အေမရိကန္အိမ္ၿခံေျမတြင္ တ႐ုတ္ရင္းႏွီးျမႇဳပ္ႏွံမႈ ၅၆ ရာခိုင္ႏႈန္း က်ဆင္း

အေမရိကန္အိမ္ၿခံေျမတြင္ တ႐ုတ္ရင္းႏွီးျမႇဳပ္ႏွံမႈ ၅၆ ရာခိုင္ႏႈန္း က်ဆင္း - Property News in Myanmar from iMyanmarHouse.com
14 Nov 2019 9:58 am တွင် တင်ခဲ့သည်
645 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

အေမရိကန္ႏိုင္ငံ ကယ္လီဖိုးနီးယားျပည္နယ္အေျခစိုက္ အိမ္ၿခံေျမရင္းႏွီးျမႇဳပ္ႏွံမႈစီမံခန္႔ခြဲေရးကုမၸဏီ ACEQ Investment Group ၏ ဥကၠ႒ ေပခ်င္က သူမတို႔ကုမၸဏီသည္ ကုမၸဏီ၏ အဓိကလုပ္ငန္းရင္းျမစ္ႏွင့္ ေဈးကြက္ျဖစ္ေသာ တ႐ုတ္ေဖာက္သည္မ်ားထံမွ ၿပီးခဲ့သည့္ဆယ္လအတြင္း စံုစမ္းေမးျမန္းျခင္းမခံခဲ့ရဟု ထုတ္ေဖာ္ေျပာၾကားခဲ့ေၾကာင္း Asia Times သတင္းစာက ေဖာ္ျပခဲ့သည္။

“၂၀၁၆ နဲ႔ ၂၀၁၇ မွာ ကၽြန္မတို႔လုပ္ငန္းအရမ္းေကာင္းခဲ့ပါတယ္။ အဲ့တုန္းကဆို ေန႔တိုင္းကိုပဲ တ႐ုတ္ဝယ္လက္ေတြဆီကေန စံုစမ္းေမးျမန္းခံခဲ့ရတယ္။ အပတ္တုိင္း ကၽြန္မတို႔ရဲ႕ WeChat အေကာင့္ကို subscribe လုပ္တဲ့လူသစ္ ၁၀ ေယာက္ေက်ာ္ရွိခဲ့တယ္။ အခုေတာ့ အဲ့ဒီေရႊေရာင္ေန႔ရက္ေတြ ကုန္ဆံုးသြားပါၿပီ” ဟု ခ်င္က ေျပာၾကားခဲ့သည္။

တ႐ုတ္လူခ်မ္းသာမ်ားသည္ ယခုႏွစ္မတ္လအထိ ၁၂လတာအတြင္း ခုနစ္ႏွစ္ဆက္တုိက္အျဖစ္ အေမရိကန္ရွိလူေနအိမ္ၿခံေျမမ်ား၏ အႀကီးဆံုးႏိုင္ငံျခားဝယ္လက္ျဖစ္ခဲ့ေသာ္လည္း ဝယ္ယူခဲ့သည့္ပမာဏအားျဖင့္မူ ၅၆ ရာခိုင္ႏႈန္း က်ဆင္းခဲ့သည္။

ကိန္းဂဏန္းအားျဖင့္ေဖာ္ျပရေသာ္ ထိုတစ္ႏွစ္တာအတြင္း တ႐ုတ္ႏုိင္ငံသားတို႔၏ အေမရိကန္အိမ္ၿခံေျမမ်ားတြင္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားသည္ အေမရိကန္ေဒၚလာ ၁၃ ဒသမ ၄ ဘီလ်ံသာ ရွိခဲ့ေၾကာင္းႏွင့္ ယင္းမတုိင္မီ တစ္ႏွစ္တာအတြင္းမူ အေမရိကန္ေဒၚလာ ၃၀ ဒသမ ၄ ဘီလ်ံ ရွိခဲ့ေၾကာင္း China Daily သတင္းစာက ေဖာ္ျပခဲ့သည္။

“ပိုမာလာတဲ့ အေမရိကန္ေဒၚလာ၊ တ႐ုတ္စီးပြားေရးဖြံ႕ၿဖိဳးမႈေႏွးေကြးလာမႈနဲ႔ ေငြေၾကးထိန္းခ်ဳပ္မႈတို႔အပါအဝင္ စီးပြားေရးရာအခ်က္ေတြက တ႐ုတ္ဝယ္လက္အခ်ဳိ႕ကို ဆြဲထားႏိုင္ခဲ့ေပမဲ့ ႀကီးထြားလာတဲ့အေမရိကန္-တ႐ုတ္ကုန္သြယ္ေရးစစ္ပြဲကလည္း ႏွစ္ႏိုင္ငံအၾကား ခရီးသြားလာေရးတားျမစ္ခ်က္ေတြမ်ား ခ်မွတ္လာမလားဆိုတာနဲ႔ပတ္သက္ၿပီး စိုးရိမ္မႈနဲ႔အတူ အေမရိကန္မွာ အိမ္ၿခံေျမဝယ္ဖို႔ယံုၾကည္စိတ္ခ်မႈေတြကို ထိခိုက္ေစပါတယ္။” ဟု NAR (အေမရိကန္အမ်ဳိးသားအိမ္ၿခံေျမအက်ဳိးေဆာင္အသင္း) ၏ စီးပြားေရးပညာရွင္ခ်ဳပ္ ေလာရင့္စ္ယြန္က ေျပာၾကားခဲ့သည္။

တ႐ုတ္ရွိ အႀကီးဆံုးႏုိင္ငံတကာအိမ္ၿခံေျမဝက္ဘ္ဆိုက္ Juwai.com က အေမရိကန္တြင္ တ႐ုတ္ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားက်ဆင္းမႈသည္ လာမည့္ႏွစ္မတိုင္မီအထိ ဆက္လက္ျဖစ္တည္ေနၿပီး ၂၀၂၀ မတ္လအထိ တစ္ႏွစ္တာကာလအတြင္း ပမာဏအားျဖင့္ အေမရိကန္ေဒၚလာ ၁၀ ဘီလ်ံႏွင့္ ၁၂ ဘီလ်ံအၾကားသာ ရွိႏုိင္သည္ဟု ခန္႔မွန္းထားသည္။

ယခုႏွစ္ပထမသံုးလတာအတြင္း ၎တို႔ဝက္ဘ္ဆုိက္တြင္ အေမရိကန္အိမ္ၿခံေျမမ်ားအား တ႐ုတ္ႏုိင္ငံသားတို႔၏ စံုစမ္းေမးျမန္းမႈမ်ားသည္ ယမန္ႏွစ္ပထမသံုးလတာေအာက္ ၂၇ ဒသမ ၅ ရာခိုင္ႏႈန္း က်ဆင္းခဲ့ေၾကာင္းလည္း ၎ဝက္ဘ္ဆုိက္က ထုတ္ျပန္ခဲ့သည္။

အေမရိကန္-တ႐ုတ္ကုန္သြယ္ေရးစစ္ပြဲႏွင့္ပတ္သက္၍ ႀကီးထြားလာေသာ စိုးရိမ္ပူပန္မႈမ်ားႏွင့္ တ႐ုတ္ယြမ္ေငြအားေပ်ာ့လာမႈတို႔က အေမရိကန္အိမ္ၿခံေျမတြင္ တ႐ုတ္တုိ႔၏ရင္းႏွီးျမႇဳပ္ႏွံမႈက်ဆင္းမႈကို ျဖစ္ပြားေစခဲ့ျခင္းျဖစ္သည္ဟု California Association of Realtors (ကယ္လီဖိုးနီးယားအိမ္ၿခံေျမအက်ဳိးေဆာင္အသင္း) ၏ သုေတသနဒါ႐ုိက္တာႏွင့္ အႀကီးတန္းစီးပြားေရးပညာရွင္ ေအာ္စကာေဝကလည္း ေျပာၾကားခဲ့ေၾကာင္း သိရသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်အခြေစိုက် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုစီမံခန့်ခွဲရေးကုမ္ပဏီ ACEQ Investment Group ၏ ဥက္ကဋ္ဌ ပေချင်က သူမတို့ကုမ္ပဏီသည် ကုမ္ပဏီ၏ အဓိကလုပ်ငန်းရင်းမြစ်နှင့် ဈေးကွက်ဖြစ်သော တရုတ်ဖောက်သည်များထံမှ ပြီးခဲ့သည့်ဆယ်လအတွင်း စုံစမ်းမေးမြန်းခြင်းမခံခဲ့ရဟု ထုတ်ဖော်ပြောကြားခဲ့ကြောင်း Asia Times သတင်းစာက ဖော်ပြခဲ့သည်။

“၂၀၁၆ နဲ့ ၂၀၁၇ မှာ ကျွန်မတို့လုပ်ငန်းအရမ်းကောင်းခဲ့ပါတယ်။ အဲ့တုန်းကဆို နေ့တိုင်းကိုပဲ တရုတ်ဝယ်လက်တွေဆီကနေ စုံစမ်းမေးမြန်းခံခဲ့ရတယ်။ အပတ်တိုင်း ကျွန်မတို့ရဲ့ WeChat အကောင့်ကို subscribe လုပ်တဲ့လူသစ် ၁၀ ယောက်ကျော်ရှိခဲ့တယ်။ အခုတော့ အဲ့ဒီရွှေရောင်နေ့ရက်တွေ ကုန်ဆုံးသွားပါပြီ” ဟု ချင်က ပြောကြားခဲ့သည်။

တရုတ်လူချမ်းသာများသည် ယခုနှစ်မတ်လအထိ ၁၂လတာအတွင်း ခုနစ်နှစ်ဆက်တိုက်အဖြစ် အမေရိကန်ရှိလူနေအိမ်ခြံမြေများ၏ အကြီးဆုံးနိုင်ငံခြားဝယ်လက်ဖြစ်ခဲ့သော်လည်း ဝယ်ယူခဲ့သည့်ပမာဏအားဖြင့်မူ ၅၆ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

ကိန်းဂဏန်းအားဖြင့်ဖော်ပြရသော် ထိုတစ်နှစ်တာအတွင်း တရုတ်နိုင်ငံသားတို့၏ အမေရိကန်အိမ်ခြံမြေများတွင် ရင်းနှီးမြှုပ်နှံမှုများသည် အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၄ ဘီလျံသာ ရှိခဲ့ကြောင်းနှင့် ယင်းမတိုင်မီ တစ်နှစ်တာအတွင်းမူ အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၄ ဘီလျံ ရှိခဲ့ကြောင်း China Daily သတင်းစာက ဖော်ပြခဲ့သည်။

“ပိုမာလာတဲ့ အမေရိကန်ဒေါ်လာ၊ တရုတ်စီးပွားရေးဖွံ့ဖြိုးမှုနှေးကွေးလာမှုနဲ့ ငွေကြေးထိန်းချုပ်မှုတို့အပါအဝင် စီးပွားရေးရာအချက်တွေက တရုတ်ဝယ်လက်အချို့ကို ဆွဲထားနိုင်ခဲ့ပေမဲ့ ကြီးထွားလာတဲ့အမေရိကန်-တရုတ်ကုန်သွယ်ရေးစစ်ပွဲကလည်း နှစ်နိုင်ငံအကြား ခရီးသွားလာရေးတားမြစ်ချက်တွေများ ချမှတ်လာမလားဆိုတာနဲ့ပတ်သက်ပြီး စိုးရိမ်မှုနဲ့အတူ အမေရိကန်မှာ အိမ်ခြံမြေဝယ်ဖို့ယုံကြည်စိတ်ချမှုတွေကို ထိခိုက်စေပါတယ်။” ဟု NAR (အမေရိကန်အမျိုးသားအိမ်ခြံမြေအကျိုးဆောင်အသင်း) ၏ စီးပွားရေးပညာရှင်ချုပ် လောရင့်စ်ယွန်က ပြောကြားခဲ့သည်။

တရုတ်ရှိ အကြီးဆုံးနိုင်ငံတကာအိမ်ခြံမြေဝက်ဘ်ဆိုက် Juwai.com က အမေရိကန်တွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများကျဆင်းမှုသည် လာမည့်နှစ်မတိုင်မီအထိ ဆက်လက်ဖြစ်တည်နေပြီး ၂၀၂၀ မတ်လအထိ တစ်နှစ်တာကာလအတွင်း ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၁၀ ဘီလျံနှင့် ၁၂ ဘီလျံအကြားသာ ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။

ယခုနှစ်ပထမသုံးလတာအတွင်း ၎င်းတို့ဝက်ဘ်ဆိုက်တွင် အမေရိကန်အိမ်ခြံမြေများအား တရုတ်နိုင်ငံသားတို့၏ စုံစမ်းမေးမြန်းမှုများသည် ယမန်နှစ်ပထမသုံးလတာအောက် ၂၇ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်းလည်း ၎င်းဝက်ဘ်ဆိုက်က ထုတ်ပြန်ခဲ့သည်။

အမေရိကန်-တရုတ်ကုန်သွယ်ရေးစစ်ပွဲနှင့်ပတ်သက်၍ ကြီးထွားလာသော စိုးရိမ်ပူပန်မှုများနှင့် တရုတ်ယွမ်ငွေအားပျော့လာမှုတို့က အမေရိကန်အိမ်ခြံမြေတွင် တရုတ်တို့၏ရင်းနှီးမြှုပ်နှံမှုကျဆင်းမှုကို ဖြစ်ပွားစေခဲ့ခြင်းဖြစ်သည်ဟု California Association of Realtors (ကယ်လီဖိုးနီးယားအိမ်ခြံမြေအကျိုးဆောင်အသင်း) ၏ သုတေသနဒါရိုက်တာနှင့် အကြီးတန်းစီးပွားရေးပညာရှင် အော်စကာဝေကလည်း ပြောကြားခဲ့ကြောင်း သိရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ အွန်လိုင်းမှ ရောင်းချရာ နာရီဝက်အတွင်း ဒေါ်လာ ၃ သန်းဖိုး ရောင်းရမှု ပြည်မကြီးတွင် နာမည်ကြီးနေ...

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒေါ်လာ ၂၈၃ သန်းဖြင့် ဝယ်ယူ...
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒေါ်လာ ၂၈၃ သန်းဖြင့် ဝယ်ယူ...
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူများအတွက် ကိုယ်စားတန်းစီပေးသည့် ကုမ္ပဏီတစ်ခု တည်ထောင်လာနိုင်ပုံ...
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူများအတွက် ကိုယ်စားတန်းစီပေးသည့် ကုမ္ပဏီတစ်ခု တည်ထောင်လာနိုင်ပုံ...
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြောင်ကလေးနှင့်အတူ ကမ္ဘာပတ်နေပုံ...
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြောင်ကလေးနှင့်အတူ ကမ္ဘာပတ်နေပုံ...
ထိုင်းနိုင်ငံရဲ့ ထိပ်တန်းလည်ပတ်ဖွယ်နေရာ အစည်းကားဆုံး အန်းဖဝ ရေပေါ်ဈေး
ထိုင်းနိုင်ငံရဲ့ ထိပ်တန်းလည်ပတ်ဖွယ်နေရာ အစည်းကားဆုံး အန်းဖဝ ရေပေါ်ဈေး
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လာခဲ့ပြီး Elon Musk ထက်ပင် နေ့ချင်းညချင်း ရုတ်တရက် ချမ်းသာသွားသည့် ဖြစ်ပုံ...
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လာခဲ့ပြီး Elon Musk ထက်ပင် နေ့ချင်းညချင်း ရုတ်တရက် ချမ်းသာသွားသည့် ဖြစ်ပုံ...
အမေရိကန်ပြည်တွင် စမတ်ဖုန်းနှင့် ဝိုင်ဖိုုင်အသုံးပြုခွင့် တားမြစ်ပိတ်ပင်ထားသော မြို့ငယ်လေးအကြောင်း...
အမေရိကန်ပြည်တွင် စမတ်ဖုန်းနှင့် ဝိုင်ဖိုုင်အသုံးပြုခွင့် တားမြစ်ပိတ်ပင်ထားသော မြို့ငယ်လေးအကြောင်း...
စာဆိုတော်ကျူးယွမ်၊ ဝက်သားကောက်ညှင်းထုပ်နှင့် နဂါးလှေပွဲတော်တို့၏ ဒဏ္ဍာရီ (သို့မဟုတ်) မေလ ၃၁ ရက်တွင် ကျင်းပမည့် တရုတ်ရိုးရာ နဂါးလှေပွဲတော်အကြောင်း...
စာဆိုတော်ကျူးယွမ်၊ ဝက်သားကောက်ညှင်းထုပ်နှင့် နဂါးလှေပွဲတော်တို့၏ ဒဏ္ဍာရီ (သို့မဟုတ်) မေလ ၃၁ ရက်တွင် ကျင်းပမည့် တရုတ်ရိုးရာ နဂါးလှေပွဲတော်အကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service