အမေရိကန်ပြည်ထောင်စု၏ ဈေးအကြီးဆုံးစံအိမ်ကြီး ၊ ပူးတွဲပါ မော်တော်ကားများ၏ တန်ဖိုးသည်ပင် ဒေါ်လာ သန်း ၃၀ ခန့် တန်ကြေးရှိသော စံအိမ်ကြီး ခေါ်ဈေးမှ ကန်ဒေါ်လာ ၁၅၆ သန်းအထိ အံ့အားသင့်ဖွယ် ဈေးလျှော့ပေးပြီးနောက် ရောင်းထွက်ပြီ
အမေရိကန်ပြည်ထောင်စု၏ ဈေးအကြီးဆုံးစံအိမ်ကြီး ၊ ပူးတွဲပါ မော်တော်ကားများ၏ တန်ဖိုးသည်ပင် ဒေါ်လာ သန်း ၃၀ ခန့် တန်ကြေးရှိသော စံအိမ်ကြီး ခေါ်ဈေးမှ ကန်ဒေါ်လာ ၁၅၆ သန်းအထိ အံ့အားသင့်ဖွယ် ဈေးလျှော့ပေးပြီးနောက် ရောင်းထွက်ပြီ - Property News in Myanmar from iMyanmarHouse.com
30 Oct 2019 11:43 am တွင် တင်ခဲ့သည်
3788 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
### Unicode Version ###
တစ်ချိန်က အမေရိကန်ပြည်ထောင်စု၏ ဈေးအကြီးဆုံးနေအိမ်အဖြစ် စံချိန်တင်ခဲ့သော လော့စ်အိန်ဂျလိမြို့မှ စံအိမ်ကြီးသည် ၆၂ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလိုက်ပြီးနောက်ပိုင်း ရောင်းထွက်သွားကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။
ဝေါစထရိဂျာနယ်တွင် ဖော်ပြချက်အရ အကြိမ်ကြိမ်ဈေးလျှော့ပေးပြီးနောက်ပိုင်း အိပ်ခန်း ၁၂ ခန်းပါ စံအိမ်ကြီးသည် ကန်ဒေါ်လာ ၉၄ သန်းမျှဖြင့် ရောင်းထွက်သွားသည်ဟု ဆိုသည်။
အဆိုပါစံအိမ်သည် ၂၀၁၇ ခုနှစ်အတွင်းက ကန်ဒေါ်လာ သန်း ၂၅၀ အထိ ဈေးခေါ်ကာ အမေရိက၏ ဈေးအကြီးဆုံးစံအိမ်ကြီးဖြစ်ခဲ့ရာမှ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ဈေးလျှော့ချပေးလိုက်ခြင်း ဖြစ်သည်။
“ဒီစံအိမ်ကြီးဟာ အကောင်းဆုံးတွေရဲ့ အကောင်းဆုံးပါ” ဟု developer ဖြစ်သူ ဘရုစ် မာကော့စကီးက စံအိမ်ကြီး ဈေးကွက်သို့ စတင်ပို့ဆောင်ချိန်က ပြောကြားခဲ့သည်။
ယခုအရောင်းအဝယ်တွင် ဝယ်လက်မည်သူဖြစ်သည်ကိုမူ မသိရသေးချေ။
လော့စ်အိန်ဂျလိမြို့၊ ဘဲအဲရ်လမ်း၊ အမှတ် ၉၂၄ တွင် တည်ရှိပြီး စံအိမ်တွင် ကန်ဒေါ်လာ သန်း ၃၀ ခန့် တန်ကြေးရှိသော ကားများ၊ မော်တော်ဆိုင်ကယ်များအပြင် အနုပညာလက်ရာပေါင်း ၁၂၅ ခုလည်း ပါဝင်သည်။
စံအိမ်အတွင်း ရေချိုးခန်း ၂၁ ခန်း၊ အရက်ဘား ၅ ခု၊ မီးဖိုဆောင် ၃ ခု၊ ဝိုင်သိုလှောင်ခန်း ၂ ခု၊ ဘိုးလင်းကစားရန် နေရာတစ်ခု၊ ရဟတ်ယာဉ်ကွင်း ၁ ခုတို့ ပါဝင်သည်။
နေအိမ်အပြင်ဘက်တွင် အလျား ၈၅ ပေခန့်ရှည်လျားသော ကြီးမားလှသည့် ရေကန်ကြီးတစ်ခုလည်း ပါဝင်သေးသည်။ ဘရုစ် မာကော့စကီးက ယခုစံအိမ်ကို ၂၀၁၃ ခုနှစ်အတွင်း ဘောလုံးသမားဟောင်းတစ်ဦးဖြစ်သူ မိုက်ကယ် စထရာဟန်ထံမှ ကန်ဒေါ်လာ ၁၁ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။
ရောင်းချသူ မာ့ကော့စကီးအတွက် Hilton & Hyland အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင်များဖြစ်သော ဘရန်ဒန် ဝီလျံစ်နှင့်၊ ရေနီ ဝီလျံစ်၊ Nest Seekers International ကုမ္ပဏီမှ အကျိုးဆောင် ရှောင် အဲလိယော့တို့က အကျိုးဆောင်အဖြစ် ဆောင်ရွက်ခဲ့ပြီး ဝယ်လက်ဘက်မှမူ Revel Real Estate ကုမ္ပဏီမှ အကျိုးဆောင် ဘင်ဘာကယ်လ်က ကိုယ်စားပြုခဲ့သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Mingalar Market
INNO CITY
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service