ၾသစေတးလ် ရုပ်ရှင်မင်းသား လီယမ် ဟမ်းစ်ဝါ့သ်က ဇနီးဟောင်း မိုင်လေဆိုင်းရပ်၏ နေအိမ်နှင့် ကပ်လျက်တည်ရှိသော သူ၏ မီးသင့်ခဲ့သော နေအိမ်ကို ပြန်လည်ဆောက်လုပ်မှုများ စတင်
သြစတေးလျ ရုပ်ရှင်မင်းသား လီယမ် ဟမ်းစ်ဝါ့သ်က ဇနီးဟောင်း မိုင်လေဆိုင်းရပ်၏ နေအိမ်နှင့် ကပ်လျက်တည်ရှိသော သူ၏ မီးသင့်ခဲ့သော နေအိမ်ကို ပြန်လည်ဆောက်လုပ်မှုများ စတင် - Property News in Myanmar from iMyanmarHouse.com
18 Nov 2019 1:33 pm တွင် တင်ခဲ့သည်
2488 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
### Unicode Version ###
လီယမ် ဟမ်းစ်ဝါ့သ်က ဇနီးဟောင်း မိုင်လေဆိုင်းရပ်နှင့် ချစ်သူသစ် boyfriend ကိုဒီ ဆင့်ပ်ဆင်တို့၏ နေအိမ်နှင့် ကပ်လျက်တည်ရှိသော သူ၏ မီးလောင်သွားသောနေအိမ်ကို ပြန်လည်ဆောက်လုပ်မှုများ စတင်လုပ်ဆောင်နေပြီ ဖြစ်သည်။
လီယမ် ဟမ်းစ်ဝါ့သ်နှင့် ဇနီးဟောင်း မိုင်လေဆိုင်းရပ်တို့ နေထိုင်ခဲ့သော အဆိုပါနေအိမ်မှာ လော့စ်အိန်ဂျလိမြို့၏ ကမ္ဘာကျော်များ ခြေချရာ မာလီဘူးအရပ်တွင် တည်ရှိပြီး ပြီးခဲ့သော ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလအတွင်းက ကယ်လီဖိုးနီးယားသမိုင်းတွင် အကြီးကျယ်ဆုံး တောမီးလောင်မှုကြီး ပေါ်ပေါက်ခဲ့ရာတွင် လီယမ် ဟမ်းစ်ဝါ့သ်၏ နေအိမ် ပါဝင်သွားခဲ့ခြင်း ဖြစ်သည်။
အသက် ၂၉ နှစ်သာရှိသေးသော သြစတေးလျရုပ်ရှင်သရုပ်ဆောင် လီယမ် ဟမ်းစ်ဝါ့သ်သည် မီးသင့်ခဲ့သော မာလီဘူးစံအိမ်ကို ဖြိုဖျက်ရန်နှင့် အဆောက်အအုံသစ်ဆောက်လုပ်ရန် ခွင့်ပြုချက်ရရှိထားပြီ ဖြစ်သည်။
လီယမ်ဟမ်းစ်ဝါ့သ်နှင့် မိုင်လေဆိုင်းရပ်တို့သည် မာလီဘူးအရပ်တွင် ကပ်လျက်တည်ရှိသော စံအိမ် ၂ လုံးကို တစ်လုံးစီ ဝယ်ယူခဲ့ကြခြင်း ဖြစ်ပြီး ဟမ်းစ်ဝါ့သ်၏ နေအိမ်မှာ ကန်ဒေါ်လာ ၆ ဒသမ ၈ သန်းပေးခဲ့ရကာ မိုင်လေဆိုင်းရပ်စ်၏ နေအိမ်မှာမူ ကန်ဒေါ်လာ ၂ ဒသမ ၅ သန်းသာ ပေးခဲ့ရသည်။
အတူတကွ နေထိုင်ရာတွင်မူ လီယမ် ဟမ်းစ်ဝါ့သ် ဝယ်ယူခဲ့သည့် ပိုမိုကြီးမားသော စံအိမ်ဘက်တွင် နေထိုင်ခဲ့ကြသည်။
လီယမ် ဟမ်းစ်ဝါ့သ်က ၎င်း၏စံအိမ်ကို ဂီတကြယ်ပွင့် မက်သူး ဝိုင်းလ်ဒါထံမှ ၂၀၁၄ ခုနှစ်အတွင်း ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ မိုင်လေဆိုင်းရပ်စ်က ကပ်လျက်အိမ်ကို ၂၀၁၆ ခုနှစ်၊ ဧပြီလအတွင်း ဝယ်ယူခဲ့သည်။
လီယမ်ဟမ်းစ်ဝါ့သ်၏ စံအိမ်ဘက်တွင် မိုင်လေဆိုင်းရပ်စ်က စိတ်ကြိုက်မွမ်းမံမှုများ ပြုလုပ်ခဲ့ရာ ဟောလိဝုဒ် ပုံစံတူ ဆိုင်းဘုတ်တစ်ခုနှင့် အချစ်ဟု အမည်ရသော ကြီးမားသည့် အက္ခရာများ ပုံဖော်ထားခြင်းတို့ ပါဝင်သည်။
လီယမ်ဟမ်းစ်ဝါ့သ်၏ စံအိမ်တွင် မိုင်လေဆိုင်းရပ်သည် အိမ်မွေးတိရ စ္ဆာန်ကလေးများနှင့်အတူ နေထိုင်ခဲ့ပြီး မိုင်လေဆိုင်းရပ်၏ ကပ်လျက်နေအိမ်မှာမူ ထိုကာလက နေထိုင်သူ မရှိခဲ့ချေ။
ပြီးခဲ့သောနှစ် နိုဝင်ဘာအတွင်း တောမီးလောင်ရာတွင် လီယမ်ဟမ်းစ်ဝါ့သ်၏ နေအိမ်ပါဝင်သွားပြီးနောက် ပြန်လည်ဆောက်လုပ်ခွင့် လျှောက်ထားဆဲကာလတွင် ကွာရှင်းပြတ်စဲခဲ့ကြခြင်း ဖြစ်သည်။
မိုင်လေဆိုင်းရပ်က ကပ်လျက်ခြံဝန်းတွင်ရှိသော သူ၏နေအိမ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ မိုင်လေဆိုင်းရပ်၏ နေအိမ်မှာ ၁၉၇၀ ပြည့်လွန်ကာလများက ဆောက်လုပ်ခဲ့သည့် ယာတောအိမ်ပုံစံဖြစ်ပြီး အိပ်ခန်း ၃ ခန်း၊ ကျောက်စရစ်ခဲများဖြင့် မွမ်းမံဆောက်လုပ်ထား သည့် ရေချိုးခန်း၊ ရေပူစိမ်ကန်၊ လျှပ်စစ်ဓာတ်အားဖြည့်ရန်နေရာပါဝင်သည့် ကား ၂ စင်းဆန့် ကားဂိုဒေါင်တို့ ပါဝင်သည်။
ယခုလအစောပိုင်းက စူပါမော်ဒယ် gigi hadid ၏ ချစ်သူဟောင်း သြစတေးလျလူမျိုး cody က သူ၏လူမှုကွန်ရက် စာမျက်နှာတွင် မိုင်လေဆိုင်းရပ်နှင့်အတူ ရိုက်ကူးထားသော selfie ဓာတ်ပုံကို လွှင့်တင်ခဲ့ပြီး မိုင်လေဆိုင်းရပ်၏နေအိမ်တွင် နေထိုင်မည်ဖြစ်ကြောင်း အတည်ပြုရေးသားထားခဲ့သည်။
လီယမ် ဟမ်းစ်ဝါ့သ်သည် အစ်ကိုဖြစ်သူ ခရစ္စ ဟမ်းစ်ဝါ့သ်နှင့် နီးကပ်စွာနေထိုင်နိုင်ရန်အတွက် သြစတေးလျတွင်လည်း နေအိမ်တစ်လုံး ရှာဖွေနေကြောင်း သတင်းများထွက်ပေါ်နေသည်။
လီယမ် ဟမ်းစ်ဝါ့သ်သည် ရုပ်ရှင်မင်းသမီး မက်ဒီဆင် ဘရောင်းနှင့် ချိန်းတွေ့နေမှုများကို ယခုလအစောပိုင်းက မကြာခဏတွေ့ခဲ့ရသည်ဟူသော သတင်းများရှိသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
Mingalar Market
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service