နယူးယောက်မြို့ တွင် အဆောက်အအုံမှန်များကို ဝင်တိုက်ကာသေဆုံးကြရသည့် ငှက်ကောင်ရေ နှစ်စဉ် ၂ သိန်းကျော် ရှိနေသောကြောင့် အဆောက်အအုံသစ်များတွင် အတားအဆီးမှန်းသိသာစေသော မှန်များသာ အသုံးပြုစေမည့် ဥပဒေတစ်ရပ်ပြဌာန်း
နယူးယောက်မြို့ တွင် အဆောက်အအုံမှန်များကို ဝင်တိုက်ကာသေဆုံးကြရသည့် ငှက်ကောင်ရေ နှစ်စဉ် ၂ သိန်းကျော် ရှိနေသောကြောင့် အဆောက်အအုံသစ်များတွင် အတားအဆီးမှန်းသိသာစေသော မှန်များသာ အသုံးပြုစေမည့် ဥပဒေတစ်ရပ်ပြဌာန်း - Property News in Myanmar from iMyanmarHouse.com
13 Dec 2019 11:23 am တွင် တင်ခဲ့သည်
470 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
### Unicode Version ###
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် အဆောက်အအုံမှန်များကို ဝင်တိုက်ကာသေဆုံးကြရသည့် ငှက်ကောင်ရေ နှစ်စဉ် ၂ သိန်းကျော်ရှိနေသောကြောင့် နောင်လာမည့် အဆောက်အအုံသစ်များတွင် အတားအဆီးမှန်းသိသာစေသော မှန်များသာအသုံးပြုစေမည့် ဥပဒေတစ်ရပ်ကို နယူးယောက်မြို့တော်ကောင်စီက ပြဌာန်းလိုက်သည်။
အမေရိကန်တွင် ပြဌန်းခဲ့သည့် ဆောက်လုပ်ရေးကဏ္ဍ ဥပဒေများအနက် ဘောင်ကျယ်ဝန်းသည့် ဥပဒေတစ်ရပ်ဖြစ်ပြီး အဆိုပါ ဥပဒေသစ်အရ အသစ်ဆောက်လုပ်မည့် မှန်အဆောက်အအုံကြီးများ၊ ပြုပြင်မွမ်းမံမှုများစွာ ပြုလုပ်မည့် အဆောက်အအုံများအနေဖြင့် ငှက်များ မြင်နိုင်သော (အတားအဆီးမှန်းသိသာစေသော) မှန်များသာ အသုံးပြုရတော့မည် ဖြစ်သည်။
နယူးယောက်မြို့ကြီးတွင် မှန်အဆောက်အအုံများကို ဝင်တိုက်ကာ သေဆုံးကြရသည့် ငှက်ကေင်ရေမှာ နှစ်စဉ် ၉၀၀၀၀ မှ ၂၃၀၀၀၀ ကြား ရှိနေကြောင်း NYC Audubon က ထုတ်ပြန်သည့်အချက်အလက်များတွင် ဖော်ပြသည်။
ဥပဒေပြဌာန်းပြီး တစ်နှစ်အတွင်း အာဏာသက်ရောက်မည်ဖြစ်ပြီး အဆောက်အအုံ၏ ပထမ ၇၅ ပေအမြင့်အထိ ငှက်များမြင်နိုင်သော (အတားအဆီးတစ်ခုမှန်း သိသာစေသော) မှန်များသာ သုံးစွဲရမည် ဖြစ်သည်။
နယူးယောက်မြို့တော်ကောင်စီဝင် ရာဖဲလ်အက်စ်ပီနယ်လ် ဂျူနီယာက ယခုနှစ်အစောပိုင်းတွင် အဆိုပါဥပဒေကို စတင် တင်သွင်းခဲ့ခြင်း ဖြစ်သည်။
ရာဖဲလ် အက်စ်ပီနယ်လ်သည် ဂျက်ကော့ဘ် ကေ-ဂျာဗစ်စင်တာတွင် ငှက်တို့နှင့် သဟဇာတဖြစ်မည့် အစိမ်းရောင်အမိုးတပ်ဆင်ထားပုံကို တွေ့ရှိပြီးနောက်ပိုင်း ယခုကဲ့သို့ ဥပဒေပြဌာန်းရန် ကြိုးပမ်းခဲ့ခြင်းလည်း ဖြစ်သည်။
ဂျက်ကော့ဘ် ကေ-ဘစ်စင်တာသည် နယူးယောက်တွင် ငှက်အသေအပျောက် အများဆုံးဖြစ်ပွားခဲ့သည့် အဆောက်အအုံဖြစ်ခဲ့ရပြီးနောက် ၂၀၁၃ ခုနှစ်တွင် ပြန်လည်ပြုပြင်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အဆောက်အအုံမှ မှန်များကို အရောင်အကွက်များပါသည့် မှန်များသာ ပြောင်းလဲတပ်ဆင်ခဲ့ရာ ငှက်များက အတားအဆီးတစ်ခုအဖြစ် သိရှိသွားပြီးနောက်ပိုင်း ငှက်သေဆုံးမှု ၉၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့သည်ဟု ဆိုသည်။
“အမေရိကန်ပြည်ထောင်စုမှာ နှစ်စဉ်နှစ်တိုင်း အဆောက်အအုံတွေကို ဝင်တိုက်မိလို့ သေဆုံးရတဲ့ ငှက်ကောင်ရေ ၂ ဘီလီယံ ကျော် ရှိနေပါတယ်။ ငှက်တွေရဲ့ ရွှေ့ပြောင်းအခြေချတဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတဲ့ နယူးယောက်မြို့မှာဆိုရင် အဆောက်အအုံတွေရဲ့ မှန်တွေဆီ ပျံသန်းဝင်တိုက်မိလို့ သေဆုံးရတဲ့ အကောင်ရေ ၉၀၀၀၀ ကနေ ၂၃၀၀၀၀ ကြားရှိနေပါတယ်” ဟု ရာဖဲလ် အက်စ်ပီနယ်လ်က ပြောကြားသည်။
အက်စ်ပီနယ်လ်က အဆိုပါဥပဒေကို အမေရိက ငှက်ထိန်းသိမ်းစောင့်ရှောက်ရေးအသင်း၊ NYC Audubon ၊ အမေရိကန် ဗိသုကာပညာရှင်များအဖွဲ့မှ နယူးယောက်အဖွဲ့ခွဲ၊ ငှက်များ ဘေးကင်းလုံခြုံသည့် အဆောက်အအုံများ မိတ်ဖက်အဖွဲ့နှင့် FXCollaborative မှ ဗိသုကာပညာရှင်များ ၏ အကူအညီဖြင့် ရေးဆွဲခဲ့ခြင်း ဖြစ်သည်။
NYC Audubon မှ အမှုဆောင်ဒါရိုက်တာ ကာ့သ်ရင်း ဟိန့်ဇ်က ပြောကြားရာတွင် “ဒီဥပဒေဟာ ငှက်တွေ အဆောက်အအုံကို တိုက်မိလို့ သေဆုံးရတာတွေ လျှော့ချပေးနိုင်မှာဖြစ်တဲ့အပြင် ရွှေ့ပြောင်းငှက်တွေကိုလည်း ဘေးကင်းစေမှာ ဖြစ်ပါတယ်။ ရွှေ့ပြောင်းငှက် ပမာဏဟာ ဆိုးဆိုးရွားရွား ကျဆင်းလာနေချိန်လည်း ဖြစ်ပါတယ်” ဟု ပြောကြားသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Golden City Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service