ေဟာင္ေကာင္၏ တတိယအၾကီးမားဆံုး အိမ္ျခံေျမ ကုမၸဏီၾကီး Henderson Land က လူေနအိမ္ရာ အက်ပ္အတည္းအေရးတြင္ အစိုးရကို ကူညီႏိုင္ရန္အတြက္ စတုရန္းေပ ၄၃၀၀၀၀ က်ယ္ဝန္းေသာ ယာေျမေနရာ ၇ ႏွစ္ ငွားရမ္းေပး

ေဟာင္ေကာင္၏ တတိယအၾကီးမားဆံုး အိမ္ျခံေျမ ကုမၸဏီၾကီး Henderson Land က လူေနအိမ္ရာ အက်ပ္အတည္းအေရးတြင္ အစိုးရကို ကူညီႏိုင္ရန္အတြက္ စတုရန္းေပ ၄၃၀၀၀၀ က်ယ္ဝန္းေသာ ယာေျမေနရာ ၇ ႏွစ္ ငွားရမ္းေပး - Property News in Myanmar from iMyanmarHouse.com
4 Nov 2019 11:49 am တွင် တင်ခဲ့သည်
790 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ေဟာင္ေကာင္၏ တတိယအၾကီးမားဆံုး အိမ္ျခံေျမကုမၸဏီၾကီးျဖစ္ေသာ Henderson Land သည္ ေဟာင္ေကာင္တြင္ ရင္ဆိုင္ေနရေသာ လူေနအိမ္ရာအက်ပ္အတည္းအေရးတြင္ အစိုးရကို ကူညီႏိုင္ရန္အတြက္ ေျမယာလွဴဒါန္းမႈမ်ား တိုးျမွင့္လာေၾကာင္း ေဟာင္ေကာင္အေျခစိုက္ သတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။

Henderson Land သည္ ေစ်းကြက္အရင္းအႏွီးအားျဖင့္ ေဟာင္ေကာင္ေဒၚလာ ၁၈၉ ဒသမ ၉ ဘီလီယံ (ကန္ေဒၚလာ ၂၄ ဒသမ ၂ ဘီလီယံ) ရွိေသာ ကုမၸဏီၾကီးျဖစ္သည္။

ယခုအခါ Henderson Land က “အကူးအေျပာင္းကာလ” လူေနအိမ္ခန္းေပါင္း ၂၀၀၀ ေဆာက္လုပ္ရန္အတြက္ စတုရန္းေပ ၄၃၀၀၀၀ က်ယ္ဝန္းေသာ ယာေျမေနရာကို ၇ ႏွစ္တာ ငွားရမ္းေပးလိုက္ေၾကာင္း အဆိုပါအေၾကာင္းရပ္ကို သိရွိထားသူတစ္ဦးက ေျပာၾကားသည္။

Henderson Land မွ မူလက ေၾကညာထားခဲ့သည္မွာ စတုရန္းေပ ၁၀၀၀၀၀ က်ယ္ဝန္းေသာ ေျမေနရာ ငွားရမ္းေပးမည္ဟု ေၾကညာခဲ့ျခင္းျဖစ္ရာ ယခုေၾကညာခ်က္မွာ မူလထက္ ၄ ဆေက်ာ္ ျမင့္တက္သြားျခင္း ျဖစ္သည္။

ေဟာင္ေကာင္အစိုးရသည္ အိမ္ရာအက်ပ္အတည္းကို ေျဖရွင္းေပးႏိုင္ရန္ ၾကိဳးပမ္းေဆာင္ရြက္မႈမ်ား ျမွင့္တင္လာခ်ိန္တြင္ ပုဂၢလိကကုမၸဏီတစ္ခု၏ အၾကီးမားဆံုး ကတိကဝတ္တစ္ခုလည္း ျဖစ္သည္။

လွဴဒါန္းငွားရမ္းမည့္ ေျမေနရာမွာ ေဟာင္ေကာင္မွ Yuen Long အရပ္တြင္ တည္ရွိသည္။

ေဟာင္ေကာင္အစိုးရက ေဟာင္ေကာင္ေျမာက္ပိုင္းတြင္ စတုရန္းေပ ၇ ဒသမ ၃ သန္းရွိေသာ ပုဂၢလိကပိုင္ ယာေျမကြက္ ၇၈၄ ခုကို ျပန္လည္ရယူမည္ျဖစ္ေၾကာင္း ေဟာင္ေကာင္ေျမယာဌာနက ေၾကညာလိုက္ျပီးေနာက္ Henderson Land က ၎တို႔အေနျဖင့္ အစိုးရ၏ အစီအစဥ္ကို ကန္႔ကြက္သြားမည္မဟုတ္ေၾကာင္း ေျပာၾကားထားသည္။

ေဟာင္ေကာင္းအစိုးရက အဆိုပါေျမေနရာမ်ားတြင္ အိမ္ရာအက်ပ္အတည္းေျဖရွင္းေရး ပထမဆင့္အေနျဖင့္ လူေနအိမ္ခန္းေပါင္း ၂၁၀၀၀ ခန္႔ ေဆာက္လုပ္သြားရန္ စီစဥ္ထားသည္။

အကူးအေျပာင္းကာလ လူေနအိမ္ရာဟူသည္မွာ အိမ္ျခံေျမအက်ပ္အတည္းၾကံဳရေသာ ႏိုင္ငံသားတစ္ဦးခ်င္းစီႏွင့္ ေရရွည္ေနအိမ္အတြက္ ေစာင့္ဆိုင္းေနၾကေသာ အိမ္ေထာင္စုမ်ားအတြက္ ကူညီရန္ ရည္ရြယ္သည့္ ကာလတို ေနထိုင္ခြင့္ေပးမည့္ ေနရာတစ္ခု ျဖစ္သည္။

အစိုးရ၏ ခန္႔မွန္းခ်က္မ်ားအရ ရွိျပီးလူေနခန္းမ်ားႏွင့္ လာမည့္ႏွစ္အတြင္း ေဆာက္လုပ္မည့္ လူေနခန္းမ်ားကို ေပါင္းစပ္လိုက္ပါက အကူးအေျပာင္းကာလ လူေနခန္းေပါင္း ၁၂၅၀ ခန္႔ရွိလာမည္ဟု ခန္႔မွန္းထားသည္။

ေဟာင္ေကာင္အစိုးရက ေနာက္ဆံုးထုတ္ျပန္ထားေသာ အခ်က္အလက္မ်ားအရ အမ်ားျပည္သူဆိုင္ရာ အငွားလူေနခန္းမ်ားအတြက္ ေလွ်ာက္ထားသူေပါင္း ၂၅၆၁၀၀ ခန္႔ရွိေနျပီး ပွ်မ္းမွ်ေစာင့္ဆိုင္းကာလမွာ ၅ ႏွစ္ေက်ာ္အထိ ၾကာျမင့္သည္ဟု ဆိုသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

ဟောင်ကောင်၏ တတိယအကြီးမားဆုံး အိမ်ခြံမြေ ကုမ္ပဏီကြီးဖြစ်သော Henderson Land သည် ဟောင်ကောင်တွင် ရင်ဆိုင်နေရသော လူနေအိမ်ရာ အကျပ်အတည်းအရေးတွင် အစိုးရကို ကူညီနိုင်ရန်အတွက် မြေယာလှူဒါန်းမှုများ တိုးမြှင့်လာကြောင်း ဟောင်ကောင်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

Henderson Land သည် ဈေးကွက်အရင်းအနှီးအားဖြင့် ဟောင်ကောင်ဒေါ်လာ ၁၈၉ ဒသမ ၉ ဘီလီယံ (ကန်ဒေါ်လာ ၂၄ ဒသမ ၂ ဘီလီယံ) ရှိသော ကုမ္ပဏီကြီးဖြစ်သည်။

ယခုအခါ Henderson Land က “အကူးအပြောင်းကာလ” လူနေအိမ်ခန်းပေါင်း ၂၀၀၀ ဆောက်လုပ်ရန်အတွက် စတုရန်းပေ ၄၃၀၀၀၀ ကျယ်ဝန်းသော ယာမြေနေရာကို ၇ နှစ်တာ ငှားရမ်းပေးလိုက်ကြောင်း အဆိုပါအကြောင်းရပ်ကို သိရှိထားသူတစ်ဦးက ပြောကြားသည်။

Henderson Land မှ မူလက ကြေညာထားခဲ့သည်မှာ စတုရန်းပေ ၁၀၀၀၀၀ ကျယ်ဝန်းသော မြေနေရာ ငှားရမ်းပေးမည်ဟု ကြေညာခဲ့ခြင်းဖြစ်ရာ ယခုကြေညာချက်မှာ မူလထက် ၄ ဆကျော် မြင့်တက်သွားခြင်း ဖြစ်သည်။

ဟောင်ကောင်အစိုးရသည် အိမ်ရာအကျပ်အတည်းကို ဖြေရှင်းပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်မှုများ မြှင့်တင်လာချိန်တွင် ပုဂ္ဂလိက ကုမ္ပဏီတစ်ခု၏ အကြီးမားဆုံး ကတိကဝတ်တစ်ခုလည်း ဖြစ်သည်။

လှူဒါန်းငှားရမ်းမည့် မြေနေရာမှာ ဟောင်ကောင်မှ Yuen Long အရပ်တွင် တည်ရှိသည်။

ဟောင်ကောင်အစိုးရက ဟောင်ကောင်မြောက်ပိုင်းတွင် စတုရန်းပေ ၇ ဒသမ ၃ သန်းရှိသော ပုဂ္ဂလိကပိုင် ယာမြေကွက် ၇၈၄ ခုကို ပြန်လည်ရယူမည်ဖြစ်ကြောင်း ဟောင်ကောင်မြေယာဌာနက ကြေညာလိုက်ပြီးနောက် Henderson Land က ၎င်းတို့အနေဖြင့် အစိုးရ၏ အစီအစဉ်ကို ကန့်ကွက်သွားမည်မဟုတ်ကြောင်း ပြောကြားထားသည်။

ဟောင်ကောင်းအစိုးရက အဆိုပါမြေနေရာများတွင် အိမ်ရာအကျပ်အတည်းဖြေရှင်းရေး ပထမဆင့်အနေဖြင့် လူနေအိမ်ခန်းပေါင်း ၂၁၀၀၀ ခန့် ဆောက်လုပ်သွားရန် စီစဉ်ထားသည်။

အကူးအပြောင်းကာလ လူနေအိမ်ရာဟူသည်မှာ အိမ်ခြံမြေအကျပ်အတည်းကြုံရသော နိုင်ငံသားတစ်ဦးချင်းစီနှင့် ရေရှည်နေအိမ်အတွက် စောင့်ဆိုင်းနေကြသော အိမ်ထောင်စုများအတွက် ကူညီရန် ရည်ရွယ်သည့် ကာလတို နေထိုင်ခွင့်ပေးမည့် နေရာတစ်ခု ဖြစ်သည်။

အစိုးရ၏ ခန့်မှန်းချက်များအရ ရှိပြီးလူနေခန်းများနှင့် လာမည့်နှစ်အတွင်း ဆောက်လုပ်မည့် လူနေခန်းများကို ပေါင်းစပ်လိုက်ပါက အကူးအပြောင်းကာလ လူနေခန်းပေါင်း ၁၂၅၀ ခန့်ရှိလာမည်ဟု ခန့်မှန်းထားသည်။

ဟောင်ကောင်အစိုးရက နောက်ဆုံးထုတ်ပြန်ထားသော အချက်အလက်များအရ အများပြည်သူဆိုင်ရာ အငှားလူနေခန်းများအတွက် လျှောက်ထားသူပေါင်း ၂၅၆၁၀၀ ခန့်ရှိနေပြီး ပျှမ်းမျှစောင့်ဆိုင်းကာလမှာ ၅ နှစ်ကျော်အထိ ကြာမြင့်သည်ဟု ဆိုသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service