Ancol ကမ္းေျခတြင္ ေရေပၚဗလီေဆာက္လုပ္ရန္ ဂ်ကာတာစီစဥ္

Ancol ကမ္းေျခတြင္ ေရေပၚဗလီေဆာက္လုပ္ရန္ ဂ်ကာတာစီစဥ္ - Property News in Myanmar from iMyanmarHouse.com
13 Nov 2019 10:12 am တွင် တင်ခဲ့သည်
960 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ကမာၻ႕မြတ္ဆလင္ဦးေရအမ်ားဆံုးႏိုင္ငံ၏ၿမိဳ႕ေတာ္ ဂ်ကာတာက လူႀကိဳက္မ်ားေရပန္းစားေသာ အပန္းေျဖေနရာတစ္ခုတြင္ လူဦးေရ ၂,၅၀၀ ဆံ့သည့္ ေရေပၚဗလီတစ္ခု တည္ေဆာက္ရန္ စီစဥ္ေနေၾကာင္း The Jakarta Post သတင္းစာက ေဖာ္ျပခဲ့သည္။

ၿမိဳ႕ေတာ္ပိုင္ အိမ္ၿခံေျမ developer ျဖစ္သည့္ PT Pembangunan Jaya Ancol က Ancol Dreamland Park ၏ အေရွ႕ဘက္ျခမ္း အထူးသျဖင့္ Ria Beach တြင္ ထိုဗလီေဆာက္လုပ္မႈအား တာဝန္ယူႀကီးၾကပ္မည္ျဖစ္သည္။

Pembangunan Jaya Ancol ၏ president director တစ္ဦးျဖစ္သူ Teuku Sahir Syahali က ထိုစတုရန္းမီတာ ၂,၀၀၀ က်ယ္ဝန္းေသာ စီမံကိန္းတြင္ နာမည္ေက်ာ္ဗိသုကာပညာရွင္ အန္ဒရာမာတင္ကလည္း ၎တို႔ကုမၸဏီအား ကူညီမည္ျဖစ္ေၾကာင္း မီဒီယာမ်ားသို႔ အသိေပးေျပာၾကားခဲ့သည္။

အစၥလာမ္ဘာသာ၏ ေန႔စဥ္ဝတ္ျပဳခ်ိန္ငါးႀကိမ္ႏွင့္ အေျခခံမ႑ိဳင္ႀကီးငါးရပ္တို႔ကို ပံုေဖာ္ေသာအားျဖင့္ ၎ေရေပၚဗလီအား ပၪၥဂံပံုေဖာ္မည္ျဖစ္ေၾကာင္း သိရသည္။

Teuku က “ဗလီရဲ႕ဒီဇုိင္းဟာ ဂ်ကာတာမွာ အစၥလာမ္ဘာသာရဲ႕ ခရီးကို ကိုယ္စားျပဳပါတယ္။ ဂ်ကာတာရဲ႕ အမႊမ္းတင္ခံရတဲ့ဗလီသစ္ျဖစ္လာႏုိင္ေအာင္ ကၽြန္ေတာ္တို႔ ဒီဇုိင္းေဖာ္မွာပါ။” ဟုလည္း ေျပာၾကားခဲ့သည္။

၂၅ မီတာျမင့္မည့္ ၎ဗလီသည္ ကိုရမ္က်မ္းစာတြင္ နာမည္ျဖင့္ေဖာ္ျပထားသည့္ တမန္ေတာ္၂၅ ပါးကို ကိုယ္စားျပဳသည္။ အစၥလာမ္အေျခခံသေဘာတရားေျခာက္ခ်က္ကို သိသာထင္ရွားေစရန္ ဗလီအျပင္ဘက္တြင္ ဗလီေမွ်ာ္စင္ေျခာက္ခုအား တည္ေဆာက္မည္ျဖစ္သည္။

ထို႔အျပင္ သဘာဝေလဝင္ေလထြက္ေကာင္းမြန္ေစရန္ႏွင့္ ဗလီအတြင္းပိုင္းအားေအးျမေနေစရန္ ဗလီႏွင့္ အေနာက္အရပ္တို႔သည္ ပင္လယ္ျပင္ကို မ်က္နာမူမည္ျဖစ္သည္။

“ေရေပၚဗလီဟာ လာေရာက္သူေတြကို အေတြ႕အႀကံဳအသစ္ေပးစြမ္းၿပီး ခရီးသြားအခ်က္အခ်ာေနရာသစ္တစ္ခုသာမက ဂ်ကာတာရဲ႕ အမႊမ္းတင္ခံရတဲ့ဗလီတစ္ခုျဖစ္လာဖို႔ ကၽြန္ေတာ္တို႔ေမွ်ာ္လင့္ပါတယ္” ဟုလည္း Teuku က ေျပာၾကားခဲ့သည္။

PT Pembangunan Jaya Ancol ကုမၸဏီက ေဆာက္လုပ္မႈစတင္မည့္ရက္ႏွင့္ပတ္သက္၍မူ မေၾကညာေသးေၾကာင္း သိရသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

ကမ္ဘာ့မွတ်ဆလင်ဦးရေအများဆုံးနိုင်ငံ၏မြို့တော် ဂျကာတာက လူကြိုက်များရေပန်းစားသော အပန်းဖြေနေရာတစ်ခုတွင် လူဦးရေ ၂,၅၀၀ ဆံ့သည့် ရေပေါ်ဗလီတစ်ခု တည်ဆောက်ရန် စီစဉ်နေကြောင်း The Jakarta Post သတင်းစာက ဖော်ပြခဲ့သည်။

မြို့တော်ပိုင် အိမ်ခြံမြေ developer ဖြစ်သည့် PT Pembangunan Jaya Ancol က Ancol Dreamland Park ၏ အရှေ့ဘက်ခြမ်း အထူးသဖြင့် Ria Beach တွင် ထိုဗလီဆောက်လုပ်မှုအား တာဝန်ယူကြီးကြပ်မည်ဖြစ်သည်။

Pembangunan Jaya Ancol ၏ president director တစ်ဦးဖြစ်သူ Teuku Sahir Syahali က ထိုစတုရန်းမီတာ ၂,၀၀၀ ကျယ်ဝန်းသော စီမံကိန်းတွင် နာမည်ကျော်ဗိသုကာပညာရှင် အန်ဒရာမာတင်ကလည်း ၎င်းတို့ကုမ္ပဏီအား ကူညီမည်ဖြစ်ကြောင်း မီဒီယာများသို့ အသိပေးပြောကြားခဲ့သည်။

အစ္စလာမ်ဘာသာ၏ နေ့စဉ်ဝတ်ပြုချိန်ငါးကြိမ်နှင့် အခြေခံမဏ္ဍိုင်ကြီးငါးရပ်တို့ကို ပုံဖော်သောအားဖြင့် ၎င်းရေပေါ်ဗလီအား ပဉ္စဂံပုံဖော်မည်ဖြစ်ကြောင်း သိရသည်။

Teuku က “ဗလီရဲ့ဒီဇိုင်းဟာ ဂျကာတာမှာ အစ္စလာမ်ဘာသာရဲ့ ခရီးကို ကိုယ်စားပြုပါတယ်။ ဂျကာတာရဲ့ အမွှမ်းတင်ခံရတဲ့ဗလီသစ်ဖြစ်လာနိုင်အောင် ကျွန်တော်တို့ ဒီဇိုင်းဖော်မှာပါ။” ဟုလည်း ပြောကြားခဲ့သည်။

၂၅ မီတာမြင့်မည့် ၎င်းဗလီသည် ကိုရမ်ကျမ်းစာတွင် နာမည်ဖြင့်ဖော်ပြထားသည့် တမန်တော်၂၅ ပါးကို ကိုယ်စားပြုသည်။ အစ္စလာမ်အခြေခံသဘောတရားခြောက်ချက်ကို သိသာထင်ရှားစေရန် ဗလီအပြင်ဘက်တွင် ဗလီမျှော်စင်ခြောက်ခုအား တည်ဆောက်မည်ဖြစ်သည်။

ထို့အပြင် သဘာဝလေဝင်လေထွက်ကောင်းမွန်စေရန်နှင့် ဗလီအတွင်းပိုင်းအားအေးမြနေစေရန် ဗလီနှင့် အနောက်အရပ်တို့သည် ပင်လယ်ပြင်ကို မျက်နာမူမည်ဖြစ်သည်။

“ရေပေါ်ဗလီဟာ လာရောက်သူတွေကို အတွေ့အကြုံအသစ်ပေးစွမ်းပြီး ခရီးသွားအချက်အချာနေရာသစ်တစ်ခုသာမက ဂျကာတာရဲ့ အမွှမ်းတင်ခံရတဲ့ဗလီတစ်ခုဖြစ်လာဖို့ ကျွန်တော်တို့မျှော်လင့်ပါတယ်” ဟုလည်း Teuku က ပြောကြားခဲ့သည်။

PT Pembangunan Jaya Ancol ကုမ္ပဏီက ဆောက်လုပ်မှုစတင်မည့်ရက်နှင့်ပတ်သက်၍မူ မကြေညာသေးကြောင်း သိရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service