ဂ်ပန္လူေနအိမ္ၿခံေျမေဈးကြက္ တစ္ဟုန္ထိုး တိုးတက္

ဂ်ပန္လူေနအိမ္ၿခံေျမေဈးကြက္ တစ္ဟုန္ထိုး တိုးတက္ - Property News in Myanmar from iMyanmarHouse.com
15 Nov 2019 11:09 am တွင် တင်ခဲ့သည်
1439 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

အေမရိကန္-တ႐ုတ္ကုန္သြယ္ေရးစစ္ပြဲႏွင့္ အျခားႏုိင္ငံမ်ားတြင္ မေသခ်ာမေရရာမႈမ်ားႀကီးထြားလာျခင္းတို႔ေၾကာင့္ ဂ်ပန္ရွိ လူေနအိမ္ၿခံေျမေဈးကြက္သည္ ၿပီးခဲ့သည့္ႏွစ္ႏွင့္ယွဥ္လွ်င္ ႏုိင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈတြင္ ရာခိုင္ႏႈန္း ၅၀ ျမင့္တက္ခဲ့ေၾကာင္း South China Morning Post သတင္းစာက ေဖာ္ျပခဲ့သည္။

“ဂ်ပန္အိမ္ၿခံေျမမွာ ႏုိင္ငံျခားရင္းႏွီးျမႇဳပ္ႏွံသူေတြရဲ႕ စိတ္ဝင္စားမႈက ပိုၿပီးႀကီးထြားလာမယ္လို႔ ကၽြန္ေတာ္ယူဆပါတယ္။ ရင္းႏွီးျမႇဳပ္ႏွံသူအုပ္စုေတြပိုပိုၿပီး ဂ်ပန္ေဈးကြက္မွာ အထူးသျဖင့္ လူေနအိမ္ေဈးကြက္မွာ စိတ္ဝင္စားလာၾကတာကို ကၽြန္ေတာ္တို႔ေတြ႕ႀကံဳေနရပါတယ္။” ဟု Cushman & Wakefield အိမ္ၿခံေျမကုမၸဏီ၏ ဒါ႐ိုက္တာႏွင့္ ဂ်ပန္ႏုိင္ငံဆုိင္ရာသုေတသနႏွင့္အတုိင္ပင္ခံေခါင္းေဆာင္ ဟီဒဲအာကီဆူဇူကီက ေျပာၾကားခဲ့သည္။

အေမရိကန္ေဒၚလာ ၁၀ သန္းအထက္ အိမ္ၿခံေျမအေရာင္းအဝယ္မ်ားကို အဓိကထားေသာ အခ်က္အလက္ဆန္းစစ္ေလ့လာမႈကုမၸဏီတစ္ခုျဖစ္သည့္ Real Capital Analytics မွ ထုတ္ျပန္ေသာ သုေတသနေလ့လာခ်က္တစ္ရပ္အရ ဆိုရေသာ္ ႏုိင္ငံျခားသားမ်ားသည္ သီးျခားအိမ္ခန္းမ်ားတြင္ မိသားစုမ်ဳိးစံုေနႏုိင္သည့္ ႏွစ္လံုးတြဲတိုက္မ်ား၊ တိုက္ခန္းအေဆာက္အအံုမ်ားႏွင့္ ၿမိဳ႕လယ္ရပ္ကြက္ရွိ အဆင့္ျမင့္သီးသန္႔တိုက္အိမ္မ်ားအပါအဝင္ ဂ်ပန္ေနအိမ္မ်ဳိးစံုကို စုစုေပါင္း အေမရိက္ေဒၚလာ ၈၄၈ ဒသမ ၄ သန္း ဖိုး ဝယ္ယူခဲ့ၾကေၾကာင္း သိရသည္။

မၿပီးျပတ္ေသးေသာ အေရာင္းအဝယ္မ်ားက အေမရိကန္ေဒၚလာ ၁ ဒသမ ၂ ဘီလ်ံဖိုး ရွိေနသျဖင့္ ႏုိင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈသည္ ယခုႏွစ္မကုန္မီ အေမရိကန္ေဒၚလာ ၂ ဒသမ ၁ ဘီလ်ံထက္မနည္း ရွိလာမည္ဟု သူတို႔က ခန္႔မွန္းေနၾကသည္။ ယင္းပမာဏသည္ ၿပီးခဲ့သည့္ႏွစ္ထက္ ၄ ဆေက်ာ္ထက္မနည္း ပိုမိုမ်ားျပားသည္။

ဂ်ာမနီအာမခံကုမၸဏီ Allianz ၏ အိမ္ၿခံေျမရင္းႏွီးျမႇဳပ္ႏွံမႈကုမၸဏီ Allianz Real Estate က ယခုႏွစ္ေအာက္တုိဘာတြင္ အေမရိကန္ေဒၚလာ ၁ ဒသမ ၂ ဘီလ်ံဖိုး လူေနအိမ္ၿခံေျမမ်ားကို ဝယ္ယူခဲ့သည္။

ထိုလ၌ပင္ M&G Investments ၏ အိမ္ၿခံေျမရင္းႏွီးျမႇဳပ္ႏွံမႈစီမံခန္႔ခြဲေရးကုမၸဏီ M&G Real Estate ကလည္း အေမရိကန္ေဒၚလာ ၅၇ သန္းဖိုး လူေနအိမ္ၿခံေျမမ်ားကို ဝယ္ယူခဲ့သည္။

ဂ်ပန္သည္ ကမာၻ႕တတိယအႀကီးဆံုးစီးပြားေရးျဖစ္ေသာ္လည္း လူဦးေရတြင္ သက္ႀကီးရြယ္အိုဦးေရအလြန္မ်ားသည့္ႏုိင္ငံျဖစ္သည္။

ယမန္ႏွစ္အထိ တိုက်ဳိ၏ စုစုေပါင္းလူဦးေရသည္ ကိုးရာခိုင္ႏႈန္းျမင့္တက္ၿပီး ၈ ေသာင္းေက်ာ္ရွိခဲ့သည္။ ႏိုင္ငံျခားလုပ္သားမ်ားအား ဂ်ပန္ႏိုင္ငံသားျဖစ္ခြင့္ေပးမည့္ အစိုးရစီမံခ်က္က ထုိလူဦးေရျမင့္တက္မႈကို အားေပးရာေရာက္ခဲ့သည္ဟု ကၽြမ္းက်င္သူမ်ားက ယူဆေနေၾကာင္းလည္း သိရသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

အမေရိကန်-တရုတ်ကုန်သွယ်ရေးစစ်ပွဲနှင့် အခြားနိုင်ငံများတွင် မသေချာမရေရာမှုများကြီးထွားလာခြင်းတို့ကြောင့် ဂျပန်ရှိ လူနေအိမ်ခြံမြေဈေးကွက်သည် ပြီးခဲ့သည့်နှစ်နှင့်ယှဉ်လျှင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် ရာခိုင်နှုန်း ၅၀ မြင့်တက်ခဲ့ကြောင်း South China Morning Post သတင်းစာက ဖော်ပြခဲ့သည်။

“ဂျပန်အိမ်ခြံမြေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေရဲ့ စိတ်ဝင်စားမှုက ပိုပြီးကြီးထွားလာမယ်လို့ ကျွန်တော်ယူဆပါတယ်။ ရင်းနှီးမြှုပ်နှံသူအုပ်စုတွေ ပိုပိုပြီး ဂျပန်ဈေးကွက်မှာ အထူးသဖြင့် လူနေအိမ်ဈေးကွက်မှာ စိတ်ဝင်စားလာကြတာကို ကျွန်တော်တို့တွေ့ကြုံနေရပါတယ်။” ဟု Cushman & Wakefield အိမ်ခြံမြေကုမ္ပဏီ၏ ဒါရိုက်တာနှင့် ဂျပန်နိုင်ငံဆိုင်ရာသုတေသနနှင့်အတိုင်ပင်ခံခေါင်းဆောင် ဟီဒဲအာကီ ဆူဇူကီက ပြောကြားခဲ့သည်။

အမေရိကန်ဒေါ်လာ ၁၀ သန်းအထက် အိမ်ခြံမြေအရောင်းအဝယ်များကို အဓိကထားသော အချက်အလက်ဆန်းစစ်လေ့လာမှုကုမ္ပဏီတစ်ခုဖြစ်သည့် Real Capital Analytics မှ ထုတ်ပြန်သော သုတေသနလေ့လာချက်တစ်ရပ်အရ ဆိုရသော် နိုင်ငံခြားသားများသည် သီးခြားအိမ်ခန်းများတွင် မိသားစုမျိုးစုံနေနိုင်သည့် နှစ်လုံးတွဲတိုက်များ၊ တိုက်ခန်းအဆောက်အအုံများနှင့် မြို့လယ်ရပ်ကွက်ရှိ အဆင့်မြင့်သီးသန့်တိုက်အိမ်များအပါအဝင် ဂျပန်နေအိမ်မျိုးစုံကို စုစုပေါင်း အမေရိက်ဒေါ်လာ ၈၄၈ ဒသမ ၄ သန်း ဖိုး ဝယ်ယူခဲ့ကြကြောင်း သိရသည်။

မပြီးပြတ်သေးသော အရောင်းအဝယ်များက အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလျံဖိုး ရှိနေသဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ယခုနှစ်မကုန်မီ အမေရိကန်ဒေါ်လာ ၂ ဒသမ ၁ ဘီလျံထက်မနည်း ရှိလာမည်ဟု သူတို့က ခန့်မှန်းနေကြသည်။ ယင်းပမာဏသည် ပြီးခဲ့သည့်နှစ်ထက် ၄ ဆကျော်ထက်မနည်း ပိုမိုများပြားသည်။

ဂျာမနီအာမခံကုမ္ပဏီ Allianz ၏ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Allianz Real Estate က ယခုနှစ်အောက်တိုဘာတွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလျံဖိုး လူနေအိမ်ခြံမြေများကို ဝယ်ယူခဲ့သည်။

ထိုလ၌ပင် M&G Investments ၏ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုစီမံခန့်ခွဲရေးကုမ္ပဏီ M&G Real Estate ကလည်း အမေရိကန်ဒေါ်လာ ၅၇ သန်းဖိုး လူနေအိမ်ခြံမြေများကို ဝယ်ယူခဲ့သည်။

ဂျပန်သည် ကမ္ဘာ့တတိယအကြီးဆုံးစီးပွားရေးဖြစ်သော်လည်း လူဦးရေတွင် သက်ကြီးရွယ်အိုဦးရေအလွန်များသည့်နိုင်ငံဖြစ်သည်။

ယမန်နှစ်အထိ တိုကျို၏ စုစုပေါင်းလူဦးရေသည် ကိုးရာခိုင်နှုန်းမြင့်တက်ပြီး ၈ သောင်းကျော်ရှိခဲ့သည်။ နိုင်ငံခြားလုပ်သားများအား ဂျပန်နိုင်ငံသားဖြစ်ခွင့်ပေးမည့် အစိုးရစီမံချက်က ထိုလူဦးရေမြင့်တက်မှုကို အားပေးရာရောက်ခဲ့သည်ဟု ကျွမ်းကျင်သူများက ယူဆနေကြောင်းလည်း သိရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service