အေမရိကန္ျပည္၊ ကယ္လီဖိုးနီးယားတြင္ ေနအိမ္ေနာက္ဘက္၌ ဒိုင္ႏိုေဆာရုပ္မ်ား ေဆာက္လုပ္မႈေၾကာင့္ အမႈဖြင့္ခံရသည့္ တရုတ္အမ်ဳိးသမီး (ထူးထူးျခားျခား အိမ္ျခံေျမေလာက ျဖစ္ရပ္ဆန္းမ်ား)

အေမရိကန္ျပည္၊ ကယ္လီဖိုးနီးယားတြင္ ေနအိမ္ေနာက္ဘက္၌ ဒိုင္ႏိုေဆာရုပ္မ်ား ေဆာက္လုပ္မႈေၾကာင့္ အမႈဖြင့္ခံရသည့္ တရုတ္အမ်ဳိးသမီး (ထူးထူးျခားျခား အိမ္ျခံေျမေလာက ျဖစ္ရပ္ဆန္းမ်ား) - Property News in Myanmar from iMyanmarHouse.com
10 Dec 2019 12:50 pm တွင် တင်ခဲ့သည်
995 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

အေမရိကန္ျပည္၊ ကယ္လီဖိုးနီးယားတြင္ တရုတ္အမ်ဳိးသမီးတစ္ဦးသည္ သူ၏ ေနအိမ္ေနာက္ဘက္၌ ဒိုင္ႏိုေဆာရုပ္မ်ား ေဆာက္လုပ္မႈ၊ ျပန္လည္ျဖိဳဖ်က္ရန္ ျငင္းဆန္မႈတို႔ေၾကာင့္ အမႈဖြင့္ခံရသည့္ျဖစ္ရပ္တစ္ခု ျဖစ္ပြားခဲ့ဖူးသည္။

အဆိုပါတရုတ္အမ်ဳိးသမီးပိုင္ဆိုင္သည့္ ေနအိမ္မွာ Flintstone House (မီးခတ္ေက်ာက္စံအိမ္) ဟုအမည္ရျပီး ယင္းေဒသတခြင္တြင္ လူသိမ်ားေက်ာ္ၾကားသည္။

သူ၏ ျခံဝန္းေနာက္တြင္ ေဆာက္လုပ္ခဲ့သည့္ ကာတြန္းရုပ္မ်ားမွာ ထူးျခားကာ ရယ္ေမာဖြယ္ျဖစ္ေသာ္လည္း ကယ္လီဖိုးနီးယားျပည္နယ္၊ ဆန္ ေမတီယိုခရိုင္၊ ေဟးလ္စ္ဘိုေရာ့ခ်္ျမိဳ ႔ကေလးရွိ ေဒသခံမ်ားကမူ ရယ္ရႊင္ဖြယ္အျဖစ္ မရႈျမင္္ၾကေခ်။

ဆိတ္ျငိမ္ရပ္ကြက္၏ လမ္းတစ္ခုတြင္ တည္ရွိေသာ အဆိုပါအရုပ္မ်ားသည္ အမ်ားျပည္သူ စိတ္အေႏွာင့္အယွက္ျဖစ္ေစျပီး ခြင့္ျပဳခ်က္မရဘဲ ေဆာက္လုပ္ခဲ့မႈ၊ စည္ပင္သာယာစည္းမ်ဥ္းမ်ား ေဖာက္ဖ်က္မႈတို႔ျဖင့္ အမႈဖြင့္ခံခဲ့ရျခင္း ျဖစ္သည္။

မီဒီယာနယ္မွ ထိပ္သီးတစ္ဦးျဖစ္သူ အသက္ ၈၃ ႏွစ္အရြယ္ရွိ တရုတ္အမ်ဳိးသမီး ဖေလာရင့္စ္ ဖန္းက လိေမၼာ္ေရာင္ႏွင့္ ခရမ္းေရာင္ ေရာယွက္ေသာ အဆိုပါစံအိမ္ကို စံအိမ္ေရွ ႔မွ ျဖတ္သြားဖူးစဥ္ကတည္းကပင္ သေဘာက်ေနထိုင္လိုခဲ့ျခင္းျဖစ္ျပီး ၂၀၁၇ ခုႏွစ္တြင္ ကန္ေဒၚလာ ၂ ဒသမ ၈ သန္းျဖင့္ ဝယ္ယူလုိက္ျခင္း ျဖစ္သည္။ ဝယ္ယူျပီး မၾကာမီတြင္ စံအိမ္ေနာက္ဘက္တြင္ ဒိုင္ႏိုေဆာရုပ္မ်ား ေဆာက္လုပ္ခဲ့ျခင္းလည္း ျဖစ္သည္။

ဒိုင္ႏိုေဆာရုပ္တုမ်ားအနီးတြင္ Yabba Dabba Doo ဟု ေရးသားထားသည့္ ဆိုင္းဘုတ္တစ္ခုလည္း ေတြ႔ရသည္။ ေဒသခံမ်ားက အဆိုပါဒိုင္ႏိုေဆာရုပ္မ်ားအေပၚ စိတ္မခ်မ္းေျမ ႔ျဖစ္ၾကရသည္ဟု ဆိုသည္။

ဒိုင္ႏိုိေဆာရုပ္မ်ားကို Interstate 280 ဟုေခၚေသာ ဆန္ဖရန္စစၥကိုမွ ဆန္ဂ်ဳိ ႔စ္အထိ ေျမာက္မွ ေတာင္သို႔ ေဖာက္လုပ္ထားေသာ မိုင္ ၆၀ နီးပါးရွည္လ်ားသည့္ အေဝးေျပးလမ္းမၾကီးေပၚမွ လွမ္းေမွ်ာ္ေတြ႔ျမင္ရသည္ဟုလည္း ဆိုသည္။ ျမိဳ ႔ေတာ္ေကာင္စီက ေျပာၾကားရာတြင္ အဆိုပါအရုပ္မ်ား ေဆာက္လုပ္ရန္အတြက္ စီမံကိန္းခြင့္ျပဳခ်က္ရယူခဲ့ျခင္းမရွိေၾကာင္း ေျပာၾကားသည္။

ဆန္ေမတီယိုျမိဳ ႔၊ အဆင့္ျမင့္တရားရံုးတြင္ အမႈဖြင့္ထားျခင္းျဖစ္ျပီး ေဟးလ္စ္ဘိုရိုဂ်္ျမိဳ ႔က အမ်ားျပည္သူစိတ္အေႏွာင့္အယွက္ျဖစ္ေစမႈဟု ေခၚေဝၚေနၾကသည္။

မီးခတ္ေက်ာက္ စံအိမ္ကို ၁၉၇၆ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ျပီး ေဟးလ္စ္ဘိုရို ႔ခ်္၏ အထင္ကရစံအိမ္ျဖစ္ကာ ယေန႔အခါတြင္ သမိုင္းမတင္မီေခတ္က တိရ စၦာန္ၾကီးမ်ား စံအိမ္အတြင္း ေရာက္ရွိေနသည္ဟု ဆိုရမည္။

ဒိုင္ႏိုေဆာ ၃ ေကာင္၊ သစ္ကုလားအုတ္တစ္ေကာင္ႏွင့္ သမိုင္းဦးဆင္တစ္ေကာင္တို႔ရွိေနျပီး စံအိမ္၏ ပိုင္ရွင္သစ္က ထည့္သြင္းခဲ့ျခင္း ျဖစ္သည္။

ခြင့္ျပဳခ်က္မရယူဘဲ ေဆာက္လုပ္ခဲ့သည့္ အဆိုပါေျမယာအလွဆင္မႈ အရုပ္မ်ားကို ဖယ္ရွားပစ္ရန္ ျမိဳ ႔အုပ္ခ်ဳပ္ေရးအဖြဲ႔က ညႊန္ၾကားထားသည္ဟု ဆိုသည္။

ဖေလာရင့္စ္ ဖန္းကလည္း အေမရိကန္ျပည္ေထာင္စု ဖြဲ႔စည္းပံုအေျခခံဥပေဒတြင္ ျပဌာန္းထားခ်က္ျဖစ္ေသာ လြတ္လပ္စြာ ထုတ္ေဖာ္ဖြင့္ဟခြင့္၊ လြတ္လပ္စြာကိုးကြယ္ယံုၾကည္ခြင့္ျပဌာန္းခ်က္ဆိုင္ရာ ဥပေဒပါ ျပဌာန္းခ်က္ ခံစားခြင့္မ်ားကို ျမိဳ ႔အုပ္ခ်ဳပ္ေရးအဖြဲ႔၏ လုပ္ေဆာင္မႈမ်ားက ထိပါးေနေၾကာင္းျဖင့္ ျမိဳ ႔အုပ္ခ်ဳပ္ေရးအဖြဲ႔ကို ျပန္လည္အမႈဖြင့္ တရားစြဲထားသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် တရုတ်အမျိုးသမီးတစ်ဦးသည် သူ၏ နေအိမ်နောက်ဘက်၌ ဒိုင်နိုဆောရုပ်များ ဆောက်လုပ်မှု၊ ပြန်လည်ဖြိုဖျက်ရန် ငြင်းဆန်မှုတို့ကြောင့် အမှုဖွင့်ခံရသည့်ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ဖူးသည်။

အဆိုပါတရုတ်အမျိုးသမီးပိုင်ဆိုင်သည့် နေအိမ်မှာ Flintstone House (မီးခတ်ကျောက်စံအိမ်) ဟုအမည်ရပြီး ယင်းဒေသတခွင်တွင် လူသိများကျော်ကြားသည်။

သူ၏ ခြံဝန်းနောက်တွင် ဆောက်လုပ်ခဲ့သည့် ကာတွန်းရုပ်များမှာ ထူးခြားကာ ရယ်မောဖွယ်ဖြစ်သော်လည်း ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန် မေတီယိုခရိုင်၊ ဟေးလ်စ်ဘိုရော့ချ်မြို့ကလေးရှိ ဒေသခံများကမူ ရယ်ရွှင်ဖွယ်အဖြစ် မရှုမြင်ကြချေ။

ဆိတ်ငြိမ်ရပ်ကွက်၏ လမ်းတစ်ခုတွင် တည်ရှိသော အဆိုပါအရုပ်များသည် အများပြည်သူ စိတ်အနှောင့်အယှက်ဖြစ်စေပြီး ခွင့်ပြုချက်မရဘဲ ဆောက်လုပ်ခဲ့မှု၊ စည်ပင်သာယာစည်းမျဉ်းများ ဖောက်ဖျက်မှုတို့ဖြင့် အမှုဖွင့်ခံခဲ့ရခြင်း ဖြစ်သည်။

မီဒီယာနယ်မှ ထိပ်သီးတစ်ဦးဖြစ်သူ အသက် ၈၃ နှစ်အရွယ်ရှိ တရုတ်အမျိုးသမီး ဖလောရင့်စ် ဖန်းက လိမ္မော်ရောင်နှင့် ခရမ်းရောင် ရောယှက်သော အဆိုပါစံအိမ်ကို စံအိမ်ရှေ့မှ ဖြတ်သွားဖူးစဉ်ကတည်းကပင် သဘောကျနေထိုင်လိုခဲ့ခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် ကန်ဒေါ်လာ ၂ ဒသမ ၈ သန်းဖြင့် ဝယ်ယူလိုက်ခြင်း ဖြစ်သည်။ ဝယ်ယူပြီး မကြာမီတွင် စံအိမ်နောက်ဘက်တွင် ဒိုင်နိုဆောရုပ်များ ဆောက်လုပ်ခဲ့ခြင်းလည်း ဖြစ်သည်။

ဒိုင်နိုဆောရုပ်တုများအနီးတွင် Yabba Dabba Doo ဟု ရေးသားထားသည့် ဆိုင်းဘုတ်တစ်ခုလည်း တွေ့ရသည်။ ဒေသခံများက အဆိုပါဒိုင်နိုဆောရုပ်များအပေါ် စိတ်မချမ်းမြေ့ဖြစ်ကြရသည်ဟု ဆိုသည်။

ဒိုင်နိုဆောရုပ်များကို Interstate 280 ဟုခေါ်သော ဆန်ဖရန်စစ္စကိုမှ ဆန်ဂျို့စ်အထိ မြောက်မှ တောင်သို့ ဖောက်လုပ်ထားသော မိုင် ၆၀ နီးပါးရှည်လျားသည့် အဝေးပြေးလမ်းမကြီးပေါ်မှ လှမ်းမျှော်တွေ့မြင်ရသည်ဟုလည်း ဆိုသည်။ မြို့တော်ကောင်စီက ပြောကြားရာတွင် အဆိုပါအရုပ်များ ဆောက်လုပ်ရန်အတွက် စီမံကိန်းခွင့်ပြုချက်ရယူခဲ့ခြင်းမရှိကြောင်း ပြောကြားသည်။

ဆန်မေတီယိုမြို့၊ အဆင့်မြင့်တရားရုံးတွင် အမှုဖွင့်ထားခြင်းဖြစ်ပြီး ဟေးလ်စ်ဘိုရိုဂျ်မြို့က အများပြည်သူစိတ်အနှောင့်အယှက်ဖြစ်စေမှုဟု ခေါ်ဝေါ်နေကြသည်။

မီးခတ်ကျောက် စံအိမ်ကို ၁၉၇၆ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး ဟေးလ်စ်ဘိုရို့ချ်၏ အထင်ကရစံအိမ်ဖြစ်ကာ ယနေ့အခါတွင် သမိုင်းမတင်မီခေတ်က တိရ စ္ဆာန်ကြီးများ စံအိမ်အတွင်း ရောက်ရှိနေသည်ဟု ဆိုရမည်။ ဒိုင်နိုဆော ၃ ကောင်၊ သစ်ကုလားအုတ်တစ်ကောင်နှင့် သမိုင်းဦးဆင်တစ်ကောင်တို့ရှိနေပြီး စံအိမ်၏ ပိုင်ရှင်သစ်က ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။

ခွင့်ပြုချက်မရယူဘဲ ဆောက်လုပ်ခဲ့သည့် အဆိုပါမြေယာအလှဆင်မှု အရုပ်များကို ဖယ်ရှားပစ်ရန် မြို့အုပ်ချုပ်ရေးအဖွဲ့က ညွှန်ကြားထားသည်ဟု ဆိုသည်။

ဖလောရင့်စ် ဖန်းကလည်း အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဌာန်းထားချက်ဖြစ်သော လွတ်လပ်စွာ ထုတ်ဖော်ဖွင့်ဟခွင့်၊ လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ပြဌာန်းချက်ဆိုင်ရာ ဥပဒေပါ ပြဌာန်းချက် ခံစားခွင့်များကို မြို့အုပ်ချုပ်ရေးအဖွဲ့၏ လုပ်ဆောင်မှုများက ထိပါးနေကြောင်းဖြင့် မြို့အုပ်ချုပ်ရေးအဖွဲ့ကို ပြန်လည်အမှုဖွင့် တရားစွဲထားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service