ေဒၚလာ ၅ ဒသမ ၅ သန္းတန္ ေပါေလာေပၚဇိမ္ခံအိမ္

ေဒၚလာ ၅ ဒသမ ၅ သန္းတန္ ေပါေလာေပၚဇိမ္ခံအိမ္ - Property News in Myanmar from iMyanmarHouse.com
28 Nov 2019 11:08 am တွင် တင်ခဲ့သည်
1024 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

Arkup ဆိုတာကေတာ့ စတုရန္းေပ ၄၃၀၀ က်ယ္ဝန္းတဲ့ ေခတ္မီဗီလာအိမ္ပံုစံ ဇိမ္ခံရြက္ေလွတစ္ခုပဲျဖစ္ပါတယ္။ ၎ဟာ သေဘၤာတစ္စင္းလိုလည္း ေရမွာေမ်ာပါေနႏုိင္ပါတယ္။ လိႈင္းၾကမ္းေတြနဲ႔ရင္ဆုိင္ရတဲ့အခါမွာလည္း တည္တည္ၿငိမ္ျငိမ္ေနႏုိင္ဖို႔အတြက္ ဟိုက္ဒေရာလစ္ေအာက္ခံတုိင္ေတြသံုးၿပီးေတာ့လည္း လိႈင္းလံုးေတြကို ေက်ာ္လႊားႏုိင္ပါတယ္။ ဒါ့အျပင္ အဆင့္ေလးရွိတဲ့ ဟာရီကိန္းမုန္တိုင္းဒဏ္ကိုလည္း ခံႏုိင္ရည္ရွိေအာင္ေဆာက္လုပ္ထားတယ္လုိ႔ သိရပါတယ္။

အေပ်ာ္စီးသေဘၤာနဲ႔ခရီးထြက္ရတာ၊ ရြက္လႊင့္ရတာကို ႀကိဳက္ႏွစ္သက္ေပမဲ့ ခရီးပန္းမယ့္ေဝဒနာကိုမလိုခ်င္ဘဲ မိမိအိမ္မွာေနသလိုပဲ သက္ေသာင့္သက္သာျဖစ္ခ်င္သူေတြအတြက္ ယခုသတင္းပါအေမရိကန္ေဒၚလာ ၅ ဒသမ ၅ သန္းတန္ ရြက္ေလွအိမ္ Arkup က အသင့္ရွိေနပါတယ္။ ဇိမ္ခံပင္လယ္ကူးသေဘၤာတစ္စင္းရဲ႕ႏွစ္ဆရွိတဲ့ ကမာၻ႕ေနာက္ဆံုးေပၚအိမ္ရြက္ေလွ Arkup ဟာ ၁၀၀ ကီလိုဝပ္/ ၂၇၂ ျမင္းေကာင္ေရအားရွိ လွ်ပ္စစ္အင္ဂ်င္ႏွစ္လံုးရဲ႕အစြမ္းေၾကာင့္ ေရေပၚေပါေလာေပၚေနတဲ့ဗီလာအိမ္တစ္လံုးပဲျဖစ္ပါတယ္။ Arkup မွာ အိပ္ခန္းေလးခန္း၊ ဧည့္ခန္းတစ္ခန္း၊ မီးဖိုခန္းတစ္ခန္း၊ သန္႔စင္ခန္းေလးခန္းခြဲ၊ ေရဆင္းကူးဖို႔စင္ျမင့္တစ္ခု၊ ျပန္႐ုပ္သြင္းႏုိင္တဲ့ ကုန္းပတ္နဲ႔ ဆိုလာျပားေတြနဲ႔ပဲအုပ္ထားတဲ့ အမိုးတို႔ ပါဝင္ပါတယ္။ မိုးေရသန္႔စင္စနစ္တပ္ဆင္ထားတာေၾကာင့္ ေရခ်ဳိဂါလံေလးေထာင္ ခမ္းသြားႏုိင္ဖို႔အခြင့္အေရး အရမ္းကိုနည္းပါတယ္။ ဒါေၾကာင့္မို႔လို႔ သေဘၤာေပၚမွာ အစားအစာေတြရွိေနသေရြ႕ ရြက္လႊင့္ေနႏုိင္မွာပါ။

ၾကမ္းတမ္းခက္ထန္လွတဲ့ပင္လယ္ျပင္အေျခအေနေတြအတြက္ ဒီဇိုင္းမထြင္ထားေပမဲ့ ဒီအံ့ခ်ီးေလာက္စရာေပါေလာအိမ္ဟာ ဟိုက္ဒေရာလစ္ေအာက္ခံတုိင္စနစ္ေလးခုရဲ႕အကူေၾကာင့္ ပင္လယ္ေရမ်က္ႏွာျပင္အထက္မွာ ျမင့္တက္ေပၚထြန္းေနႏုိင္ပါတယ္။ တိတိက်က်ေျပာရမယ္ဆုိရင္ ကမ္း႐ိုးတန္းပင္လယ္ေရမ်က္ႏွာျပင္အတြက္ ပိုပိုလွ်ံလွ်ံျဖစ္တဲ့ ေပ ၃၀ အထိ ျမင့္တက္ႏုိင္တယ္လို႔ သိရပါတယ္။

“ေရေၾကာင္းသြားလာႏုိင္စြမ္းနဲ႔ ေရြ႕လ်ားႏႈန္းေတြကိုေတာ့ အဆင့္ျမင့္ေအာင္မစြမ္းေဆာင္ႏုိင္ေသးပါဘူး။ Arkup နဲ႔ ကမာၻေတာ့ ပတ္လို႔မရေပမဲ့ ဥပမာ British Virgin Islands ဒါမွမဟုတ္ ဘဟားမားစ္မွာ ရြက္လႊင့္လို႔ရပါတယ္။” လို႔ Arkup ရဲ႕ ပူးတြဲဒီဇိုင္နာ နီကိုးလက္စ္ဒီ႐ူအင္က Miami Herald သတင္းစာကို ေျပာၾကားခဲ့ပါတယ္။

Arkup ဟာ အျမန္ဆံုးေရမိုင္ ၇ မိုင္ႏႈန္း ေရာက္ရွိၿပီး ထပ္တိုးဘတၳရီေတြ၊ အရန္မီးစက္ေတြနဲ႔ပါ စီမံလိုက္မယ္ဆုိရင္ေတာ့ ေရမိုင္ ၂၀ အထိ ေရာက္ရွိႏုိင္ပါတယ္။ ေသခ်ာတာကေတာ့ သူ႕ကို ရက္ရွည္ခရီးအတြက္ တီထြင္ထားတာ လံုးဝမဟုတ္ပါဘူး။

“ခင္ဗ်ားအေနနဲ႔ ေရေပၚမွာေရာက္ေနတယ္ဆိုတဲ့ ထင္ရွားတဲ့ခံစားခ်က္ကို ဘယ္လိုမွလြတ္သြားမွာမဟုတ္သလို သေဘၤာတစ္စင္းေပၚမွာေနေနရတာထက္ အိမ္တစ္အိမ္မွာေရာက္ရွိေနသလိုမ်ဳိးပါ ခံစားရမွာပါ။ သမား႐ိုးက်သေဘၤာေတြေပၚမွာလို မလြတ္မလပ္ေခါင္းငံု႔တိမ္းေရွာင္ေနရမယ့္ေနရာအက်ပ္အတည္းမ်ဳိးမရွိတဲ့အျပင္ လိႈင္းမူးတဲ့ခံစားခ်က္လည္း ခံစားရမွာမဟုတ္ပါဘူး” လို႔လည္း ဒီ႐ူအင္က ေျပာၾကားခဲ့ပါေသးတယ္။

ရသအျပည့္အစံု Arkup က ေဒၚလာ ၅ ဒသမ ၅ သန္းဆိုေပမဲ့ မိမိစိတ္ႀကိဳက္ေအာ္ဒါမွာမယ္ဆိုရင္ေတာ့ ေဒၚလာ ၂,၂၆၇,၀၀၀ ေလာက္အထိ ေဈးအသက္သာဆံုးနဲ႔မွာယူႏိုင္တယ္လို႔လည္း သိရပါတယ္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

Arkup ဆိုတာကတော့ စတုရန်းပေ ၄၃၀၀ ကျယ်ဝန်းတဲ့ ခေတ်မီဗီလာအိမ်ပုံစံ ဇိမ်ခံရွက်လှေတစ်ခုပဲဖြစ်ပါတယ်။ ၎င်းဟာ သင်္ဘောတစ်စင်းလိုလည်း ရေမှာမျောပါနေနိုင်ပါတယ်။ လှိုင်းကြမ်းတွေနဲ့ရင်ဆိုင်ရတဲ့အခါမှာလည်း တည်တည်ငြိမ်ငြိမ်နေနိုင်ဖို့အတွက် ဟိုက်ဒရောလစ်အောက်ခံတိုင်တွေသုံးပြီးတော့လည်း လှိုင်းလုံးတွေကို ကျော်လွှားနိုင်ပါတယ်။ ဒါ့အပြင် အဆင့်လေးရှိတဲ့ ဟာရီကိန်းမုန်တိုင်းဒဏ်ကိုလည်း ခံနိုင်ရည်ရှိအောင်ဆောက်လုပ်ထားတယ်လို့ သိရပါတယ်။

အပျော်စီးသင်္ဘောနဲ့ခရီးထွက်ရတာ၊ ရွက်လွှင့်ရတာကို ကြိုက်နှစ်သက်ပေမဲ့ ခရီးပန်းမယ့်ဝေဒနာကိုမလိုချင်ဘဲ မိမိအိမ်မှာနေသလိုပဲ သက်သောင့်သက်သာဖြစ်ချင်သူတွေအတွက် ယခုသတင်းပါအမေရိကန်ဒေါ်လာ ၅ ဒသမ ၅ သန်းတန် ရွက်လှေအိမ် Arkup က အသင့်ရှိနေပါတယ်။ ဇိမ်ခံပင်လယ်ကူးသင်္ဘောတစ်စင်းရဲ့နှစ်ဆရှိတဲ့ ကမ္ဘာ့နောက်ဆုံးပေါ်အိမ်ရွက်လှေ Arkup ဟာ ၁၀၀ ကီလိုဝပ်/ ၂၇၂ မြင်းကောင်ရေအားရှိ လျှပ်စစ်အင်ဂျင်နှစ်လုံးရဲ့အစွမ်းကြောင့် ရေပေါ်ပေါလောပေါ်နေတဲ့ဗီလာအိမ်တစ်လုံးပဲဖြစ်ပါတယ်။ Arkup မှာ အိပ်ခန်းလေးခန်း၊ ဧည့်ခန်းတစ်ခန်း၊ မီးဖိုခန်းတစ်ခန်း၊ သန့်စင်ခန်းလေးခန်းခွဲ၊ ရေဆင်းကူးဖို့စင်မြင့်တစ်ခု၊ ပြန်ရုပ်သွင်းနိုင်တဲ့ ကုန်းပတ်နဲ့ ဆိုလာပြားတွေနဲ့ပဲအုပ်ထားတဲ့ အမိုးတို့ ပါဝင်ပါတယ်။ မိုးရေသန့်စင်စနစ်တပ်ဆင်ထားတာကြောင့် ရေချိုဂါလံလေးထောင် ခမ်းသွားနိုင်ဖို့အခွင့်အရေး အရမ်းကိုနည်းပါတယ်။ ဒါကြောင့်မို့လို့ သင်္ဘောပေါ်မှာ အစားအစာတွေရှိနေသရွေ့ ရွက်လွှင့်နေနိုင်မှာပါ။

ကြမ်းတမ်းခက်ထန်လှတဲ့ပင်လယ်ပြင်အခြေအနေတွေအတွက် ဒီဇိုင်းမထွင်ထားပေမဲ့ ဒီအံ့ချီးလောက်စရာပေါလောအိမ်ဟာ ဟိုက်ဒရောလစ်အောက်ခံတိုင်စနစ်လေးခုရဲ့အကူကြောင့် ပင်လယ်ရေမျက်နှာပြင်အထက်မှာ မြင့်တက်ပေါ်ထွန်းနေနိုင်ပါတယ်။ တိတိကျကျပြောရမယ်ဆိုရင် ကမ်းရိုးတန်းပင်လယ်ရေမျက်နှာပြင်အတွက် ပိုပိုလျှံလျှံဖြစ်တဲ့ ပေ ၃၀ အထိ မြင့်တက်နိုင်တယ်လို့ သိရပါတယ်။

“ရေကြောင်းသွားလာနိုင်စွမ်းနဲ့ ရွေ့လျားနှုန်းတွေကိုတော့ အဆင့်မြင့်အောင်မစွမ်းဆောင်နိုင်သေးပါဘူး။ Arkup နဲ့ ကမ္ဘာတော့ ပတ်လို့မရပေမဲ့ ဥပမာ British Virgin Islands ဒါမှမဟုတ် ဘဟားမားစ်မှာ ရွက်လွှင့်လို့ရပါတယ်။” လို့ Arkup ရဲ့ ပူးတွဲဒီဇိုင်နာ နီကိုးလက်စ်ဒီရူအင်က Miami Herald သတင်းစာကို ပြောကြားခဲ့ပါတယ်။

Arkup ဟာ အမြန်ဆုံးရေမိုင် ၇ မိုင်နှုန်း ရောက်ရှိပြီး ထပ်တိုးဘတ္ထရီတွေ၊ အရန်မီးစက်တွေနဲ့ပါ စီမံလိုက်မယ်ဆိုရင်တော့ ရေမိုင် ၂၀ အထိ ရောက်ရှိနိုင်ပါတယ်။ သေချာတာကတော့ သူ့ကို ရက်ရှည်ခရီးအတွက် တီထွင်ထားတာ လုံးဝမဟုတ်ပါဘူး။

“ခင်ဗျားအနေနဲ့ ရေပေါ်မှာရောက်နေတယ်ဆိုတဲ့ ထင်ရှားတဲ့ခံစားချက်ကို ဘယ်လိုမှလွတ်သွားမှာမဟုတ်သလို သင်္ဘောတစ်စင်းပေါ်မှာနေနေရတာထက် အိမ်တစ်အိမ်မှာရောက်ရှိနေသလိုမျိုးပါ ခံစားရမှာပါ။ သမားရိုးကျသင်္ဘောတွေပေါ်မှာလို မလွတ်မလပ်ခေါင်းငုံ့တိမ်းရှောင်နေရမယ့်နေရာအကျပ်အတည်းမျိုးမရှိတဲ့အပြင် လှိုင်းမူးတဲ့ခံစားချက်လည်း ခံစားရမှာမဟုတ်ပါဘူး” လို့လည်း ဒီရူအင်က ပြောကြားခဲ့ပါသေးတယ်။

ရသအပြည့်အစုံ Arkup က ဒေါ်လာ ၅ ဒသမ ၅ သန်းဆိုပေမဲ့ မိမိစိတ်ကြိုက်အော်ဒါမှာမယ်ဆိုရင်တော့ ဒေါ်လာ ၂,၂၆၇,၀၀၀ လောက်အထိ ဈေးအသက်သာဆုံးနဲ့မှာယူနိုင်တယ်လို့လည်း သိရပါတယ်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service