နယူးေယာက္ျမိဳ ႔၊ မန္ဟက္တန္အရပ္တြင္ မီးျပတိုက္ အေဆာက္အအံုၾကီးကို လူေနအိမ္အျဖစ္ ေျပာင္းလဲထားသည့္ စံအိမ္ၾကီး ကန္ေဒၚလာ သန္း ၂၀ ေက်ာ္ျဖင့္ အေရာင္းေစ်းကြက္ဝင္လာ

နယူးေယာက္ျမိဳ ႔၊ မန္ဟက္တန္အရပ္တြင္ မီးျပတိုက္ အေဆာက္အအံုၾကီးကို လူေနအိမ္အျဖစ္ ေျပာင္းလဲထားသည့္ စံအိမ္ၾကီး ကန္ေဒၚလာ သန္း ၂၀ ေက်ာ္ျဖင့္ အေရာင္းေစ်းကြက္ဝင္လာ - Property News in Myanmar from iMyanmarHouse.com
10 Dec 2019 12:09 pm တွင် တင်ခဲ့သည်
804 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

တည္ေနရာ- နယူးေယာက္ျမိဳ ႔၊ မန္ဟက္တန္အရပ္

ေစ်းႏႈန္း- ကန္ေဒၚလာ ၂၁ ဒသမ ၈ သန္း

အေမရိကန္ျပည္ေထာင္စု၊ နယူးေယာက္ျမိဳ ႔၊ မန္ဟက္တန္အရပ္ west village တြင္ မီးျပတိုက္

အေဆာက္အအံုၾကီးကို လူေနအိမ္အျဖစ္ ေျပာင္းလဲထားသည့္ စံအိမ္ၾကီး ကန္ေဒၚလာ သန္း ၂၀ ေက်ာ္ျဖင့္ အေရာင္းေစ်းကြက္ဝင္လာေၾကာင္း နယူးေယာက္ အေျခစိုက္ အိမ္ျခံေျမသတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။

ငါးထပ္အေဆာက္အအံုျဖစ္ျပီး ၾကီးမားေသာ ေျမညီထပ္ဂိုေဒါင္ေနရာႏွင့္ ေနအိမ္ျပင္ပ ေနရာမ်ားစြာ ပါဝင္သည္။

ယခုအခါ လူေနအိမ္ျဖစ္ေနျပီျဖစ္ေသာ္လည္း မီးသတ္ရံုးအေဆာက္အအံုျဖစ္ခဲ့သည့္ သဲလြန္စမ်ားစြာ ယေန႔တိုင္ က်န္ရစ္ေနဆဲျဖစ္သည္။

မီးသတ္အေဆာက္အအံု စံအိမ္ၾကီးသည္ ေခတ္ျပိဳင္ဗိသုကာႏွင့္ သက္ေတာင့္သက္သာျဖစ္မႈ ႏွစ္ရပ္လံုးကို လွစ္ဟ ျပသေနသည္။

အေဆာက္အအံုၾကီးမွာ ၁၈၀၀ ျပည့္လြန္ကာလမ်ားကတည္းက ေဆာက္လုပ္ခဲ့ျခင္းျဖစ္ျပီး လြန္ခဲ့သည့္ႏွစ္ေပါင္းမ်ားစြာက ၄ ႏွစ္ခန္႔ အခ်ိန္ယူကာ မိသားစုေနအိမ္တစ္ခုအျဖစ္ ေျပာင္းလဲမြမ္းမံမႈမ်ား ၾကီးမားစြာ ျပဳလုပ္ခဲ့သည္။

“ဒါဟာ ဂႏၳဝင္ဗိသုကာလက္ရာတစ္ခုျဖစ္ျပီး မူရင္းပိုင္ရွင္က ဒီဇိုင္းေရးဆြဲေဆာက္လုပ္ခဲ့တာျဖစ္ပါတယ္။ ရွားပါးလက္ရာတစ္ခုျဖစ္ပါတယ္” ဟု ေစ်းကြက္တင္ေပးသည့္ အိမ္ျခံေျမကုမၸဏီ Leslie J.Garfield မွ အက်ဳိးေဆာင္ ခရစၥတိုဖာ ရီစီယိုက ေျပာၾကားသည္။

အမိုးေပၚေနရာတြင္ အိပ္ခန္းတစ္ခန္းပါဝင္ျပီး အိပ္ခန္းမွတဆင့္ လသာေဆာင္ငယ္တစ္ခုသို႔ ေရာက္ရွိႏိုင္သည္။

၁၈၆၄ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ျပီး “Red Rover” အေဆာက္အအံုဟုလူသိမ်ားသည္။

၁၉၇၅ ခုႏွစ္ေနာက္ပိုင္း ႏွစ္ေပါင္းမ်ားစြာ အသံုးျပဳမႈမရွိဘဲ လူသူကင္းမဲ့သြားခဲ့သည္။

ယင္းေနာက္တြင္ အေဆာက္အအံုကို ျပန္လည္မြမ္းမံခဲ့ျပီး လူေနအိမ္အျဖစ္ ေျပာင္းလဲခဲ့ကာ ၂၀၀၉ ခုႏွစ္တြင္မူ ကန္ေဒၚလာ ၅ သန္းျဖင့္ အေရာင္းအဝယ္ျဖစ္ခဲ့သည္။

စတုရန္းေပ ၇၂၈၁ က်ယ္ဝန္းေသာ အေဆာက္အအံုတြင္ အိပ္ခန္း ၃ ခန္း၊ ေရခ်ဳိးခန္း ၄ ခန္း၊ ကိုယ္လက္သန္႔စင္ခန္း ၂ ခန္း၊ ၾကီးမားေသာ လသာေဆာင္ ၂ ခုႏွင့္ အားကစားေလ့က်င့္ေရးခန္းမတစ္ခုတို႔ ပါဝင္ကာ စံအိမ္အတြင္း ျမင့္မားေသာ မ်က္ႏွာၾကက္မ်ား၊ သစ္မာသားၾကမ္းခင္းမ်ား၊ ၾကီးမားလွေသာ ျပတင္းေပါက္မ်ား၊ သစ္သားထုတ္ေလ်ာက္တန္းမ်ားေတြ႔ရသည္။

အနီေရာင္အုတ္တို႔ ပံုေဖာ္ထားသည့္ မ်က္ႏွာစာမွာ ယေန႔တိုင္ မီးသတ္စခန္းႏွင့္ သ႑ာန္တူေနဆဲ ျဖစ္သည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

တည်နေရာ- နယူးယောက်မြို့၊ မန်ဟက်တန်အရပ်

ဈေးနှုန်း- ကန်ဒေါ်လာ ၂၁ ဒသမ ၈ သန်း

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ မန်ဟက်တန်အရပ် west village တွင် မီးပြတိုက်

အဆောက်အအုံကြီးကို လူနေအိမ်အဖြစ် ပြောင်းလဲထားသည့် စံအိမ်ကြီး ကန်ဒေါ်လာ သန်း ၂၀ ကျော်ဖြင့် အရောင်းဈေးကွက်ဝင်လာကြောင်း နယူးယောက် အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ငါးထပ်အဆောက်အအုံဖြစ်ပြီး ကြီးမားသော မြေညီထပ်ဂိုဒေါင်နေရာနှင့် နေအိမ်ပြင်ပ နေရာများစွာ ပါဝင်သည်။ ယခုအခါ လူနေအိမ်ဖြစ်နေပြီဖြစ်သော်လည်း မီးသတ်ရုံးအဆောက်အအုံဖြစ်ခဲ့သည့် သဲလွန်စများစွာ ယနေ့တိုင် ကျန်ရစ်နေဆဲဖြစ်သည်။

မီးသတ်အဆောက်အအုံ စံအိမ်ကြီးသည် ခေတ်ပြိုင်ဗိသုကာနှင့် သက်တောင့်သက်သာဖြစ်မှု နှစ်ရပ်လုံးကို လှစ်ဟ ပြသနေသည်။

အဆောက်အအုံကြီးမှာ ၁၈၀၀ ပြည့်လွန်ကာလများကတည်းက ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သည့်နှစ်ပေါင်းများစွာက ၄ နှစ်ခန့် အချိန်ယူကာ မိသားစုနေအိမ်တစ်ခုအဖြစ် ပြောင်းလဲမွမ်းမံမှုများ ကြီးမားစွာ ပြုလုပ်ခဲ့သည်။

“ဒါဟာ ဂန္ထဝင်ဗိသုကာလက်ရာတစ်ခုဖြစ်ပြီး မူရင်းပိုင်ရှင်က ဒီဇိုင်းရေးဆွဲဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ ရှားပါးလက်ရာတစ်ခုဖြစ်ပါတယ်” ဟု ဈေးကွက်တင်ပေးသည့် အိမ်ခြံမြေကုမ္ပဏီ Leslie J.Garfield မှ အကျိုးဆောင် ခရစ္စတိုဖာ ရီစီယိုက ပြောကြားသည်။

အမိုးပေါ်နေရာတွင် အိပ်ခန်းတစ်ခန်းပါဝင်ပြီး အိပ်ခန်းမှတဆင့် လသာဆောင်ငယ်တစ်ခုသို့ ရောက်ရှိနိုင်သည်။

၁၈၆၄ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး “Red Rover” အဆောက်အအုံဟုလူသိများသည်။

၁၉၇၅ ခုနှစ်နောက်ပိုင်း နှစ်ပေါင်းများစွာ အသုံးပြုမှုမရှိဘဲ လူသူကင်းမဲ့သွားခဲ့သည်။

ယင်းနောက်တွင် အဆောက်အအုံကို ပြန်လည်မွမ်းမံခဲ့ပြီး လူနေအိမ်အဖြစ် ပြောင်းလဲခဲ့ကာ ၂၀၀၉ ခုနှစ်တွင်မူ ကန်ဒေါ်လာ ၅ သန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။

စတုရန်းပေ ၇၂၈၁ ကျယ်ဝန်းသော အဆောက်အအုံတွင် အိပ်ခန်း ၃ ခန်း၊ ရေချိုးခန်း ၄ ခန်း၊ ကိုယ်လက်သန့်စင်ခန်း ၂ ခန်း၊ ကြီးမားသော လသာဆောင် ၂ ခုနှင့် အားကစားလေ့ကျင့်ရေးခန်းမတစ်ခုတို့ ပါဝင်ကာ စံအိမ်အတွင်း မြင့်မားသော မျက်နှာကြက်များ၊ သစ်မာသားကြမ်းခင်းများ၊ ကြီးမားလှသော ပြတင်းပေါက်များ၊ သစ်သားထုတ်လျောက်တန်းများတွေ့ရသည်။

အနီရောင်အုတ်တို့ ပုံဖော်ထားသည့် မျက်နှာစာမှာ ယနေ့တိုင် မီးသတ်စခန်းနှင့် သဏ္ဍာန်တူနေဆဲ ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service