အာရွပစိဖိတ္တြင္ ေတာင္ကိုရီးယားၿပီးလွ်င္ စကၤာပူက အဓိကအိမ္ၿခံေျမရင္းႏွီးျမႇဳပ္ႏွံသူျဖစ္

အာရွပစိဖိတ္တြင္ ေတာင္ကိုရီးယားၿပီးလွ်င္ စကၤာပူက အဓိကအိမ္ၿခံေျမရင္းႏွီးျမႇဳပ္ႏွံသူျဖစ္ - Property News in Myanmar from iMyanmarHouse.com
15 Nov 2019 11:51 am တွင် တင်ခဲ့သည်
702 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

၂၀၁၉ စက္တင္ဘာလကုန္အထိ ေတာင္ကိုရီးယားႏုိင္ငံသည္ အာရွပစိဖိတ္ေဒသတြင္ အဓိကအိမ္ၿခံေျမရင္းႏွီးျမႇဳပ္ႏွံသူျဖစ္ေၾကာင္း၊ က်န္အာရွႏုိင္ငံမ်ားမွ ျပဳလုပ္ခဲ့ေသာ အိမ္ၿခံေျမရင္းႏွီးျမႇဳပ္ႏံွမႈ၏ ၃၅ ရာခုိင္ႏႈန္းရွိခဲ့ေၾကာင္း Korea Times သတင္းစာက ေလ့လာမႈတစ္ရပ္ကို ကိုးကား၍ ႏိုဝင္ဘာ ၁၂ တြင္ ေဖာ္ျပခဲ့သည္။

ကမာၻ႕အိမ္ၿခံေျမဝန္ေဆာင္မႈႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈကုမၸဏီ CBRE ႏွင့္ ကိုရီးယားဘ႑ာေရးအဖြဲ႕အစည္း Korea Institutes of Finance (KIF) ထံမွရရွိေသာ အခ်က္အလက္မ်ားကို အေျခခံရေသာ္ ေတာင္ကိုရီးယားႏုိင္ငံသည္ စကၤာပူ (၂၀ ရာခိုင္ႏႈန္း)၊ ေဟာင္ေကာင္ (၁၄ ရာခုိင္ႏႈန္း) ႏွင့္ ဂ်ပန္ (၁၀ ရာခိုင္ႏႈန္း) တို႔အထက္မွ အဆင့္အျမင့္ဆံုးျဖစ္ခဲ့သည္။ ဆုိလိုသည္မွာ အာရွပစိဖိတ္တြင္ ေတာင္ကိုရီးယားၿပီးလွ်င္ စကၤာပူက အမ်ားဆံုးအိမ္ၿခံေျမရင္းႏီွးျမႇဳပ္ႏွံသူျဖစ္သည္။

၂၀၁၇ ခုႏွစ္တြင္ တ႐ုတ္က အာရွပစိဖိတ္ေဒသတြင္း စုစုေပါင္းရင္းႏွီးျမႇဳပ္ႏံွမႈ၏ ၅၅ ရာခိုင္ႏႈန္း ရွိခဲ့ၿပီး တ႐ုတ္ေနာက္မွ စကၤာပူက ၁၇ ရာခိုင္ႏႈန္း၊ ေဟာင္ေကာင္က ၁၄ ရာခုိင္ႏႈန္းႏွင့္ ေတာင္ကိုရီးယားက ၆ ရာခိုင္ႏႈန္းသာ ရွိခဲ့သည္။

သို႔ေသာ္လည္း ၿပိဳင္ဆုိင္မႈႀကီးထြားလာျခင္းေၾကာင့္ ၎ရင္းႏွီးျမႇဳပ္ႏံွမႈျမင့္တက္မႈသည္ အျမတ္အစြန္းမ်ားကို က်ဆင္းေစႏိုင္သည္ဟု KIF က ေတာင္ကိုရီးယားႏိုင္ငံသားမ်ားအား သတိေပးထားသည္။ ယခုႏွစ္မွာတင္ ႐ံုးအေဆာက္အအံုမ်ားအတြက္ ရင္းႏွီးျမႇဳပ္ႏွံမႈအျမတ္အစြန္းသည္ ၂၀၁၀ ျပည့္ႏွစ္တြင္ ၇ ရာခိုင္ႏႈန္းရွိခဲ့ရာမွ ၄ ရာခိုင္ႏႈန္းသို႔ က်ဆင္းခဲ့ေၾကာင္း သိရသည္။

KIF ၏ သုေတသနတစ္ဦးျဖစ္သူ Shyn Yong-sang က အိမ္ၿခံေျမရင္းႏွီးျမႇဳပ္ႏွံမႈမ်ားတြင္ အႏၱရာယ္မ်ားကို ႏိုးႏိုးၾကားၾကားေစာင့္ၾကည့္စီမံခန္႔ခြဲရန္ ဝယ္လက္မ်ားအား အားေပးတိုက္တြန္းထားသည္။

၂၀၁၉ စက္တင္ဘာအထိ ႏုိင္ငံျခားအိမ္ၿခံေျမရင္းႏွီးျမႇဳပ္ႏွံမႈမ်ားသည္ ကိုရီးယားဝမ္ ၅၀ ဒသမ ၇ ထရီလ်ံ (အေမရိကန္ေဒၚလာ ၄၃ ဒသမ ၅ ဘီလ်ံ) သို႔ ျမင့္တက္ခဲ့ၿပီး ကိုရီးယားဝမ္ ၁၂ ဒသမ ၃ ထရီလ်ံ ရွိခဲ့သည့္ ၂၀၁၅ ခုႏွစ္ကထက္ ေလးဆမ်ားျပားခဲ့ေၾကာင္း ကိုရီးယားဘ႑ာေငြရင္းႏွီးျမႇဳပ္ႏွံမႈအသင္း (KOFIA) ၏ ထုတ္ျပန္ခ်က္အရ သိရသည္။

၎႐ုတ္တရက္ျမင့္တက္မႈသည္ အျမတ္အစြန္းျမင့္မားသည့္ထုတ္ကုန္ကို ပိုမိုဦးစားေပးေသာ ကမာၻ႕ရင္းႏွီးျမႇဳပ္ႏွံမႈအဟုန္ႏွင့္ ကိုက္ညီသည္ဟုလည္း KOFIA က ထုတ္ျပန္ခဲ့သည္။ အခ်က္အလက္ႏွင့္ ခြဲျခမ္းစိတ္ျဖာေလ့လာေရးကုမၸဏီ Real Capital Analytics ၏ ထုတ္ျပန္ခ်က္အရလည္း အိမ္ၿခံေျမႏွင့္ပတ္သက္ေသာ ကမာၻ႕ရင္းႏွီးျမႇဳပ္ႏွံမႈသည္ ယခုႏွစ္တြင္ အေမရိကန္ေဒၚလာ ၁,၇၄၆ သို႔ တစ္ဟုန္ထုိးျမင့္တက္ခဲ့ကာ အေမရိကန္ေဒၚလာ ၄၄၆ ထရီလ်ံ ရွိခဲ့သည့္ ၂၀၀၉ ခုႏွစ္ထက္ ေလးဆခန္႔ ပိုမိုမ်ားျပားခဲ့ေၾကာင္း သိရသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

၂၀၁၉ စက်တင်ဘာလကုန်အထိ တောင်ကိုရီးယားနိုင်ငံသည် အာရှပစိဖိတ်ဒေသတွင် အဓိကအိမ်ခြံမြေရင်းနှီးမြှုပ်နှံသူဖြစ်ကြောင်း၊ ကျန်အာရှနိုင်ငံများမှ ပြုလုပ်ခဲ့သော အိမ်ခြံမြေရင်းနှီးမြှုပ်နံှမှု၏ ၃၅ ရာခိုင်နှုန်းရှိခဲ့ကြောင်း Korea Times သတင်းစာက လေ့လာမှုတစ်ရပ်ကို ကိုးကား၍ နိုဝင်ဘာ ၁၂ တွင် ဖော်ပြခဲ့သည်။

ကမ္ဘာ့အိမ်ခြံမြေဝန်ဆောင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ CBRE နှင့် ကိုရီးယားဘဏ္ဍာရေးအဖွဲ့အစည်း Korea Institutes of Finance (KIF) ထံမှရရှိသော အချက်အလက်များကို အခြေခံရသော် တောင်ကိုရီးယားနိုင်ငံသည် စင်္ကာပူ (၂၀ ရာခိုင်နှုန်း)၊ ဟောင်ကောင် (၁၄ ရာခိုင်နှုန်း) နှင့် ဂျပန် (၁၀ ရာခိုင်နှုန်း) တို့အထက်မှ အဆင့်အမြင့်ဆုံးဖြစ်ခဲ့သည်။ ဆိုလိုသည်မှာ အာရှပစိဖိတ်တွင် တောင်ကိုရီးယားပြီးလျှင် စင်္ကာပူက အများဆုံးအိမ်ခြံမြေရင်းနှီးမြှုပ်နှံသူဖြစ်သည်။

၂၀၁၇ ခုနှစ်တွင် တရုတ်က အာရှပစိဖိတ်ဒေသတွင်း စုစုပေါင်းရင်းနှီးမြှုပ်နံှမှု၏ ၅၅ ရာခိုင်နှုန်း ရှိခဲ့ပြီး တရုတ်နောက်မှ စင်္ကာပူက ၁၇ ရာခိုင်နှုန်း၊ ဟောင်ကောင်က ၁၄ ရာခိုင်နှုန်းနှင့် တောင်ကိုရီးယားက ၆ ရာခိုင်နှုန်းသာ ရှိခဲ့သည်။

သို့သော်လည်း ပြိုင်ဆိုင်မှုကြီးထွားလာခြင်းကြောင့် ၎င်းရင်းနှီးမြှုပ်နံှမှုမြင့်တက်မှုသည် အမြတ်အစွန်းများကို ကျဆင်းစေနိုင်သည်ဟု KIF က တောင်ကိုရီးယားနိုင်ငံသားများအား သတိပေးထားသည်။ ယခုနှစ်မှာတင် ရုံးအဆောက်အအုံများအတွက် ရင်းနှီးမြှုပ်နှံမှုအမြတ်အစွန်းသည် ၂၀၁၀ ပြည့်နှစ်တွင် ၇ ရာခိုင်နှုန်းရှိခဲ့ရာမှ ၄ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ကြောင်း သိရသည်။

KIF ၏ သုတေသနတစ်ဦးဖြစ်သူ Shyn Yong-sang က အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုများတွင် အန္တရာယ်များကို နိုးနိုးကြားကြားစောင့်ကြည့်စီမံခန့်ခွဲရန် ဝယ်လက်များအား အားပေးတိုက်တွန်းထားသည်။

၂၀၁၉ စက်တင်ဘာအထိ နိုင်ငံခြားအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုများသည် ကိုရီးယားဝမ် ၅၀ ဒသမ ၇ ထရီလျံ (အမေရိကန်ဒေါ်လာ ၄၃ ဒသမ ၅ ဘီလျံ) သို့ မြင့်တက်ခဲ့ပြီး ကိုရီးယားဝမ် ၁၂ ဒသမ ၃ ထရီလျံ ရှိခဲ့သည့် ၂၀၁၅ ခုနှစ်ကထက် လေးဆများပြားခဲ့ကြောင်း ကိုရီးယားဘဏ္ဍာငွေရင်းနှီးမြှုပ်နှံမှုအသင်း (KOFIA) ၏ ထုတ်ပြန်ချက်အရ သိရသည်။

၎င်းရုတ်တရက်မြင့်တက်မှုသည် အမြတ်အစွန်းမြင့်မားသည့်ထုတ်ကုန်ကို ပိုမိုဦးစားပေးသော ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှုအဟုန်နှင့် ကိုက်ညီသည်ဟုလည်း KOFIA က ထုတ်ပြန်ခဲ့သည်။ အချက်အလက်နှင့် ခွဲခြမ်းစိတ်ဖြာလေ့လာရေးကုမ္ပဏီ Real Capital Analytics ၏ ထုတ်ပြန်ချက်အရလည်း အိမ်ခြံမြေနှင့်ပတ်သက်သော ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှုသည် ယခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁,၇၄၆ သို့ တစ်ဟုန်ထိုးမြင့်တက်ခဲ့ကာ အမေရိကန်ဒေါ်လာ ၄၄၆ ထရီလျံ ရှိခဲ့သည့် ၂၀၀၉ ခုနှစ်ထက် လေးဆခန့် ပိုမိုများပြားခဲ့ကြောင်း သိရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service