ကမၻာေက်ာ္ စပိန္ေဘာလံုးအသင္း မာေလာ့ကာႏွင့္ အေမရိကန္ ဘတ္စ္ကက္ေဘာအသင္း Phoenix Suns တို႔၏ ပိုင္ရွင္က အေမရိကန္ျပည္၊ အရီဇိုးနားျပည္နယ္ရွိ စံအိမ္ၾကီးကို ျပည္နယ္တစ္ခုလံုးတြင္ အျမင့္မားဆံုး စံခ်ိန္တင္ေစ်းႏႈန္းျဖင့္ ေရာင္းခ်

ကမၻာေက်ာ္ စပိန္ေဘာလံုးအသင္း မာေလာ့ကာႏွင့္ အေမရိကန္ ဘတ္စ္ကက္ေဘာအသင္း Phoenix Suns တို႔၏ ပိုင္ရွင္က အေမရိကန္ျပည္၊ အရီဇိုးနားျပည္နယ္ရွိ စံအိမ္ၾကီးကို ျပည္နယ္တစ္ခုလံုးတြင္ အျမင့္မားဆံုး စံခ်ိန္တင္ေစ်းႏႈန္းျဖင့္ ေရာင္းခ် - Property News in Myanmar from iMyanmarHouse.com
12 Dec 2019 12:30 pm တွင် တင်ခဲ့သည်
874 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ကမၻာေက်ာ္ စပိန္ေဘာလံုးအသင္း မာေလာ့ကာႏွင့္ အေမရိကန္ ဘတ္စ္ကက္ေဘာအသင္း Phoenix Suns တို႔၏ ပိုင္ရွင္ ေရာဘတ္ ဆာဗာသည္ အေမရိကန္ျပည္၊ အရီဇိုးနားျပည္နယ္ရွိ စံအိမ္ၾကီးကို ျပည္နယ္တစ္ခုလံုးတြင္ အျမင့္မားဆံုး စံခ်ိန္တင္ေစ်းႏႈန္းျဖင့္ ေရာင္းခ်လိုက္ျပီ ျဖစ္သည္။

အရီဇိုးနားျပည္နယ္၊ Paradise Valley ရွိ ၅ ဧကက်ယ္ဝန္းေသာ ျခံဝန္းၾကီးႏွင့္ စံအိမ္ၾကီးသည္ Camelback ေတာင္တန္းၾကီး၏ ရႈခင္းအလွမ်ား ပိုင္ဆိုင္ထားသည္။

ေရာဘတ္ဆာဗာက ယခုစံအိမ္ကို ကန္ေဒၚလာ ၁၉ ဒသမ ၂၅ သန္းျဖင့္ ေရာင္းခ်လိုက္ျခင္းျဖစ္ျပီး အရီဇိုးနားျပည္နယ္တြင္ အေရာင္းအဝယ္ျဖစ္ဖူးသမွ်အနက္ အျမင့္မားဆံုး စံခ်ိန္တင္ေစ်းႏႈန္းျဖစ္သည္ဟု ဆိုသည္။

မစၥတာ ဆာဗာသည္ အရီဇိုးနား အမ်ဳိးသားဘဏ္ကို တည္ေထာင္သူျဖစ္သည့္အျပင္ ကယ္လီဖုိးနီးယားျပည္နယ္၊ ဆန္ဒီဂိုအေျခစိုက္ အိမ္ျခံေျမကုမၸဏီတစ္ခုျဖစ္ေသာ Southwest Value Partners ၏ အမႈေဆာင္ဒါရိုက္တာတစ္ဦးလည္း ျဖစ္သည္။

မစၥတာ ဆာဗာက ယခုစံအိမ္ေနရာကို ၂၀၀၇ ခုႏွစ္တြင္ ဝယ္ယူခဲ့ျခင္းျဖစ္ျပီး ဝယ္ေစ်းကိုမူ မသိရေခ်။ ပင္မစံအိမ္မွာ စတုရန္းေပ ၁၈၀၀၀ ရွိျပီး အိပ္ခန္း ၅ ခန္းပါဝင္သည္။ အိပ္ခန္း ၂ ခန္းပါေသာ ဧည့္ေဂဟာအိမ္တစ္လံုးလည္း ပါဝင္ေသးျပီး အေဆာက္အအံု ၂ ခုလံုးကို ၂၀၀၉ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ျခင္းျဖစ္ေၾကာင္း မွတ္တမ္းမ်ားတြင္ ေဖာ္ျပသည္။

အဆိုပါစံအိမ္ကို အသက္ ၅၈ ႏွစ္ရွိျပီျဖစ္ေသာ မစၥတာဆာဗာႏွင့္ ဇနီးျဖစ္သူ ပန္နီ ဆန္ဒါ ဆာဗာတို႔၏ ကုမၸဏီတစ္ခုမွတဆင့္ ဝယ္ယူထားျခင္းျဖစ္ျပီး ေစ်းကြက္တြင္ ကန္ေဒၚလာ ၂၅ သန္းေစ်းေခၚကာ ေရာင္းခ်ခဲ့ျခင္း ျဖစ္သည္။

အရီဇိုးနားျပည္နယ္တြင္ ယခင္က ေစ်းအၾကီးဆံုးစံအိမ္မွာ စေကာ့ေဒးလ္ေျမာက္ပိုင္းမွ စံအိမ္တစ္လံုးျဖစ္ျပီး ၂၀၁၈ ခုႏွစ္၊ မတ္လတြင္ ကန္ေဒၚလာ ၁၈ ဒသမ ၈ သန္းျဖင့္ ေရာင္းခ်ခဲ့ျခင္း ျဖစ္သည္။

ယခုအေရာင္းအဝယ္တြင္ မစၥတာ ဆာဗာဘက္မွ အက်ဳိးေဆာင္မွာ Launch Real Estate အိမ္ျခံေျမကုမၸဏီမွ ခရစ္ ကာရက္စ္ျဖစ္ျပီး ဝယ္လက္ဘက္မွ Christie's International အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္မ်ားျဖစ္ေသာ ေဝါ့ထ္ ဒန္ေလႏွင့္ ကက္သရင္း ဂ်က္ေကာ့ဘ္ဆန္တို႔ ပါဝင္ခဲ့ၾကသည္။

ဝယ္လက္မည္သူျဖစ္သည္ကို ထုတ္ေဖာ္ေျပာၾကားရန္ မစၥတာ ဒန္ေလက ျငင္းပယ္ထားေသာ္လည္း ေဒသတြင္းမွ မိသားစုတစ္ခု ျဖစ္ေၾကာင္း အရိပ္အျမႊက္ ထုတ္ေဖာ္ေျပာၾကားသည္။

ယခုစံအိမ္ၾကီးက ဝယ္လက္တုိ႔ကို ဆြဲေဆာင္ႏိုင္ခဲ့သည့္အခ်က္မ်ားမွာ သာယာလွပေသာ Camelback ေတာင္တန္းၾကီး၏ ရႈေမွ်ာ္ခင္းမ်ား၊ တကိုယ္ရည္လြတ္လပ္မႈ၊ ၾကီးမားက်ယ္ဝန္းမႈ၊ အိမ္တြင္း ဘတ္စ္ကက္ေဘာကြင္း ပါဝင္မႈတို႔ျဖစ္ေၾကာင္း မစၥတာ ဒန္ေလက ေျပာၾကားသည္။

အရီဇိုးနားျပည္နယ္တြင္ တန္ဖုိးၾကီးစံအိမ္မ်ား ဝယ္လိုအားေကာင္းေနေၾကာင္း ယခုစံခ်ိန္တင္ေစ်းႏႈန္းက ျပသေနသည္။

ယခုႏွစ္အတြင္း အရီဇိုးနားတြင္ ကန္ေဒၚလာ ၁၀ သန္းအထက္ တန္ေၾကးရွိေသာ ေနအိမ္ ၄ လံုးႏွင့္ ကန္ေဒၚလာ ၅ သန္းအထက္ အလံုး ၄၀ အေရာင္းအဝယ္ျဖစ္ခဲ့သည္။

မစၥတာ ဆာဗာသည္ Phoenix Suns ဘတ္စ္ကက္ေဘာအသင္းကို ၂၀၀၄ ခုႏွစ္တြင္ ကန္ေဒၚလာ ၄၀၁ သန္းျဖင့္ ဝယ္ယူခဲ့ရာ ထိုအခ်ိန္က စံခ်ိန္တင္ေစ်းႏႈန္း ျဖစ္ခဲ့သည္။

မာေလာ့ကာ အသင္း၏ ရွယ္ယာအမ်ားစုကိုလည္း ဝယ္ယူထားရာ ၂၀၁၆ ခုႏွစ္အတြင္း ယူရို သန္း ၂၀ ဖိုး ဝယ္ယူထားျခင္း ျဖစ္သည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

ကမ္ဘာကျော် စပိန်ဘောလုံးအသင်း မာလော့ကာနှင့် အမေရိကန် ဘတ်စ်ကက်ဘောအသင်း Phoenix Suns တို့၏ ပိုင်ရှင် ရောဘတ် ဆာဗာသည် အမေရိကန်ပြည်၊ အရီဇိုးနားပြည်နယ်ရှိ စံအိမ်ကြီးကို ပြည်နယ်တစ်ခုလုံးတွင် အမြင့်မားဆုံး စံချိန်တင်ဈေးနှုန်းဖြင့် ရောင်းချလိုက်ပြီ ဖြစ်သည်။

အရီဇိုးနားပြည်နယ်၊ Paradise Valley ရှိ ၅ ဧကကျယ်ဝန်းသော ခြံဝန်းကြီးနှင့် စံအိမ်ကြီးသည် Camelback တောင်တန်းကြီး၏ ရှုခင်းအလှများ ပိုင်ဆိုင်ထားသည်။

ရောဘတ်ဆာဗာက ယခုစံအိမ်ကို ကန်ဒေါ်လာ ၁၉ ဒသမ ၂၅ သန်းဖြင့် ရောင်းချလိုက်ခြင်းဖြစ်ပြီး အရီဇိုးနားပြည်နယ်တွင် အရောင်းအဝယ်ဖြစ်ဖူးသမျှအနက် အမြင့်မားဆုံး စံချိန်တင်ဈေးနှုန်းဖြစ်သည်ဟု ဆိုသည်။

မစ္စတာ ဆာဗာသည် အရီဇိုးနား အမျိုးသားဘဏ်ကို တည်ထောင်သူဖြစ်သည့်အပြင် ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဒီဂိုအခြေစိုက် အိမ်ခြံမြေကုမ္ပဏီတစ်ခုဖြစ်သော Southwest Value Partners ၏ အမှုဆောင်ဒါရိုက်တာတစ်ဦးလည်း ဖြစ်သည်။

မစ္စတာ ဆာဗာက ယခုစံအိမ်နေရာကို ၂၀၀၇ ခုနှစ်တွင် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ဝယ်ဈေးကိုမူ မသိရချေ။ ပင်မစံအိမ်မှာ စတုရန်းပေ ၁၈၀၀၀ ရှိပြီး အိပ်ခန်း ၅ ခန်းပါဝင်သည်။ အိပ်ခန်း ၂ ခန်းပါသော ဧည့်ဂေဟာအိမ်တစ်လုံးလည်း ပါဝင်သေးပြီး အဆောက်အအုံ ၂ ခုလုံးကို ၂၀၀၉ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း မှတ်တမ်းများတွင် ဖော်ပြသည်။

အဆိုပါစံအိမ်ကို အသက် ၅၈ နှစ်ရှိပြီဖြစ်သော မစ္စတာဆာဗာနှင့် ဇနီးဖြစ်သူ ပန်နီ ဆန်ဒါ ဆာဗာတို့၏ ကုမ္ပဏီတစ်ခုမှတဆင့် ဝယ်ယူထားခြင်းဖြစ်ပြီး ဈေးကွက်တွင် ကန်ဒေါ်လာ ၂၅ သန်းဈေးခေါ်ကာ ရောင်းချခဲ့ခြင်း ဖြစ်သည်။

အရီဇိုးနားပြည်နယ်တွင် ယခင်က ဈေးအကြီးဆုံးစံအိမ်မှာ စကော့ဒေးလ်မြောက်ပိုင်းမှ စံအိမ်တစ်လုံးဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ မတ်လတွင် ကန်ဒေါ်လာ ၁၈ ဒသမ ၈ သန်းဖြင့် ရောင်းချခဲ့ခြင်း ဖြစ်သည်။

ယခုအရောင်းအဝယ်တွင် မစ္စတာ ဆာဗာဘက်မှ အကျိုးဆောင်မှာ Launch Real Estate အိမ်ခြံမြေကုမ္ပဏီမှ ခရစ် ကာရက်စ်ဖြစ်ပြီး ဝယ်လက်ဘက်မှ Christie's International အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင်များဖြစ်သော ဝေါ့ထ် ဒန်လေနှင့် ကက်သရင်း ဂျက်ကော့ဘ်ဆန်တို့ ပါဝင်ခဲ့ကြသည်။

ဝယ်လက်မည်သူဖြစ်သည်ကို ထုတ်ဖော်ပြောကြားရန် မစ္စတာ ဒန်လေက ငြင်းပယ်ထားသော်လည်း ဒေသတွင်းမှ မိသားစုတစ်ခု ဖြစ်ကြောင်း အရိပ်အမြွှက် ထုတ်ဖော်ပြောကြားသည်။

ယခုစံအိမ်ကြီးက ဝယ်လက်တို့ကို ဆွဲဆောင်နိုင်ခဲ့သည့်အချက်များမှာ သာယာလှပသော Camelback တောင်တန်းကြီး၏ ရှုမျှော်ခင်းများ၊ တကိုယ်ရည်လွတ်လပ်မှု၊ ကြီးမားကျယ်ဝန်းမှု၊ အိမ်တွင်း ဘတ်စ်ကက်ဘောကွင်း ပါဝင်မှုတို့ဖြစ်ကြောင်း မစ္စတာ ဒန်လေက ပြောကြားသည်။

အရီဇိုးနားပြည်နယ်တွင် တန်ဖိုးကြီးစံအိမ်များ ဝယ်လိုအားကောင်းနေကြောင်း ယခုစံချိန်တင်ဈေးနှုန်းက ပြသနေသည်။

ယခုနှစ်အတွင်း အရီဇိုးနားတွင် ကန်ဒေါ်လာ ၁၀ သန်းအထက် တန်ကြေးရှိသော နေအိမ် ၄ လုံးနှင့် ကန်ဒေါ်လာ ၅ သန်းအထက် အလုံး ၄၀ အရောင်းအဝယ်ဖြစ်ခဲ့သည်။

မစ္စတာ ဆာဗာသည် Phoenix Suns ဘတ်စ်ကက်ဘောအသင်းကို ၂၀၀၄ ခုနှစ်တွင် ကန်ဒေါ်လာ ၄၀၁ သန်းဖြင့် ဝယ်ယူခဲ့ရာ ထိုအချိန်က စံချိန်တင်ဈေးနှုန်း ဖြစ်ခဲ့သည်။

မာလော့ကာ အသင်း၏ ရှယ်ယာအများစုကိုလည်း ဝယ်ယူထားရာ ၂၀၁၆ ခုနှစ်အတွင်း ယူရို သန်း ၂၀ ဖိုး ဝယ်ယူထားခြင်း ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service