အေမရိကန္သမၼတ ေဒၚနယ္ထရမ့္အေပၚ ျပင္းျပင္းထန္ထန္ေဝဖန္ၾကသူမ်ားက ထရမ့္ငယ္စဥ္က ေနထိုင္ခဲ့ေသာ ေနအိမ္ကို ဝယ္ယူကာ ျဖိဳခ်ဖ်က္ဆီးႏိုင္ရန္ ေငြေၾကးစုေဆာင္းလ်က္ရွိ

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္အေပၚ ျပင္းျပင္းထန္ထန္ေဝဖန္ၾကသူမ်ားက ထရမ့္ငယ္စဥ္က ေနထိုင္ခဲ့ေသာ ေနအိမ္ကို ဝယ္ယူကာ ျဖိဳခ်ဖ်က္ဆီးႏိုင္ရန္ ေငြေၾကးစုေဆာင္းလ်က္ရွိ - Property News in Myanmar from iMyanmarHouse.com
19 Nov 2019 12:24 pm တွင် တင်ခဲ့သည်
988 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

နယူးေယာက္ျပည္နယ္၊ နယူးေယာက္ျမိဳ႕၊ Queens အရပ္၊ ဂ်ေမကာအိမ္ရာတြင္ တည္ရွိျပီး တူးေဒၚဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားကာ အုတ္၊ ေကာ္နစ္ပလာစတာ ေရာယွက္ေဆာက္လုပ္ထားေသာ ေနအိမ္ျဖစ္သည္။

ထရမ့္ေရးသားထားသည့္ Trump: The Art of the Deal စာအုပ္၊ ေဒၚနယ္ထရမ့္၏ အမွတ္ရဖြယ္ ဓာတ္ပံုမ်ား၊ ေနအိမ္ဧည့္ခန္းတြင္ ထရမ့္၏ ကိုယ္လံုးျပည့္ပံုစံ ျဖတ္ပိုင္းရုပ္ပံုတို႔ ယေန႔တိုင္ျပသထားသည္။

ထရမ့္၏ဖခင္ျဖစ္သူ ဖရက္ဒ္ထရမ့္က ၁၉၄၀ ျပည့္ႏွစ္တြင္ ေဆာက္လုပ္ခဲ့ျခင္းျဖစ္ျပီး ထရမ့္၏ ေမြးစာရင္းပါ လိပ္စာမွာ ယခုေနအိမ္ျဖစ္သည္။

Queens အရပ္၊ Jamaica Estates အိမ္ရာဝန္းတြင္ တည္ရွိေသာ အဝါေရာင္ ေနအိမ္အတြင္း အိပ္ခန္း ၅ ခန္း၊ ေရခ်ဳိးခန္း ၄ ခန္း၊ မီးလင္းဖိုတစ္ခု၊ ေနစာလံႈခန္းတို႔ပါဝင္ျပီး ၾကမ္းျပင္ကို ဝက္သစ္ခ်သားမ်ားျဖင့္ ခင္းက်င္းထားသည္။

ေဒၚနယ္ထရမ့္သည္ အဆိုပါေနအိမ္တြင္ အသက္ ၄ ႏွစ္သားအရြယ္အထိသာ ေနထုိင္ခဲ့သည္။

ေဒၚနယ္ထရမ့္၏ ကေလးဘဝေနအိမ္သည္ ေရာင္းထြက္ရန္အလြန္ခက္ခဲလွသည္။

ကန္ေဒၚလာ ၂ ဒသမ ၉ သန္းျဖင့္ အေရာင္းေစ်းကြက္တင္ခဲ့ျပီးေနာက္ အငွားေစ်းကြက္သို႔ ဝင္ေရာက္ခဲ့ျပန္သည္။

ထိုမွတဖန္ ႏိုဝင္ဘာ ၁၄ ရက္က ေလလံပြဲတြင္ ေရာင္းခ်ရန္ စီစဥ္ခဲ့ေသးေသာ္လည္း ေနာက္ပိုင္းတြင္ ေလလံတင္ျခင္းကို အကန္႔သတ္မရွိ ရက္ေရႊ႕ဆိုင္းလိုက္ျပန္သည္။

အဘယ္ေၾကာင့္ဆိုလွ်င္ ထရမ့္၏ ေနအိမ္ကို ဝယ္ယူရန္ စိတ္ဝင္စားသူ မရွိျခင္းေၾကာင့္ ျဖစ္သည္။

ထရမ့္ငယ္စဥ္က ၄ ႏွစ္ခန္႔ ေနထိုင္ခဲ့သည့္ အဆိုပါေနအိမ္မွာ စိတ္ဝင္စားမည့္ ဝယ္လက္မရွိဘဲ ေစ်းကြက္မွ ျပန္လည္ရုပ္သိမ္းသြား ေၾကာင္း၊ ထရမ့္ကို ေဝဖန္တိုက္ခိုက္ေနသူမ်ားကမူ အဆိုပါအိမ္ကို ဝယ္ရန္ အြန္လုိင္းမွတဆင့္ ရန္ပံုေငြမ်ား စုေဆာင္းေနေၾကာင္း Paramount Realty USA အိမ္ျခံေျမကုမၸဏီမွ မီရွာ ဟာဂါနီက ေျပာၾကားသည္။

“အြန္လိုင္းမွာ ရန္ပံုေငြ စုေဆာင္းတဲ့ ကမ္ပိန္းလုပ္ေနသူေတြကို အခြင့္အေရးေပးတဲ့အေနနဲ႔ ေလလံတင္မႈကို ေရႊ႕ဆိုင္းခဲ့တာျဖစ္ပါတယ္” ဟု ဟာဂါနီက ေျပာၾကားသည္။

ေလာ့စ္အိန္ဂ်လိတြင္ ေနထိုင္သူတစ္ဦးျဖစ္ေသာ ေဒးဗစ္ ယိတ္စ္သည္ ျပီးခဲ့ေသာ စက္တင္ဘာလအတြင္း GoFundMe အမည္ျဖင့္ အင္တာနက္စာမ်က္ႏွာတစ္ခု လႊင့္တင္ခဲ့ျပီး ေဒၚနယ္ထရမ့္၏ အိပ္ခန္း ၅ ခန္းပါ တူးေဒၚဗိသုကာဟန္ ေနအိမ္ကို ဝယ္ယူႏိုင္ေရးအတြက္ ေဒၚလာ ၅ သန္းရရွိရန္ ရန္ပံုေငြမ်ား စတင္စုေဆာင္းခဲ့သည္။

လိုအပ္သည့္ ေငြပမာဏရရွိပါက ထရမ့္၏ ကေလးဘဝေနအိမ္ကို ဝယ္ယူကာ ျဖိဳခ်ဖ်က္ဆီးပစ္မည္ဟု ဆိုသည္။

အဆိုပါအင္တာနက္စာမ်က္ႏွာတြင္ https://www.gofundme.com/f/TearDownDonaldTrumpsHouse  Tear Down Donald Trump’s House ဟူေသာ စာမ်က္ႏွာခြဲဖြင့္လွစ္ထားျပီး အဆိုပါဝက္ဘ္ဆိုက္ စာမ်က္ႏွာမွတဆင့္ ရန္ပံုေငြထည့္ဝင္မည့္သူမ်ားအေနျဖင့္ တိုက္ရိုက္လွွဴဒါန္းႏိုင္ေၾကာင္း ေတြ႔ရသည္။

ယေန႔ (ႏိုဝင္ဘာ၊ ၁၉) အထိမူ လွဴဒါန္းထားသူတစ္ဦးမွ် မရွိေသးေၾကာင္းလည္း ေတြ႔ရသည္။

ထရမ့္၏ ေနအိမ္ ေနာက္ဆံုးအေရာင္းအဝယ္ျဖစ္ခဲ့သည္မွာ ၂၀၁၇ ခုႏွစ္အတြင္းကျဖစ္ျပီး တရုတ္ရင္းႏွီးျမွဳပ္ႏွံသူတစ္ဦးထံ ကန္ေဒၚလာ ၂ ဒသမ ၁၄ သန္းျဖင့္ ေရာင္းခ်ခဲ့ျခင္းျဖစ္သည္။

ယင္းမတိုင္မီက ကန္ေဒၚလာ ၁ ဒသမ ၄ သန္းျဖင့္ အေရာင္းအဝယ္ျဖစ္ခဲ့ဖူးသည္။

အဆိုပါ အေရာင္းအဝယ္ ၂ ၾကိမ္လံုးတြင္ ဟာဂါနီက ႏွစ္ဘက္စလံုးအတြက္ အက်ဳိးေဆာင္ျဖစ္ခဲ့သည္။

အဆိုပါေဒသတြင္ ပွ်မ္းမွ်ေနအိမ္ေပါက္ေစ်းမွာ ကန္ေဒၚလာ ၁ သန္းဝန္းက်င္သာရွိသည္ဟု ဆိုသည္။

“ကၽြန္ေတာ္ ဒီအိမ္ကို ဝယ္ျပီး ဖ်က္ပစ္ခ်င္ပါတယ္။ ထရမ့္ဟာ ဒီအိမ္မွာ ၾကီးျပင္းခဲ့တာျဖစ္ပါတယ္။ ထရမ့္ကိုးကြယ္တဲ့သူေတြက ဒီအိမ္ကို ဝယ္ယူျပီး အထိမ္းအမွတ္ဗိမာန္ (ဒါမွမဟုတ္) ျပတိုက္ လုပ္လိုက္တာမ်ဳိးကို တားဆီးဖို႔လိုပါတယ္။ အိမ္ကို ဖ်က္ဆီးတဲ့အခ်ိန္မွာ ကၽြမ္းက်င္ ကင္မရာအဖြဲ႔ေခၚယူျပီး ရိုက္ကူးမွတ္တမ္းတင္မွာပါ”ဟု ယိတ္စ္က သူ၏ GoFundMe ဝက္ဘ္ဆိုက္စာမ်က္ႏွာတြင္ ေဖာ္ျပသည္။

အက်ဳိးေဆာင္ ဟာဂါနီကမူ ယခုေနအိမ္ကို ဖ်က္ပစ္သည္ထက္ အျပဳသေဘာေဆာင္သည့္ အသံုးျပဳမႈမ်ဳိး ျပဳလုပ္သင့္ေၾကာင္း၊ သမၼတ အထိမ္းအမွတ္ စာၾကည့္တိုက္ (သို႔မဟုတ္) ဒုကၡသည္မ်ား ေနထုိင္ရာေနရာအျဖစ္ ေျပာင္းလဲသင့္ေၾကာင္း၊ သမၼတထရမ့္အေနျဖင့္ ျပန္လည္ဝယ္ယူျခင္းမ်ဳိးလည္း ျပဳလုပ္သင့္ေၾကာင္း ေျပာၾကားသည္။

(ဆက္စပ္သတင္းမ်ား)

(၁) အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ ကေလးဘဝက ေနထိုင္ခဲ့သည့္ေနအိမ္ ကန္ေဒၚလာ ၃ သန္းနီးပါးျဖင့္ အေရာင္းေစ်းကြက္ဝင္လာ (၂၀၁၉၊ ေဖေဖာ္ဝါရီ)

https://www.imyanmarhouse.com/news/read/803565

(၂) အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ ငယ္စဥ္ကေနထိုင္ခဲ့သည့္ေနအိမ္ အငွားေစ်းကြက္ဝင္လာ (၂၀၁၇၊ ဇြန္လ)

https://www.imyanmarhouse.com/news/read/619414

(၃) ေဒၚနယ္ထရမ့္၏ ကေလးဘဝေနအိမ္ ေလလံပြဲတြင္ ေရာင္းထြက္သြားျပီ (၂၀၁၇၊ ဇန္နဝါရီ)

https://www.imyanmarhouse.com/news/read/560665

(၄) အေမရိကန္သမၼတေလာင္းေဒၚနယ္ထရမ့္ ကေလးဘ၀က ေနထိုင္ခဲ့သည့္ေနအိမ္ ေအာက္တိုဘာ ၁၉ ရက္တြင္ ေလလံတင္ ေရာင္းခ်ေတာ့မည္ (၂၀၁၆၊ စက္တင္ဘာ)

https://www.imyanmarhouse.com/news/read/518788

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

နယူးယောက်ပြည်နယ်၊ နယူးယောက်မြို့၊ Queens အရပ်၊ ဂျမေကာအိမ်ရာတွင် တည်ရှိပြီး တူးဒေါ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားကာ အုတ်၊ ကော်နစ်ပလာစတာ ရောယှက်ဆောက်လုပ်ထားသော နေအိမ်ဖြစ်သည်။

ထရမ့်ရေးသားထားသည့် Trump: The Art of the Deal စာအုပ်၊ ဒေါ်နယ်ထရမ့်၏ အမှတ်ရဖွယ် ဓာတ်ပုံများ၊ နေအိမ်ဧည့်ခန်းတွင် ထရမ့်၏ ကိုယ်လုံးပြည့်ပုံစံ ဖြတ်ပိုင်းရုပ်ပုံတို့ ယနေ့တိုင်ပြသထားသည်။

ထရမ့်၏ဖခင်ဖြစ်သူ ဖရက်ဒ်ထရမ့်က ၁၉၄၀ ပြည့်နှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ထရမ့်၏ မွေးစာရင်းပါ လိပ်စာမှာ ယခုနေအိမ်ဖြစ်သည်။

Queens အရပ်၊ Jamaica Estates အိမ်ရာဝန်းတွင် တည်ရှိသော အဝါရောင် နေအိမ်အတွင်း အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၄ ခန်း၊ မီးလင်းဖိုတစ်ခု၊ နေစာလှုံခန်းတို့ပါဝင်ပြီး ကြမ်းပြင်ကို ဝက်သစ်ချသားများဖြင့် ခင်းကျင်းထားသည်။

ဒေါ်နယ်ထရမ့်သည် အဆိုပါနေအိမ်တွင် အသက် ၄ နှစ်သားအရွယ်အထိသာ နေထိုင်ခဲ့သည်။

ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်သည် ရောင်းထွက်ရန်အလွန်ခက်ခဲလှသည်။

ကန်ဒေါ်လာ ၂ ဒသမ ၉ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့ပြီးနောက် အငှားဈေးကွက်သို့ ဝင်ရောက်ခဲ့ပြန်သည်။

ထိုမှတဖန် နိုဝင်ဘာ ၁၄ ရက်က လေလံပွဲတွင် ရောင်းချရန် စီစဉ်ခဲ့သေးသော်လည်း နောက်ပိုင်းတွင် လေလံတင်ခြင်းကို အကန့်သတ်မရှိ ရက်ရွှေ့ဆိုင်းလိုက်ပြန်သည်။

အဘယ်ကြောင့်ဆိုလျှင် ထရမ့်၏ နေအိမ်ကို ဝယ်ယူရန် စိတ်ဝင်စားသူ မရှိခြင်းကြောင့် ဖြစ်သည်။

ထရမ့်ငယ်စဉ်က ၄ နှစ်ခန့် နေထိုင်ခဲ့သည့် အဆိုပါနေအိမ်မှာ စိတ်ဝင်စားမည့် ဝယ်လက်မရှိဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား ကြောင်း၊ ထရမ့်ကို ဝေဖန်တိုက်ခိုက်နေသူများကမူ အဆိုပါအိမ်ကို ဝယ်ရန် အွန်လိုင်းမှတဆင့် ရန်ပုံငွေများ စုဆောင်းနေကြောင်း Paramount Realty USA အိမ်ခြံမြေကုမ္ပဏီမှ မီရှာ ဟာဂါနီက ပြောကြားသည်။

“အွန်လိုင်းမှာ ရန်ပုံငွေ စုဆောင်းတဲ့ ကမ်ပိန်းလုပ်နေသူတွေကို အခွင့်အရေးပေးတဲ့အနေနဲ့ လေလံတင်မှုကို ရွှေ့ဆိုင်းခဲ့တာဖြစ်ပါတယ်” ဟု ဟာဂါနီက ပြောကြားသည်။

လော့စ်အိန်ဂျလိတွင် နေထိုင်သူတစ်ဦးဖြစ်သော ဒေးဗစ် ယိတ်စ်သည် ပြီးခဲ့သော စက်တင်ဘာလအတွင်း GoFundMe အမည်ဖြင့် အင်တာနက်စာမျက်နှာတစ်ခု လွှင့်တင်ခဲ့ပြီး ဒေါ်နယ်ထရမ့်၏ အိပ်ခန်း ၅ ခန်းပါ တူးဒေါ်ဗိသုကာဟန် နေအိမ်ကို ဝယ်ယူနိုင်ရေးအတွက် ဒေါ်လာ ၅ သန်းရရှိရန် ရန်ပုံငွေများ စတင်စုဆောင်းခဲ့သည်။

လိုအပ်သည့် ငွေပမာဏရရှိပါက ထရမ့်၏ ကလေးဘဝနေအိမ်ကို ဝယ်ယူကာ ဖြိုချဖျက်ဆီးပစ်မည်ဟု ဆိုသည်။

အဆိုပါအင်တာနက်စာမျက်နှာတွင် https://www.gofundme.com/f/TearDownDonaldTrumpsHouse Tear Down Donald Trump’s House ဟူသော စာမျက်နှာခွဲဖွင့်လှစ်ထားပြီး အဆိုပါဝက်ဘ်ဆိုက် စာမျက်နှာမှတဆင့် ရန်ပုံငွေထည့်ဝင်မည့်သူများအနေဖြင့် တိုက်ရိုက်လှူဒါန်းနိုင်ကြောင်း တွေ့ရသည်။

ယနေ့ (နိုဝင်ဘာ၊ ၁၉) အထိမူ လှူဒါန်းထားသူတစ်ဦးမျှ မရှိသေးကြောင်းလည်း တွေ့ရသည်။

ထရမ့်၏ နေအိမ် နောက်ဆုံးအရောင်းအဝယ်ဖြစ်ခဲ့သည်မှာ ၂၀၁၇ ခုနှစ်အတွင်းကဖြစ်ပြီး တရုတ်ရင်းနှီးမြှုပ်နှံသူတစ်ဦးထံ ကန်ဒေါ်လာ ၂ ဒသမ ၁၄ သန်းဖြင့် ရောင်းချခဲ့ခြင်းဖြစ်သည်။

ယင်းမတိုင်မီက ကန်ဒေါ်လာ ၁ ဒသမ ၄ သန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ဖူးသည်။

အဆိုပါ အရောင်းအဝယ် ၂ ကြိမ်လုံးတွင် ဟာဂါနီက နှစ်ဘက်စလုံးအတွက် အကျိုးဆောင်ဖြစ်ခဲ့သည်။

အဆိုပါဒေသတွင် ပျှမ်းမျှနေအိမ်ပေါက်ဈေးမှာ ကန်ဒေါ်လာ ၁ သန်းဝန်းကျင်သာရှိသည်ဟု ဆိုသည်။

“ကျွန်တော် ဒီအိမ်ကို ဝယ်ပြီး ဖျက်ပစ်ချင်ပါတယ်။ ထရမ့်ဟာ ဒီအိမ်မှာ ကြီးပြင်းခဲ့တာဖြစ်ပါတယ်။ ထရမ့်ကိုးကွယ်တဲ့သူတွေက ဒီအိမ်ကို ဝယ်ယူပြီး အထိမ်းအမှတ်ဗိမာန် (ဒါမှမဟုတ်) ပြတိုက် လုပ်လိုက်တာမျိုးကို တားဆီးဖို့လိုပါတယ်။ အိမ်ကို ဖျက်ဆီးတဲ့အချိန်မှာ ကျွမ်းကျင် ကင်မရာအဖွဲ့ခေါ်ယူပြီး ရိုက်ကူးမှတ်တမ်းတင်မှာပါ”ဟု ယိတ်စ်က သူ၏ GoFundMe ဝက်ဘ်ဆိုက်စာမျက်နှာတွင် ဖော်ပြသည်။

အကျိုးဆောင် ဟာဂါနီကမူ ယခုနေအိမ်ကို ဖျက်ပစ်သည်ထက် အပြုသဘောဆောင်သည့် အသုံးပြုမှုမျိုး ပြုလုပ်သင့်ကြောင်း၊ သမ္မတ အထိမ်းအမှတ် စာကြည့်တိုက် (သို့မဟုတ်) ဒုက္ခသည်များ နေထိုင်ရာနေရာအဖြစ် ပြောင်းလဲသင့်ကြောင်း၊ သမ္မတထရမ့်အနေဖြင့် ပြန်လည်ဝယ်ယူခြင်းမျိုးလည်း ပြုလုပ်သင့်ကြောင်း ပြောကြားသည်။

(ဆက်စပ်သတင်းများ)

(၁) အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကလေးဘဝက နေထိုင်ခဲ့သည့်နေအိမ် ကန်ဒေါ်လာ ၃ သန်းနီးပါးဖြင့် အရောင်းဈေးကွက်ဝင်လာ (၂၀၁၉၊ ဖေဖော်ဝါရီ)

https://www.imyanmarhouse.com/news/read/803565

(၂) အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ငယ်စဉ်ကနေထိုင်ခဲ့သည့်နေအိမ် အငှားဈေးကွက်ဝင်လာ (၂၀၁၇၊ ဇွန်လ)

https://www.imyanmarhouse.com/news/read/619414

(၃) ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ် လေလံပွဲတွင် ရောင်းထွက်သွားပြီ (၂၀၁၇၊ ဇန်နဝါရီ)

https://www.imyanmarhouse.com/news/read/560665

(၄) အမေရိကန်သမ္မတလောင်းဒေါ်နယ်ထရမ့် ကလေးဘဝက နေထိုင်ခဲ့သည့်နေအိမ် အောက်တိုဘာ ၁၉ ရက်တွင် လေလံတင် ရောင်းချတော့မည် (၂၀၁၆၊ စက်တင်ဘာ)

https://www.imyanmarhouse.com/news/read/518788

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း၊ မိမိအနေဖြင့် ဘွဲ့ရပညာတတ်များနှင့်သာ တွဲကြောင်း လူမှုကွန်ရက်တွင် ပြောဆိုခဲ့မှု ဂယက်ထကာ ပွဲဖြစ်နေ...

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
imyanmarmarket
42 Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service