ကမၻာေက်ာ္ R&B , Hip Hop အဆိုေတာ္ The Weeknd က ေလာ့စ္အိန္ဂ်လိ၏ ေစ်းအၾကီးဆံုးစာရင္းတြင္ ပါဝင္သည့္ Penthouse ခန္းတစ္ခန္းကို ကန္ေဒၚလာ ၂၁ သန္းျဖင့္ ဝယ္ယူ

ကမၻာေက်ာ္ R&B , Hip Hop အဆိုေတာ္ The Weeknd က ေလာ့စ္အိန္ဂ်လိ၏ ေစ်းအၾကီးဆံုးစာရင္းတြင္ ပါဝင္သည့္ Penthouse ခန္းတစ္ခန္းကို ကန္ေဒၚလာ ၂၁ သန္းျဖင့္ ဝယ္ယူ - Property News in Myanmar from iMyanmarHouse.com
28 Nov 2019 12:23 pm တွင် တင်ခဲ့သည်
950 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ကမၻာေက်ာ္ R&B , Hip Hop အဆိုေတာ္ The Weeknd ၏ အမည္ရင္းမွာ ေအဘယ္လ္ မက္ကိုနင္ တက္စ္ဖားယီျဖစ္ျပီး အဆိုေတာ္ အမည္ The Weeknd ျဖင့္သာ လူသိမ်ားသည္။

ကေနဒါ အဆိုေတာ္၊ ေတးေရး၊ ေတးထုတ္လုပ္သူတစ္ဦးျဖစ္ျပီး ၁၉၉၀ ျပည့္ႏွစ္၊ ေဖေဖာ္ဝါရီ ၁၆ ရက္တြင္ ေမြးဖြားသည္။

ကမၻာ့ဂီတေလာက၏ အကယ္ဒမီဆုျဖစ္ေသာ ဂရမ္မီဆု ၃ ဆု၊ ဘီလ္ဘုတ္ ဂီတဆု ၈ ဆု၊ အေမရိကန္ဂီတဆု ၂ ခု၊ Juno Awards ၉ ခု ရရွိထားျပီး အေကာင္းဆံုးေတးဂီတ ေအာ္စကာဆု ၁ ဆုအတြက္ ဇကာတင္စာရင္းဝင္ခဲ့ဖူးသည္။

ကမၻာတစ္ဝန္းတြင္ The Weeknd ၏ ေတးအယ္လ္ဘမ္အခ်ပ္ေရ သန္း ၇၀ ေက်ာ္ ေရာင္းခ်ထားရျပီး ျဖစ္သည္။

ယခုအခါ The Weeknd က ေလာ့စ္အိန္ဂ်လိတြင္ အေရာင္းအဝယ္ျဖစ္ခဲ့သည့္ ကြန္ဒိုခန္းမ်ားတြင္ ေစ်းအၾကီးဆံုးတစ္ခုျဖစ္ေသာ ကြန္ဒိုခန္းတစ္ခန္းကို ကန္ေဒၚလာ ၂၁ သန္းျဖင့္ ဝယ္ယူလိုက္ေၾကာင္း သတင္းရင္းျမစ္တစ္ခုက အတည္ျပဳသည္ဟု နယူးေယာက္ အေျခစိုက္ အိမ္ျခံေျမသတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။

Penthouse ခန္းတြင္ အိပ္ခန္း ၄ ခန္း၊ ၾကမ္းျပင္မွ မ်က္ႏွာၾကက္ထိျမင့္မားသည့္ မွန္ျပတင္းမ်ား ပါဝင္ကာ ၁၈ ထပ္ေျမာက္ တစ္ထပ္လံုးကို ျဖန္႔က်က္ေနရာယူထားသည္။

ေလာ့စ္အိန္ဂ်လိျမိဳ႕၊ Beverly West အရပ္ရွိ ၂၂ ထပ္ အေဆာက္အအံုၾကီးတြင္ တည္ရွိျပီး အဆိုပါအေဆာက္အအံုတြင္ အခန္းေပါင္း ၃၅ ခန္း ပါဝင္သည္။

ယခုအေဆာက္အအံုၾကီးတြင္ပင္ရွိေသာ အျခား penthouse ခန္းတစ္ခန္းကို ကန္ေဒၚလာ ၂၁ သန္းျဖင့္ပင္ အိမ္ျခံေျမ developer တစ္ဦးျဖစ္သူ ရစ္ခ်တ္ လီဝစ္ထံ ေရာင္းခ်မႈျဖစ္ေပၚအျပီး မၾကာမီတြင္ The Weeknd က ဝယ္ယူလိုက္ျခင္းျဖစ္သည္ဟု အိမ္ျခံေျမမွတ္တမ္းမ်ားတြင္ ေဖာ္ျပသည္။

အသက္ ၂၉ ႏွစ္ရွိ ဂရမ္မီဆုရွင္ အဆိုေတာ္ The Weeknd အေနျဖင့္ မိုးေမွ်ာ္တိုက္မ်ားတြင္ ေနထိုင္သည့္ လူေနမႈပံုစံသို႔ ကူးေျပာင္းလာျခင္းျဖစ္ေၾကာင္း ယခုအေရာင္းအဝယ္က ျပသေနသည္။

The Weeknd သည္ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ Hidden Hills အရပ္တြင္ စံအိမ္တစ္လံုးပိုင္ဆိုင္ထားေသးသည္။

အဆိုပါစံအိမ္ကို The Weeknd က ျပီးခဲ့ေသာ ၂ ႏွစ္ခန္႔က ကန္ေဒၚလာ ၁၈ သန္းေက်ာ္ျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

ယခုကြန္ဒိုအေဆာက္အအံုတြင္ အားကစားေလ့က်င့္ေရးခန္းမ၊ ၂၄ နာရီလံုျခံဳေရးတို႔ပါဝင္သည္။ အထူးသျဖင့္ ၂၄ နာရီ လံုျခံဳေရးပါဝင္ျခင္းသည္ The Weeknd အတြက္ အထူးႏွစ္သက္ေစမည့္အခ်က္တစ္ခုျဖစ္ေၾကာင္း ယခုအေရာင္းအဝယ္ကို ကိုင္တြယ္ခဲ့သည့္ အိမ္ျခံေျမအက်ဳိးေဆာင္တို႔က ေျပာၾကားသည္။

ေရာင္းခ်သူဘက္မွ ကိုယ္စားျပဳခဲ့သည္မွာ Hilton & Hyland မွ ဘီလ္ ဆင့္ပ္ဆင္၊ ဂ်က္ဖ္ ဟိုင္လန္းႏွင့္ ဆူဆန္ ပီကစ္ခ်္တို႔ ပါဝင္ေသာ အက်ဳိးေဆာင္အဖြဲ႔က ကိုယ္စားျပဳျပီး The Weeknd ဘက္မွ ကိုယ္စားျပဳသည့္အက်ဳိးေဆာင္မွာ The Agency မွ အိန္ဂ်ယ္ ဆယ္လ္ေဗေဒါျဖစ္သည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

ကမ္ဘာကျော် R&B , Hip Hop အဆိုတော် The Weeknd ၏ အမည်ရင်းမှာ အေဘယ်လ် မက်ကိုနင် တက်စ်ဖားယီဖြစ်ပြီး အဆိုတော် အမည် The Weeknd ဖြင့်သာ လူသိများသည်။

ကနေဒါ အဆိုတော်၊ တေးရေး၊ တေးထုတ်လုပ်သူတစ်ဦးဖြစ်ပြီး ၁၉၉၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်တွင် မွေးဖွားသည်။

ကမ္ဘာ့ဂီတလောက၏ အကယ်ဒမီဆုဖြစ်သော ဂရမ်မီဆု ၃ ဆု၊ ဘီလ်ဘုတ် ဂီတဆု ၈ ဆု၊ အမေရိကန်ဂီတဆု ၂ ခု၊ Juno Awards ၉ ခု ရရှိထားပြီး အကောင်းဆုံးတေးဂီတ အော်စကာဆု ၁ ဆုအတွက် ဇကာတင်စာရင်းဝင်ခဲ့ဖူးသည်။

ကမ္ဘာတစ်ဝန်းတွင် The Weeknd ၏ တေးအယ်လ်ဘမ်အချပ်ရေ သန်း ၇၀ ကျော် ရောင်းချထားရပြီး ဖြစ်သည်။

ယခုအခါ The Weeknd က လော့စ်အိန်ဂျလိတွင် အရောင်းအဝယ်ဖြစ်ခဲ့သည့် ကွန်ဒိုခန်းများတွင် ဈေးအကြီးဆုံးတစ်ခုဖြစ်သော ကွန်ဒိုခန်းတစ်ခန်းကို ကန်ဒေါ်လာ ၂၁ သန်းဖြင့် ဝယ်ယူလိုက်ကြောင်း သတင်းရင်းမြစ်တစ်ခုက အတည်ပြုသည်ဟု နယူးယောက် အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

Penthouse ခန်းတွင် အိပ်ခန်း ၄ ခန်း၊ ကြမ်းပြင်မှ မျက်နှာကြက်ထိမြင့်မားသည့် မှန်ပြတင်းများ ပါဝင်ကာ ၁၈ ထပ်မြောက် တစ်ထပ်လုံးကို ဖြန့်ကျက်နေရာယူထားသည်။

လော့စ်အိန်ဂျလိမြို့၊ Beverly West အရပ်ရှိ ၂၂ ထပ် အဆောက်အအုံကြီးတွင် တည်ရှိပြီး အဆိုပါအဆောက်အအုံတွင် အခန်းပေါင်း ၃၅ ခန်း ပါဝင်သည်။

ယခုအဆောက်အအုံကြီးတွင်ပင်ရှိသော အခြား penthouse ခန်းတစ်ခန်းကို ကန်ဒေါ်လာ ၂၁ သန်းဖြင့်ပင် အိမ်ခြံမြေ developer တစ်ဦးဖြစ်သူ ရစ်ချတ် လီဝစ်ထံ ရောင်းချမှုဖြစ်ပေါ်အပြီး မကြာမီတွင် The Weeknd က ဝယ်ယူလိုက်ခြင်းဖြစ်သည်ဟု အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။

အသက် ၂၉ နှစ်ရှိ ဂရမ်မီဆုရှင် အဆိုတော် The Weeknd အနေဖြင့် မိုးမျှော်တိုက်များတွင် နေထိုင်သည့် လူနေမှုပုံစံသို့ ကူးပြောင်းလာခြင်းဖြစ်ကြောင်း ယခုအရောင်းအဝယ်က ပြသနေသည်။

The Weeknd သည် လော့စ်အိန်ဂျလိမြို့၊ Hidden Hills အရပ်တွင် စံအိမ်တစ်လုံးပိုင်ဆိုင်ထားသေးသည်။

အဆိုပါစံအိမ်ကို The Weeknd က ပြီးခဲ့သော ၂ နှစ်ခန့်က ကန်ဒေါ်လာ ၁၈ သန်းကျော်ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ယခုကွန်ဒိုအဆောက်အအုံတွင် အားကစားလေ့ကျင့်ရေးခန်းမ၊ ၂၄ နာရီလုံခြုံရေးတို့ပါဝင်သည်။ အထူးသဖြင့် ၂၄ နာရီ လုံခြုံရေးပါဝင်ခြင်းသည် The Weeknd အတွက် အထူးနှစ်သက်စေမည့်အချက်တစ်ခုဖြစ်ကြောင်း ယခုအရောင်းအဝယ်ကို ကိုင်တွယ်ခဲ့သည့် အိမ်ခြံမြေအကျိုးဆောင်တို့က ပြောကြားသည်။

ရောင်းချသူဘက်မှ ကိုယ်စားပြုခဲ့သည်မှာ Hilton & Hyland မှ ဘီလ် ဆင့်ပ်ဆင်၊ ဂျက်ဖ် ဟိုင်လန်းနှင့် ဆူဆန် ပီကစ်ချ်တို့ ပါဝင်သော အကျိုးဆောင်အဖွဲ့က ကိုယ်စားပြုပြီး The Weeknd ဘက်မှ ကိုယ်စားပြုသည့်အကျိုးဆောင်မှာ The Agency မှ အိန်ဂျယ် ဆယ်လ်ဗေဒေါဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service