ကမ္ဘာကျော် ရော့ခ်ဂီတအဖွဲ့ကြီး အိုအေစစ်၏ လိဒ်ဂစ်တာသမား၏ နေအိမ်မွမ်းမံမှုများ ပြုလုပ်ရာတွင် အမိုးအောက်တွင် ဆောင်းခိုနေသော လင်းနို့များကို အနှောင့်အယှက်မဖြစ်စေရန် အာဏာပိုင်တို့က တားမြစ်မှုကြောင့် မွမ်းမံမှုလုပ်ငန်းများ ဆိုင်းငံ့ထားရ
ကမ္ဘာကျော် ရော့ခ်ဂီတအဖွဲ့ကြီး အိုအေစစ်၏ လိဒ်ဂစ်တာသမား၏ နေအိမ်မွမ်းမံမှုများ ပြုလုပ်ရာတွင် အမိုးအောက်တွင် ဆောင်းခိုနေသော လင်းနို့များကို အနှောင့်အယှက်မဖြစ်စေရန် အာဏာပိုင်တို့က တားမြစ်မှုကြောင့် မွမ်းမံမှုလုပ်ငန်းများ ဆိုင်းငံ့ထားရ - Property News in Myanmar from iMyanmarHouse.com
18 Nov 2019 2:36 pm တွင် တင်ခဲ့သည်
1010 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
### Unicode Version ###
ကမ္ဘာကျော် ရော့ခ်ဂီတအဖွဲ့ကြီး အိုအေစစ်၏ လိဒ်ဂစ်တာသမား နိုအယ်လ် ဂါးလက်ဒါ (Noel gallagher) သည် လန်ဒန်မြို့တော်တွင် လူသတ်မှုများ ပေါ်ပေါက်နေခြင်းကြောင့် ကလေးများအန္တရာယ်ကင်းစေရန် မိသားစုနှင့်အတူ ကျေးလက်ဒေသသို့ပြောင်းရွှေ့ကာ ငြိမ်းအေး ဆိတ်ငြိမ်လုံခြုံသော ဝန်းကျင်တွင် နေထိုင်ခဲ့သည်။
သို့ရာတွင် သူ၏ အေးချမ်းသာယာသော ကျေးလက်လူနေမှုဘဝတွင်လည်း စိန်ခေါ်မှုအသစ်များနှင့် ရင်ဆိုင်လာရသည်။
ဟမ့်ပ်ရှိုင်းယားအရပ်တွင်ရှိသော စံအိမ်သည် အိပ်ခန်း ၇ ခန်းပါဝင်ပြီး ဝယ်ယူစဉ်က ပေါင် ၈ သန်းပေးခဲ့ရသည်။
ယခုအခါ အဆိုပါနေအိမ်အမိုးများတွင် လင်းနို့များ အိပ်တန်းဝင်နေကြသည်ကို တွေ့လာရသည်။
ထို့ကြောင့် စံအိမ်ကို ပြန်လည်ပြုပြင်မွမ်းမံမှုများပြုလုပ်ရန်စီစဉ်ထားမှုများမှာ ဆိုင်းငံ့ထားလိုက်ရသည်။
လက်ရှိအားဖြင့် ပထမထပ်ရှိ မီးလုံးအားလုံးကို ပိတ်ထားရန် Noel gallagher တို့ မိသားစုကို ပြောထားသည်ဟု ဆိုသည်။
ပြုပြင်မွမ်းမံရေး စာရွက်စာတမ်းများအရ Noel gallagher က ပထမထပ်ရှိ နံရံတစ်ခုကို ဖယ်ရှားကာ အခန်းဖွဲ့များ ပြန်လည်ဖွဲ့စည်းရန်၊ ကြီးမားသော dressing room နှင့် ရေချိုးခန်းများ ထည့်သွင်းရန်ဟူသောအချက်တို့ ပါဝင်သည်။
နေအိမ်မွမ်းမံမှုများ ပြုလုပ်ရန်အတွက် ဂေဟဗေဒပညာရှင်တစ်ဦး လာရောက်ကာ မွမ်းမံမှုများကြောင့် ထိန်းသိမ်းကာကွယ်ထားသည့် တိရ စ္ဆာန်မျိုးစိတ်များ -ယခုဖြစ်ရပ်တွင်အထူးသဖြင့် လင်းနို့- တို့အပေါ် ထိခိုက်နိုင်မှုရှိ၊ မရှိ လေ့လာခဲ့သည်။
စံအိမ်သို့ ကြိမ်ဖန်များစွာ လာရောက်လေ့လာမှုများပြုလုပ်ပြီးနောက်ပိုင်း ဂေဟဗေဒပညာရှင်က ကောက်ချက်ဆွဲခဲ့သည်မှာ ယခုအဆောက်အအုံတွင် လင်းနို့မျိုးစိတ် အနည်းဆုံးတစ်ခု နေထိုင်ခဲ့ကြောင်း၊ လက်ရှိအားဖြင့်လည်း လင်းနို့များ ကျက်စားနေထိုင်သည့် နေရာဖြစ်ကြောင်း အစီရင်ခံသည်။
ဗြိတိန်တွင် လင်းနို့မျိုးစိတ်အားလုံးကို ပြည်တွင်းဥပဒေအပြင် ဥရောပဥပဒေဖြင့်ပါ အပြည့်အဝကာကွယ်ပေးထားသည်။
ထို့ကြောင့် လင်းနို့များကို အနှောင့်အယှက်မဖြစ်စေမည့် ဘေးကင်းသော လုပ်ငန်းဆောင်ရွက်ပုံမျိုးဖြစ်ရန် လိုအပ်ကြောင်း အစီရင်ခံထားသည်။
ဂေဟဗေဒပညာရှင်၏ အစီရင်ခံချက်အရ နိုဝင်ဘာလမှ မတ်လအတွင်း လုပ်ငန်းများ မလုပ်ဆောင်သင့်ကြောင်း၊ ထိုကာလသည် လင်းနို့များ ဆောင်းခိုသည့်ကာလဖြစ်ရာ နေအိမ်၏ အမိုးတွင် ဆောင်းခိုနေသည့်လင်းနို့များ အနှောင့်အယှက်ဖြစ်အောင် မလုပ်သင့်ကြောင်း ဖော်ပြသည်။
ထို့အပြင် တစ်ရက်လျှင် ၄ နာရီထက်ပိုပြီး ပြုပြင်မွမ်းမံမှုလုပ်ငန်းများ မလုပ်ရန်နှင့် လုပ်ငန်းလုပ်ဆောင်သူ အလုပ်သမားများအနေဖြင့် လည်း ရေဒီယိုများ အသုံးမပြုရန် လမ်းညွှန်ထားသည်။
မျက်နှာကြက်မှတဆင့် အမိုးအောက်သို့ အလင်းနှင့် ဆူညံသံများ မဝင်ရောက်စေရန်အတွက် ပထမထပ်တွင် လျှပ်စစ်မီးများ လုံးဝမဖွင့်ရန်လည်း ဖော်ပြထားသည်။
Noel gallagher သည် ရေကူးကန်တစ်ခု၊ တင်းနစ်ကွင်းနှင့် စာကြည့်တိုက်တို့ ပါဝင်သော စံအိမ်ကို ယခုနှစ် မေလအတွင်းက ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
INNO CITY
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service