အေမရိကန္ျပည္၏ လံုျခံဳေရးအတင္းက်ပ္ဆံုး အက်ဥ္းေထာင္ၾကီးတြင္ ေထာင္ဒဏ္တစ္သက္က်ခံေနရေသာ ကမၻာေက်ာ္ မကၠဆီကို မူးယစ္ေဆးဂိုဏ္းေခါင္းေဆာင္ၾကီး အယ္လ္ခ်ာပို၏ ေျမေအာက္ဥမင္လိႈဏ္ေခါင္းမ်ား ပါဝင္ေသာ စံအိမ္ ၆ လံုး ေလလံတင္မည္

အေမရိကန္ျပည္၏ လံုျခံဳေရးအတင္းက်ပ္ဆံုး အက်ဥ္းေထာင္ၾကီးတြင္ ေထာင္ဒဏ္တစ္သက္က်ခံေနရေသာ ကမၻာေက်ာ္ မကၠဆီကို မူးယစ္ေဆးဂိုဏ္းေခါင္းေဆာင္ၾကီး အယ္လ္ခ်ာပို၏ ေျမေအာက္ဥမင္လိႈဏ္ေခါင္းမ်ား ပါဝင္ေသာ စံအိမ္ ၆ လံုး ေလလံတင္မည္ - Property News in Myanmar from iMyanmarHouse.com
6 Nov 2019 12:07 pm တွင် တင်ခဲ့သည်
1332 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

မကၠဆီကို မူးယစ္ေဆးဂိုဏ္းေခါင္းေဆာင္ၾကီး အယ္လ္ ခ်ာပို၏ အမည္ရင္းမွာ ဟြာကင္း အာခ်ီဗားလ္ဒို ဂုဇ္မန္ ေလာ္ရာျဖစ္ျပီး အယ္လ္ခ်ာပိုဟုသာ လူသိမ်ားသည္။ အယ္လ္ခ်ာပိုဟူသည္မွာ စပိန္ဘာသာစကားျဖစ္ျပီး ဂ်ပုဟု အဓိပၸာယ္ရသည္။

အယ္လ္ခ်ာပို၏ အရပ္မွာ ၅ ေပ ၆ လက္မသာ ရွိေသာေၾကာင့္ ဂ်ပုဟု အမည္တြင္ခဲ့ျခင္းလည္း ျဖစ္သည္။

အယ္လ္ခ်ာပိုကို ၁၉၅၇ ခုႏွစ္၊ ဧျပီလ ၄ ရက္တြင္ မကၠဆီကိုႏိုင္ငံ အေနာက္ေျမာက္ပိုင္းတြင္ ေမြးဖြားျပီး ယခုအခါ အသက္ ၆၂ ႏွစ္ရွိျပီ ျဖစ္သည္။

အယ္လ္္ခ်ာပိုသည္ ကမၻာေက်ာ္ မကၠဆီကို မူးယစ္ေဆးဘုရင္ျဖစ္ျပီး ႏိုင္ငံတကာ ဒုစရိုက္အဖြဲ႔ၾကီးျဖစ္ေသာ Sinaloa Cartel အဖြဲ႔၏ ေခါင္းေဆာင္ၾကီးလည္း ျဖစ္ကာ ကမၻာေပၚတြင္ ၾသဇာအၾကီးဆံုး မူးယစ္ေဆးေမွာင္ခိုသမားၾကီးအျဖစ္ သတ္မွတ္ထားျခင္းခံရသည္။

အယ္လ္ခ်ာပိုသည္ ဆင္းရဲေသာ မိသားစုတြင္ ေမြးဖြားခဲ့ျပီး ငယ္စဥ္ကပင္ ဖခင္ႏွင့္အတူ ေဆးေျခာက္စိုက္ခင္းမ်ားတြင္ အလုပ္လုပ္ခဲ့သည္။

၁၉၇၀ ျပည့္လြန္ေႏွာင္းပိုင္းကာလမ်ားတြင္ အယ္လ္ခ်ာပိုသည္ မကၠဆီကို မူးယစ္ေဆးဂိုဏ္းေခါင္းေဆာင္ ဟက္တာ လူးဝစ္ ပါလ္မာ ဆယ္လာဇာထထံတြင္ လုပ္ကိုင္ခဲ့သည္။

အေမရိကန္ျပည္ေထာင္စုသို႔ မူးယစ္ေဆး တင္ပို႔ႏိုင္မည့္လမ္းေၾကာင္းကို အယ္လ္ခ်ာပိုက ရွာေဖြေပးခဲ့သည္။ ၁၉၉၃ ခုႏွစ္တြင္ကား အယ္လ္ခ်ာပို ပထမဆံုး အဖမ္းခံခဲ့ရသည္။

ဂြါတီမာလာႏိုင္ငံတြင္ အဖမ္းခံခဲ့ရျခင္းျဖစ္ကာ မကၠဆီကိုသို႔ ျပန္လည္လႊဲေျပာင္းေပးပို႔ခံရျပီးေနာက္ လူသတ္မႈမ်ား၊ မူးယစ္ေဆး ေရာင္းဝယ္မႈမ်ားအတြက္ ေထာင္ဒဏ္ ႏွစ္ ၂၀ ခ်မွတ္ခံခဲ့ရသည္။

သို႔ရာတြင္ အယ္လ္ခ်ာပိုက အက်ဥ္းေထာင္အေစာင့္မ်ားကို လာဘ္ေပးကာ မကၠဆီကို၏ လံုျခံဳေရးအတင္းက်ပ္ဆံုး ေထာင္ၾကီးမွ ၂၀၀၁ ခုႏွစ္တြင္ ထြက္ေျပးလြတ္ေျမာက္ခဲ့သည္။

ယင္းေနာက္ပိုင္း မကၠဆီကိုႏွင့္ အေမရိကန္အစိုးရတို႔ ပူးေပါင္းကာ အယ္လ္ခ်ာပိုကို ဖမ္းမိေအာင္ သတင္းေပးႏိုင္သူအား ကန္ေဒၚလာ ၈ ဒသမ ၈ သန္း ဆုခ်ီးျမွင့္မည္ဟု ဆုေငြထုတ္ျပန္ခဲ့သည္။

၂၀၁၄ ခုႏွစ္တြင္ အယ္လ္ခ်ာပိုသည္ မကၠဆီကိုတြင္ပင္ အဖမ္းခံခဲ့ရေသာ္လည္း သူ၏ အက်ဥ္းခန္းေအာက္မွ လႈိဏ္ေခါင္းေဖာက္ကာ ထြက္ေျပးလြတ္ေျမာက္သြားျပန္သည္။

၂၀၁၆ ခုႏွစ္တြင္ကား မကၠဆီကို အာဏာပိုင္တို႔က အယ္လ္ခ်ာပိုကို ျပန္လည္ဖမ္းဆီးႏိုင္ခဲ့ျပီး တစ္ႏွစ္အၾကာတြင္ အေမရိကန္ျပည္ေထာင္စုသို႔ လႊဲေျပာင္းေပးခဲ့သည္။

အေမရိကန္ျပည္ေထာင္စုက အယ္လ္ခ်ာပိုကို စစ္ေဆးရာတြင္ Sinaloa Cartel ဂိုဏ္းကို ဦးေဆာင္ခဲ့မႈႏွင့္ ရာဇဝတ္မႈမ်ားစြာတို႔အတြက္ အျပစ္ရွိေၾကာင္း ေတြ႔ရွိရသျဖင့္ ေထာင္ဒဏ္တစ္သက္ခ်မွတ္ခဲ့ကာ လက္ရွိအားျဖင့္ အေမရိကန္ျပည္၏ လံုျခံဳေရးအတင္းက်ပ္ဆံုး အက်ဥ္းေထာင္ၾကီးျဖစ္ေသာ ADX Florence တြင္ အက်ဥ္းက်ခံရလ်က္ရွိသည္။

ADX Florence အက်ဥ္းေထာင္ၾကီးသည္ အေမရိကန္ျပည္ေထာင္စု၊ ေကာ္လိုရာဒိုျပည္နယ္၊ ဖရီးေမာင့္ထ္ခရိုင္တြင္တည္ရွိျပီး အဆိုးသြမ္းဆံုး လူဆိုးၾကီးမ်ားကို ထိန္းသိမ္းထားရွိသည့္ေနရာျဖစ္ကာ အက်ဥ္းသားမ်ားကို ၂၄ နာရီလံုး ေစာင့္ၾကည့္ေနသည့္ ေနရာျဖစ္သည္။

လက္ရွိအားျဖင့္ အက်ဥ္းသား ၃၆၆ ဦးရွိျပီး တစ္ရက္လွ်င္ ၂၃ နာရီ အလံုပိတ္တိုက္ခန္းအတြင္းတြင္သာ ေနထုိင္ရျပီး တိုက္ခန္းတြင္းရွိ အရာအားလံုးကို ကြန္ကရစ္ျဖင့္ အေသေလာင္းကာ ျပဳလုပ္ထားျခင္းျဖစ္သည္။

ယခုအခါ အယ္လ္ ခ်ာပို၏ စံအိမ္ၾကီးကို ေလလံတင္ရန္ စီစဥ္ေနျပီး အဆိုပါစံအိမ္တြင္ အေရးၾကံဳပါက ထြက္ေျပးလြတ္ေျမာက္ရန္ အတြက္ ေျမေအာက္ဥမင္လိႈဏ္ေခါင္းမ်ား ပါဝင္ကာ က်ဴလီယာကန္ျမိဳ႕၏ ေရဆိုးပိုက္လိုင္းစနစ္မ်ားထံ ဆက္သြယ္ထားသည္။

မကၠဆီကိုတြင္ အယ္လ္ခ်ာပို ပိုင္ဆိုင္ထားေသာ ေနအိမ္ ၆ လံုးရွိျပီး ယင္းတို႔အားလံုးကို ေလလံတင္လာျခင္းျဖစ္သည္။

ေရာင္းခ်ရာတြင္ ပါဝင္မည့္ ဂြါဒါလု(ပ္) အရပ္တြင္ တည္ရွိေသာ ႏွစ္ထပ္အေဆာက္အအံုကို အယ္လ္ခ်ာပိုက Sinaloa cartel ဂိုဏ္း၏ ဌာနခ်ဳပ္အျဖစ္ အသံုးျပဳခဲ့ျပီး အဆိုပါစံအိမ္၏ ေရစိမ္ကန္သည္ ေျမေအာက္ဥမင္လိႈဏ္ေခါင္းႏွင့္ ဆက္သြယ္ထားေၾကာင္း မကၠဆီကို သတင္းေအဂ်င္စီ Milenio က ေဖာ္ျပသည္။

ယခုေရာင္းခ်မႈမွ ရရွိလာမည့္ ေငြမ်ားကို မကၠဆီကိုေတာင္ပိုင္း အိုဇာကာျပည္နယ္မွ ေက်ာင္းေနကေလးငယ္မ်ားအတြက္ ဂီတတူရိယာမ်ား ဝယ္ယူရန္ အသံုးျပဳသြားမည္ျဖစ္ေၾကာင္း သိရသည္။

အယ္လ္ခ်ာပိုကို ဖမ္းဆီးရမိျပီး အေမရိကန္ျပည္ေထာင္စုသို႔ လႊဲေျပာင္းေပးအပ္လိုက္ျပီးေနာက္ပိုင္း ၎၏ေနအိမ္မ်ားကို မကၠဆီကို အစိုးရက သိမ္းယူလိုက္ျခင္းျဖစ္သည္။

ေလလံၾကမ္းခင္းေစ်းမွာ ကန္ေဒၚလာ ၁၀၇၃၄၉ အျဖစ္ သတ္မွတ္ထားသည္။

စံအိမ္ ၆ လံုးအတြက္ စုစုေပါင္း ပီဆိုေငြ ၁၉ ဒသမ ၅ သန္း (ကန္ေဒၚလာ ၁ သန္း) ရရွိႏိုင္ဖြယ္ရွိသည္ဟု ခန္႔မွန္းထားျပီး လာမည့္ ႏိုဝင္ဘာလ ၁၀ ရက္တြင္ ေလလံတင္ေရာင္းခ်မည္ ျဖစ္သည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

မက္ကဆီကို မူးယစ်ဆေးဂိုဏ်းခေါင်းဆောင်ကြီး အယ်လ် ချာပို၏ အမည်ရင်းမှာ ဟွာကင်း အာချီဗားလ်ဒို ဂုဇ်မန် လော်ရာဖြစ်ပြီး အယ်လ်ချာပိုဟုသာ လူသိများသည်။ အယ်လ်ချာပိုဟူသည်မှာ စပိန်ဘာသာစကားဖြစ်ပြီး ဂျပုဟု အဓိပ္ပာယ်ရသည်။

အယ်လ်ချာပို၏ အရပ်မှာ ၅ ပေ ၆ လက်မသာ ရှိသောကြောင့် ဂျပုဟု အမည်တွင်ခဲ့ခြင်းလည်း ဖြစ်သည်။

အယ်လ်ချာပိုကို ၁၉၅၇ ခုနှစ်၊ ဧပြီလ ၄ ရက်တွင် မက္ကဆီကိုနိုင်ငံ အနောက်မြောက်ပိုင်းတွင် မွေးဖွားပြီး ယခုအခါ အသက် ၆၂ နှစ်ရှိပြီ ဖြစ်သည်။

အယ်လ်ချာပိုသည် ကမ္ဘာကျော် မက္ကဆီကို မူးယစ်ဆေးဘုရင်ဖြစ်ပြီး နိုင်ငံတကာ ဒုစရိုက်အဖွဲ့ကြီးဖြစ်သော Sinaloa Cartel အဖွဲ့၏ ခေါင်းဆောင်ကြီးလည်း ဖြစ်ကာ ကမ္ဘာပေါ်တွင် သြဇာအကြီးဆုံး မူးယစ်ဆေးမှောင်ခိုသမားကြီးအဖြစ် သတ်မှတ်ထားခြင်းခံရသည်။

အယ်လ်ချာပိုသည် ဆင်းရဲသော မိသားစုတွင် မွေးဖွားခဲ့ပြီး ငယ်စဉ်ကပင် ဖခင်နှင့်အတူ ဆေးခြောက်စိုက်ခင်းများတွင် အလုပ်လုပ်ခဲ့သည်။

၁၉၇၀ ပြည့်လွန်နှောင်းပိုင်းကာလများတွင် အယ်လ်ချာပိုသည် မက္ကဆီကို မူးယစ်ဆေးဂိုဏ်းခေါင်းဆောင် ဟက်တာ လူးဝစ် ပါလ်မာ ဆယ်လာဇာထထံတွင် လုပ်ကိုင်ခဲ့သည်။

အမေရိကန်ပြည်ထောင်စုသို့ မူးယစ်ဆေး တင်ပို့နိုင်မည့်လမ်းကြောင်းကို အယ်လ်ချာပိုက ရှာဖွေပေးခဲ့သည်။ ၁၉၉၃ ခုနှစ်တွင်ကား အယ်လ်ချာပို ပထမဆုံး အဖမ်းခံခဲ့ရသည်။

ဂွါတီမာလာနိုင်ငံတွင် အဖမ်းခံခဲ့ရခြင်းဖြစ်ကာ မက္ကဆီကိုသို့ ပြန်လည်လွှဲပြောင်းပေးပို့ခံရပြီးနောက် လူသတ်မှုများ၊ မူးယစ်ဆေး ရောင်းဝယ်မှုများအတွက် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံခဲ့ရသည်။

သို့ရာတွင် အယ်လ်ချာပိုက အကျဉ်းထောင်အစောင့်များကို လာဘ်ပေးကာ မက္ကဆီကို၏ လုံခြုံရေးအတင်းကျပ်ဆုံး ထောင်ကြီးမှ ၂၀၀၁ ခုနှစ်တွင် ထွက်ပြေးလွတ်မြောက်ခဲ့သည်။

ယင်းနောက်ပိုင်း မက္ကဆီကိုနှင့် အမေရိကန်အစိုးရတို့ ပူးပေါင်းကာ အယ်လ်ချာပိုကို ဖမ်းမိအောင် သတင်းပေးနိုင်သူအား ကန်ဒေါ်လာ ၈ ဒသမ ၈ သန်း ဆုချီးမြှင့်မည်ဟု ဆုငွေထုတ်ပြန်ခဲ့သည်။

၂၀၁၄ ခုနှစ်တွင် အယ်လ်ချာပိုသည် မက္ကဆီကိုတွင်ပင် အဖမ်းခံခဲ့ရသော်လည်း သူ၏ အကျဉ်းခန်းအောက်မှ လှိုဏ်ခေါင်းဖောက်ကာ ထွက်ပြေးလွတ်မြောက်သွားပြန်သည်။

၂၀၁၆ ခုနှစ်တွင်ကား မက္ကဆီကို အာဏာပိုင်တို့က အယ်လ်ချာပိုကို ပြန်လည်ဖမ်းဆီးနိုင်ခဲ့ပြီး တစ်နှစ်အကြာတွင် အမေရိကန်ပြည်ထောင်စုသို့ လွှဲပြောင်းပေးခဲ့သည်။

အမေရိကန်ပြည်ထောင်စုက အယ်လ်ချာပိုကို စစ်ဆေးရာတွင် Sinaloa Cartel ဂိုဏ်းကို ဦးဆောင်ခဲ့မှုနှင့် ရာဇဝတ်မှုများစွာတို့အတွက် အပြစ်ရှိကြောင်း တွေ့ရှိရသဖြင့် ထောင်ဒဏ်တစ်သက်ချမှတ်ခဲ့ကာ လက်ရှိအားဖြင့် အမေရိကန်ပြည်၏ လုံခြုံရေးအတင်းကျပ်ဆုံး အကျဉ်းထောင်ကြီးဖြစ်သော ADX Florence တွင် အကျဉ်းကျခံရလျက်ရှိသည်။

ADX Florence အကျဉ်းထောင်ကြီးသည် အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်၊ ဖရီးမောင့်ထ်ခရိုင်တွင်တည်ရှိပြီး အဆိုးသွမ်းဆုံး လူဆိုးကြီးများကို ထိန်းသိမ်းထားရှိသည့်နေရာဖြစ်ကာ အကျဉ်းသားများကို ၂၄ နာရီလုံး စောင့်ကြည့်နေသည့် နေရာဖြစ်သည်။

လက်ရှိအားဖြင့် အကျဉ်းသား ၃၆၆ ဦးရှိပြီး တစ်ရက်လျှင် ၂၃ နာရီ အလုံပိတ်တိုက်ခန်းအတွင်းတွင်သာ နေထိုင်ရပြီး တိုက်ခန်းတွင်းရှိ အရာအားလုံးကို ကွန်ကရစ်ဖြင့် အသေလောင်းကာ ပြုလုပ်ထားခြင်းဖြစ်သည်။

ယခုအခါ အယ်လ် ချာပို၏ စံအိမ်ကြီးကို လေလံတင်ရန် စီစဉ်နေပြီး အဆိုပါစံအိမ်တွင် အရေးကြုံပါက ထွက်ပြေးလွတ်မြောက်ရန် အတွက် မြေအောက်ဥမင်လှိုဏ်ခေါင်းများ ပါဝင်ကာ ကျူလီယာကန်မြို့၏ ရေဆိုးပိုက်လိုင်းစနစ်များထံ ဆက်သွယ်ထားသည်။

မက္ကဆီကိုတွင် အယ်လ်ချာပို ပိုင်ဆိုင်ထားသော နေအိမ် ၆ လုံးရှိပြီး ယင်းတို့အားလုံးကို လေလံတင်လာခြင်းဖြစ်သည်။

ရောင်းချရာတွင် ပါဝင်မည့် ဂွါဒါလု(ပ်) အရပ်တွင် တည်ရှိသော နှစ်ထပ်အဆောက်အအုံကို အယ်လ်ချာပိုက Sinaloa cartel ဂိုဏ်း၏ ဌာနချုပ်အဖြစ် အသုံးပြုခဲ့ပြီး အဆိုပါစံအိမ်၏ ရေစိမ်ကန်သည် မြေအောက်ဥမင်လှိုဏ်ခေါင်းနှင့် ဆက်သွယ်ထားကြောင်း မက္ကဆီကို သတင်းအေဂျင်စီ Milenio က ဖော်ပြသည်။

ယခုရောင်းချမှုမှ ရရှိလာမည့် ငွေများကို မက္ကဆီကိုတောင်ပိုင်း အိုဇာကာပြည်နယ်မှ ကျောင်းနေကလေးငယ်များအတွက် ဂီတတူရိယာများ ဝယ်ယူရန် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

အယ်လ်ချာပိုကို ဖမ်းဆီးရမိပြီး အမေရိကန်ပြည်ထောင်စုသို့ လွှဲပြောင်းပေးအပ်လိုက်ပြီးနောက်ပိုင်း ၎င်း၏နေအိမ်များကို မက္ကဆီကို အစိုးရက သိမ်းယူလိုက်ခြင်းဖြစ်သည်။

လေလံကြမ်းခင်းဈေးမှာ ကန်ဒေါ်လာ ၁၀၇၃၄၉ အဖြစ် သတ်မှတ်ထားသည်။

စံအိမ် ၆ လုံးအတွက် စုစုပေါင်း ပီဆိုငွေ ၁၉ ဒသမ ၅ သန်း (ကန်ဒေါ်လာ ၁ သန်း) ရရှိနိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းထားပြီး လာမည့် နိုဝင်ဘာလ ၁၀ ရက်တွင် လေလံတင်ရောင်းချမည် ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service