"Star Wars" ဇာတ်လမ်းတွဲများကို ထုတ်လုပ်သူ ဂျော့ခ်ျလူးကပ်စ် နယူးယောက်မြို့၊ မန်ဟက်တန်အရပ်ရှိ ကမ္ဘာ့အမြင့်မားဆုံး လူနေအဆောက်အအုံကြီးတွင် ကန်ဒေါ်လာ ၂၇ သန်း တန်ကြေးရှိ ကွန်ဒိုခန်းကို ကြည့်ရှု
"Star Wars" ဇာတ်လမ်းတွဲများကို ထုတ်လုပ်သူ ဂျော့ခ်ျလူးကပ်စ် နယူးယောက်မြို့၊ မန်ဟက်တန်အရပ်ရှိ ကမ္ဘာ့အမြင့်မားဆုံး လူနေအဆောက်အအုံကြီးတွင် ကန်ဒေါ်လာ ၂၇ သန်း တန်ကြေးရှိ ကွန်ဒိုခန်းကို ကြည့်ရှု - Property News in Myanmar from iMyanmarHouse.com
8 Nov 2019 12:00 pm တွင် တင်ခဲ့သည်
1015 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
"Star Wars" ဇာတ်လမ်းတွဲများ၏ ထုတ်လုပ်သူ ဂျော့ခ်ျလူးကပ်စ်သည် နယူးယောက်မြို့၊ မန်ဟက်တန်အရပ်ရှိ ကမ္ဘာကျော် မိုးမျှော်တိုက်ကြီးဖြစ်သော အမှတ် ၄၃၂၊ ပန်းခြံရိပ်သာလမ်းတွင် ကန်ဒေါ်လာ ၂၇ သန်း တန်ကြေးရှိ ကွန်ဒိုခန်းကို ကြည့်ရှုသွားကြောင်း နယူးယောက်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ဂျော့ခ်ျလူးကပ်စ်သည် ရုပ်ရှင်ဒါရိုက်တာ၊ စာရေးဆရာ၊ ရုပ်ရှင်ထုတ်လုပ်သူအဖြစ် ကျင်လည်ခဲ့ပြီး အသက် ၇၄ နှစ်ရှိပြီဖြစ်သည်။ ကမ္ဘာကျော် "Star Wars" ဇာတ်လမ်းတွဲများကို ဂျော့ခ်ျလူးကပ်စ် ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။
ဂျော့ခ်ျလူးကပ်စ်၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံခန့်ရှိသည်ဟု ခန့်မှန်းထားသည်။
ဂျော့ခ်ျလူးကပ်စ်နှင့် စီးပွားရေးလုပ်ငန်းရှင် ဇနီးဖြစ်သူ မယ်လိုဒီ ဟော့ဘ်ဆန်တို့သည် ၄၃၂၊ ပန်းခြံရိပ်သာလမ်း မိုးမျှော်တိုက်ကြီးရှိ ကန်ဒေါ်လာ ၂၆ ဒသမ ၉၉ သန်းတန်ကြေးရှိ အခန်းကို ကြည့်ရှုသွားခဲ့ကြသည်။
Ariel Investments မှ ဥက္ကဌ ဟော့ဘ်ဆန် (ဂျော့ခ်ျလူးကပ်စ်၏ ဇနီး) သည် အဆိုပါအဆောက်အအုံကြီးသို့ ပထမအကြိမ်တွင် တစ်ဦးတည်း လာရောက်ကြည့်ရှုသွားပြီး ယခုဒုတိယအကြိမ်တွင် ခင်ပွန်းဖြစ်သူနှင့်အတူ ကြည့်ရှုခဲ့ကြခြင်း ဖြစ်သည်။
ဂျော့ခ်ျလူးကပ်စ်တို့ စုံတွဲသည် ၅၇ လမ်းမှ Billionaires Row နှင့် One57 မိုးမျှော်တိုက်ကြီးများသို့လည်း သွားရောက်ကြည့်ရှုခဲ့ကြသေး သည်ဟု ဆိုသည်။
ဂျော့ခ်ျလူးကပ်စ်အနေဖြင့် ယခုကြည့်ရှုသွားသည့် အခန်းအားလုံးကို ဝယ်ယူနိုင်စွမ်းရှိသူဖြစ်ကြောင်းလည်း အတွင်းလူတစ်ဦးက ပြောကြားသည်။
ဂျော့ခ်ျလူးကပ်စ်သည် ကန်ဒေါ်လာ ၅ ဒသမ ၉ ဘီလီယံခန့် ချမ်းသာကြွယ်ဝသူတစ်ဦး ဖြစ်သည်။
(ဆက်စပ်သတင်း)
### Unicode Version ###
"Star Wars" ဇာတ်လမ်းတွဲများ၏ ထုတ်လုပ်သူ ဂျော့ချ်လူးကပ်စ်သည် နယူးယောက်မြို့၊ မန်ဟက်တန်အရပ်ရှိ ကမ္ဘာကျော် မိုးမျှော်တိုက်ကြီးဖြစ်သော အမှတ် ၄၃၂၊ ပန်းခြံရိပ်သာလမ်းတွင် ကန်ဒေါ်လာ ၂၇ သန်း တန်ကြေးရှိ ကွန်ဒိုခန်းကို ကြည့်ရှုသွားကြောင်း နယူးယောက်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ဂျော့ချ်လူးကပ်စ်သည် ရုပ်ရှင်ဒါရိုက်တာ၊ စာရေးဆရာ၊ ရုပ်ရှင်ထုတ်လုပ်သူအဖြစ် ကျင်လည်ခဲ့ပြီး အသက် ၇၄ နှစ်ရှိပြီဖြစ်သည်။ ကမ္ဘာကျော် "Star Wars" ဇာတ်လမ်းတွဲများကို ဂျော့ချ်လူးကပ်စ် ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ ဂျော့ချ်လူးကပ်စ်၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံခန့်ရှိသည်ဟု ခန့်မှန်းထားသည်။
ဂျော့ချ်လူးကပ်စ်နှင့် စီးပွားရေးလုပ်ငန်းရှင် ဇနီးဖြစ်သူ မယ်လိုဒီ ဟော့ဘ်ဆန်တို့သည် ၄၃၂၊ ပန်းခြံရိပ်သာလမ်း မိုးမျှော်တိုက်ကြီးရှိ ကန်ဒေါ်လာ ၂၆ ဒသမ ၉၉ သန်းတန်ကြေးရှိ အခန်းကို ကြည့်ရှုသွားခဲ့ကြသည်။
အခန်းအတွင်း အိပ်ခန်း ၃ ခန်း၊ ရေချိုးခန်း ၄ ခန်းခွဲ၊ စာကြည့်တိုက်၊ကိုယ်ပိုင်ဓာတ်လှေကား၊ Central Park ပန်းခြံကြီး၏ မြင်ကွင်းများ ပိုင်ဆိုင်ထားသော စားသောက်ရန်နေရာတွဲဖက်ထားသည့် မီးဖိုဆောင်တို့ ပါဝင်သည်။
၄၃၂၊ ပန်းခြံရိပ်သာလမ်း မိုးမျှော်တိုက်ကြီးကို ၂၀၁၁ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်တွင် ပြီးစီးခဲ့ကာ အမြင့်ပေ ၁၃၉၆ ရှိသည်။
အမေရိကန်ပြည်ထောင်စုတွင် တတိယ အမြင့်မားဆုံးဖြစ်ပြီး ကမ္ဘာပေါ်တွင် အမြင့်မားဆုံး လူနေအဆောက်အအုံကြီးတစ်ခု ဖြစ်သည်။
အခန်း၏ အကျယ်အဝန်းမှာ စတုရန်းပေ ၄၀၁၉ ရှိပြီး ၁၃ ပေမြင့်မားသော မျက်နှာကြက်များ၊ ၁၀ ပေ ပတ်လည်ခန့် ကျယ်ဝန်းသော ပြတင်းပေါက်များ၊ spa အသွင် ရေချိုးခန်း ၂ ခန်းပါဝင်သည့် master bedroom တစ်ခန်းတို့ ပါဝင်သည်။
Ariel Investments မှ ဥက္ကဌ ဟော့ဘ်ဆန် (ဂျော့ချ်လူးကပ်စ်၏ ဇနီး) သည် အဆိုပါအဆောက်အအုံကြီးသို့ ပထမအကြိမ်တွင် တစ်ဦးတည်း လာရောက်ကြည့်ရှုသွားပြီး ယခုဒုတိယအကြိမ်တွင် ခင်ပွန်းဖြစ်သူနှင့်အတူ ကြည့်ရှုခဲ့ကြခြင်း ဖြစ်သည်။
ယခုနှစ် ဧပြီလတွင် ကန်ဒေါ်လာ ၂၈ သန်းဈေးခေါ်ခဲ့ပြီး စက်တင်ဘာတွင်မူ ၂၇ ဒသမ ၅ သန်းသို့ ဈေးနှုန်းလျော့ကျသွားသည်။
ဂျော့ချ်လူးကပ်စ်တို့ စုံတွဲသည် ၅၇ လမ်းမှ Billionaires Row နှင့် One57 မိုးမျှော်တိုက်ကြီးများသို့လည်း သွားရောက်ကြည့်ရှုခဲ့ကြသေး သည်ဟု ဆိုသည်။
ဂျော့ချ်လူးကပ်စ်အနေဖြင့် ယခုကြည့်ရှုသွားသည့် အခန်းအားလုံးကို ဝယ်ယူနိုင်စွမ်းရှိသူဖြစ်ကြောင်းလည်း အတွင်းလူတစ်ဦးက ပြောကြားသည်။
ဂျော့ချ်လူးကပ်စ်သည် ကန်ဒေါ်လာ ၅ ဒသမ ၉ ဘီလီယံခန့် ချမ်းသာကြွယ်ဝသူတစ်ဦး ဖြစ်သည်။
(ဆက်စပ်သတင်း)
https://www.imyanmarhouse.com/news/read/793247
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service