ေဟာင္ေကာင္ရင္းႏွီးျမႇဳပ္ႏွံသူမ်ား လာမည့္ ၆ လအတြင္း မေလးရွားတြင္ အိမ္ ၁ ေသာင္းခန္႔ ဝယ္ယူႏိုင္ဖြယ္ရွိ

ေဟာင္ေကာင္ရင္းႏွီးျမႇဳပ္ႏွံသူမ်ား လာမည့္ ၆ လအတြင္း မေလးရွားတြင္ အိမ္ ၁ ေသာင္းခန္႔ ဝယ္ယူႏိုင္ဖြယ္ရွိ - Property News in Myanmar from iMyanmarHouse.com
29 Nov 2019 11:09 am တွင် တင်ခဲ့သည်
825 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ေဟာင္ေကာင္တြင္ ႏိုင္ငံေရးမတည္ၿငိမ္မႈမ်ားဆက္လက္ျဖစ္ပြားေနပါက လာမည့္ေျခာက္လအတြင္း ေဒသခံတို႔ ဝယ္ယူစုေဆာင္းၾကမည့္ မေလးရွားအိမ္ၿခံေျမအေရအတြက္စုစုေပါင္းသည္ ၁ ေသာင္းဝန္းက်င္သို႔ ျမင့္တက္ႏိုင္ဖြယ္ရွိသည္ဟု မေလးရွားအိမ္ၿခံေျမအတုိင္ပင္ခံကုမၸဏီ VPC Realtors (JB) Sdn Bhd Asia-Pacific ၏ အိမ္ၿခံေျမအတိုင္ပင္ခံ ဘ႐ုစ္လီက ခန္႔မွန္းခဲ့ေၾကာင္း The Malaysian Reserve မေလးရွားစီးပြားေရးသတင္းဝက္ဘ္ဆုိက္က ေဖာ္ျပခဲ့သည္။

တပ္ဖြဲ႕ေစလႊတ္မႈအပါအဝင္ တ႐ုတ္အစိုးရ၏ ေဟာင္ေကာင္ကို ထိန္းခ်ဳပ္ထားမႈေၾကာင့္ အေျခအေနမ်ား ပိုဆိုးလာႏုိင္သည္ဟု ေဟာင္ေကာင္ေဒသခံအမ်ားစုက ယူဆထားၾကသျဖင့္ ျဖစ္ပြားေနေသာ ႏုိင္ငံေရးအၾကမ္းဖက္ဆႏၵျပမႈမ်ားက ေဟာင္ေကာင္ေဒသခံမ်ားအား ျပည္ပအိမ္ၿခံေျမမ်ားတြင္ ရင္းႏွီးျမႇဳပ္ႏွံေစရန္ တြန္းအားေပးလိုက္သကဲ့သို႔ျဖစ္လာခဲ့သည္။

“မေလးရွားမွာ အိမ္ၿခံေျမဝယ္ဖို႔ဆိုၿပီး ေဟာင္ေကာင္ဝယ္လက္ေတြအသုတ္လိုက္အသုတ္လိုက္ ေရာက္ရွိလာၾကပါတယ္။ တစ္သုတ္ကို ေနအိမ္ ၅၀ ကေန ၁၀၀ အၾကား သီတင္းပတ္ကုန္တုိင္း အလွ်ဳိအလွ်ဳိလာဝယ္ၾကပါတယ္။ ဒီကေန႔အထိဆို သူတို႔ေတြ စုစုေပါင္း အိမ္ေပါင္း ၁,၀၀၀ ေက်ာ္ ဝယ္ယူစုေဆာင္းထားၿပီးၾကပါၿပီ။” ဟု လီက ေျပာၾကားခဲ့သည္။

ဇြန္မွ ၾသဂုတ္အထိ ေဟာင္ေကာင္ေဒသခံမ်ားသည္ မေလးရွားတြင္ ေနအိမ္ ၅၀၀ ဝယ္ယူထားၿပီးျဖစ္သည္။ တစ္အိမ္လွ်င္ ပ်မ္းမွ်အားျဖင့္ မေလးရွားရင္းဂစ္ ၁ သန္း သို႔မဟုတ္ အေမရိကန္ေဒၚလာ ၂၄၀,၀၀၀ ခန္႔ တန္ဖိုးရွိသည္။

ယခုခန္႔မွန္းထားသည့္ ေနအိမ္ ၁ ေသာင္းပမာဏႏွင့္ဆိုေသာ္ လာမည့္ေျခာက္လအတြင္း ေဟာင္ေကာင္ေဒသခံတို႔ဝယ္ယူမည့္ေနအိမ္စုစုေပါင္းတန္ဖိုးသည္ မေလးရွားရင္းဂစ္ ၁၀ ဘီလ်ံ ရွိလာႏုိင္ေပသည္။

ေဟာင္ေကာင္မွ ရင္းႏွီးျမႇဳပ္ႏွံသူဦးေရျမင့္တက္လာျခင္းက မေလးရွားတြင္ စုၿပံဳေနသည့္ ေရာင္းမထြက္ေသးေသာေနအိမ္အေရအတြက္ကို အနည္းဆံုး ၁ဝ ရာခိုင္ႏႈန္း ေလွ်ာ့ခ်ေပးႏုိင္မည္ဟုလည္း လီက တြက္ခ်က္ျပခဲ့သည္။

ေဟာင္ေကာင္ေဒသခံတုိ႔သည္ မေလးရွားအား စကၤာပူႏွင့္ယွဥ္လွ်င္ ပိုမိုအလားအလာေကာင္းေသာ ေရြးခ်ယ္စရာေနရာတစ္ခုအျဖစ္ ႐ႈျမင္ေနၾကသည္။ အဘယ္ေၾကာင့္ဆိုေသာ္ မေလးရွားတြင္ တ႐ုတ္လူမ်ဳိး ၃၂ သန္း ေနထိုင္ၿပီး အိမ္ေဈးလည္း ပိုမိုသက္သာေသာေၾကာင့္ျဖစ္သည္။

တ႐ုတ္ထိပ္တန္းျပည္ပအိမ္ၿခံေျမရွာေဖြေရးဝက္ဘ္ဆုိက္ Juwai.com ၏ အမႈေဆာင္ဥကၠ႒ ေဂ်ာ့ဂ်္စီမီယယ္လ္က မေလးရွားအား ၂၀၁၉ ပထမႏွစ္ဝက္အတြင္း တ႐ုတ္ႏုိင္ငံသားတုိ႔၏ အိမ္ၿခံေျမစံုစမ္းေမးျမန္းခံရသည့္ႏိုင္ငံမ်ားတြင္ ကမာၻ႕ပၪၥမအစံုစမ္းခံရဆံုးႏုိင္ငံအျဖစ္ အဆင့္သတ္မွတ္ခဲ့သည္။

“တ႐ုတ္ႏိုင္ငံသားေတြဟာ ယခု ၂၀၁၉ ခုႏွစ္တတိယသံုးလပတ္မွာ ၂၀၁၈ တတိယသံုးလပတ္တုန္းကထက္ မေလးရွားအိမ္ၿခံေျမကို ၁၆ ဒသမ ၅ ရာခုိင္ႏႈန္း ပိုမိုစံုစမ္းေမးျမန္းၾကပါတယ္။ ယခုႏွစ္တတိယသံုးလပတ္အတြင္း ဝယ္ဖုိ႔စံုစမ္းေမးျမန္းမႈေတြက အျမင့္ဆံုးျဖစ္ခဲ့တဲ့ ယခုႏွစ္ပထမသံုးလပတ္ေအာက္ က်ဆင္းသြားေပမဲ့ ၂၀၁၈ ရဲ႕ ပ်မ္းမွ်အဆင့္အထက္မွာေတာ့ ရွိပါေသးတယ္” ဟုလည္း သူက ျဖည့္စြက္ေျပာၾကားခဲ့ေသးေၾကာင္း သိရသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

ဟောင်ကောင်တွင် နိုင်ငံရေးမတည်ငြိမ်မှုများဆက်လက်ဖြစ်ပွားနေပါက လာမည့်ခြောက်လအတွင်း ဒေသခံတို့ ဝယ်ယူစုဆောင်းကြမည့် မလေးရှားအိမ်ခြံမြေအရေအတွက်စုစုပေါင်းသည် ၁ သောင်းဝန်းကျင်သို့ မြင့်တက်နိုင်ဖွယ်ရှိသည်ဟု မလေးရှားအိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီ VPC Realtors (JB) Sdn Bhd Asia-Pacific ၏ အိမ်ခြံမြေအတိုင်ပင်ခံ ဘရုစ်လီက ခန့်မှန်းခဲ့ကြောင်း The Malaysian Reserve မလေးရှားစီးပွားရေးသတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။

တပ်ဖွဲ့စေလွှတ်မှုအပါအဝင် တရုတ်အစိုးရ၏ ဟောင်ကောင်ကို ထိန်းချုပ်ထားမှုကြောင့် အခြေအနေများ ပိုဆိုးလာနိုင်သည်ဟု ဟောင်ကောင်ဒေသခံအများစုက ယူဆထားကြသဖြင့် ဖြစ်ပွားနေသော နိုင်ငံရေးအကြမ်းဖက်ဆန္ဒပြမှုများက ဟောင်ကောင်ဒေသခံများအား ပြည်ပအိမ်ခြံမြေများတွင် ရင်းနှီးမြှုပ်နှံစေရန် တွန်းအားပေးလိုက်သကဲ့သို့ဖြစ်လာခဲ့သည်။

“မလေးရှားမှာ အိမ်ခြံမြေဝယ်ဖို့ဆိုပြီး ဟောင်ကောင်ဝယ်လက်တွေအသုတ်လိုက်အသုတ်လိုက် ရောက်ရှိလာကြပါတယ်။ တစ်သုတ်ကို နေအိမ် ၅၀ ကနေ ၁၀၀ အကြား သီတင်းပတ်ကုန်တိုင်း အလျှိုအလျှိုလာဝယ်ကြပါတယ်။ ဒီကနေ့အထိဆို သူတို့တွေ စုစုပေါင်း အိမ်ပေါင်း ၁,၀၀၀ ကျော် ဝယ်ယူစုဆောင်းထားပြီးကြပါပြီ။” ဟု လီက ပြောကြားခဲ့သည်။

ဇွန်မှ သြဂုတ်အထိ ဟောင်ကောင်ဒေသခံများသည် မလေးရှားတွင် နေအိမ် ၅၀၀ ဝယ်ယူထားပြီးဖြစ်သည်။ တစ်အိမ်လျှင် ပျမ်းမျှအားဖြင့် မလေးရှားရင်းဂစ် ၁ သန်း သို့မဟုတ် အမေရိကန်ဒေါ်လာ ၂၄၀,၀၀၀ ခန့် တန်ဖိုးရှိသည်။

ယခုခန့်မှန်းထားသည့် နေအိမ် ၁ သောင်းပမာဏနှင့်ဆိုသော် လာမည့်ခြောက်လအတွင်း ဟောင်ကောင်ဒေသခံတို့ဝယ်ယူမည့်နေအိမ်စုစုပေါင်းတန်ဖိုးသည် မလေးရှားရင်းဂစ် ၁၀ ဘီလျံ ရှိလာနိုင်ပေသည်။

ဟောင်ကောင်မှ ရင်းနှီးမြှုပ်နှံသူဦးရေမြင့်တက်လာခြင်းက မလေးရှားတွင် စုပြုံနေသည့် ရောင်းမထွက်သေးသောနေအိမ်အရေအတွက်ကို အနည်းဆုံး ၁ဝ ရာခိုင်နှုန်း လျှော့ချပေးနိုင်မည်ဟုလည်း လီက တွက်ချက်ပြခဲ့သည်။

ဟောင်ကောင်ဒေသခံတို့သည် မလေးရှားအား စင်္ကာပူနှင့်ယှဉ်လျှင် ပိုမိုအလားအလာကောင်းသော ရွေးချယ်စရာနေရာတစ်ခုအဖြစ် ရှုမြင်နေကြသည်။ အဘယ်ကြောင့်ဆိုသော် မလေးရှားတွင် တရုတ်လူမျိုး ၃၂ သန်း နေထိုင်ပြီး အိမ်ဈေးလည်း ပိုမိုသက်သာသောကြောင့်ဖြစ်သည်။

တရုတ်ထိပ်တန်းပြည်ပအိမ်ခြံမြေရှာဖွေရေးဝက်ဘ်ဆိုက် Juwai.com ၏ အမှုဆောင်ဥက္ကဋ္ဌ ဂျော့ဂျ်စီမီယယ်လ်က မလေးရှားအား ၂၀၁၉ ပထမနှစ်ဝက်အတွင်း တရုတ်နိုင်ငံသားတို့၏ အိမ်ခြံမြေစုံစမ်းမေးမြန်းခံရသည့်နိုင်ငံများတွင် ကမ္ဘာ့ပဉ္စမအစုံစမ်းခံရဆုံးနိုင်ငံအဖြစ် အဆင့်သတ်မှတ်ခဲ့သည်။

“တရုတ်နိုင်ငံသားတွေဟာ ယခု ၂၀၁၉ ခုနှစ်တတိယသုံးလပတ်မှာ ၂၀၁၈ တတိယသုံးလပတ်တုန်းကထက် မလေးရှားအိမ်ခြံမြေကို ၁၆ ဒသမ ၅ ရာခိုင်နှုန်း ပိုမိုစုံစမ်းမေးမြန်းကြပါတယ်။ ယခုနှစ်တတိယသုံးလပတ်အတွင်း ဝယ်ဖို့စုံစမ်းမေးမြန်းမှုတွေက အမြင့်ဆုံးဖြစ်ခဲ့တဲ့ ယခုနှစ်ပထမသုံးလပတ်အောက် ကျဆင်းသွားပေမဲ့ ၂၀၁၈ ရဲ့ ပျမ်းမျှအဆင့်အထက်မှာတော့ ရှိပါသေးတယ်” ဟုလည်း သူက ဖြည့်စွက်ပြောကြားခဲ့သေးကြောင်း သိရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service