ဆစ္ဒနီျမိဳ ႔ရွိ Penthouse ခန္းတစ္ခန္းက လံုးခ်င္းအိမ္မ်ားကို ျဖတ္ေက်ာ္ကာ ၾသစေတးလ်တြင္ ေစ်းအၾကီးဆံုးလူေနအိမ္အျဖစ္ ေဒၚလာ သန္း ၁၄၀ ျဖင့္ ေရာင္းထြက္

ဆစ္ဒနီျမိဳ ႔ရွိ Penthouse ခန္းတစ္ခန္းက လံုးခ်င္းအိမ္မ်ားကို ျဖတ္ေက်ာ္ကာ ၾသစေတးလ်တြင္ ေစ်းအၾကီးဆံုးလူေနအိမ္အျဖစ္ ေဒၚလာ သန္း ၁၄၀ ျဖင့္ ေရာင္းထြက္ - Property News in Myanmar from iMyanmarHouse.com
30 Oct 2019 12:04 pm တွင် တင်ခဲ့သည်
1231 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ၾသစေတးလ်ႏိုင္ငံ၊ ဆစ္ဒနီျမိဳ ႔တြင္ ရန္ဇိုအမ်ဳိးအစား ပီယာႏိုသ႑ာန္ေဆာက္လုပ္ထားသည့္ အေဆာက္အအံုၾကီး၏ ထိပ္ဆံုး အလႊာ ၃ ခုတြင္ ျဖန္႔က်က္တည္ရွိေသာ Penthouse ခန္းတစ္ခန္းသည္ ၾသစေတးလ်ေဒၚလာ သန္း ၁၄၀ ျဖင့္ ေရာင္းထြက္သြားသည္။

စတုရန္းေပ ၁၇၂၀၀ က်ယ္ဝန္းေသာ အဆိုပါ Penthouse ခန္းသည္ ၾသစေတးလ်၏ အိမ္ျခံေျမသမိုင္းတြင္ ေစ်းႏႈန္းအျမင့္မားဆံုး လူေနခန္းအျဖစ္ စံခ်ိန္ခ်ဳိးသြားသည္။

ယခု Penthouse ခန္းကို ေစ်းကြက္ျပင္ပတြင္ အေရာင္းအဝယ္ျဖစ္သြားျခင္းျဖစ္ျပီး ၾသစေတးလ်ေဒၚလာ သန္း ၁၄၀ ေက်ာ္ (ကန္ေဒၚလာ ၉၆ ဒသမ ၀၉ သန္း) ျဖင့္ ျပည္တြင္းဝယ္လက္တစ္ဦးက ဝယ္ယူသြားျခင္းျဖစ္ေၾကာင္း developer ျဖစ္ေသာ Lendlease က ထုတ္ျပန္သည္။

ေရာင္းေစ်းအတိအက်ႏွင့္ ဝယ္လက္မည္သူျဖစ္သည္ အစရွိသည့္အေသးစိတ္အခ်က္အလက္မ်ားကိုမူ မသိရေသးေခ်။ ယခုအေရာင္းအဝယ္တြင္ duplex penthouse ခန္းတစ္ခန္းႏွင့္ အျခား Penthouse ခန္း ၁ ခန္းတို႔ ပါဝင္သည္။ ေဆာက္လုပ္ဆဲစီမံကိန္းတစ္ခုျဖစ္ေသာ One Sydney Harbour စီမံကိန္းမွ အျမင့္ဆံုးတာဝါၾကီး၏ အေပၚဆုံးထပ္မ်ားတြင္ ျဖန္႔က်က္တည္ရွိသည္။

One Sydney Harbour စီမံကိန္းကို ပရစ္ဇ္ကာ ဆုရ ဗိသုကာအဖြဲ႔ ဘာရန္ဂါရိုးက ဒီဇိုင္းေရးဆြဲေပးထားျပီး ၂၀၂၃ ခုႏွစ္တြင္ အျပီးသတ္ ေဆာက္လုပ္ႏိုင္ရန္ ေမွ်ာ္မွန္းထားသည္။

အဆိုပါစီမံကိန္း၏ လူေနခန္းမ်ားတြင္ အိပ္ခန္း ၉ ခန္းအထိ ပါဝင္မည္ျဖစ္ကာ လူေနၾကမ္းခင္းဧရိယာ ၁၇၂၀၀ စတုရန္းေပ ရွိမည္ျဖစ္ျပီး သီးသန္႔ အမိုးေပၚ ေရကူးကန္၊ spa ၊ အားကစားေလ့က်င့္ေရးခန္းမတစ္ခုတို႔ ပါဝင္မည္ျဖစ္ကာ သာမန္ထက္ ပိုမိုက်ယ္ဝန္းေသာ master bedroom တစ္ခန္း ပါဝင္မည္ဟု သိရသည္။

“One Sydney Harbour မွာရွိတဲ့ အခု penthouse ခန္း အေရာင္းအဝယ္ဟာ ၾသစေတးလ် အိမ္ျခံေျမေစ်းကြက္ရဲ ႔ အေရြ႕သစ္တစ္ခု ပါပဲ။ လူေနတိုက္ခန္းတစ္ခုဟာ ၾသစေတးလ်ရဲ႕ တန္ဖိုးအၾကီးဆံုး လူေနအိမ္အျဖစ္ စံခ်ိန္တင္တာ ပထမဆံုးအၾကိမ္ျဖစ္ပါတယ္။ အရင္ကေတာ့ နာမည္ၾကီး လံုးခ်င္းစံအိမ္ၾကီးေတြပဲ ဒီလိုရပ္တည္ခဲ့တာျဖစ္ပါတယ္” ဟု Lendlease ကုမၸဏီ၏ အမႈေဆာင္အရာရွိခ်ဳပ္ ကိုင္လီ ရမ္ပါက ေျပာၾကားသည္။

“ဒီအေဆာက္အအံုၾကီးက လူေနခန္းေတြဟာ ဝယ္လိုအားအရမ္းျမင့္မားျပီး ျပည္တြင္းအျပင္ ကမၻာတစ္ဝန္းက စိတ္ဝင္စားမႈကိုပါ အားေကာင္းေကာင္းနဲ႔ ဆြဲေဆာင္ထားႏိုင္ပါတယ္”ဟု မစၥ ရမ္ပါက ဆက္လက္ေျပာၾကားသည္။ ယခင္က ၾသစေတးလ်၏ ေစ်းအၾကီးဆံုးလူေနအိမ္အျဖစ္ စံခ်ိန္တင္ခဲ့သည္မွာ ဆစ္ဒနီျမိဳ႕မွ ကမ္းေျခစံအိမ္ၾကီးတစ္လံုးျဖစ္ျပီး ဘီလ်ံနာၾကီး မိုက္ခ္ ကန္ႏြန္-ဘရြတ္စ္က ၾသစေတးလ်ေဒၚလာ သန္း ၁၀၀ ျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

 

### Unicode Version ###

သြစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့တွင် ရန်ဇိုအမျိုးအစား ပီယာနိုသဏ္ဍာန်ဆောက်လုပ်ထားသည့် အဆောက်အအုံကြီး၏ ထိပ်ဆုံး အလွှာ ၃ ခုတွင် ဖြန့်ကျက်တည်ရှိသော Penthouse ခန်းတစ်ခန်းသည် သြစတေးလျဒေါ်လာ သန်း ၁၄၀ ဖြင့် ရောင်းထွက်သွားသည်။

စတုရန်းပေ ၁၇၂၀၀ ကျယ်ဝန်းသော အဆိုပါ Penthouse ခန်းသည် သြစတေးလျ၏ အိမ်ခြံမြေသမိုင်းတွင် ဈေးနှုန်းအမြင့်မားဆုံး လူနေခန်းအဖြစ် စံချိန်ချိုးသွားသည်။

ယခု Penthouse ခန်းကို ဈေးကွက်ပြင်ပတွင် အရောင်းအဝယ်ဖြစ်သွားခြင်းဖြစ်ပြီး သြစတေးလျဒေါ်လာ သန်း ၁၄၀ ကျော် (ကန်ဒေါ်လာ ၉၆ ဒသမ ၀၉ သန်း) ဖြင့် ပြည်တွင်းဝယ်လက်တစ်ဦးက ဝယ်ယူသွားခြင်းဖြစ်ကြောင်း developer ဖြစ်သော Lendlease က ထုတ်ပြန်သည်။

ရောင်းဈေးအတိအကျနှင့် ဝယ်လက်မည်သူဖြစ်သည် အစရှိသည့်အသေးစိတ်အချက်အလက်များကိုမူ မသိရသေးချေ။ ယခုအရောင်းအဝယ်တွင် duplex penthouse ခန်းတစ်ခန်းနှင့် အခြား Penthouse ခန်း ၁ ခန်းတို့ ပါဝင်သည်။ ဆောက်လုပ်ဆဲစီမံကိန်းတစ်ခုဖြစ်သော One Sydney Harbour စီမံကိန်းမှ အမြင့်ဆုံးတာဝါကြီး၏ အပေါ်ဆုံးထပ်များတွင် ဖြန့်ကျက်တည်ရှိသည်။

One Sydney Harbour စီမံကိန်းကို ပရစ်ဇ်ကာ ဆုရ ဗိသုကာအဖွဲ့ ဘာရန်ဂါရိုးက ဒီဇိုင်းရေးဆွဲပေးထားပြီး ၂၀၂၃ ခုနှစ်တွင် အပြီးသတ် ဆောက်လုပ်နိုင်ရန် မျှော်မှန်းထားသည်။

အဆိုပါစီမံကိန်း၏ လူနေခန်းများတွင် အိပ်ခန်း ၉ ခန်းအထိ ပါဝင်မည်ဖြစ်ကာ လူနေကြမ်းခင်းဧရိယာ ၁၇၂၀၀ စတုရန်းပေ ရှိမည်ဖြစ်ပြီး သီးသန့် အမိုးပေါ် ရေကူးကန်၊ spa ၊ အားကစားလေ့ကျင့်ရေးခန်းမတစ်ခုတို့ ပါဝင်မည်ဖြစ်ကာ သာမန်ထက် ပိုမိုကျယ်ဝန်းသော master bedroom တစ်ခန်း ပါဝင်မည်ဟု သိရသည်။

“One Sydney Harbour မှာရှိတဲ့ အခု penthouse ခန်း အရောင်းအဝယ်ဟာ သြစတေးလျ အိမ်ခြံမြေဈေးကွက်ရဲ့ အရွေ့သစ်တစ်ခု ပါပဲ။ လူနေတိုက်ခန်းတစ်ခုဟာ သြစတေးလျရဲ့ တန်ဖိုးအကြီးဆုံး လူနေအိမ်အဖြစ် စံချိန်တင်တာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ အရင်ကတော့ နာမည်ကြီး လုံးချင်းစံအိမ်ကြီးတွေပဲ ဒီလိုရပ်တည်ခဲ့တာဖြစ်ပါတယ်” ဟု Lendlease ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ကိုင်လီ ရမ်ပါက ပြောကြားသည်။

“ဒီအဆောက်အအုံကြီးက လူနေခန်းတွေဟာ ဝယ်လိုအားအရမ်းမြင့်မားပြီး ပြည်တွင်းအပြင် ကမ္ဘာတစ်ဝန်းက စိတ်ဝင်စားမှုကိုပါ အားကောင်းကောင်းနဲ့ ဆွဲဆောင်ထားနိုင်ပါတယ်”ဟု မစ္စ ရမ်ပါက ဆက်လက်ပြောကြားသည်။ ယခင်က သြစတေးလျ၏ ဈေးအကြီးဆုံးလူနေအိမ်အဖြစ် စံချိန်တင်ခဲ့သည်မှာ ဆစ်ဒနီမြို့မှ ကမ်းခြေစံအိမ်ကြီးတစ်လုံးဖြစ်ပြီး ဘီလျံနာကြီး မိုက်ခ် ကန်နွန်-ဘရွတ်စ်က သြစတေးလျဒေါ်လာ သန်း ၁၀၀ ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service