မန္တလေးရှိ အိမ်၊ ခြံ၊ မြေ အခွန်စည်းကြပ်နှုန်းအသစ်တွင် တစ်ဧကလျှင် ၈ ဘီလီယံခန့်အထိ ဈေးနှုန်းတိုးမြှင့်ထား

မန္တလေးရှိ အိမ်၊ ခြံ၊ မြေ အခွန်စည်းကြပ်နှုန်းအသစ်တွင် တစ်ဧကလျှင် ၈ ဘီလီယံခန့်အထိ ဈေးနှုန်းတိုးမြှင့်ထား - Property News in Myanmar from iMyanmarHouse.com
26 Nov 2019 10:16 am တွင် တင်ခဲ့သည်
675 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###









### Unicode Version ###

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ၂ဝ၁၉-၂ဝ ဘဏ္ဍာနှစ်အတွက် အိမ်၊ ခြံ၊ မြေရောင်းဝယ်မှုလုပ်ငန်းတွင် အခွန်စည်းကြပ်ရန် ရာပြတ်နှုန်းထားအသစ်ကို ထုတ်ပြန်ခဲ့ပြီး မြို့တွင်းအိမ်၊ ခြံ၊ မြေဈေးနှုန်း တစ်ဧကလျှင် ကျပ် ၁၈ ဘီလီယံ အထိသတ်မှတ်ထားပြီး ယခင်ထက် ၈ ဘီလီယံဝန်းကျင်အထိ ဈေးနှုန်းတိုးမြှင့်ထားကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှသိရသည်။

“ လက်ရှိမန္တလေးအိမ်၊ ခြံ၊ မြေ ဈေးကွက်က အထက်ပိုင်းနဲ့နီးတဲ့နေရာတွေကတော့ အရင်ကထက်ဈေးတက်တယ်၊ အခွန်နှုန်းထား ပြင်လိုက်တယ်ဆိုတာကောင်းပေမဲ့ အခုစည်းကြပ်ခွန်လျော့လိုက်တာတောင် အရောင်းအဝယ်ကဒီဘက်တွေမှာသိပ်မကောင်းဘူး၊ ထင်သလိုဖြစ်မလာဘူး”ဟု မြန်မာနိုင်ငံအိမ်၊ ခြံ၊ မြေ လုပ်ငန်းဖွံဖြိုးတိုးတက်ရေးအသင်း (ဗဟို) ဥက္ကဌ ဦးတင်မောင်ကပြောကြားသည်။

အိမ်၊ ခြံ၊ မြေ ရောင်းဝယ်မှု အခွန်ဆောင်ရာတွင်ကျင့်သုံးရန် ဧရိယာအလိုက် သတ်မှတ်ထားသော အခွန်စည်းကြပ်ရန်နှုန်းထားများကို ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ယခင်ဘဏ္ဍာနှစ်၏ အမြင့်ဆုံးနှုန်းထားအဖြစ် တစ်ဧကလျှင် ကျပ် ၁၀ ဘီလီယံ ကျော်သာရှိခဲ့ရာမှ ယခုနှုန်းထားသစ်အရ ကျပ် ၁၈ ဘီလီယံ ကျော်အထိ သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါနှုန်းထားအသစ် ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါ အမြင့်ဆုံးဈေးနှုန်းအဖြစ် မန္တလေးမြို့ ချမ်းအေးသာစံ အနောက်ရပ်ကွက် ၈၄ လမ်းပေါ် (၂၈ လမ်းနှင့် ၃၅ လမ်းကြားအထိ) သတ်မှတ်လိုက်ခြင်းဖြစ်ပြီး တစ်ဧကလျှင် ကျပ် ၁၇ ဘီလီယံကျော်မှ မှ ကျပ် ၁၈ ဘီလီယံကျော်အထိ သတ်မှတ်ထားကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဒုတိယဈေးနှုန်းအမြင့်ဆုံးအဖြစ် ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်းဝန်းကျင်ရပ်ကွက် အတွင်း ၇၃ လမ်းပေါ် (၂၆ လမ်းနှင့် လမ်း ၃ဝ ကြား) ကို တစ်ဧကလျှင် ကျပ် ၁၅ ဘီလီယံ ကျော်မှ ကျပ် ၁၆ ဘီလီယံ ကျော်အထိ သတ်မှတ်ထားပြီး စိတ္တရမဟီရပ်ကွက်အတွင်း ၂၆ လမ်းတွင် တစ်ဧကလျှင် ကျပ် ၁၅ ဘီလီယံ ကျော်မှ ကျပ် ၁၆ဘီလီယံ ကျော်အထိ သတ်မှတ်ထားကြောင်း ယင်းထုတ်ပြန်ချက်အရသိရသည်။

မန္တလေးမြို့သစ်ဧရိယာများတွင်လည်း ချမ်းမြသာစည်မြို့နယ် မြို့သစ် ၁ ရပ်ကွက်အတွင်း ၆၂ လမ်းမပေါ်တွင် တစ်ဧကလျှင် ကျပ် ၁၂ ဘီလီယံ ကျော်မှ ၁၃ ဘီလီယံနီးပါးအထိ၊ ၆၂ လမ်းမပေါ် (ငုရွှေဝါလမ်းနှင့် မနော်ဟရီလမ်းကြား) တွင် တစ်ဧကလျှင် ကျပ် ၉ ဘီလီယံကျော်မှ ကျပ် ၁ဝ ဘီလီယံ ကျော်အထိ သတ်မှတ်ထားကြောင်း အဆိုပါထုတ်ပြန်ချက်အရသိရသည်။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service