လျှပ်စစ်နှင့်စွမ်းအင် ဒုဝန်ကြီး ရန်ကုန်တိုင်းအတွင်းရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများနှင့်ဓာတ်အားပေး စက်ရုံအသစ်စီမံကိန်းများအား ကြည့်ရှုစစ်ဆေး

လျှပ်စစ်နှင့်စွမ်းအင် ဒုဝန်ကြီး ရန်ကုန်တိုင်းအတွင်းရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများနှင့်ဓာတ်အားပေး စက်ရုံအသစ်စီမံကိန်းများအား ကြည့်ရှုစစ်ဆေး - Property News in Myanmar from iMyanmarHouse.com
11 Dec 2019 9:58 am တွင် တင်ခဲ့သည်
1098 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###








### Unicode Version ###

လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း ရန်ကုန်တိုင်းအတွင်းရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများနှင့်ဓာတ်အားပေးစက်ရုံအသစ်စီမံကိန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှ သိရသည်။

လာမည့် နွေရာသီတွင် နိုင်ငံတော်၏ တိုးတက်သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို အချိန်မီဖြည့်ဆည်းပေးနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဓာတ်အားပေးစက်ရုံများနှင့် ဓာတ်အားပေးစက်ရုံ စီမံကိန်းအသစ်များသို့ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျောက်တန်းမြို့နယ်အတွင်းရှိ သီလဝါသဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံတွင် ဓာတ်အားပေးစက်များ မောင်းနှင်နေမှုအခြေအနေနှင့် ၃၅၀ မဂ္ဂါဝပ် (LNG to Power) ဓာတ်အားပေးစက်ရုံအသစ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေ၊ JICA ချေးငွေဖြင့် ဆောင်ရွက်မည့် ၂၅ မဂ္ဂါဝပ် (Combine Cycle Power Plant) တည်ဆောက်နေမှုအားလည်းကောင်း၊ သာကေတမြို့နယ်၊ သာကေတ သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံဝင်းအတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေသည့် (၄၀၀) မဂ္ဂါဝပ် (LNG to Power) ဓာတ်အားပေးစက်ရုံအသစ် တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းခွင်ရှိ JICA ချေးငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် 66kV GIS ဓာတ်အားခွဲရုံ တည်ဆောက်နေမှု အခြေအနေ၊ ဓာတ်အားပေး စက်(၃)လုံး အကြီးစားပြုပြင်ဆောင်ရွက်နေမှုအခြေအနေနှင့် (၄၀၀) မဂ္ဂါဝပ်(LNG to Power) ဓာတ်အားပေးစက်ရုံအသစ် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် အခြေအနေများအား စစ်ဆေးခဲ့ကြောင်းသိရသည်။

ထို့အတူ အလုံမြို့နယ်အတွင်းရှိ အလုံသဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိပြီး အကောင်အထည်ဖော်ဆောင် ရွက်နေသည့် (၁၅၁) မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံအသစ် တည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း Pile ရိုက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအား ကြည့်ရှု့စစ်ဆေးခဲ့ကြောင်းသိရသည်။

အဆိုပါ ဓာတ်အားပေးစက်ရုံများနှင့် ဓာတ်အားပေးစက်ရုံစီမံကိန်းအသစ်များသို့ သွားရောက်စဉ် ဒုတိယဝန်ကြီးမှ လာမည့် နွေရာသီကာလတွင် တိုးတက်သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို အချိန်မီဖြည့်ဆည်း ပေးနိုင်ရေးအတွက် ရည်ရွယ်၍ မကွေး၊ရွှေတောင်၊ ကျွန်းချောင်း၊ အလုံ၊ ကျောက်ဖြူ ၊ သန်လျင်နှင့် သာကေတတို့တွင် ဓာတ်အားပေး စက်ရုံ စီမံကိန်းအသစ်(၇)မှ (၁၁၆၆) မဂ္ဂါဝပ်ထုတ်လုပ်ပေးနိုင်ရန် အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ လက်ရှိဓာတ်အားပေးစက်ရုံများမှ စက်စွမ်းအားပြည့် မောင်းနှင်ထုတ် လုပ်နိုင်ရေးအတွက် ဓာတ်အားပေးစက်များ ကြံ့ခိုင်ရေးကို စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက် သွားကြရန်လိုအပ်ကြောင်း၊ စီမံကိန်းများ ပြီးစီးရန် လျာထားသတ်မှတ်ချက်များနှင့်အညီ ကြိုးစားလုပ်ဆောင်သွားရန်တို့အား မှာကြားခဲ့ကြောင်းသိရသည်။

မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ ယခုနှစ်အတွင်း အခန်းပေါင်း ၁၉၀၀ ကျော် အငှားချပေးမည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ ယခုနှစ်အတွင်း အခန်းပေါင်း ၁၉၀၀ ကျော် အငှားချပေးမည်
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ကျန်းမာရေးမကောင်းသော ပြင်သစ် သန်းကြွယ်သူဌေးမကြီးက ထိုင်းအိမ်အကူအမျိုးသမီးအား ဘတ်ငွေ သန်း ၁၀၀ အမွေပေးခဲ့...
ကျန်းမာရေးမကောင်းသော ပြင်သစ် သန်းကြွယ်သူဌေးမကြီးက ထိုင်းအိမ်အကူအမျိုးသမီးအား ဘတ်ငွေ သန်း ၁၀၀ အမွေပေးခဲ့...
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
တံတားပြီးစီးတော့မည်ဖြစ်၍ သန်လျင်အိမ်ခြံမြေဈေး မြင့်တက်
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အမေရိကန်အိပ်မက် ထောင်ချောက်၊ အိမ်ခြံမြေအခွန် ၁၇၄ ရာခိုင်နှုန်း၊ အမေရိက အိမ်ပိုင်ဘဝက လွယ်သလား ခက်သလား...
အမေရိကန်အိပ်မက် ထောင်ချောက်၊ အိမ်ခြံမြေအခွန် ၁၇၄ ရာခိုင်နှုန်း၊ အမေရိက အိမ်ပိုင်ဘဝက လွယ်သလား ခက်သလား...
အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်တွင် ရွှေအစစ်ဖြင့် ပြုလုပ်ထားသည့် ဒေါ်လာ ၂ သန်းတန် အိမ်သာပါသော ကမ်းခြေစံအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ၊ Rockstar အားဖြည့်အချိုရည်ကုမ္ပဏီပိုင်ရှင် ပိုင်ဆိုင်ခဲ့သော စံအိမ်ဖြစ်...

သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တိုက်ခန်းမဲပေါက်သူများကို ဇွန်လတွင် အခန်းအပ်မည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်တိုက်ခန်းမဲပေါက်သူများကို ဇွန်လတွင် အခန်းအပ်မည်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်
စိတ်လှုပ်ရှားဖွယ်ရာ တောင်တက်ခရီးစဉ်တစ်ခုသေချာပေါက်ဖြစ်လာနိုင်တဲ့ တရုတ်နိုင်ငံ Zhangjiajie ပြည်နယ်မှ Tianmen Mountain...
စိတ်လှုပ်ရှားဖွယ်ရာ တောင်တက်ခရီးစဉ်တစ်ခုသေချာပေါက်ဖြစ်လာနိုင်တဲ့ တရုတ်နိုင်ငံ Zhangjiajie ပြည်နယ်မှ Tianmen Mountain...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

platinum-garden
kt

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service