ကမၻာေက်ာ္ ဗိသုကာပညာရွင္ၾကီး ဇဟာဟာဒစ္ ဒီဇိုင္းေရးဆြဲေပးခဲ့ေသာ ကမၻာ့အျမင့္မားဆံုး ကဇာတ္ရံုအမ်ဳိးအစား ရံုးခန္းတာဝါၾကီး တရုတ္ျပည္တြင္ ဖြင့္လွစ္

ကမၻာေက်ာ္ ဗိသုကာပညာရွင္ၾကီး ဇဟာဟာဒစ္ ဒီဇိုင္းေရးဆြဲေပးခဲ့ေသာ ကမၻာ့အျမင့္မားဆံုး ကဇာတ္ရံုအမ်ဳိးအစား ရံုးခန္းတာဝါၾကီး တရုတ္ျပည္တြင္ ဖြင့္လွစ္ - Property News in Myanmar from iMyanmarHouse.com
2 Dec 2019 12:45 pm တွင် တင်ခဲ့သည်
2014 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ကြယ္လြန္သြားျပီျဖစ္ေသာ ကမၻာေက်ာ္ ဗိသုကာပညာရွင္ၾကီး ဇဟာ ဟာဒစ္၏ Zaha Hadid Architects အဖြဲ႔က ဒီဇိုင္းေရးဆြဲေပးခဲ့ေသာ ကမၻာ့အျမင့္မားဆံုး ရံုးခန္းတာဝါၾကီး တရုတ္ျပည္တြင္ ဖြင့္လွစ္လိုက္ျပီျဖစ္ေၾကာင္း CNN သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

အေဆာက္အအံုၾကီးကို Leeza SOHO တာဝါဟု အမည္ေပးထားျပီး Li Ze တာဝါဟုလည္း လူသိမ်ားကာ တရုတ္ျပည္ ေပက်င္း ျမိဳ႕ေတာ္၏ Fengtai စီးပြားေရးဗဟိုခ်က္ ေနရာတြင္ တည္ရွိသည္။

၄၅ ထပ္ျမင့္မားျပီး ရံုးခန္းႏွင့္ စီးပြားေရးလုပ္ငန္းေနရာမ်ား ေပါင္းစပ္ဖြဲ႔စည္းထားသည္။

Zaha Hadid Architects အဖြဲ႔ကို ကမၻာေက်ာ္ ျဗိတိသွ်-အီရတ္ေသြးေႏွာ ဗိသုကာပညာရွင္ အမ်ဳိးသမီးၾကီး ဇဟာ ဟာဒစ္က တည္ေထာင္ခဲ့ျခင္းျဖစ္ျပီး ဇဟာ ဟာဒစ္မွာ ၂၀၁၆ ခုႏွစ္တြင္ ကြယ္လြန္သြားခဲ့သည္။

အေဆာက္အအံုၾကီး၏ ထူးျခားေသာသြင္ျပင္ကား ရစ္လိမ္ေနသည့္ တာဝါအေဆာက္အအံုၾကီးႏွစ္ခုကို ကဇာတ္ရံုအသြင္ မွန္မ်က္ႏွာျပင္ ျဖင့္ အေဆာက္အအံုတစ္ခုတည္းျဖစ္ေအာင္ ေပါင္းစည္းေပးထားျခင္း ျဖစ္သည္။

အျမင့္ေပ ၆၃၆ ေပ (၁၉၄ ဒသမ ၁၅ မီတာ) ရွိသည့္ အေဆာက္အအံုၾကီးသည္ ကမၻာ့အျမင့္မားဆံုး ကဇာတ္ရံုအေဆာက္အအံုၾကီး ျဖစ္လာမည္ျဖစ္သည္။

ကဇာတ္ရံုအေဆာက္အအံုၾကီးအတြင္းရွိ တာဝါႏွစ္ခုကို ေကာင္းကင္တံတား ၄ ခုျဖင့္ ဆက္သြယ္ေပးထားမည္ဟု ဆိုသည္။ မွန္သားမ်က္ႏွာျပင္မ်ားသာ တပ္ဆင္ထားျခင္းေၾကာင့္ ေပက်င္းျမိဳ႕ၾကီး၏ အလွကို က်ယ္ေျပာစြာရႈျမင္ရမည့္အျပင္ အတြင္းပိုင္းအထိ သဘာအလင္း ေကာင္းစြာရရွိေစမည္လည္း ျဖစ္သည္။

ေပက်င္းျမိဳ႕ စီးပြားေရးအခ်က္အျခာသစ္၏ ဗဟိုခ်က္တစ္ခုျဖစ္လာေစရန္ ရည္ရြယ္ထားသည္။

ယခုအေဆာက္အအံုၾကီးကို အမ်ားျပည္သူ စံုစည္းရာ ေနရာတစ္ခုျဖစ္လာေစရန္ ေမွ်ာ္မွန္းထားျပီး ေပက်င္း၏ သယ္ယူပို႔ေဆာင္ေရး ကြန္ရက္ႏွင့္ တိုက္ရိုက္ခ်ိတ္ဆက္ေပးထားသည္။

Leeza SOHO တာဝါသည္ ေပက်င္းျမိဳ႕အေနာက္ေတာင္ဘက္ Lize လမ္းေပၚတြင္ တည္ရွိျပီး စီးပြားေရးအခ်က္အျခာသစ္ျဖစ္ေသာ Fengtai ၏ ဗဟိုခ်က္ျဖစ္လာမည္ျဖစ္သည္။ Fengtai သည္ ေပက်င္းျမိဳ႕လယ္ႏွင့္ မၾကာေသးက ဖြင့္လွစ္လိုက္ေသာ Beijing Daxing ႏိုင္ငံတကာေလဆိပ္တို႔အၾကားတြင္ တိုးတက္မႈ အားေကာင္းလာေနေသာ ဘ႑ာေရးအခ်က္အျခာေဒသတစ္ခုလည္း ျဖစ္သည္။

(Leeza SOHO တာဝါ၏ အခ်က္အလက္မ်ား)

အေျခအေန- ျပီးစီး

အမ်ဳိးအစား- ရံုးခန္းအေဆာက္အအံု

စတင္ေဆာက္လုပ္ျခင္း- ၂၀၁၅ ခုႏွစ္

အျပီးသတ္ျခင္း- ၂၀၁၇ ခုႏွစ္၊ စက္တင္ဘာလ

စတင္ဖြင့္လွစ္ျခင္း- ၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာလ ၁၉ ရက္

အျမင့္(အမိုးအထိ)- ၂၀၇ မီတာ (၆၇၉ ေပ)

အထပ္- ၄၆ ထပ္ (+ ေျမေအာက္ထပ္ ၄ ထပ္)

ၾကမ္းခင္းဧရိယာ- ၁၇၂၈၀၀ စတုရန္းမီတာ (၁၈၆၀၀၀၀ စတုရန္းေပ)

ဗိသုကာပညာရွင္မ်ား- Zaha Hadid, Patrik Schumacher

ဗိသုကာအဖြဲ႔- Zaha Hadid Architects

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

ကွယ်လွန်သွားပြီဖြစ်သော ကမ္ဘာကျော် ဗိသုကာပညာရှင်ကြီး ဇဟာ ဟာဒစ်၏ Zaha Hadid Architects အဖွဲ့က ဒီဇိုင်းရေးဆွဲပေးခဲ့သော ကမ္ဘာ့အမြင့်မားဆုံး ရုံးခန်းတာဝါကြီး တရုတ်ပြည်တွင် ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း CNN သတင်းတစ်ရပ်တွင် ဖော်ပြသည်။

အဆောက်အအုံကြီးကို Leeza SOHO တာဝါဟု အမည်ပေးထားပြီး Li Ze တာဝါဟုလည်း လူသိများကာ တရုတ်ပြည် ပေကျင်း မြို့တော်၏ Fengtai စီးပွားရေးဗဟိုချက် နေရာတွင် တည်ရှိသည်။

၄၅ ထပ်မြင့်မားပြီး ရုံးခန်းနှင့် စီးပွားရေးလုပ်ငန်းနေရာများ ပေါင်းစပ်ဖွဲ့စည်းထားသည်။

Zaha Hadid Architects အဖွဲ့ကို ကမ္ဘာကျော် ဗြိတိသျှ-အီရတ်သွေးနှော ဗိသုကာပညာရှင် အမျိုးသမီးကြီး ဇဟာ ဟာဒစ်က တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ဇဟာ ဟာဒစ်မှာ ၂၀၁၆ ခုနှစ်တွင် ကွယ်လွန်သွားခဲ့သည်။

အဆောက်အအုံကြီး၏ ထူးခြားသောသွင်ပြင်ကား ရစ်လိမ်နေသည့် တာဝါအဆောက်အအုံကြီးနှစ်ခုကို ကဇာတ်ရုံအသွင် မှန်မျက်နှာပြင် ဖြင့် အဆောက်အအုံတစ်ခုတည်းဖြစ်အောင် ပေါင်းစည်းပေးထားခြင်း ဖြစ်သည်။

အမြင့်ပေ ၆၃၆ ပေ (၁၉၄ ဒသမ ၁၅ မီတာ) ရှိသည့် အဆောက်အအုံကြီးသည် ကမ္ဘာ့အမြင့်မားဆုံး ကဇာတ်ရုံအဆောက်အအုံကြီး ဖြစ်လာမည်ဖြစ်သည်။

ကဇာတ်ရုံအဆောက်အအုံကြီးအတွင်းရှိ တာဝါနှစ်ခုကို ကောင်းကင်တံတား ၄ ခုဖြင့် ဆက်သွယ်ပေးထားမည်ဟု ဆိုသည်။ မှန်သားမျက်နှာပြင်များသာ တပ်ဆင်ထားခြင်းကြောင့် ပေကျင်းမြို့ကြီး၏ အလှကို ကျယ်ပြောစွာရှုမြင်ရမည့်အပြင် အတွင်းပိုင်းအထိ သဘာအလင်း ကောင်းစွာရရှိစေမည်လည်း ဖြစ်သည်။

ပေကျင်းမြို့ စီးပွားရေးအချက်အခြာသစ်၏ ဗဟိုချက်တစ်ခုဖြစ်လာစေရန် ရည်ရွယ်ထားသည်။

ယခုအဆောက်အအုံကြီးကို အများပြည်သူ စုံစည်းရာ နေရာတစ်ခုဖြစ်လာစေရန် မျှော်မှန်းထားပြီး ပေကျင်း၏ သယ်ယူပို့ဆောင်ရေး ကွန်ရက်နှင့် တိုက်ရိုက်ချိတ်ဆက်ပေးထားသည်။

Leeza SOHO တာဝါသည် ပေကျင်းမြို့အနောက်တောင်ဘက် Lize လမ်းပေါ်တွင် တည်ရှိပြီး စီးပွားရေးအချက်အခြာသစ်ဖြစ်သော Fengtai ၏ ဗဟိုချက်ဖြစ်လာမည်ဖြစ်သည်။ Fengtai သည် ပေကျင်းမြို့လယ်နှင့် မကြာသေးက ဖွင့်လှစ်လိုက်သော Beijing Daxing နိုင်ငံတကာလေဆိပ်တို့အကြားတွင် တိုးတက်မှု အားကောင်းလာနေသော ဘဏ္ဍာရေးအချက်အခြာဒေသတစ်ခုလည်း ဖြစ်သည်။

(Leeza SOHO တာဝါ၏ အချက်အလက်များ)

အခြေအနေ- ပြီးစီး

အမျိုးအစား- ရုံးခန်းအဆောက်အအုံ

စတင်ဆောက်လုပ်ခြင်း- ၂၀၁၅ ခုနှစ်

အပြီးသတ်ခြင်း- ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ

စတင်ဖွင့်လှစ်ခြင်း- ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်

အမြင့်(အမိုးအထိ)- ၂၀၇ မီတာ (၆၇၉ ပေ)

အထပ်- ၄၆ ထပ် (+ မြေအောက်ထပ် ၄ ထပ်)

ကြမ်းခင်းဧရိယာ- ၁၇၂၈၀၀ စတုရန်းမီတာ (၁၈၆၀၀၀၀ စတုရန်းပေ)

ဗိသုကာပညာရှင်များ- Zaha Hadid, Patrik Schumacher

ဗိသုကာအဖွဲ့- Zaha Hadid Architects

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service