေနတ်ကြောင့် သေဆုံးခဲ့ရသူတို့၏ ဝိဉာဉ်များက သူမကို လိုက်လံခြောက်လှန့်နေခဲ့သည်ဟု ဆိုသည်။

ခင်ပွန်းဖြစ်သူ ကွယ်လွန်ပြီး နောက်ပိုင်း အကြားအမြင်ဆရာတစ်ဦးက ဟောကိန်းထုတ်ရာတွင် မကောင်းဆိုးရွားတို့၏ ရန်မှလွတ်မြောက်ရန်အတွက် အနောက်အရပ်သို့ ရွှေ့ပြောင်းကာ နေအိမ်တစ်လုံးဝယ်ယူရန်၊ ယင်းနောက် အဆိုပါနေအိမ်ကို မပြတ်တမ်း မွမ်းမံဆောက်လုပ်မှုများ ပြုလုပ်နေရန် ညွှန်ကြားခဲ့သည်ဟု ဆို၏။ နေအိမ်ဆောက်လုပ်မှု အပြီးသတ်ကာရပ်တန့်လိုက်သည်နှင့် သေဆုံးလိမ့်မည်ဟု ဆာရာက ယုံကြည်ခဲ့ကြောင်း အချို့က သုံးသပ်သည်။

အချို့က ခန့်မှန်းရာတွင် ဆာရာက ဝင်ချက်စ်တာစံအိမ်ကြီးကို ဝင်္ကပါသဖွယ် လျှို့ဝှက်ခန်းများ၊ မြေအောက်ခန်းများပါ ထည့်သွင်းဆောက်လုပ်ရခြင်းမှာ ပရလောကသားများကို လှည့်စားရန်ဖြစ်ပြီး စံအိမ်ကြီးအတွင်း မျက်စေ့လည်နေအောင် ပြုလုပ်ထားခြင်းဖြစ်ကြောင်း ခန့်မှန်းကြသည်။

ဆာရာသည် ပရလောကသားများကို ရှောင်ရှားရန်အတွက် စံအိမ်အတွင်းရှိ အိပ်ခန်းပေါင်း ၄၀ တွင် လှည့်လည်အိပ်စက်တတ်လေ့ရှိသည်ဟု ဆိုသည်။

၁၉၀၆ ခုနှစ်တွင် အဆိုပါဒေသ၌ ငလျင်ကြီးလှုပ်ခတ်ရာတွင် နေအိမ်ကြီး၏ အပေါ်ထပ် ၃ ခု ပျက်စီးသွားခဲ့ရပြီး အခြားသော ၄ ထပ်တွင်လည်း ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။

ဝင်ချက်စ်တာ စံအိမ်ကြီးသည် အလွန်သရဲခြောက်သည်ဟု ပြောဆိုကြမှုများ အလွန်များပြားလာပြီးနောက်ပိုင်း ၁၉၉၀ ပြည့်လွန်ကာလများတွင် ခရစ္စတိုဖာ ချားကွန်အမည်ရှိ ပရလောကသုတေသီတစ်ဦးက သိပ္ပံနည်းကျ လေ့လာမှုများ ပြုလုပ်ခဲ့သည်။

လနှင့်ချီ၍ ကြာမြင့်သော သူ၏လေ့လာမှုအတွင်း သရဲအခြောက်ခံခဲ့ရသူ ၃၀၀ ကျော်နှင့် တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခြင်း ၊ ပုံမှန်မဟုတ်သည့် အခြေအနေအရပ်ရပ်ကို စမ်းစစ်လေ့လာခြင်းများ ပြုလုပ်ခဲ့သည်။

ဝင်ချက်စ်တာစံအိမ်ကြီး၏ ဖြစ်ရပ်များကို အခြေခံသည့် သရဲရုပ်ရှင်ကားတစ်ကားလည်း ၂၀၁၈ ခုနှစ်အတွင်းက ထွက်ရှိထားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း၊ မိမိအနေဖြင့် ဘွဲ့ရပညာတတ်များနှင့်သာ တွဲကြောင်း လူမှုကွန်ရက်တွင် ပြောဆိုခဲ့မှု ဂယက်ထကာ ပွဲဖြစ်နေ...

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စောင့် စောင့်ကြပ်နေကာ လူအများဝိုင်းဝန်းဓာတ်ပုံရိုက်နေသော ဘီလ်ဂိတ်မှာ မည်သူဖြစ်သည်ကို မသိသော မိန်းကလေးတစ်ဦးက “ဒီအဘိုးကြီးက ဘယ်သူလဲ”...

[အကြင်နာ အကဲစမ်းပွဲ]
[အကြင်နာ အကဲစမ်းပွဲ]

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
imyanmarmarket
Central Shop House

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service