ႏုိင္ငံသားမဟုတ္သူႏွင့္လက္ထပ္ထိမ္းျမားေသာ စကၤာပူႏုိင္ငံသားမ်ားအတြက္ အိမ္ရာေထာက္ပံ့ေငြဆိုင္ရာ အသက္သတ္မွတ္ခ်က္ ျပင္ဆင္

ႏုိင္ငံသားမဟုတ္သူႏွင့္လက္ထပ္ထိမ္းျမားေသာ စကၤာပူႏုိင္ငံသားမ်ားအတြက္ အိမ္ရာေထာက္ပံ့ေငြဆိုင္ရာ အသက္သတ္မွတ္ခ်က္ ျပင္ဆင္ - Property News in Myanmar from iMyanmarHouse.com
26 Nov 2019 11:14 am တွင် တင်ခဲ့သည်
993 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

စကၤာပူတြင္ အသစ္ျပန္လည္ျပင္ဆင္လုိက္ေသာ ႏိုင္ငံသားမဟုတ္သည့္အိမ္ေထာင္ဖက္စီမံခ်က္က သက္ဆိုင္သူတို႔အား အိမ္ဝယ္ရာတြင္ ပိုမိုအဆင္ေျပသက္သာေစလိုက္ၿပီျဖစ္ေၾကာင္း သိရသည္။

ႏိုင္ငံသားမဟုတ္သူ သို႔မဟုတ္ အၿမဲတမ္းေနထုိင္ခြင့္ PR မရွိသူကို လက္ထပ္ထိမ္းျမားထားေသာ အသက္ ၂၁ ႏွစ္ႏွင့္အထက္ စကၤာပူႏိုင္ငံသားမ်ားသည္ ျပန္လည္ေရာင္းခ်သည့္တိုက္ခန္းအား ပထမဆံုးအႀကိမ္ဝယ္ယူမည္ဆိုပါက ယခုအခါ ေဒၚလာ ၄၀,၀၀၀ အထိ အိမ္ရာေထာက္ပံ့ေၾကး ခံစားခြင့္ရွိၿပီျဖစ္ေၾကာင္း The Straits Times သတင္းစာက ေဖာ္ျပခဲ့သည္။

ယခင္ကမူ ႏိုင္ငံသားမဟုတ္သည့္အိမ္ေထာင္ဖက္စီမံခ်က္ပါ အသက္ကန္႔သတ္ခ်က္သည္ အသက္ ၃၅ ႏွစ္ႏွင့္အထက္မ်ားကိုသာ ခြင့္ျပဳခဲ့ျခင္းျဖစ္သည္။

အိမ္ရာအထူးေထာက္ပံ့ေၾကးႏွင့္ အိမ္ရာအပိုေဆာင္းေထာက္ပံ့ေၾကးဟူ၍ရွိသည့္ ထိုစီမံခ်က္က အၿမဲတမ္းေနထိုင္ခြင့္ရွိသူလည္းမဟုတ္ ႏုိင္ငံသားလည္းမဟုတ္သည့္ အိမ္ေထာင္ဖက္ရွိသူ ႏိုင္ငံသားအား တိုက္ခန္းဝယ္ယူခြင့္ေပးထားသည္။

၎ေထာက္ပံ့ေၾကးအား အျမင့္ဆံုးဝင္ေငြ ေဒၚလာ ၄,၅၀၀ ေပၚမူတည္၍ ယင္းဇနီးေမာင္ႏွံ၏ လစဥ္အိမ္ေထာင္စုဝင္ေငြရာခိုင္ႏႈန္း ၅၀ အေပၚ အေျခခံကာ တြက္ခ်က္မည္ျဖစ္သည္။

ထိုေထာက္ပံ့ေၾကးသစ္က ဇနီးေမာင္ႏွံတို႔အား အိမ္ေရြးခ်ယ္ခြင့္ကို ပိုမိုအဆင္ျပေစၿပီး တိုက္ခန္းတည္ေနရာႏွင့္အက်ယ္အဝန္းတို႔ႏွင့္ပတ္သက္၍လည္း မည္သည့္ကန္႔သတ္ခ်က္မွ် မရွိေပ။

သို႔ေသာ္လည္း ဝယ္ယူမည့္အိမ္၏ဂရန္သက္တမ္းသည္ ဇနီးေမာင္ႏွံတို႔အသက္ ၉၅ ႏွစ္တိုင္သည္အထိ သက္တမ္းက်န္ရွိေစရမည္ဟူေသာ သတိေပးခ်က္မွာမူ ပါရွိလာေပသည္။ ယင္းအခ်က္သည္ အိမ္သက္တမ္းအား ဝယ္သူ၏က်န္ရွိသည့္ဘဝသက္တမ္းစာ ဖူလံုေစရန္ အစိုးရ၏ ႀကိဳးပမ္းခ်က္ႏွင့္အညီျဖစ္သည္။

ယင္းကန္႔သတ္ခ်က္ျပင္ဆင္မႈႏွင့္ပတ္သက္၍ “အခုလိုမ်ဳိး အသက္ကန္႔သက္ခ်က္ကို ေလွ်ာ့ခ်ေပးလိုက္တယ္ဆိုေပမဲ့လည္း အိမ္ေဈးႏႈန္းေတြကေတာ့ ႀကီးႀကီးမားမားအတက္အက် မရွိႏုိင္ပါဘူး။” ဟု ERA Realty အိမ္ၿခံေျမကုမၸဏီ၏ သုေတသနႏွင့္အတိုင္ပင္ခံေခါင္းေဆာင္ နီကိုးလက္စ္မက္ခ္က မွတ္ခ်က္ျပဳေျပာၾကားခဲ့ေၾကာင္း သိရသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

စင်္ကာပူတွင် အသစ်ပြန်လည်ပြင်ဆင်လိုက်သော နိုင်ငံသားမဟုတ်သည့်အိမ်ထောင်ဖက်စီမံချက်က သက်ဆိုင်သူတို့အား အိမ်ဝယ်ရာတွင် ပိုမိုအဆင်ပြေသက်သာစေလိုက်ပြီဖြစ်ကြောင်း သိရသည်။

နိုင်ငံသားမဟုတ်သူ သို့မဟုတ် အမြဲတမ်းနေထိုင်ခွင့် PR မရှိသူကို လက်ထပ်ထိမ်းမြားထားသော အသက် ၂၁ နှစ်နှင့်အထက် စင်္ကာပူနိုင်ငံသားများသည် ပြန်လည်ရောင်းချသည့်တိုက်ခန်းအား ပထမဆုံးအကြိမ်ဝယ်ယူမည်ဆိုပါက ယခုအခါ ဒေါ်လာ ၄၀,၀၀၀ အထိ အိမ်ရာထောက်ပံ့ကြေး ခံစားခွင့်ရှိပြီဖြစ်ကြောင်း The Straits Times သတင်းစာက ဖော်ပြခဲ့သည်။

ယခင်ကမူ နိုင်ငံသားမဟုတ်သည့်အိမ်ထောင်ဖက်စီမံချက်ပါ အသက်ကန့်သတ်ချက်သည် အသက် ၃၅ နှစ်နှင့်အထက်များကိုသာ ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

အိမ်ရာအထူးထောက်ပံ့ကြေးနှင့် အိမ်ရာအပိုဆောင်းထောက်ပံ့ကြေးဟူ၍ရှိသည့် ထိုစီမံချက်က အမြဲတမ်းနေထိုင်ခွင့်ရှိသူလည်းမဟုတ် နိုင်ငံသားလည်းမဟုတ်သည့် အိမ်ထောင်ဖက်ရှိသူ နိုင်ငံသားအား တိုက်ခန်းဝယ်ယူခွင့်ပေးထားသည်။

၎င်းထောက်ပံ့ကြေးအား အမြင့်ဆုံးဝင်ငွေ ဒေါ်လာ ၄,၅၀၀ ပေါ်မူတည်၍ ယင်းဇနီးမောင်နှံ၏ လစဉ်အိမ်ထောင်စုဝင်ငွေရာခိုင်နှုန်း ၅၀ အပေါ် အခြေခံကာ တွက်ချက်မည်ဖြစ်သည်။

ထိုထောက်ပံ့ကြေးသစ်က ဇနီးမောင်နှံတို့အား အိမ်ရွေးချယ်ခွင့်ကို ပိုမိုအဆင်ပြစေပြီး တိုက်ခန်းတည်နေရာနှင့်အကျယ်အဝန်းတို့နှင့်ပတ်သက်၍လည်း မည်သည့်ကန့်သတ်ချက်မျှ မရှိပေ။

သို့သော်လည်း ဝယ်ယူမည့်အိမ်၏ဂရန်သက်တမ်းသည် ဇနီးမောင်နှံတို့အသက် ၉၅ နှစ်တိုင်သည်အထိ သက်တမ်းကျန်ရှိစေရမည်ဟူသော သတိပေးချက်မှာမူ ပါရှိလာပေသည်။ ယင်းအချက်သည် အိမ်သက်တမ်းအား ဝယ်သူ၏ကျန်ရှိသည့်ဘဝသက်တမ်းစာ ဖူလုံစေရန် အစိုးရ၏ ကြိုးပမ်းချက်နှင့်အညီဖြစ်သည်။

ယင်းကန့်သတ်ချက်ပြင်ဆင်မှုနှင့်ပတ်သက်၍ “အခုလိုမျိုး အသက်ကန့်သက်ချက်ကို လျှော့ချပေးလိုက်တယ်ဆိုပေမဲ့လည်း အိမ်ဈေးနှုန်းတွေကတော့ ကြီးကြီးမားမားအတက်အကျ မရှိနိုင်ပါဘူး။” ဟု ERA Realty အိမ်ခြံမြေကုမ္ပဏီ၏ သုတေသနနှင့်အတိုင်ပင်ခံခေါင်းဆောင် နီကိုးလက်စ်မက်ခ်က မှတ်ချက်ပြုပြောကြားခဲ့ကြောင်း သိရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service