ေလာ့စ္အိန္ဂ်လိျမိဳ ႔ ကမၻာေက်ာ္ၾကယ္ပြင့္မ်ားစုေဝးရာ မာလီဘူးအရပ္တြင္ တစ္ခ်ိန္က နစ္ကိုလပ္ေက့ခ်္ ပိုင္ဆိုင္ခဲ့ဖူးေသာ စံအိမ္ၾကီးတစ္လံုး ကန္ေဒၚလာ သန္း ၃၀ ျဖင့္ အေရာင္းေစ်းကြက္ဝင္လာ

ေလာ့စ္အိန္ဂ်လိျမိဳ ႔ ကမၻာေက်ာ္ၾကယ္ပြင့္မ်ားစုေဝးရာ မာလီဘူးအရပ္တြင္ တစ္ခ်ိန္က နစ္ကိုလပ္ေက့ခ်္ ပိုင္ဆိုင္ခဲ့ဖူးေသာ စံအိမ္ၾကီးတစ္လံုး ကန္ေဒၚလာ သန္း ၃၀ ျဖင့္ အေရာင္းေစ်းကြက္ဝင္လာ - Property News in Myanmar from iMyanmarHouse.com
5 Dec 2019 2:06 pm တွင် တင်ခဲ့သည်
1656 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ေလာ့စ္အိန္ဂ်လိျမိဳ ႔ ကမၻာေက်ာ္ၾကယ္ပြင့္မ်ားစုေဝးရာ မာလီဘူးအရပ္တြင္ တစ္ခ်ိန္က နစ္ကိုလပ္ေက့ခ်္ ပိုင္ဆိုင္ခဲ့ဖူးေသာ စံအိမ္ၾကီးတစ္လံုး ကန္ေဒၚလာ သန္း ၃၀ ျဖင့္ အေရာင္းေစ်းကြက္ဝင္လာေၾကာင္း နယူးေယာက္အေျခစိုက္ အိမ္ျခံေျမသတင္း ဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။

ေရာင္းခ်မည့္စံအိမ္မွာ ေလာ့စ္အိန္ဂ်လိျမိဳ ႔၊ မာလီဘူးအရပ္ရွိ ပင္လယ္ကမ္းပါးတစ္ခုေပၚတြင္ တည္ေဆာက္ထားျပီး တစ္ခ်ိန္က ေဟာလိဝုဒ္ရုပ္ရွင္မင္းသား နီကိုလပ္ေက့ခ်္၏ စံအိမ္ျဖစ္ခဲ့ဖူးသည္။

မာလီဘူး၏ ေစ်းအၾကီးဆံုးေနရာတစ္ခုတြင္တည္ရွိျပီး The Agency မွ ဆန္ဒရိုဒါဇန္ႏွင့္ ကူးပါးေမာင့္တို႔က ေစ်းကြက္တင္ေပးခဲ့ျခင္းျဖစ္သည္။

စတုရန္းေပ ၄၀၀၀ အက်ယ္အဝန္းရွိေသာ ေခတ္ျပိဳင္ဗိသုကာစံအိမ္ကို မၾကာေသးမီကမွ ျပဳျပင္မြန္းမံမႈမ်ား ျပန္လည္ျပဳလုပ္ထားသည္။

ေနအိမ္အတြင္း အိပ္ခန္း ၃ ခန္း၊ ေရခ်ိဳးခန္း ၄ ခန္းပါဝင္ျပီး JMB Capital တည္ေထာင္သူ ဂ်ိဳနသန္ဘရြတ္ခ္ႏွင့္ ဇနီးျဖစ္သူရွန္နာတို႔က ပုိင္ဆုိင္ထားျခင္းျဖစ္ေၾကာင္းအိမ္ျခံေျမမွတ္တမ္းမ်ားတြင္ ေဖာ္ျပသည္။

ပစိဖိတ္ကမ္းရိုးတန္းအေဝးေျပးလမ္းမၾကီးေပၚတြင္ တည္ရွိျပီး အသစ္ျဖည့္စြက္ထားေသာ Facility မ်ားစြာပါဝင္သည္။

Master Bedroom မွာ ပင္လယ္ကို မ်က္ႏွာမူထားျပီး သီးသန္ ့လသာေဆာင္၊ မီးလင္းဖိုေနရာ ၊ေရစိမ္ကန္၊ အဝတ္အစားထားသုိခန္းတုိ႔ပါဝင္သည္။

ေစ်းကြက္တင္မွတ္တမ္းအရ ပင္လယ္မ်က္ႏွာစာ ၁၄၅ ေပ ပုိင္ဆုိင္ထားျပီး ကား၂ စင္းဆန္ ့ဂိုေထာင္ ၁လံုး၊ ေနအိမ္အတြင္း အဆင့္ျမင့္အလိုအေလ်ာက္စနစ္မ်ားႏွင့္ ေစာင့္ၾကည့္ကင္မရာလံုျခံဳေရးစနစ္တို႔ ပါဝင္သည္ဟု ဆိုသည္။

“သီးသန္႔ဂိတ္တံခါးရိွတဲ့လမ္းမွာတည္ရွိျပီး ျခံဝန္းအက်ယ္ ၁ ဧကနီးပါး ရွိပါတယ္” ဟု အက်ိဳးေဆာင္ ဆန္ဒရိုဒါဆန္က ေျပာၾကားသည္။

စံအိမ္ဝန္းအတြင္း ရာသီအလုိက္စီးဆင္းေနသည့္ စမ္းေခ်ာင္းေလးတစ္ခုပါဝင္ျပီး ေရကူးကန္မွာ ပစိဖိတ္သမုဒၵရာႏွင့္အနည္းငယ္သာ ေဝးကြာသည္။

ေရကူးကန္ေနရာမွာ ၾကယ္ငါးပြင့္အဆင့္ အပန္းေျဖစခန္းတစ္ခုႏွင့္တူညီေနျပီး အမိုးပါေသာ နားေနရန္ေနရာ၊ ေရခ်ိဳးခန္းတစ္ခုႏွင့္ ရုပ္သံျပဇာတ္တစ္လံုးလည္းပါဝင္သည္။

စံအိမ္ၾကီးရွိျမင္ကြင္းမ်ားမွာ အလြန္ခမ္းနားလွေၾကာင္း မစၥတာ ဒါဆန္ကေျပာၾကားသည္။

“စံအိမ္ကေနသမုဒၵရာနဲ႔ဆိုက္ပရပ္ပင္ေတြ ၊ လွပတဲ႔ကမ္းရုိးတန္းေတြကို ေတြ ့ရမွာျဖစ္ပါတယ္” လက္ရွိေဒသတြင္းအိမ္ျခံေျမစည္းမ်ဥ္းမ်ားအရ ယခုစံအိမ္အတိုင္း ထပ္တူေဆာက္လုပ္ခြင့္ရွိမည္မဟုတ္ရာ ယင္းေဒသဝန္းက်င္တြင္ ေရကူးကန္ပါသည့္ အျခားစံအိမ္တစ္လံုး မည္သည့္အခါတြင္မွ် ေတြ ့ရလိမ့္မည္မဟုတ္ေၾကာင္းလည္း မစၥတာဒါဆန္က ေျပာၾကားသည္။

ယင္းေဒသတြင္ တန္ဖိုးၾကီးစံအိမ္ၾကီးမ်ား အေရာင္းအဝယ္ျဖစ္ခဲ့ရာတြင္ ၂၀၁၃ ခုႏွစ္အတြင္း ဘီလ်ံနာၾကီး ေဟာင္းဝပ္ မာ့ခ္က ယခုစံအိမ္၏ ကပ္လ်က္အိမ္ကို ကန္ေဒၚလာ ၇၅ သန္းျဖင့္ စံခ်ိန္တင္ ေရာင္းခ်ခဲ့သည္။

၂၀၁၈ ခုႏွစ္အတြင္းတြင္လည္း ယခုစံအိမ္၏ ၃ အိမ္ေက်ာ္တြင္ တည္ရွိေသာ စံအိမ္ကို စင္ဒီကေရာဖို႔က သူေဌးၾကီး အဒမ္ ဝိုက္စ္ထံ ကန္ေဒၚလာ ၄၅ သန္းျဖင့္ ေရာင္းခ်ခဲ့ဖူးသည္။

ရုပ္သံထုတ္လုပ္သူ မာစီ ကာေဆးသည္လည္း ယခုစံအိမ္မွ ၂ အိမ္ေက်ာ္တြင္ ေနထိုင္လ်က္ရွိသည္။

နီကိုလပ္ေက့ခ်္သည္ ယခုစံအိမ္ကို ၁၉၉၇ ခုႏွစ္အတြင္း ကန္ေဒၚလာ ၃ ဒသမ ၃ သန္းျဖင့္ ဝယ္ယူခဲ့ျပီး မစၥတာ ဘရြတ္ခ္ထံ ကန္ေဒၚလာ ၉ ဒသမ ၈ သန္းေက်ာ္ျဖင့္ ျပန္လည္ေရာင္းခ်ခဲ့သည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

လော့စ်အိန်ဂျလိမြို့ ကမ္ဘာကျော်ကြယ်ပွင့်များစုဝေးရာ မာလီဘူးအရပ်တွင် တစ်ချိန်က နစ်ကိုလပ်ကေ့ချ် ပိုင်ဆိုင်ခဲ့ဖူးသော စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ သန်း ၃၀ ဖြင့် အရောင်းဈေးကွက်ဝင်လာကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်း ဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ရောင်းချမည့်စံအိမ်မှာ လော့စ်အိန်ဂျလိမြို့၊ မာလီဘူးအရပ်ရှိ ပင်လယ်ကမ်းပါးတစ်ခုပေါ်တွင် တည်ဆောက်ထားပြီး တစ်ချိန်က ဟောလိဝုဒ်ရုပ်ရှင်မင်းသား နီကိုလပ်ကေ့ချ်၏ စံအိမ်ဖြစ်ခဲ့ဖူးသည်။

မာလီဘူး၏ ဈေးအကြီးဆုံးနေရာတစ်ခုတွင်တည်ရှိပြီး The Agency မှ ဆန်ဒရိုဒါဇန်နှင့် ကူးပါးမောင့်တို့က ဈေးကွက်တင်ပေးခဲ့ခြင်းဖြစ်သည်။

စတုရန်းပေ ၄၀၀၀ အကျယ်အဝန်းရှိသော ခေတ်ပြိုင်ဗိသုကာစံအိမ်ကို မကြာသေးမီကမှ ပြုပြင်မွန်းမံမှုများ ပြန်လည်ပြုလုပ်ထားသည်။

နေအိမ်အတွင်း အိပ်ခန်း ၃ ခန်း၊ ရေချိုးခန်း ၄ ခန်းပါဝင်ပြီး JMB Capital တည်ထောင်သူ ဂျိုနသန်ဘရွတ်ခ်နှင့် ဇနီးဖြစ်သူရှန်နာတို့က ပိုင်ဆိုင်ထားခြင်းဖြစ်ကြောင်းအိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။

ပစိဖိတ်ကမ်းရိုးတန်းအဝေးပြေးလမ်းမကြီးပေါ်တွင် တည်ရှိပြီး အသစ်ဖြည့်စွက်ထားသော Facility များစွာပါဝင်သည်။

Master Bedroom မှာ ပင်လယ်ကို မျက်နှာမူထားပြီး သီးသန့်လသာဆောင်၊ မီးလင်းဖိုနေရာ ၊ရေစိမ်ကန်၊ အဝတ်အစားထားသိုခန်းတို့ပါဝင်သည်။

ဈေးကွက်တင်မှတ်တမ်းအရ ပင်လယ်မျက်နှာစာ ၁၄၅ ပေ ပိုင်ဆိုင်ထားပြီး ကား၂ စင်းဆန့်ဂိုထောင် ၁လုံး၊ နေအိမ်အတွင်း အဆင့်မြင့်အလိုအလျောက်စနစ်များနှင့် စောင့်ကြည့်ကင်မရာလုံခြုံရေးစနစ်တို့ ပါဝင်သည်ဟု ဆိုသည်။

“သီးသန့်ဂိတ်တံခါးရှိတဲ့လမ်းမှာတည်ရှိပြီး ခြံဝန်းအကျယ် ၁ ဧကနီးပါး ရှိပါတယ်” ဟု အကျိုးဆောင် ဆန်ဒရိုဒါဆန်က ပြောကြားသည်။

စံအိမ်ဝန်းအတွင်း ရာသီအလိုက်စီးဆင်းနေသည့် စမ်းချောင်းလေးတစ်ခုပါဝင်ပြီး ရေကူးကန်မှာ ပစိဖိတ်သမုဒ္ဒရာနှင့်အနည်းငယ်သာ ဝေးကွာသည်။

ရေကူးကန်နေရာမှာ ကြယ်ငါးပွင့်အဆင့် အပန်းဖြေစခန်းတစ်ခုနှင့်တူညီနေပြီး အမိုးပါသော နားနေရန်နေရာ၊ ရေချိုးခန်းတစ်ခုနှင့် ရုပ်သံပြဇာတ်တစ်လုံးလည်းပါဝင်သည်။

စံအိမ်ကြီးရှိမြင်ကွင်းများမှာ အလွန်ခမ်းနားလှကြောင်း မစ္စတာ ဒါဆန်ကပြောကြားသည်။

“စံအိမ်ကနေသမုဒ္ဒရာနဲ့ဆိုက်ပရပ်ပင်တွေ ၊ လှပတဲ့ကမ်းရိုးတန်းတွေကို တွေ့ရမှာဖြစ်ပါတယ်” လက်ရှိဒေသတွင်းအိမ်ခြံမြေစည်းမျဉ်းများအရ ယခုစံအိမ်အတိုင်း ထပ်တူဆောက်လုပ်ခွင့်ရှိမည်မဟုတ်ရာ ယင်းဒေသဝန်းကျင်တွင် ရေကူးကန်ပါသည့် အခြားစံအိမ်တစ်လုံး မည်သည့်အခါတွင်မျှ တွေ့ရလိမ့်မည်မဟုတ်ကြောင်းလည်း မစ္စတာဒါဆန်က ပြောကြားသည်။

ယင်းဒေသတွင် တန်ဖိုးကြီးစံအိမ်ကြီးများ အရောင်းအဝယ်ဖြစ်ခဲ့ရာတွင် ၂၀၁၃ ခုနှစ်အတွင်း ဘီလျံနာကြီး ဟောင်းဝပ် မာ့ခ်က ယခုစံအိမ်၏ ကပ်လျက်အိမ်ကို ကန်ဒေါ်လာ ၇၅ သန်းဖြင့် စံချိန်တင် ရောင်းချခဲ့သည်။

၂၀၁၈ ခုနှစ်အတွင်းတွင်လည်း ယခုစံအိမ်၏ ၃ အိမ်ကျော်တွင် တည်ရှိသော စံအိမ်ကို စင်ဒီကရောဖို့က သူဌေးကြီး အဒမ် ဝိုက်စ်ထံ ကန်ဒေါ်လာ ၄၅ သန်းဖြင့် ရောင်းချခဲ့ဖူးသည်။

ရုပ်သံထုတ်လုပ်သူ မာစီ ကာဆေးသည်လည်း ယခုစံအိမ်မှ ၂ အိမ်ကျော်တွင် နေထိုင်လျက်ရှိသည်။ နီကိုလပ်ကေ့ချ်သည် ယခုစံအိမ်ကို ၁၉၉၇ ခုနှစ်အတွင်း ကန်ဒေါ်လာ ၃ ဒသမ ၃ သန်းဖြင့် ဝယ်ယူခဲ့ပြီး မစ္စတာ ဘရွတ်ခ်ထံ ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းကျော်ဖြင့် ပြန်လည်ရောင်းချခဲ့သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service