ဗီယက္နမ္တြင္ စမတ္စီးတီးတည္ေဆာက္ရန္ ဂ်ပန္ကုမၸဏီ ျပင္ဆင္

ဗီယက္နမ္တြင္ စမတ္စီးတီးတည္ေဆာက္ရန္ ဂ်ပန္ကုမၸဏီ ျပင္ဆင္ - Property News in Myanmar from iMyanmarHouse.com
26 Nov 2019 10:30 am တွင် တင်ခဲ့သည်
829 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ဗီယက္နမ္တြင္ ျပည္တြင္း developer (ေျမယာဝယ္ယူ၍ အေဆာက္အအံုေဆာက္လုပ္ေရာင္းခ်ေရးကုမၸဏီ) မ်ားႏွင့္ ဂ်ပန္ကုန္သြယ္ေရးကုမၸဏီတစ္ခုတို႔၏ အက်ဳိးတူပူးေပါင္းမႈတစ္ခုေၾကာင့္ မ်ဳိးဆက္သစ္ “စမတ္စီးတီး” တစ္ခုေပၚလာေတာ့မည္ျဖစ္ေၾကာင္း NHK ဂ်ပန္သတင္းဌာနက ေဖာ္ျပခဲ့သည္။

ဆူမီတိုမိုေကာ္ပိုေရးရွင္းက ဗီယက္နမ္ developer ျဖစ္သည့္ BRG Group ႏွင့္အတူ ဟႏြိဳင္းတြင္ ေအာက္တိုဘာ ၆ ၌ စတင္ခဲ့သည့္ အဆုိပါစမတ္စီးတီးစီမံကိန္းအတြက္ ဂ်ပန္ယန္း ၄၅၀ ဘီလ်ံ (အေမရိကန္ေဒၚလာ ၄ ဒသမ ၂ ဘီလ်ံ) သံုးစြဲမည္ျဖစ္ေၾကာင္း သိရသည္။

၂၇၂ ဟက္တာက်ယ္ဝန္းသည့္ ၎စမတ္စီးတီးက ကနဦးအဆင့္တြင္ လူေနအိမ္ၿခံေျမ ၇,၀၀၀ ထက္မနည္း ေဖာ္ေဆာင္မည္ျဖစ္ၿပီး ဒုတိယအဆင့္တြင္ ႐ံုးခန္းအေဆာက္အအံုမ်ားႏွင့္ ကုန္သြယ္ေရးအေဆာက္အအံုမ်ားကို ေဖာ္ေဆာင္မည္ျဖစ္သည္။ ေျမေနရာ ၇၃ ဟက္တာအသံုးျပဳမည့္ လူေနအိမ္ၿခံေျမေဆာက္လုပ္မႈကို ၂၀၂၀ ျပည့္ႏွစ္တြင္ စတင္ရန္ စီစဥ္ထားသည္။

ဟႏြိဳင္းမွ ကားျဖင့္ မိနစ္ ၂၀ ခရီးအကြာအေဝးတြင္ တည္ရွိသည့္ ၎စမတ္စီးတီးကို internet of things (IoT) ၊ 5G ႀကိဳးမဲ့ကြန္ရက္ ၊ အသိဉာဏ္တု artificial intelligence (AI) ႏွင့္ နည္းပညာျမင့္ေထာက္လွမ္းေရးကင္မရာမ်ားအသံုးျပဳရေသာ facial-recognition security system တို႔ျဖင့္ လည္ပတ္ေစမည္ျဖစ္သည္။

“ၿမိဳ႕ျပစီမံကိန္းဆိုတာ အေသသတ္မွတ္ထားတဲ့ပန္းတိုင္မရွိတဲ့ ႀကိဳးပမ္းအားထုတ္မႈတစ္ခုပါ။ ဗီယက္နမ္နဲ႔လုိက္ဖက္တဲ့ ၿမိဳ႕ျပတစ္ခုကို ကၽြန္ေတာ္တို႔ဖန္တီးမွာပါ။” ဟု ဆူမီတိုမိုေကာ္ပိုေရးရွင္း၏ဥကၠ႒ မာဆာယူကီေဟ်ာဒိုက ေျပာၾကားခဲ့ေၾကာင္း Nikkei Asian Review သတင္းစာက ေဖာ္ျပခဲ့သည္။

ထိုစမတ္စီးတီး၏ ၂၀၂၂ ခုႏွစ္မွ စတင္အေရာင္းဖြင့္မည့္ အထပ္ျမင့္တိုက္ခန္းႏွင့္ကြန္ဒိုမ်ားတြင္ လူဦးေရစုစုေပါင္း ၂ ေသာင္းမွ ၂ ေသာင္းခြဲအၾကား ေနထိုင္မည္ဟု ခန္႔မွန္းရသည္။

စီမံကိန္း၏ က်န္အစိတ္အပိုင္းမ်ားအား အေကာင္အထည္ေဖာ္ေဆာက္လုပ္မႈမ်ားသည္ ၂၀၂၈ ခုႏွစ္အထိ ၾကာျမင့္ႏုိင္ဖြယ္ရွိသည္။

မာဆာယူကီက ၎စမတ္စီးတီးသည္ ဗီယက္နမ္ဖြံ႕ၿဖိဳးေရးအတြက္ အေထာက္အကူျဖစ္ေစမည္ဟု ေမွ်ာ္လင့္ေနသည့္အျပင္ ဗီယက္နမ္ျပင္ပ အျခားဖြံ႕ၿဖိဳးမႈျမင့္မားေသာဧရိယာမ်ားသို႔ အလားတူစီမံကိန္းမ်ား ေဆာင္ၾကဥ္းေပးႏုိင္ရန္လည္း ေမွ်ာ္မွန္းေနေၾကာင္း သိရသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

ဗီယက်နမ်တွင် ပြည်တွင်း developer (မြေယာဝယ်ယူ၍ အဆောက်အအုံဆောက်လုပ်ရောင်းချရေးကုမ္ပဏီ) များနှင့် ဂျပန်ကုန်သွယ်ရေးကုမ္ပဏီတစ်ခုတို့၏ အကျိုးတူပူးပေါင်းမှုတစ်ခုကြောင့် မျိုးဆက်သစ် “စမတ်စီးတီး” တစ်ခုပေါ်လာတော့မည်ဖြစ်ကြောင်း NHK ဂျပန်သတင်းဌာနက ဖော်ပြခဲ့သည်။

ဆူမီတိုမိုကော်ပိုရေးရှင်းက ဗီယက်နမ် developer ဖြစ်သည့် BRG Group နှင့်အတူ ဟနွိုင်းတွင် အောက်တိုဘာ ၆ ၌ စတင်ခဲ့သည့် အဆိုပါစမတ်စီးတီးစီမံကိန်းအတွက် ဂျပန်ယန်း ၄၅၀ ဘီလျံ (အမေရိကန်ဒေါ်လာ ၄ ဒသမ ၂ ဘီလျံ) သုံးစွဲမည်ဖြစ်ကြောင်း သိရသည်။

၂၇၂ ဟက်တာကျယ်ဝန်းသည့် ၎င်းစမတ်စီးတီးက ကနဦးအဆင့်တွင် လူနေအိမ်ခြံမြေ ၇,၀၀၀ ထက်မနည်း ဖော်ဆောင်မည်ဖြစ်ပြီး ဒုတိယအဆင့်တွင် ရုံးခန်းအဆောက်အအုံများနှင့် ကုန်သွယ်ရေးအဆောက်အအုံများကို ဖော်ဆောင်မည်ဖြစ်သည်။ မြေနေရာ ၇၃ ဟက်တာအသုံးပြုမည့် လူနေအိမ်ခြံမြေဆောက်လုပ်မှုကို ၂၀၂၀ ပြည့်နှစ်တွင် စတင်ရန် စီစဉ်ထားသည်။

ဟနွိုင်းမှ ကားဖြင့် မိနစ် ၂၀ ခရီးအကွာအဝေးတွင် တည်ရှိသည့် ၎င်းစမတ်စီးတီးကို internet of things (IoT) ၊ 5G ကြိုးမဲ့ကွန်ရက် ၊ အသိဉာဏ်တု artificial intelligence (AI) နှင့် နည်းပညာမြင့်ထောက်လှမ်းရေးကင်မရာများအသုံးပြုရသော facial-recognition security system တို့ဖြင့် လည်ပတ်စေမည်ဖြစ်သည်။

“မြို့ပြစီမံကိန်းဆိုတာ အသေသတ်မှတ်ထားတဲ့ပန်းတိုင်မရှိတဲ့ ကြိုးပမ်းအားထုတ်မှုတစ်ခုပါ။ ဗီယက်နမ်နဲ့လိုက်ဖက်တဲ့ မြို့ပြတစ်ခုကို ကျွန်တော်တို့ဖန်တီးမှာပါ။” ဟု ဆူမီတိုမိုကော်ပိုရေးရှင်း၏ဥက္ကဋ္ဌ မာဆာယူကီဟျောဒိုက ပြောကြားခဲ့ကြောင်း Nikkei Asian Review သတင်းစာက ဖော်ပြခဲ့သည်။

ထိုစမတ်စီးတီး၏ ၂၀၂၂ ခုနှစ်မှ စတင်အရောင်းဖွင့်မည့် အထပ်မြင့်တိုက်ခန်းနှင့်ကွန်ဒိုများတွင် လူဦးရေစုစုပေါင်း ၂ သောင်းမှ ၂ သောင်းခွဲအကြား နေထိုင်မည်ဟု ခန့်မှန်းရသည်။

စီမံကိန်း၏ ကျန်အစိတ်အပိုင်းများအား အကောင်အထည်ဖော်ဆောက်လုပ်မှုများသည် ၂၀၂၈ ခုနှစ်အထိ ကြာမြင့်နိုင်ဖွယ်ရှိသည်။

မာဆာယူကီက ၎င်းစမတ်စီးတီးသည် ဗီယက်နမ်ဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်စေမည်ဟု မျှော်လင့်နေသည့်အပြင် ဗီယက်နမ်ပြင်ပ အခြားဖွံ့ဖြိုးမှုမြင့်မားသောဧရိယာများသို့ အလားတူစီမံကိန်းများ ဆောင်ကြဉ်းပေးနိုင်ရန်လည်း မျှော်မှန်းနေကြောင်း သိရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service