အင်္ဂလိပ်လူမျိုးဇနီးမောင်နှံက ပေါင် ၁၀၀၀ တန်ကားတစ်စီးကို နေအိမ်အဖြစ် ပြောင်းလဲမွမ်းမံကာ ကမ္ဘာတစ်ဝန်းခရီးထွက်၊ တစ်ရက်လျှင် ပေါင် ၂၀ သာသုံးစွဲ
အင်္ဂလိပ်လူမျိုးဇနီးမောင်နှံက ပေါင် ၁၀၀၀ တန်ကားတစ်စီးကို နေအိမ်အဖြစ် ပြောင်းလဲမွမ်းမံကာ ကမ္ဘာတစ်ဝန်းခရီးထွက်၊ တစ်ရက်လျှင် ပေါင် ၂၀ သာသုံးစွဲ - Property News in Myanmar from iMyanmarHouse.com
27 Nov 2019 10:43 am တွင် တင်ခဲ့သည်
1280 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
### Unicode Version ###
ဗြိတိန် အနောက်တောင်ဖျားဒေသတွင် နေထိုင်သော အင်္ဂလိပ်လူမျိုးဇနီးမောင်နှံသည် ပေါင် ၁၀၀၀ တန် မီနီဗင်ကားတစ်စီးကို သက်တောင့်သက်သာရှိသော နေအိမ်တစ်လုံးအသွင် ပြောင်းလဲမွမ်းမံကာ ကမ္ဘာတစ်ဝန်းခရီးများထွက်ခဲ့ပြီး ခရီးစဉ်အတွင်း တစ်ရက်လျှင် ပေါင် ၂၀ သာသုံးစွဲခဲ့ကြောင်း အင်္ဂလန်အခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြသည်။
၎င်းတို့ဇနီးမောင်နှံသည် အဆိုပါယာဉ်ငယ်ကလေးဖြင့် နိုင်ငံပေါင်း ၂၅ နိုင်ငံသို့ လည်ပတ်ခဲ့ပြီး ဖြစ်သည်။
ဘင်ဖြူရီသည် အသက် ၂၆ နှစ်အရွယ်ရှိပြီး ဇနီးဖြစ်သူ လူစီ ပင်နဲလ်မှာ အသက် ၂၄ နှစ်အရွယ်ဖြစ်ကာ အင်္ဂလန်တောင်ပိုင်း ကွန်းဝေါလ်ခရိုင်၊ ဟေးလီမြို့ကလေးတွင် နေထိုင်သူများ ဖြစ်ကြသည်။
၎င်းတို့ ဇနီးမောင်နှံသည် ၂၀၀၂ ခုနှစ်ထုတ် LVD Convy ကားကလေးကို သက်တောင့်သက်သာနေထိုင်နိုင်မည့် နေအိမ်တစ်လုံးအသွင် ဖြစ်လာစေရန် ပေါင် ၅၀၀၀ အသုံးပြုပြီး ၁၀ လခန့်အချိန်ယူကာ ပြင်ဆင်ခဲ့သည်။
ကမ္ဘာလှည့်ခရီးထွက်စဉ်အတွင်း ရောက်ရှိရာနိုင်ငံများမှ ဝယ်ယူခဲ့သောပစ္စည်းများဖြင့်လည်း ၎င်းတို့၏ကားကလေးကို မွမ်းမံအလှဆင်မှု များ ပြုလုပ်ခဲ့ရာ အိန္ဒိယဖြစ် အိပ်ယာခင်း၊ ဂရိနိုင်ငံဖြစ် လက်ယက္ကန်းကော်ဇော၊ အိပ်ယာထဲတွင် မက္ကဆီကန် စောင်တစ်ထည်၊ ထိုင်းဖြစ် ဆင်ပုံ ပုံဖော်ထားသော လိုက်ကာများ တွေ့ရသည်။
ဘင်၏ မူရင်းအလုပ်မှာ စားဖိုမှူး………ဖြစ်ပြီး လူစီမှာ ကိုယ်ပိုင် အိမ်ငှားဝက်ဘ်ဆိုက်တစ်ခုရှိသည်။ သို့ရာတွင် ကမ္ဘာလှည့်ခရီးထွက်ရာတွင်မူ ဓာတ်ပုံဆရာ၊ ရုပ်ရှင်ဒါရိုက်တာများအဖြစ် ပြောင်းလဲသွားကြသည်။
လူစီကပြောကြားရာတွင်…….ဘင်က အရှေ့အလယ်ပိုင်းကို သွားလည်ချင်တယ်။ ကျွန်မကတော့ ဥရောပကို ပိုသွားချင်တယ်။ ကျွန်မတို့နှစ်ယောက်လုံးက ဗင်ကားလေးတစ်စီးဝယ်ပြီး ကမ္ဘာလှည့်ဖို့ အိပ်မက်မက်ခဲ့တာကြာပါပြိး။ နောက်ဆုံးမှာ ဗင်ကားတစ်စီးဝယ်ဖြစ်ခဲ့ပါတယ်။ ကားကို လူနေလို့ရအောင် ပြောင်းလဲရတာ မလွယ်ပါဘူး။ ကျွန်မတို့က ကိုယ်တိုင်ပြုပြင်နိုင်တဲ့နည်းလမ်းတွေလည်း လုံးဝမသိပါဘူး။ ဝယ်လိုက်တဲ့ကားကလည်း သံချေးတွေတက်၊ ယိုတဲ့နေရာယို၊ စပရေးတွေနဲ့ ဆေးတွေလည်း မှုတ်ထားတဲ့ကားပါ။ ဒီလိုကားမျိုးကို လူနေလို့ရအောင် ပြုပြင်ဖို့ တော်တော်လေ့လာခဲ့ရပါတယ်။ငွေကလည်း အကန့်အသတ်ရှိတာကြောင့် ကွပ်ပျစ်သစ်သား၊ ကော်ဖီအိတ်ခွံ၊ အထပ်သားဖြတ်စလို စွန့်ပစ်ပစ္စည်းတွေကို သုံးပြီး မွမ်းမံရပါတယ်။ ဗင်ကားပေါ်မှာပဲနေတဲ့အတွက် ငွေစုမိစေပါတယ်။ ကျွန်မတို့မှာ လျှပ်စစ်မီတာခ၊ ရေဖိုး၊ အစိုးရအခွန်အခတွေ ဆောင်စရာ မလိုပါဘူး။ ဒီဇယ်ပဲ ဖြည့်ရပါတယ်။ လျှပ်စစ်က ဆိုလာပြားတွေကနေ ရပါတယ်။ ရေကိုတော့ ဘုံဘိုင်ခေါင်းတွေနဲ့ စမ်းချောင်းတွေကနေ ဖြည့်ပါတယ်။အရာတိုင်းတော့ အဆင်ပြေချောမွေ့နေတာမဟုတ်ပါဘူး။ အင်ဂျင်ကို ပြင်ရတာမျိုး၊ သန့်ရှင်းရေးလုပ်ရတာမျိုးရှိပါတယ်။ ဒါကတော့ လမ်းပေါ်မှာ နေထိုင်တဲ့အတွက် ပေးဆပ်ရတဲ့၊ မျှတတဲ့ အပေးအယူတစ်ခုပါ။
ဘင်တို့စုံတွဲသည် နွေရာသီတွင် ဇာတိမြို့သို့ပြန်ကာ အလုပ်လုပ်ကိုင်ကာ ငွေစုဆောင်းပြီး ယင်းနောက်တဖန် ကမ္ဘာလှည့်ခရီးစဉ်အတွက် လမ်းပေါ်သို့ ပြန်ထွက်ကြပြန်သည်။ ၎င်းတို့သည် နိုင်ငံပေါင်း ၂၅ နိုင်ငံခရီးထွက်ပြီးဖြစ်ရာ ဥရောပတွင် အရှေ့ဘက်ရှိ ယူကရိန်းမှသည် တောင်ဖက်ဖျားရှိဂရိအထိ ဖြစ်သည်။
ဗင်ကားပေါ်တွင် အစိုးရဓာတ်အားလိုင်းများနှင့် ဝေးကွာ၍လည်း နေထိုင်နိုင်အောင် စီစဉ်ထားရာ ဓာတ်ငွေ့ မီးဖို၊ ထမင်းပေါင်းအိုး၊ ရေပူရေအေးစနစ်၊ ရေပန်း၊ ရေခဲသေတ္တာ၊ အိမ်သာ၊ အမိုးပေါ်တွင် ဆိုလာပြားနှင့် ကြီးမားသော ရေစည်များ ပါဝင်သည်။
လာမည့်ခရီးစဉ်အတွက် ဘော်လ်ကန်ဒေသနိုင်ငံ ၁၃ နိုင်ငံသို့ ၇ လကြာ ခရီးထွက်ရန် စီစဉ်ထားပြီး အဆိုပါခရီးစဉ်ပြီးဆုံးပါက အာရှသို့ ခရီးထွက်မည်ဟုဆိုသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ထိုင်းနိုင်ငံရဲ့ ထိပ်တန်းလည်ပတ်ဖွယ်နေရာ အစည်းကားဆုံး အန်းဖဝ ရေပေါ်ဈေး
ထိုင်းနိုင်ငံရဲ့ ထိပ်တန်းလည်ပတ်ဖွယ်နေရာ အစည်းကားဆုံး အန်းဖဝ ရေပေါ်ဈေး
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လာခဲ့ပြီး Elon Musk ထက်ပင် နေ့ချင်းညချင်း ရုတ်တရက် ချမ်းသာသွားသည့် ဖြစ်ပုံ...
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လာခဲ့ပြီး Elon Musk ထက်ပင် နေ့ချင်းညချင်း ရုတ်တရက် ချမ်းသာသွားသည့် ဖြစ်ပုံ...
အမေရိကန်ပြည်တွင် စမတ်ဖုန်းနှင့် ဝိုင်ဖိုုင်အသုံးပြုခွင့် တားမြစ်ပိတ်ပင်ထားသော မြို့ငယ်လေးအကြောင်း...
အမေရိကန်ပြည်တွင် စမတ်ဖုန်းနှင့် ဝိုင်ဖိုုင်အသုံးပြုခွင့် တားမြစ်ပိတ်ပင်ထားသော မြို့ငယ်လေးအကြောင်း...
စာဆိုတော်ကျူးယွမ်၊ ဝက်သားကောက်ညှင်းထုပ်နှင့် နဂါးလှေပွဲတော်တို့၏ ဒဏ္ဍာရီ (သို့မဟုတ်) မေလ ၃၁ ရက်တွင် ကျင်းပမည့် တရုတ်ရိုးရာ နဂါးလှေပွဲတော်အကြောင်း...
စာဆိုတော်ကျူးယွမ်၊ ဝက်သားကောက်ညှင်းထုပ်နှင့် နဂါးလှေပွဲတော်တို့၏ ဒဏ္ဍာရီ (သို့မဟုတ်) မေလ ၃၁ ရက်တွင် ကျင်းပမည့် တရုတ်ရိုးရာ နဂါးလှေပွဲတော်အကြောင်း...
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှုကွန်ရက်သုံးစွဲသူတို့အကြား ဝေဖန်မှု မြင့်တက်လျက်ရှိ၊ သို့သော် လျှောက်ထားသူ ၁၉၀၀ ကျော်ရှိနေ...
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
သြစတေးလျမှ Virgin လေကြောင်းလိုင်း၏ စီအီးအိုဖြစ် ဆောင်ရွက်ခဲ့သော အမျိုးသမီးက ဒေါ်လာ ၁၇ သန်းဖြင့် ဝယ်ယူထားသည်မှာ လပိုင်းသာရှိသေးသည့် စံအိမ်ကြီးကို ဖြိုချရန် စီစဉ်...
သြစတေးလျမှ Virgin လေကြောင်းလိုင်း၏ စီအီးအိုဖြစ် ဆောင်ရွက်ခဲ့သော အမျိုးသမီးက ဒေါ်လာ ၁၇ သန်းဖြင့် ဝယ်ယူထားသည်မှာ လပိုင်းသာရှိသေးသည့် စံအိမ်ကြီးကို ဖြိုချရန် စီစဉ်...
စီရော်နယ်ဒိုအတွက် စံအိမ်သစ်ကြီးကို Veliz Arquitecto ဗိသုကာအဖွဲ့က ဒီဇိုင်းရေးဆွဲပေးထားပုံ
စီရော်နယ်ဒိုအတွက် စံအိမ်သစ်ကြီးကို Veliz Arquitecto ဗိသုကာအဖွဲ့က ဒီဇိုင်းရေးဆွဲပေးထားပုံ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင် ပြန်လည်သတိလည်လာသည့်ဖြစ်ရပ် ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင် ပြန်လည်သတိလည်လာသည့်ဖြစ်ရပ် ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ပြင်သစ်နိုင်ငံတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၌ ဂရက်ဖိုက်သိုက်ကြီး ရှာဖွေတွေ့ရှိခဲ့သော ဆောက်လုပ်ရေးလုပ်သားများ ဆုကြေးငွေ ဒေါ်လာ သောင်းချီ ရရှိကြ...
ပြင်သစ်နိုင်ငံတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၌ ဂရက်ဖိုက်သိုက်ကြီး ရှာဖွေတွေ့ရှိခဲ့သော ဆောက်လုပ်ရေးလုပ်သားများ ဆုကြေးငွေ ဒေါ်လာ သောင်းချီ ရရှိကြ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
The Rich Villa
Innwa Pyae Sone Residence
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service