ၾသစေတးလ်တြင္ ေနအိမ္၏ မ်က္ႏွာျပင္အားလံုး သစ္ပင္မ်ား စိမ္းလန္းစြာ ဖံုးလႊမ္းစိုက္ပ်ဳိးထားေသာ “ျမက္အိမ္” ဟု နာမည္ေက်ာ္သည့္ ေနအိမ္တစ္လံုးကို ေလလံတင္ေရာင္းခ်မည္

ၾသစေတးလ်တြင္ ေနအိမ္၏ မ်က္ႏွာျပင္အားလံုး သစ္ပင္မ်ား စိမ္းလန္းစြာ ဖံုးလႊမ္းစိုက္ပ်ဳိးထားေသာ “ျမက္အိမ္” ဟု နာမည္ေက်ာ္သည့္ ေနအိမ္တစ္လံုးကို ေလလံတင္ေရာင္းခ်မည္ - Property News in Myanmar from iMyanmarHouse.com
7 Nov 2019 10:47 am တွင် တင်ခဲ့သည်
1434 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

မ်က္ေမွာက္ေခတ္ကာလ လူေနမႈစနစ္အရ အလြန္က်ဥ္းေျမာင္းလွေသာ တိုက္ခန္းက်ဥ္းကေလးမ်ားတြင္ စိမ္းလန္းစိုေျပေသာ ဝန္းက်င္ဖန္တီးႏိုင္ရန္ မျဖစ္ႏိုင္ေတာ့ဘဲ က်ဥ္းေျမာင္းလွေသာ ဝရန္တာငယ္ကေလးမ်ားတြင္ ပန္းအိုးငယ္ကေလးမ်ားသာ စိုက္ပ်ဳိးႏိုင္မည္ ျဖစ္သည္။

ၾသစေတးလ်ႏိုင္ငံရွိ ေနအိမ္တစ္လံုးသည္ကား စိမ္းလန္းစိုေျပေသာ ဝန္းက်င္ကို ဖန္တီးရန္ ထူးျခားေသာ နည္းလမ္းတစ္ခုကို ရွာေဖြ ေတြ႔ရွိခဲ့ဟန္ေပၚေလသည္။

မဲလ္ဘုန္းျမိဳ႕တြင္ တည္ရွိေသာ စံအိမ္ကို “ျမက္အိမ္” ဟု အမည္ေပးထားျပီး စံအိမ္၏ အမိုးအပါအဝင္ ျပင္ပမ်က္ႏွာျပင္အားလံုးကို သစ္ပင္ငယ္ေလးမ်ား စိမ္းလန္းစြာ အုပ္ဆိုင္းထားသည္ကို ေတြ႔ရသည္။

စံအိမ္ေရွ႕ မ်က္ႏွာစာကိုလည္း စိမ္းလန္းစြာေတြ႔ရျပီး အလိုအေလ်ာက္ ေရျဖန္းစနစ္ တပ္ဆင္ထားကာ ေရပို႔လႊတ္မည့္ ေရစည္မ်ားႏွင့္ ဆက္သြယ္ေပးထားသည္။

စံအိမ္၏ အတြင္းပိုင္းျမင္ကြင္းမွာလည္း ရင္သပ္ရႈေမာဖြယ္ပင္။

အိပ္ခန္း ၂ ခန္းပါစံအိမ္တြင္ သဘာဝအလင္းေကာင္းစြာရရွိျပီး ဂဲၾသေမထရီဆန္ဆန္ ေဆာက္လုပ္ထားေသာ နံရံမ်ားႏွင့္ အလြန္ ေခတ္မီေသာ ေရခ်ဳိးခန္း တစ္ခန္းလည္း ေတြ႔ရသည္။

မဲလ္ဘုန္းျမိဳ႕၊ ဖစ္ဇ္ရြိဳင္း ဆင္ေျခဖံုးအရပ္တြင္ တည္ရွိေသာ အဆိုပါစံအိမ္သည္ မူလက ဂိုေဒါင္ၾကီးတစ္လံုးသာ ျဖစ္ခဲ့သည္။

ေနအိမ္ပိုင္ရွင္က ေနာက္ပိုင္းတြင္ ဗိသုကာပညာရွင္ ေဒးဗစ္ လပ္ခ္၏ အကူအညီျဖင့္ ယခုကဲ့သို႔ စိမ္းလန္းေဝျဖာေသာ ေနရာတစ္ခု ျဖစ္လာေအာင္ ပံုေဖာ္ေျပာင္းလဲလိုက္ျခင္းလည္း ျဖစ္သည္။

အိမ္ျခံေျမအက်ဳိးေဆာင္ ဂ်ိမ္းစ္ ပီလင္နာက ေျပာၾကားရာတြင္ “ပိုင္ရွင္က ေခတ္ျပိဳင္စံအိမ္မ်ဳိး၊ ေနထိုင္ရတာ လြယ္ကူမယ့္ စံအိမ္မ်ဳိး လိုခ်င္ခဲ့တာ ျဖစ္ပါတယ္။ သူ႔ရဲ႕ လိုလားခ်က္ကို ခ်ျပခဲ့ျပီးတဲ့ေနာက္ ဒီလို ရလဒ္ေကာင္း ထြက္ေပၚလာခဲ့တာ ျဖစ္ပါတယ္” ဟု ေျပာၾကားသည္။

ပံုမွန္ထက္ အလြန္ၾကီးမားစြာ ေဆာက္လုပ္ထားေသာ အိပ္ခန္းမ်ားကို ေျမညီထပ္တြင္ ေတြ႔ရျပီး သစ္ပင္မ်ားျဖင့္ စိမ္းလန္းအံု႔ဆိုင္းေနေအာင္ အလွဆင္ထားေသာ ေရပန္းခန္း ပါဝင္သည့္ ေရခ်ဳိးခန္းတစ္ခန္းလည္း ေတြ႔ရသည္။

အေပၚထပ္တြင္မူ ထုတ္တန္းေဖာ္ မ်က္ႏွာၾကက္မ်ား ပါဝင္သည့္ ဧည့္ခန္းတစ္ခု၊ ကပ္လ်က္တြင္ စတီးကို အမ်ားဆံုးအသံုးျပဳထားသည့္ မီးဖိုေဆာင္တို႔ ပါဝင္သည္။

စိမ္းလန္းေဝဆာသည့္ ေနအိမ္တစ္လံုးကို ရွာေဖြေနသူမ်ားအေနျဖင့္ ယခုစံအိမ္ကို ေလလံပြဲမွ တဆင့္ ဝယ္ယူရရွိႏိုင္ျပီ ျဖစ္သည္။

အဆိုပါစံအိမ္ကို လြန္ခဲ့ေသာ ၅ ႏွစ္က ေဆာက္လုပ္ခဲ့ျခင္းျဖစ္ျပီး လာမည့္ ႏိုဝင္ဘာ ၂၃ ရက္တြင္ ေလလံတင္ရန္ စီစဥ္ထားကာ ကန္ေဒၚလာ ၈၀၀၀၀၀ မွ ၈၅၀၀၀၀ ၾကား ရရွိဖြယ္ရွိသည္ဟု ခန္႔မွန္းထားသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

မျက်မှောက်ခေတ်ကာလ လူနေမှုစနစ်အရ အလွန်ကျဉ်းမြောင်းလှသော တိုက်ခန်းကျဉ်းကလေးများတွင် စိမ်းလန်းစိုပြေသော ဝန်းကျင်ဖန်တီးနိုင်ရန် မဖြစ်နိုင်တော့ဘဲ ကျဉ်းမြောင်းလှသော ဝရန်တာငယ်ကလေးများတွင် ပန်းအိုးငယ်ကလေးများသာ စိုက်ပျိုးနိုင်မည် ဖြစ်သည်။

သြစတေးလျနိုင်ငံရှိ နေအိမ်တစ်လုံးသည်ကား စိမ်းလန်းစိုပြေသော ဝန်းကျင်ကို ဖန်တီးရန် ထူးခြားသော နည်းလမ်းတစ်ခုကို ရှာဖွေ တွေ့ရှိခဲ့ဟန်ပေါ်လေသည်။

မဲလ်ဘုန်းမြို့တွင် တည်ရှိသော စံအိမ်ကို “မြက်အိမ်” ဟု အမည်ပေးထားပြီး စံအိမ်၏ အမိုးအပါအဝင် ပြင်ပမျက်နှာပြင်အားလုံးကို သစ်ပင်ငယ်လေးများ စိမ်းလန်းစွာ အုပ်ဆိုင်းထားသည်ကို တွေ့ရသည်။

စံအိမ်ရှေ့ မျက်နှာစာကိုလည်း စိမ်းလန်းစွာတွေ့ရပြီး အလိုအလျောက် ရေဖြန်းစနစ် တပ်ဆင်ထားကာ ရေပို့လွှတ်မည့် ရေစည်များနှင့် ဆက်သွယ်ပေးထားသည်။

စံအိမ်၏ အတွင်းပိုင်းမြင်ကွင်းမှာလည်း ရင်သပ်ရှုမောဖွယ်ပင်။

အိပ်ခန်း ၂ ခန်းပါစံအိမ်တွင် သဘာဝအလင်းကောင်းစွာရရှိပြီး ဂဲသြမေထရီဆန်ဆန် ဆောက်လုပ်ထားသော နံရံများနှင့် အလွန် ခေတ်မီသော ရေချိုးခန်း တစ်ခန်းလည်း တွေ့ရသည်။

မဲလ်ဘုန်းမြို့၊ ဖစ်ဇ်ရွိုင်း ဆင်ခြေဖုံးအရပ်တွင် တည်ရှိသော အဆိုပါစံအိမ်သည် မူလက ဂိုဒေါင်ကြီးတစ်လုံးသာ ဖြစ်ခဲ့သည်။

နေအိမ်ပိုင်ရှင်က နောက်ပိုင်းတွင် ဗိသုကာပညာရှင် ဒေးဗစ် လပ်ခ်၏ အကူအညီဖြင့် ယခုကဲ့သို့ စိမ်းလန်းဝေဖြာသော နေရာတစ်ခု ဖြစ်လာအောင် ပုံဖော်ပြောင်းလဲလိုက်ခြင်းလည်း ဖြစ်သည်။

အိမ်ခြံမြေအကျိုးဆောင် ဂျိမ်းစ် ပီလင်နာက ပြောကြားရာတွင် “ပိုင်ရှင်က ခေတ်ပြိုင်စံအိမ်မျိုး၊ နေထိုင်ရတာ လွယ်ကူမယ့် စံအိမ်မျိုး လိုချင်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ လိုလားချက်ကို ချပြခဲ့ပြီးတဲ့နောက် ဒီလို ရလဒ်ကောင်း ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ပုံမှန်ထက် အလွန်ကြီးမားစွာ ဆောက်လုပ်ထားသော အိပ်ခန်းများကို မြေညီထပ်တွင် တွေ့ရပြီး သစ်ပင်များဖြင့် စိမ်းလန်းအုံ့ဆိုင်းနေအောင် အလှဆင်ထားသော ရေပန်းခန်း ပါဝင်သည့် ရေချိုးခန်းတစ်ခန်းလည်း တွေ့ရသည်။

အပေါ်ထပ်တွင်မူ ထုတ်တန်းဖော် မျက်နှာကြက်များ ပါဝင်သည့် ဧည့်ခန်းတစ်ခု၊ ကပ်လျက်တွင် စတီးကို အများဆုံးအသုံးပြုထားသည့် မီးဖိုဆောင်တို့ ပါဝင်သည်။

စိမ်းလန်းဝေဆာသည့် နေအိမ်တစ်လုံးကို ရှာဖွေနေသူများအနေဖြင့် ယခုစံအိမ်ကို လေလံပွဲမှ တဆင့် ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။

အဆိုပါစံအိမ်ကို လွန်ခဲ့သော ၅ နှစ်က ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး လာမည့် နိုဝင်ဘာ ၂၃ ရက်တွင် လေလံတင်ရန် စီစဉ်ထားကာ ကန်ဒေါ်လာ ၈၀၀၀၀၀ မှ ၈၅၀၀၀၀ ကြား ရရှိဖွယ်ရှိသည်ဟု ခန့်မှန်းထားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service