Armageddon ႏွင့္ Lord of the Rings ရုပ္ရွင္ဇာတ္ကားၾကီးမ်ားျဖင့္ ကမၻာေက်ာ္သူ ေဟာလိဝုဒ္ရုပ္ရွင္မင္းသမီး လစ္ဗ္ တိုင္လာက နယူးေယာက္ေနအိမ္ကို ကန္ေဒၚလာ ၁၇ သန္းျဖင့္ ေရာင္းခ်လိုက္ျပီ

Armageddon ႏွင့္ Lord of the Rings ရုပ္ရွင္ဇာတ္ကားၾကီးမ်ားျဖင့္ ကမၻာေက်ာ္သူ ေဟာလိဝုဒ္ရုပ္ရွင္မင္းသမီး လစ္ဗ္ တိုင္လာက နယူးေယာက္ေနအိမ္ကို ကန္ေဒၚလာ ၁၇ သန္းျဖင့္ ေရာင္းခ်လိုက္ျပီ - Property News in Myanmar from iMyanmarHouse.com
6 Nov 2019 11:46 am တွင် တင်ခဲ့သည်
1211 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

လစ္ဗ္တိုင္လာ၏ အမည္ရင္းမွာ လစ္ဗ္ ရြန္ဂရင္း တိုင္လာျဖစ္ျပီး ၁၉၇၇ ခုႏွစ္၊ ဇူလိုင္လ ၁ ရက္တြင္ နယူးေယာက္ျမိဳ႕၌ ေမြးဖြားကာ အေမရိကန္ရုပ္ရွင္မင္းသမီး၊ ထုတ္လုပ္သူ၊ အဆိုေတာ္၊ ေမာ္ဒယ္လ္တစ္ဦးျဖစ္သည္။

၂၀၀၁ မွ ၂၀၀၃ အထိ ထုတ္လုပ္ခဲ့သည့္ Lord of the Rings ရုပ္ရွင္ဇာတ္လမ္းတြဲမ်ားတြင္ အာဝင္ အြန္ဒံုးမီယယ္အျဖစ္ ပါဝင္သရုပ္ေဆာင္ခဲ့မႈျဖင့္ ကမၻာေက်ာ္သည္။

လစ္ဗ္တိုင္လာသည္ အသက္ ၁၄ ႏွစ္အရြယ္တြင္ပင္ ေမာ္ဒယ္တစ္ဦးအျဖစ္ စတင္လုပ္ကိုင္ခဲ့သည္။

ေနာက္ပိုင္းတြင္ ရုပ္ရွင္နယ္ဘက္သို႔ ေျခခ်ရန္ ဆံုးျဖတ္ခဲ့ျပီးေနာက္ပိုင္း ၁၉၉၄ ခုႏွစ္တြင္ Silent Fall ဇာတ္ကား၌ စတင္ပါဝင္သရုပ္ေဆာင္ခဲ့သည္။

ဇာတ္ကားေပါင္းမ်ားစြာ သရုပ္ေဆာင္ခဲ့သည့္အနက္ နာမည္ေက်ာ္ဇာတ္ကားအခ်ဳိ႕မွာ Heavy (၁၉၉၅) ၊ Empire Records (၁၉၉၅)၊ That Thing You Do! (၁၉၉၆) ၊ Stealing Beauty (၁၉၉၆)၊ Inventing the Abbotts (၁၉၉၇), Armageddon (၁၉၉၈), Cookie's Fortune (၁၉၉၉) ၊ Onegin (၁၉၉၉)၊ Dr. T & the Women (၂၀၀၀) ၊ One Night at McCool's (၂၀၀၁) ႏွင့္ Lord of the Rings (၂၀၀၁-၀၃) တို႔ ျဖစ္ၾကသည္။

ယခုအခါ လစ္ဗ္တိုင္လာက နယူးေယာက္ျမိဳ႕၊ West Village ရွိ ေနအိမ္ကို ေစ်းကြက္ျပင္ပတြင္ အေရာင္းအဝယ္ျပဳလုပ္ခဲ့ျပီး ကန္ေဒၚလာ ၁၇ ဒသမ ၄၅ သန္းရရွိသြားေၾကာင္း နယူးေယာက္အေျခစိုက္ သတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။

မင္းသမီး လစ္ဗ္တိုင္လာသည္ West Village တြင္ ဆယ္စုႏွစ္ ၂ ခုနီးပါး အေျခခ်ေနထိုင္ခဲ့ျခင္းျဖစ္သည္။

မစၥ တိုင္လာသည္ နယူးေယာက္ျမိဳ႕၊ အေနာက္ ၁၁ လမ္း၊ အမွတ္ ၂၅၅ ရွိ အထပ္ ၄ ထပ္ပါ အဆိုပါစံအိမ္ကို ၂၀၀၁ ခုႏွစ္အတြင္းက ဝယ္ယူခဲ့ရာတြင္ ကန္ေဒၚလာ ၂ ဒသမ ၅၃ သန္း ေပးခဲ့ရျပီး ႏွစ္အတန္ၾကာ အခ်ိန္ယူကာ မြမ္းမံမႈမ်ား ျပလုပ္ခဲ့သည္။

လစ္ဗ္တိုင္လာက ေျပာခဲ့ဖူးသည္မွာ စံအိမ္ရွိ ျပတင္းမ်ား၊ တံခါးမ်ား အားလံုးမွာ အသစ္မ်ားျဖစ္ေၾကာင္း၊ အေမရိကေျမာက္ပိုင္းရွိ ယာေတာတစ္ခုမွ မွာယူထားေသာ သစ္ၾကမ္းခင္းမ်ား ျပန္လည္ခင္းက်င္းထားေၾကာင္း ေျပာခဲ့ဖူးသည္။

ဝယ္လက္မွာ ၾသဂုတ္လအတြင္းက တည္ေထာင္လိုက္ေသာ ကုမၸဏီတစ္ခုမွ ျဖစ္ျပီး ကုမၸဏီလိပ္စာမွာ နယူးေယာက္ျမိဳ႕၊ အေရွ႕ ဟမ့္ပ္တန္အရပ္တြင္ျဖစ္ကာ တစ္ခ်ိန္က နာမည္ၾကီး ဖက္ရွင္ဒီဇိုင္နာ ဘက္ဆီဂၽြန္ဆင္ ပိုင္ဆိုင္ခဲ့ေသာေနရာ ျဖစ္သည္။

စားေသာက္ဆိုင္လမ္းညႊန္ ဝက္ဘ္ဆိုက္ၾကီးျဖစ္ေသာ Resy ကို တည္ေထာင္သူ ဘင္ လယ္ဗင္သယ္လ္ႏွင့္ ဇနီးျဖစ္သူ လစ္ဇီတို႔က ဘက္ဆီဂၽြန္ဆင္ထံမွ ၂၀၁၆ ခုႏွစ္တြင္ ျပန္လည္ဝယ္ယူခဲ့သည္။

လစ္ဗ္တိုင္လာက ယခုစံအိမ္ၾကီးကို အလြန္ခ်စ္ျမတ္ႏိုးျပီး အနီးဝန္းက်င္တြင္ အလိုရွိရာ ရရွိႏိုင္ကာ အေဆာက္အအံုတည္ရွိရာ ဘေလာက္မွ အျခားေနရာသို႔ သြားရန္မလိုေၾကာင္း ေျပာၾကားဖူးသည္။

သူမအၾကိဳက္ဆံုး စားေသာက္ဆိုင္မွာ အနီးရွိ Mary’s Fish Camp စားေသာက္ဆိုင္ျဖစ္ေၾကာင္း လစ္ဗ္တိုင္လာက ေျပာၾကားသည္။

လစ္ဗ္တိုင္လာသည္ လန္ဒန္ျမိဳ႕တြင္ စံအိမ္တစ္လံုးကို မၾကာေသးမီက ဝယ္ယူလိုက္ျပီး အဆိုပါစံအိမ္တြင္ ခင္ပြန္းျဖစ္သူ အားကစားေအးဂ်င့္ ေဒ့ဗ္ ဂါ့ဒ္နာႏွင့္အတူ ေနထိုင္သြားရန္ စီစဥ္ထားသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

လစ်ဗ်တိုင်လာ၏ အမည်ရင်းမှာ လစ်ဗ် ရွန်ဂရင်း တိုင်လာဖြစ်ပြီး ၁၉၇၇ ခုနှစ်၊ ဇူလိုင်လ ၁ ရက်တွင် နယူးယောက်မြို့၌ မွေးဖွားကာ အမေရိကန်ရုပ်ရှင်မင်းသမီး၊ ထုတ်လုပ်သူ၊ အဆိုတော်၊ မော်ဒယ်လ်တစ်ဦးဖြစ်သည်။

၂၀၀၁ မှ ၂၀၀၃ အထိ ထုတ်လုပ်ခဲ့သည့် Lord of the Rings ရုပ်ရှင်ဇာတ်လမ်းတွဲများတွင် အာဝင် အွန်ဒုံးမီယယ်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့မှုဖြင့် ကမ္ဘာကျော်သည်။

လစ်ဗ်တိုင်လာသည် အသက် ၁၄ နှစ်အရွယ်တွင်ပင် မော်ဒယ်တစ်ဦးအဖြစ် စတင်လုပ်ကိုင်ခဲ့သည်။

နောက်ပိုင်းတွင် ရုပ်ရှင်နယ်ဘက်သို့ ခြေချရန် ဆုံးဖြတ်ခဲ့ပြီးနောက်ပိုင်း ၁၉၉၄ ခုနှစ်တွင် Silent Fall ဇာတ်ကား၌ စတင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

ဇာတ်ကားပေါင်းများစွာ သရုပ်ဆောင်ခဲ့သည့်အနက် နာမည်ကျော်ဇာတ်ကားအချို့မှာ Heavy (၁၉၉၅) ၊ Empire Records (၁၉၉၅)၊ That Thing You Do! (၁၉၉၆) ၊ Stealing Beauty (၁၉၉၆)၊ Inventing the Abbotts (၁၉၉၇), Armageddon (၁၉၉၈), Cookie's Fortune (၁၉၉၉) ၊ Onegin (၁၉၉၉)၊ Dr. T & the Women (၂၀၀၀) ၊ One Night at McCool's (၂၀၀၁) နှင့် Lord of the Rings (၂၀၀၁-၀၃) တို့ ဖြစ်ကြသည်။

ယခုအခါ လစ်ဗ်တိုင်လာက နယူးယောက်မြို့၊ West Village ရှိ နေအိမ်ကို ဈေးကွက်ပြင်ပတွင် အရောင်းအဝယ်ပြုလုပ်ခဲ့ပြီး ကန်ဒေါ်လာ ၁၇ ဒသမ ၄၅ သန်းရရှိသွားကြောင်း နယူးယောက်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

မင်းသမီး လစ်ဗ်တိုင်လာသည် West Village တွင် ဆယ်စုနှစ် ၂ ခုနီးပါး အခြေချနေထိုင်ခဲ့ခြင်းဖြစ်သည်။

မစ္စ တိုင်လာသည် နယူးယောက်မြို့၊ အနောက် ၁၁ လမ်း၊ အမှတ် ၂၅၅ ရှိ အထပ် ၄ ထပ်ပါ အဆိုပါစံအိမ်ကို ၂၀၀၁ ခုနှစ်အတွင်းက ဝယ်ယူခဲ့ရာတွင် ကန်ဒေါ်လာ ၂ ဒသမ ၅၃ သန်း ပေးခဲ့ရပြီး နှစ်အတန်ကြာ အချိန်ယူကာ မွမ်းမံမှုများ ပြလုပ်ခဲ့သည်။

လစ်ဗ်တိုင်လာက ပြောခဲ့ဖူးသည်မှာ စံအိမ်ရှိ ပြတင်းများ၊ တံခါးများ အားလုံးမှာ အသစ်များဖြစ်ကြောင်း၊ အမေရိကမြောက်ပိုင်းရှိ ယာတောတစ်ခုမှ မှာယူထားသော သစ်ကြမ်းခင်းများ ပြန်လည်ခင်းကျင်းထားကြောင်း ပြောခဲ့ဖူးသည်။

ဝယ်လက်မှာ သြဂုတ်လအတွင်းက တည်ထောင်လိုက်သော ကုမ္ပဏီတစ်ခုမှ ဖြစ်ပြီး ကုမ္ပဏီလိပ်စာမှာ နယူးယောက်မြို့၊ အရှေ့ ဟမ့်ပ်တန်အရပ်တွင်ဖြစ်ကာ တစ်ချိန်က နာမည်ကြီး ဖက်ရှင်ဒီဇိုင်နာ ဘက်ဆီ ဂျွန်ဆင် ပိုင်ဆိုင်ခဲ့သောနေရာ ဖြစ်သည်။

စားသောက်ဆိုင်လမ်းညွှန် ဝက်ဘ်ဆိုက်ကြီးဖြစ်သော Resy ကို တည်ထောင်သူ ဘင် လယ်ဗင်သယ်လ်နှင့် ဇနီးဖြစ်သူ လစ်ဇီတို့က ဘက်ဆီဂျွန်ဆင်ထံမှ ၂၀၁၆ ခုနှစ်တွင် ပြန်လည်ဝယ်ယူခဲ့သည်။

လစ်ဗ်တိုင်လာက ယခုစံအိမ်ကြီးကို အလွန်ချစ်မြတ်နိုးပြီး အနီးဝန်းကျင်တွင် အလိုရှိရာ ရရှိနိုင်ကာ အဆောက်အအုံတည်ရှိရာ ဘလောက်မှ အခြားနေရာသို့ သွားရန်မလိုကြောင်း ပြောကြားဖူးသည်။

သူမအကြိုက်ဆုံး စားသောက်ဆိုင်မှာ အနီးရှိ Mary’s Fish Camp စားသောက်ဆိုင်ဖြစ်ကြောင်း လစ်ဗ်တိုင်လာက ပြောကြားသည်။

လစ်ဗ်တိုင်လာသည် လန်ဒန်မြို့တွင် စံအိမ်တစ်လုံးကို မကြာသေးမီက ဝယ်ယူလိုက်ပြီး အဆိုပါစံအိမ်တွင် ခင်ပွန်းဖြစ်သူ အားကစားအေးဂျင့် ဒေ့ဗ် ဂါ့ဒ်နာနှင့်အတူ နေထိုင်သွားရန် စီစဉ်ထားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service