ကမ္ဘာကျော် အိမ်ခြံမြေဝဘ်ဆိုက်ကြီးတစ်ခု၏ နေအိမ်တစ်လုံးကြော်ငြာဓာတ်ပုံများတင်ရာတွင် မီးဖိုဆောင်စားပွဲကို ရိုက်ကူးထားသည့် သံသယဖြစ်ဖွယ်ဓာတ်ပုံတစ်ခုကြောင့် ကြော်ငြာဝင်ရောက်ကြည့်ရှုသူ အလွန်များပြား
ကမ္ဘာကျော် အိမ်ခြံမြေဝဘ်ဆိုက်ကြီးတစ်ခု၏ နေအိမ်တစ်လုံးကြော်ငြာဓာတ်ပုံများတင်ရာတွင် မီးဖိုဆောင်စားပွဲကို ရိုက်ကူးထားသည့် သံသယဖြစ်ဖွယ်ဓာတ်ပုံတစ်ခုကြောင့် ကြော်ငြာဝင်ရောက်ကြည့်ရှုသူ အလွန်များပြား - Property News in Myanmar from iMyanmarHouse.com
13 Nov 2019 1:04 pm တွင် တင်ခဲ့သည်
8146 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
### Unicode Version ###
ကမ္ဘာကျော် အိမ်ခြံမြေဝဘ်ဆိုက်ကြီးတစ်ခုတွင် နေအိမ်တစ်လုံးကြော်ငြာဓာတ်ပုံများတင်ရာ၌ မီးဖိုဆောင်စားပွဲကို ရိုက်ကူးထားသည့် သံသယဖြစ်ဖွယ်ဓာတ်ပုံတစ်ခုကြောင့် ကြော်ငြာဝင်ရောက်ကြည့်ရှုသူ အလွန်များပြားခဲ့သည်။
ကမ္ဘာကျော် အိမ်ခြံမြေဝဘ်ဆိုက်ကြီး zillow တွင် လွှင့်တင်ကြော်ငြာသည့် နေအိမ်များကို ပျှမ်းမျှဝင်ရောက်ကြည့်ရှုသူ ၁၀၀ ဝန်းကျင်သာ ရှိလေ့ရှိသည်။
အဆိုပါဝဘ်ဆိုက်တွင် အမေရိကန်ပြည်ထောင်စု၊ မီချီဂန်ပြည်နယ်မှ အိပ်ခန်း ၅ ခန်းပါ နေအိမ်တစ်လုံးကို အရောင်းဈေးကွက်တင်ခဲ့ရာ ထူးခြားသည့် ဓာတ်ပုံတစ်ပုံကြောင့် ၃ ရက်အတွင်း ဝင်ရောက်ကြည့်ရှုသူ ၃၆၀၀၀ ကျော်ရှိခဲ့သည်ဟု ဆိုသည်။
ယင်းနေအိမ်ကိုခေါ်ဈေး ကန်ဒေါ်လာ ၁၆၅၀၀၀ ဈေးခေါ်ကာ ဈေးကွက်တင်ခဲ့ခြင်းဖြစ်ပြီး ဝေဖန်မှုများပြားခဲ့သည့် ဓာတ်ပုံကိုမူ ယခုအခါ ပြန်လည်ဖြုတ်ချသွားပြီဟု သိရသည်။
သို့ရာတွင် ဒေသတွင်း သတင်းဌာနဖြစ်သော WXYZ-TV သတင်းဌာနက မှတ်တမ်းရယူထားခဲ့သော ဓာတ်ပုံနှင့် ၎င်းတို့၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် သတင်းဖော်ပြခဲ့သည်။
WXYZ-TV သတင်းဌာနတွင် ပြန်လည်ဖော်ပြထားသော ဓာတ်ပုံအရ မီးဖိုဆောင်ကောင်တာမျက်နှာပြင်ပေါ်တွင် အဖြူရောင်အမှုန့်များ ပါဝင်သည့် ပန်းကန်ပြားတစ်ချပ်ချထားသည်ကို တွေ့ရသည်။
ဖေ့စ်ဘုတ်တွင် မှတ်ချက်ရေးသားသူအများစု၏ ခန့်မှန်းချက်အရ အဆိုပါအမှုန့်များမှာ ကိုကင်းများ ဖြစ်ဟန်ရကြောင်း ခန့်မှန်းကြသည်။
နေအိမ်၏ တည်နေရာမှာ မီချီဂန်ပြည်နယ်၊ ဒက်ထရွိုက်မြို့မြောက်ဘက် အုတ်ပါ့ခ်အရပ်တွင် တည်ရှိသည်။
မှတ်ချက်ရေးသားသူအချို့ကမူ ယခုဓာတ်ပုံကြောင့် အိမ်ရှင်ပြဿနာတက်နိုင်ကြောင်း မှတ်ချက်ပေးကြသည်။
ရဲတပ်ဖွဲ့ကမူ ယခုသတင်းနှင့် စပ်လျဉ်းပြီး စုံစမ်းစစ်ဆေးမှု ပြုလုပ်မည်မဟုတ်ကြောင်း၊ ရှာဖွေဝရမ်းရရှိရန်အတွက် လုံလောက်သည့် သတင်းအချက်အလက်မရှိကြောင်း 7 Action News သတင်းဌာနသို့ ဖြေကြားထားသည်။
အိမ်ရှင်၏ ချစ်သူအမျိုးသားက ပြောကြားရာတွင်မူ အဆိုပါဓာတ်ပုံတင်ခဲ့ခြင်းမှာ အပျော်သဘောသာဖြစ်ကြောင်း ပြောကြားသည်ဟု ဆိုသည်။
ထိုပုံတင်လိုက်ပါက သတိထားမိသူ ရှိ၊ မရှိသိလိုခဲ့သဖြင့် အပျော်သဘောတင်ခဲ့ရာမှ ဟိုးလေးတကြော်ဖြစ်သွားရခြင်းဖြစ်ကြောင်း ဂျက်ဖ်ဟု အမည်ရသည့် အမျိုးသားက ပြောကြားသည်။
အဆိုပါကြော်ငြာကို ပထမ ၂၄ နာရီအတွင်းတွင်ပင် ဝင်ရောက်ကြည့်ရှုသူ ၂၉၀၀၀ ခန့် ရှိခဲ့သည်။
ကြော်ငြာတင်ပြီးနောက် ဖုန်းခေါ်ဆိုမှု၊ အီးမေးလ်နှင့် မက်ဆေ့များ ရာပေါင်းများစွာရရှိခဲ့ပြီးနောက်ပိုင်း ဓာတ်ပုံကို ဖြုတ်ချခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်း၏ ရည်ရွယ်ချက်မှာ အပျော်သက်သက်သာဖြစ်ကြောင်း ဂျက်ဖ်က ပြောကြားသည်။
Zillow ဝဘ်ဆိုက်က ထုတ်ပြန်ရာတွင်မူ အဆိုပါဓာတ်ပုံသည် ၎င်းတို့၏ စည်းမျဉ်းတစ်ခုနှင့် သွေဖည်ဆန့်ကျင်နေသောကြောင့် ဖယ်ရှားလိုက်ကြောင်း ထုတ်ပြန်ထားသည်။
ရဲတပ်ဖွဲ့က ပြောကြားရာတွင် အကယ်၍ အဆိုပါဓာတ်ပုံမှာ မူးယစ်ဆေးမဟုတ်ဘဲ နောက်ပြောင်ခြင်းဆိုပါကလည်း နောက်နောင်တွင် ထိုသို့ ပရိယာယ်မဆင်သင့်ကြောင်း၊ အိမ်ခြံမြေတစ်ခုကို စိတ်ဝင်စားမှုရစေရန် ထိုသို့ထပ်မံကြိုးစားခြင်းကို အားမပေးကြောင်း အုတ်ခ်ပါ့ခ် ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောကြားသည်။
WXYZ-TV သတင်းဌာန၏ ဖေ့စ်ဘုတ်ပို့စ်ကို ယနေ့ နိုဝင်ဘာ ၁၃ ရက်အထိ like ပေးသူပေါင်း ၁၀၀၀၀ ကျော်၊ မှတ်ချက်ရေးသားသူ ၉၁၀၀ ကျော်နှင့် ပြန်လည်ဝေမျှသူပေါင်း ၁၉၀၀၀ ကျော်ရှိနေသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
INNO CITY
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service