၂၀၂၀ ျပည့္ႏွစ္ အိမ္ၿခံေျမရင္းႏွီးျမႇဳပ္ႏွံမႈအလားအလာတြင္ စကၤာပူ နံပါတ္ ၁ ျဖစ္လာ

၂၀၂၀ ျပည့္ႏွစ္ အိမ္ၿခံေျမရင္းႏွီးျမႇဳပ္ႏွံမႈအလားအလာတြင္ စကၤာပူ နံပါတ္ ၁ ျဖစ္လာ - Property News in Myanmar from iMyanmarHouse.com
18 Nov 2019 11:52 am တွင် တင်ခဲ့သည်
884 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ေဟာင္ေကာင္တြင္ ႏိုင္ငံေရးမတည္မၿငိမ္ျဖစ္ေနသည့္ အေျခအေနကို အခြင့္ေကာင္းယူ၍ စကၤာပူက အာရွပစိဖိတ္ေဒသ၏ အေကာင္းဆံုးရင္းႏွီးျမႇဳပ္ႏွံမႈအလားအလာမ်ား ရွိလာေၾကာင္း သိရသည္။

အာရွ၏ အေဟာ့ဆံုးအိမ္ၿခံေျမေဈးကြက္ႏွစ္ခုျဖစ္သည့္ စကၤာပူႏွင့္ ေဟာင္ေကာင္တို႔၏ ကံၾကမၼာလမ္းေၾကာင္းမ်ားသည္ ကြဲျပားျခားနားေတာ့မည္ျဖစ္ေၾကာင္း ဘလြန္းဘတ္သတင္းဌာနက အက်ဳိးအျမတ္အတြက္မဟုတ္သည့္ သုေသသနအဖြဲ႕အစည္း Urban Land Institute ႏွင့္ ႏိုင္ငံေပါင္းစံုဆုိင္ရာ ပညာရွင္အဆင့္ဝန္ေဆာင္မႈကြန္ရက္ PricewaterhouseCoopers LLP တို႔၏ အစီရင္ခံထုတ္ျပန္ခ်က္တစ္ရပ္ကို ကိုးကား၍ ေဖာ္ျပခဲ့သည္။

ယခုအခါ စကၤာပူသည္ ၂၀၂၀ ျပည့္ႏွစ္တြင္ ျဖစ္ပြားမည့္ ေဈးႏႈန္းျမင့္တက္မႈမ်ားေၾကာင့္ အိမ္ၿခံေျမရင္းႏွီးျမႇဳပ္ႏွံမႈအလားအလာမ်ားႏွင့္ပတ္သက္ၿပီး နံပါတ္ ၁ ေနရာျဖစ္လာသည္။ ေဟာင္ေကာင္ကမူ ယခင္ ၂၀၁၉ စာရင္းတြင္ နံပါတ္ ၁၄ ေနရာတြင္ ရွိခဲ့ရာမွ ႏုိင္ငံေရးအၾကမ္းဖက္ဆႏၵျပမႈမ်ား လႏွင့္ခ်ီ ျဖစ္ပြားခဲ့ျခင္းေၾကာင့္ ယခု ၂၀၂၀ အစီရင္ခံထုတ္ျပန္ခ်က္စာရင္းတြင္ ေအာက္ေျခသို႔ က်ဆင္းခဲ့သည္။

ရင္းႏွီးျမႇဳပ္ႏွံသူမ်ား၏ စိတ္ဝင္စားမႈသည္ ေဟာင္ေကာင္ႏွင့္ တ႐ုတ္မွ စြန္႔ခြါၿပီး စကၤာပူဘက္သို႔ ျမင့္တက္လာခဲ့သည္။

ၿပီးခဲ့သည့္သံုးလပတ္အနည္းငယ္အတြင္း စကၤာပူရွိ တိုက္ခန္းေဈးႏႈန္းမ်ား ျပန္လည္ျမင့္တက္လာခဲ့သည္။

အခ်ိန္ခဏေလးပင္ျဖစ္ေစ ေဟာင္ေကာင္၏ ျပႆနာမ်ားသည္ စကၤာပူအတြက္ အျမတ္ထြက္ေစခဲ့သည္ဟု Urban Land Institute ၏ စီအီးအို အက္ဒ္ေဝၚလ္တာက ေျပာၾကားခဲ့သည္။

ယခုႏွစ္ပထမႏွစ္ဝက္အတြင္း စကၤာပူတြင္ အိမ္ၿခံေျမအေရာင္းအဝယ္မ်ား ျမင့္တက္ခဲ့သည္။ ဝယ္လက္အမ်ားစုမွာ ႏုိင္ငံျခားဝယ္လက္မ်ားျဖစ္သည္။ ပမာဏအားျဖင့္ အေမရိကန္ေဒၚလာ ၄ ဒသမ ၉ ဘီလ်ံ (စကၤာပူေဒၚလာ ၆ ဒသမ ၆ ဘီလ်ံ) ဖို႔ရွိခ့ၿပီး ၂၀၁၈ ပထမႏွစ္ဝက္ထက္ ၇၃ ရာခိုင္ႏႈန္း ျမင့္တက္ခဲ့သည္။

ျမင့္မားေသာ အိမ္ၿခံေျမေဈးႏႈန္းမ်ားအား ေက်ာေထာက္ေနာက္ခံျပဳထားသည့္ ေဟာင္ေကာင္အိမ္ၿခံေျမေဈးကြက္သည္ ကိုယ္ခံအားအလြန္ေကာင္းေသာ (နာလည္ျပန္ထူလြယ္ေသာ) ေဈးကြက္တစ္ခုျဖစ္သည္ဟုလည္း ေဝၚလ္တာက ေျပာၾကားခဲ့ေသးသည္။ ႏုိင္ငံေရးဆႏၵျပမႈမ်ားၿပီးဆံုးပါက လက္လီအေရာင္းအဝယ္က႑ကဲ့သို႔ေသာ က႑မ်ား လ်င္ျမန္စြာ ျပန္လည္နာလန္ထူႏုိင္သည္ဟု သူက ထင္ျမင္ေနသည္။

၂၂ ေနရာကို ႏွစ္စဥ္ဆန္းစစ္ေလ့လာ၍ ထုတ္ျပန္ေလ့ရွိေသာ ထိုအစီရင္ခံစာမ်ား၏ ၂၀၁၇ စာရင္းတြင္မူ စကၤာပူက နံပါတ္ ၂၁ ေနရာတြင္ ေဖာ္ျပခံခဲ့ရၿပီး ေဟာင္ေကာင္က နံပါတ္ ၁၈ ေနရာတြင္ ေဖာ္ျပခံခဲ့ရေၾကာင္းလည္း သိရသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

ဟောင်ကောင်တွင် နိုင်ငံရေးမတည်မငြိမ်ဖြစ်နေသည့် အခြေအနေကို အခွင့်ကောင်းယူ၍ စင်္ကာပူက အာရှပစိဖိတ်ဒေသ၏ အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုအလားအလာများ ရှိလာကြောင်း သိရသည်။

အာရှ၏ အဟော့ဆုံးအိမ်ခြံမြေဈေးကွက်နှစ်ခုဖြစ်သည့် စင်္ကာပူနှင့် ဟောင်ကောင်တို့၏ ကံကြမ္မာလမ်းကြောင်းများသည် ကွဲပြားခြားနားတော့မည်ဖြစ်ကြောင်း ဘလွန်းဘတ်သတင်းဌာနက အကျိုးအမြတ်အတွက်မဟုတ်သည့် သုသေသနအဖွဲ့အစည်း Urban Land Institute နှင့် နိုင်ငံပေါင်းစုံဆိုင်ရာ ပညာရှင်အဆင့်ဝန်ဆောင်မှုကွန်ရက် PricewaterhouseCoopers LLP တို့၏ အစီရင်ခံထုတ်ပြန်ချက်တစ်ရပ်ကို ကိုးကား၍ ဖော်ပြခဲ့သည်။

ယခုအခါ စင်္ကာပူသည် ၂၀၂၀ ပြည့်နှစ်တွင် ဖြစ်ပွားမည့် ဈေးနှုန်းမြင့်တက်မှုများကြောင့် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုအလားအလာများနှင့်ပတ်သက်ပြီး နံပါတ် ၁ နေရာဖြစ်လာသည်။ ဟောင်ကောင်ကမူ ယခင် ၂၀၁၉ စာရင်းတွင် နံပါတ် ၁၄ နေရာတွင် ရှိခဲ့ရာမှ နိုင်ငံရေးအကြမ်းဖက်ဆန္ဒပြမှုများ လနှင့်ချီ ဖြစ်ပွားခဲ့ခြင်းကြောင့် ယခု ၂၀၂၀ အစီရင်ခံထုတ်ပြန်ချက်စာရင်းတွင် အောက်ခြေသို့ ကျဆင်းခဲ့သည်။

ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှုသည် ဟောင်ကောင်နှင့် တရုတ်မှ စွန့်ခွါပြီး စင်္ကာပူဘက်သို့ မြင့်တက်လာခဲ့သည်။

ပြီးခဲ့သည့်သုံးလပတ်အနည်းငယ်အတွင်း စင်္ကာပူရှိ တိုက်ခန်းဈေးနှုန်းများ ပြန်လည်မြင့်တက်လာခဲ့သည်။

အချိန်ခဏလေးပင်ဖြစ်စေ ဟောင်ကောင်၏ ပြဿနာများသည် စင်္ကာပူအတွက် အမြတ်ထွက်စေခဲ့သည်ဟု Urban Land Institute ၏ စီအီးအို အက်ဒ်ဝေါ်လ်တာက ပြောကြားခဲ့သည်။

ယခုနှစ်ပထမနှစ်ဝက်အတွင်း စင်္ကာပူတွင် အိမ်ခြံမြေအရောင်းအဝယ်များ မြင့်တက်ခဲ့သည်။ ဝယ်လက်အများစုမှာ နိုင်ငံခြားဝယ်လက်များဖြစ်သည်။ ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၄ ဒသမ ၉ ဘီလျံ (စင်္ကာပူဒေါ်လာ ၆ ဒသမ ၆ ဘီလျံ) ဖို့ရှိခ့ပြီး ၂၀၁၈ ပထမနှစ်ဝက်ထက် ၇၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

မြင့်မားသော အိမ်ခြံမြေဈေးနှုန်းများအား ကျောထောက်နောက်ခံပြုထားသည့် ဟောင်ကောင်အိမ်ခြံမြေဈေးကွက်သည် ကိုယ်ခံအားအလွန်ကောင်းသော (နာလည်ပြန်ထူလွယ်သော) ဈေးကွက်တစ်ခုဖြစ်သည်ဟုလည်း ဝေါ်လ်တာက ပြောကြားခဲ့သေးသည်။ နိုင်ငံရေးဆန္ဒပြမှုများပြီးဆုံးပါက လက်လီအရောင်းအဝယ်ကဏ္ဍကဲ့သို့သော ကဏ္ဍများ လျင်မြန်စွာ ပြန်လည်နာလန်ထူနိုင်သည်ဟု သူက ထင်မြင်နေသည်။

၂၂ နေရာကို နှစ်စဉ်ဆန်းစစ်လေ့လာ၍ ထုတ်ပြန်လေ့ရှိသော ထိုအစီရင်ခံစာများ၏ ၂၀၁၇ စာရင်းတွင်မူ စင်္ကာပူက နံပါတ် ၂၁ နေရာတွင် ဖော်ပြခံခဲ့ရပြီး ဟောင်ကောင်က နံပါတ် ၁၈ နေရာတွင် ဖော်ပြခံခဲ့ရကြောင်းလည်း သိရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service