ကမၻာေက်ာ္ ဟာသ သရုပ္ေဆာင္ ေရာ္ဘင္ ဝီလ်ံစ္၏ ကယ္လီဖိုးနီးယားျပည္နယ္ရွိ ပင္လယ္ကမ္းေျခစံအိမ္ ကန္ေဒၚလာ ၇ သန္းေက်ာ္ျဖင့္ အေရာင္းေစ်းကြက္ဝင္လာ

ကမၻာေက်ာ္ ဟာသ သရုပ္ေဆာင္ ေရာ္ဘင္ ဝီလ်ံစ္၏ ကယ္လီဖိုးနီးယားျပည္နယ္ရွိ ပင္လယ္ကမ္းေျခစံအိမ္ ကန္ေဒၚလာ ၇ သန္းေက်ာ္ျဖင့္ အေရာင္းေစ်းကြက္ဝင္လာ - Property News in Myanmar from iMyanmarHouse.com
2 Dec 2019 12:15 pm တွင် တင်ခဲ့သည်
967 ကြိမ် ကြည့်ရှု့ပြီး

 ### Zawgyi Version ###

ကြယ္လြန္သြားျပီျဖစ္ေသာ ကမၻာေက်ာ္ ဟာသ သရုပ္ေဆာင္ ေရာ္ဘင္ ဝီလ်ံစ္၏ ကယ္လီဖိုးနီးယားျပည္နယ္ရွိ ပင္လယ္ကမ္းေျခစံအိမ္ ကန္ေဒၚလာ ၇ သန္းေက်ာ္ျဖင့္ အေရာင္းေစ်းကြက္ဝင္လာသည္။

ေရာ္ဘင္ဝီလ်ံက အိပ္ခန္း ၆ ခန္း ပါဝင္ေသာ တစ္ထပ္ေနအိမ္အေဆာက္အအံုကို ၂၀၀၈ ခုႏွစ္အတြင္း ဝယ္ယူခဲ့ျခင္းျဖစ္သည္။

ကန္ေဒၚလာ ၇ ဒသမ ၂၅ သန္းျဖင့္ ေစ်းေခၚကာ အေရာင္းေစ်းကြက္ဝင္လာေသာ စံအိမ္သည္ ကယ္လီဖိုးနီးယားျပည္နယ္၊ တီဘူရြန္ ကၽြန္းဆြယ္တြင္ တည္ရွိျပီး ဆန္ဖရန္စစၥကိုမွ အၾကမ္းဖ်င္းအားျဖင့္ ၁၅ မိုင္ခန္႔ ေဝးကြာသည္။

ေျမထဲပင္လယ္ဗိသုကာျဖင့္ ေဆာက္လုပ္ထားေသာ စံအိမ္ကို ေရာ္ဘင္ဝီလ်ံက ၂၀၀၈ ခုႏွစ္မွ စတင္ကာ ကြယ္လြန္ခ်ိန္ ၂၀၁၄ ခုႏွစ္အထိ ပိုင္ဆိုင္ခဲ့ျခင္းျဖစ္ျပီး ကြယ္လြန္ခ်ိန္တြင္ အသက္ ၆၃ ႏွစ္ရွိျပီ ျဖစ္သည္။

ဝယ္ယူခဲ့စဥ္က ေဒၚလာ ၄သန္္းေက်ာ္ေက်ာ္ေပးခဲ့ရျပီး Domus Dulcis Domus ဟုအမည္ရေသာ ကုမၸဏီမွတဆင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

၂၀၁၅ အတြင္းတြင္ ေနအိမ္၏ ပုိင္ဆုိင္မႈကို ဇနီးျဖစ္သူ မုဆိုးမ ဆုဆန္ဝီလ်ံစ္ ထံသုိ႔ လႊဲေျပာင္းေပးခဲ့ေၾကာင္း အိမ္ျခံေျမမွတ္တမ္းမ်ားတြင္ ေဖာ္ျပသည္။

စံအိမ္ကို ၁၉၈၇ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ျပီး အက်ယ္အဝန္းစတုရန္းေပ ၆၅၀၀ ရွိသည္။

စံအိမ္မွာ ျငိမ္းခ်မ္းဇိမ္က်ျပီး မိသားစု သက္ေတာင့္သက္သာေနထိုင္ရန္ ေကာင္းမြန္ေၾကာင္း Compass အိမ္ျခံေျမကုမၸဏီမွ ပင္နီရိုက္ မူလီဂန္ ႏွင့္ ဟာေလရိုက္တို႔ကေျပာၾကားသည္။

က်ယ္ဝန္းေသာ master bedroom တစ္ခန္းႏွင့္ မီးလင္းဖိုတစ္ခုပါဝင္ျပီး သစ္သားမ်ားျဖင့္ ကာရံမြမ္းမံထားေသာ ရံုးခန္းလည္း ပါဝင္သည္။

ေနအိမ္ျပင္ပရွိ ေရကန္ေနရာမွာ အိမ္တြင္းအိမ္ျပင္ ဝန္းက်င္ႏွစ္မ်ဳိးလံုးဟန္ ခံစားရေစမည္ျဖစ္ေၾကာင္းလည္း မစၥ ရိုက္ထ္ မူလီဂန္က ေျပာၾကားသည္။

ေရာ္ဘင္ ဝီလ်ံသည္ ၁၉၇၀ ျပည့္လြန္ အလယ္ပိုင္းကာလမ်ားတြင္ ဟာသ သရုပ္ေဆာင္အျဖစ္ စတင္ခဲ့ျပီး Good Morning, Vietnam” (၁၉၈၇), “Hook” (၁၉၉၁) ႏွင့္ “Jumanji” (၁၉၉၅) တို႔တြင္ ပါဝင္ခဲ့မႈျဖင့္ နာမည္ေက်ာ္ကာ ၁၉၉၇ ခုႏွစ္တြင္ ထုတ္လုပ္ခဲ့ေသာ “Good Will Hunting” ဇာတ္ကားျဖင့္ ေအာ္စကာဆု ရရွိခဲ့သည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

ကွယ်လွန်သွားပြီဖြစ်သော ကမ္ဘာကျော် ဟာသ သရုပ်ဆောင် ရော်ဘင် ဝီလျံစ်၏ ကယ်လီဖိုးနီးယားပြည်နယ်ရှိ ပင်လယ်ကမ်းခြေစံအိမ် ကန်ဒေါ်လာ ၇ သန်းကျော်ဖြင့် အရောင်းဈေးကွက်ဝင်လာသည်။ ရော်ဘင်ဝီလျံက အိပ်ခန်း ၆ ခန်း ပါဝင်သော တစ်ထပ်နေအိမ်အဆောက်အအုံကို ၂၀၀၈ ခုနှစ်အတွင်း ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ကန်ဒေါ်လာ ၇ ဒသမ ၂၅ သန်းဖြင့် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာသော စံအိမ်သည် ကယ်လီဖိုးနီးယားပြည်နယ်၊ တီဘူရွန် ကျွန်းဆွယ်တွင် တည်ရှိပြီး ဆန်ဖရန်စစ္စကိုမှ အကြမ်းဖျင်းအားဖြင့် ၁၅ မိုင်ခန့် ဝေးကွာသည်။

မြေထဲပင်လယ်ဗိသုကာဖြင့် ဆောက်လုပ်ထားသော စံအိမ်ကို ရော်ဘင်ဝီလျံက ၂၀၀၈ ခုနှစ်မှ စတင်ကာ ကွယ်လွန်ချိန် ၂၀၁၄ ခုနှစ်အထိ ပိုင်ဆိုင်ခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၆၃ နှစ်ရှိပြီ ဖြစ်သည်။

ဝယ်ယူခဲ့စဉ်က ဒေါ်လာ ၄သန်းကျော်ကျော်ပေးခဲ့ရပြီး Domus Dulcis Domus ဟုအမည်ရသော ကုမ္ပဏီမှတဆင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

၂၀၁၅ အတွင်းတွင် နေအိမ်၏ ပိုင်ဆိုင်မှုကို ဇနီးဖြစ်သူ မုဆိုးမ ဆုဆန်ဝီလျံစ် ထံသို့ လွှဲပြောင်းပေးခဲ့ကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။

စံအိမ်ကို ၁၉၈၇ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး အကျယ်အဝန်းစတုရန်းပေ ၆၅၀၀ ရှိသည်။

စံအိမ်မှာ ငြိမ်းချမ်းဇိမ်ကျပြီး မိသားစု သက်တောင့်သက်သာနေထိုင်ရန် ကောင်းမွန်ကြောင်း Compass အိမ်ခြံမြေကုမ္ပဏီမှ ပင်နီရိုက် မူလီဂန် နှင့် ဟာလေရိုက်တို့ကပြောကြားသည်။

ကျယ်ဝန်းသော master bedroom တစ်ခန်းနှင့် မီးလင်းဖိုတစ်ခုပါဝင်ပြီး သစ်သားများဖြင့် ကာရံမွမ်းမံထားသော ရုံးခန်းလည်း ပါဝင်သည်။

နေအိမ်ပြင်ပရှိ ရေကန်နေရာမှာ အိမ်တွင်းအိမ်ပြင် ဝန်းကျင်နှစ်မျိုးလုံးဟန် ခံစားရစေမည်ဖြစ်ကြောင်းလည်း မစ္စ ရိုက်ထ် မူလီဂန်က ပြောကြားသည်။

ရော်ဘင် ဝီလျံသည် ၁၉၇၀ ပြည့်လွန် အလယ်ပိုင်းကာလများတွင် ဟာသ သရုပ်ဆောင်အဖြစ် စတင်ခဲ့ပြီး Good Morning, Vietnam” (၁၉၈၇), “Hook” (၁၉၉၁) နှင့် “Jumanji” (၁၉၉၅) တို့တွင် ပါဝင်ခဲ့မှုဖြင့် နာမည်ကျော်ကာ ၁၉၉၇ ခုနှစ်တွင် ထုတ်လုပ်ခဲ့သော “Good Will Hunting” ဇာတ်ကားဖြင့် အော်စကာဆု ရရှိခဲ့သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
Mingalar Market
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service