စင်္ကာပူကုမ္ပဏီ SC Capital က သြစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့ရှိ ရဲတပ်ဖွဲ့အဆောက်အအုံကြီးကို ဒေါ်လာ သန်း ၁၀၀ ကျော်ဖြင့် ဝယ်ယူ
စင်္ကာပူကုမ္ပဏီ SC Capital က သြစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့ရှိ ရဲတပ်ဖွဲ့အဆောက်အအုံကြီးကို ဒေါ်လာ သန်း ၁၀၀ ကျော်ဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
19 Nov 2019 1:15 pm တွင် တင်ခဲ့သည်
791 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
St Kilda လမ်း၊ အမှတ် ၄၁၂ တွင် တည်ရှိသော ရဲတပ်ဖွဲ့အဆောက်အအုံကြီးကို ဗင်းတေ့ခ်ျဗိသုကာဟန်ဖြင့် ၁၉၈၄ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး UEM Sunrise က အဆိုပါအဆောက်အအုံကြီးကို ကမ္ဘာကျော်ဗိသုကာပညာရှင်ကြီး Zaha Hadid ထံ ဒီဇိုင်းအပ်နှံကာ တန်ဖိုးကြီးဇိမ်ခံလူနေခန်းများအဖြစ် ပြောင်းလဲရန် ရည်မှန်းခဲ့သော်လည်း Zaha Hadid မှာ ၂၀၁၆ ခုနှစ်အတွင်း ကွယ်လွန်သွားခဲ့ရာ စီမံကိန်းပျက်ပြားခဲ့ရသည်။
### Unicode Version ###
စင်္ကာပူအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သော SC Capital သည် သြစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့ရှိ ရဲတပ်ဖွဲ့အဆောက်အအုံကြီးကို သြစတေးလျ ဒေါ်လာ သန်း ၁၀၀ ကျော်ဖြင့် ဝယ်ယူလိုက်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
SC Capital Partners ကုမ္ပဏီသည် သြစတေးလျနိုင်ငံ၊ ဆစ်ဒနီတွင် လက်လီရောင်းဝယ်ရေးဆိုင်ရာ အဆောက်အအုံတစ်ခုကို ဝယ်ယူပြီး တစ်လခန့်သာရှိသေးချိန်တွင် ယခုကဲ့သို့ ထပ်မံဝယ်ယူလိုက်ခြင်းလည်း ဖြစ်သည်။
မဲလ်ဘုန်းမြို့၊ St Kilda လမ်းရှိ ရဲတပ်ဖွဲ့အဆောက်အအုံဟောင်းကြီးကို သြစတေးလျဒေါ်လာ ၁၀၇ သန်း (ကန်ဒေါ်လာ ၇၃ သန်း) ဖြင့် ဝယ်ယူရန် သဘောတူညီလိုက်ခြင်းဖြစ်သည်။
ထိုင်းဘဏ္ဍာရေးလုပ်ငန်းရှင် ဆူချက်ဒ် ချီယာရာနုဆာတီ ဦးဆောင်သော ကုမ္ပဏီ SC Capital Partners က ဝယ်ယူလိုက်ပြီးနောက် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ရုံးခန်းနေရာများအဖြစ် ပြောင်းလဲအသုံးပြုသွားရန် ရည်ရွယ်ထားသည်။
ရောင်းချသူမှာ မလေးရှား developer ဖြစ်သော UEM Sunrise ကုမ္ပဏီဖြစ်သည်။
St Kilda လမ်း၊ အမှတ် ၄၁၂ တွင် တည်ရှိသော ရဲတပ်ဖွဲ့အဆောက်အအုံကြီးကို ဗင်းတေ့ချ်ဗိသုကာဟန်ဖြင့် ၁၉၈၄ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး UEM Sunrise က အဆိုပါအဆောက်အအုံကြီးကို ကမ္ဘာကျော်ဗိသုကာပညာရှင်ကြီး Zaha Hadid ထံ ဒီဇိုင်းအပ်နှံကာ တန်ဖိုးကြီးဇိမ်ခံလူနေခန်းများအဖြစ် ပြောင်းလဲရန် ရည်မှန်းခဲ့သော်လည်း Zaha Hadid မှာ ၂၀၁၆ ခုနှစ်အတွင်း ကွယ်လွန်သွားခဲ့ရာ စီမံကိန်းပျက်ပြားခဲ့ရသည်။
UEM Sunrise က ရဲတပ်ဖွဲ့အဆောက်အအုံဟောင်းကြီးကို ၂၀၁၅ ခုနှစ်အတွင်း သြစတေးလျဒေါ်လာ ၅၈ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်ရာ ယခုအရောင်းအဝယ်တွင် ဒေါ်လာ သန်း ၅၀ နီးပါးမြတ်စွန်းခဲ့သည်။
“St Kilda လမ်းရဲ့ ရုံးခန်းဈေးကွက်အပေါ် ကျွန်တော်တို့ရဲ့ ယုံကြည်ချက်တွေရှိနေတာကို အခုဝယ်ယူလိုက်မှုက ပြသနေပါတယ်။ ဒီနေရာမှာ အဆောက်အအုံတွေရဲ့ အခန်းလွတ်ပမာဏဟာ ၆ ရာခိုင်နှုန်းအောက်သာရှိတာတွေ့ရတယ်။ ဒါက ၂၀၀၁ ခုနှစ်၊ ဇူလိုင်လ နောက်ပိုင်း အနိမ့်ဆုံးပမဏပါ။ ရုံးခန်းသစ်ဖြည့်တင်းနိုင်မှု အကန့်အသတ်သာရှိခြင်းနဲ့ ရုံးခန်းငှားရမ်းလိုအား မြင့်မားတာတွေကြောင့် ဒီလိုရလဒ်ဖြစ်ပေါ်တာဖြစ်ပါတယ်” ဟု SC Capital Partners ၏ ဥက္ကဌ ဆူချက်ဒ် ချီယာရာနုဆာတီက ပြောကြားသည်။
ရဲတပ်ဖွဲ့အဆောက်အအုံကြီးမှာ ၁၉ ထပ်အဆောက်အအုံဖြစ်ကာ ငှားရမ်းနိုင်သည့် ကြမ်းခင်းဧရိယာ ၁၆၂၈၅ စတုရန်းမီတာ (၁၇၅၂၉၁ စတုရန်းပေ) ရှိပြီး ၁ စတုရန်းမီတာလျှင် သြစတေးလျဒေါ်လာ ၆၅၇၆ ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း၊ မိမိအနေဖြင့် ဘွဲ့ရပညာတတ်များနှင့်သာ တွဲကြောင်း လူမှုကွန်ရက်တွင် ပြောဆိုခဲ့မှု ဂယက်ထကာ ပွဲဖြစ်နေ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
42 Mini Condo
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service