ေဟာင္ေကာင္တြင္ ကားပါကင္ေနရာတစ္ခုကို ကန္ေဒၚလာ ၉၆၉၀၀၀ ျဖင့္ အေရာင္းအဝယ္ျဖစ္ခဲ့ရာ ေဟာင္ေကာင္မွ အလယ္အလတ္တန္း ေနအိမ္ခန္းတစ္ခုေစ်းႏႈန္းထက္ ၃ ဆခန္႔ မ်ားျပားေန

ေဟာင္ေကာင္တြင္ ကားပါကင္ေနရာတစ္ခုကို ကန္ေဒၚလာ ၉၆၉၀၀၀ ျဖင့္ အေရာင္းအဝယ္ျဖစ္ခဲ့ရာ ေဟာင္ေကာင္မွ အလယ္အလတ္တန္း ေနအိမ္ခန္းတစ္ခုေစ်းႏႈန္းထက္ ၃ ဆခန္႔ မ်ားျပားေန - Property News in Myanmar from iMyanmarHouse.com
24 Oct 2019 11:49 am တွင် တင်ခဲ့သည်
1249 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ေဟာင္ေကာင္တြင္ ကားပါကင္ေနရာတစ္ခုကို ကန္ေဒၚလာ ၉၆၉၀၀၀ ျဖင့္ အေရာင္းအဝယ္ျဖစ္ခဲ့ရာ ေဟာင္ေကာင္မွ အလယ္အလတ္တန္း ေနအိမ္ခန္းတစ္ခုေစ်းႏႈန္းထက္ ၃ ဆခန္႔ မ်ားျပားေနေၾကာင္း ေဟာင္ေကာင္အေျခစိုက္ သတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။

The Center ဟုေခၚေသာ ၇၃ ထပ္ျမင့္မားသည့္ မိုးေမွ်ာ္တိုက္ၾကီးတြင္ တည္ရွိသည့္ ကားပါကင္ေနရာျဖစ္ျပီး အဆိုပါအေဆာက္အအံုၾကီးသည္ ကမၻာေပၚတြင္ ေစ်းအၾကီးဆံုးကူးသန္းေရာင္းဝယ္ေရးဆိုင္ရာ အေဆာက္အအံုတစ္ခု ျဖစ္သည္ဟု ဆိုသည္။

အဆိုပါ ကားပါကင္ေနရာကို ေဟာင္ေကာင္ေဒၚလာ ၇ ဒသမ ၆ သန္း (ကန္ေဒၚလာ ၉၆၉၀၀၀) ျဖင့္ ပိုင္ရွင္ လက္ေျပာင္းလက္လႊဲ ျဖစ္ေပၚခဲ့ရာ ကမၻာေပၚတြင္ ကားတစ္စင္းရပ္နားရန္အတြက္ ေစ်းအၾကီးဆံုးေနရာျဖစ္လာသည္။

ဂၽြန္နီ ေခ်ာင္ရႊန္းယီ အပါအဝင္ ရင္းႏွီးျမွဳပ္ႏွံသူ ၁၀ ဦးသည္ အဆိုပါ တာဝါၾကီးကို ျပီးခဲ့ေသာႏွစ္အတြင္း ကန္ေဒၚလာ ၅ ဒသမ ၁၅ ဘီလီယံေပးကာ ဝယ္ယူခဲ့ၾကသည္။

ယခုအေရာင္းအဝယ္ျဖစ္သြားသည့္ ကားပါကင္ေနရာကို ဂၽြန္နီ ေခ်ာင္ရႊန္းယီက ပိုင္ဆိုင္ထားျခင္းျဖစ္ျပီး အဆိုပါအေဆာက္အအံုတြင္ ကားပါကင္ ၄ ေနရာပိုင္ဆိုင္ထားျခင္းျဖစ္ကာ ၃ ခုကို ေရာင္းထုတ္ခဲ့ျပီးျဖစ္ျပီး ယခုကားပါကင္မွာ ေနာက္ဆံုးတစ္ခုျဖစ္သည္။

ေခ်ာင္ရႊန္းယီ ေရာင္းခ်လိုက္သူမွာ The Center အေဆာက္အအံုၾကီးတြင္ပင္ ရံုးခန္းဖြင့္လွစ္ထားသူတစ္ဦးျဖစ္ျပီး ကားပါကင္လိုအပ္ေနသည့္အတြက္ ေရာင္းခ်ေပးလိုက္ျခင္းျဖစ္သည္ဟု ေခ်ာင္ရႊန္းယီက ေျပာၾကားခဲ့ေသာ္လည္း ဝယ္လက္အမည္ကိုမူ ထုတ္ေဖာ္ေျပာၾကားခဲ့ျခင္း မရွိေခ်။

ကားပါကင္ေနရာ၏ အက်ယ္အဝန္းမွာ ၁၃၄ ဒသမ ၅ စတုရန္းေပ (၁၂ ဒသမ ၅ စတုရန္းမီတာ) ရွိရာ ၁ စတုရန္းေပလွ်င္ ေဟာင္ေကာင္ေဒၚလာ ၅၆၅၀၅ အထိ ေပးခဲ့ရျခင္းလည္းျဖစ္သည္။

အဆိုပါေစ်းႏႈန္းမွာ ကမၻာေပၚတြင္ အိမ္ျခံေျမေစ်းအၾကီးဆံုးအျဖစ္ ၉ ႏွစ္တိုင္ ထိပ္ဆံုးမွ ရပ္တည္ေနေသာ ေဟာင္ေကာင္တြင္ပင္ အလယ္လတ္တန္းေနအိမ္ေစ်းႏႈန္းထက္ ၃ ဆခန္႔ မ်ားျပားေနေသးသည္။

၂၀၁၇ ခုႏွစ္ အခ်က္အလက္မ်ားအရ ေဟာင္ေကာင္တြင္ လူ ၅ ဦးလွ်င္ ၁ ဦးသည္ အစိုးရက သတ္မွတ္ထားေသာ ဆင္းရဲမြဲေတမႈမ်ဥ္း ေအာက္တြင္ ေနထိုင္ၾကရလ်က္ရွိသည္။

ယခုအေရာင္းအဝယ္က မီးေမာင္းထိုးျပသည္မွာ ေဟာင္ေကာင္ကို အဆိုးရြားဆံုး ႏိုင္ငံေရးအက်ပ္အတည္းအတြင္း တြန္းပို႔ခဲ့ေသာ ဆင္းရဲခ်မ္းသာ ကြာဟခ်က္ကို ျပသေနသည္။

မိုးယံလင္းထင္ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

### Unicode Version ###

ဟောင်ကောင်တွင် ကားပါကင်နေရာတစ်ခုကို ကန်ဒေါ်လာ ၉၆၉၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ ဟောင်ကောင်မှ အလယ်အလတ်တန်း နေအိမ်ခန်းတစ်ခုဈေးနှုန်းထက် ၃ ဆခန့် များပြားနေကြောင်း ဟောင်ကောင်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

The Center ဟုခေါ်သော ၇၃ ထပ်မြင့်မားသည့် မိုးမျှော်တိုက်ကြီးတွင် တည်ရှိသည့် ကားပါကင်နေရာဖြစ်ပြီး အဆိုပါအဆောက်အအုံကြီးသည် ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံးကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အဆောက်အအုံတစ်ခု ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ကားပါကင်နေရာကို ဟောင်ကောင်ဒေါ်လာ ၇ ဒသမ ၆ သန်း (ကန်ဒေါ်လာ ၉၆၉၀၀၀) ဖြင့် ပိုင်ရှင် လက်ပြောင်းလက်လွှဲ ဖြစ်ပေါ်ခဲ့ရာ ကမ္ဘာပေါ်တွင် ကားတစ်စင်းရပ်နားရန်အတွက် ဈေးအကြီးဆုံးနေရာဖြစ်လာသည်။

ဂျွန်နီ ချောင်ရွှန်းယီ အပါအဝင် ရင်းနှီးမြှုပ်နှံသူ ၁၀ ဦးသည် အဆိုပါ တာဝါကြီးကို ပြီးခဲ့သောနှစ်အတွင်း ကန်ဒေါ်လာ ၅ ဒသမ ၁၅ ဘီလီယံပေးကာ ဝယ်ယူခဲ့ကြသည်။

ယခုအရောင်းအဝယ်ဖြစ်သွားသည့် ကားပါကင်နေရာကို ဂျွန်နီ ချောင်ရွှန်းယီက ပိုင်ဆိုင်ထားခြင်းဖြစ်ပြီး အဆိုပါအဆောက်အအုံတွင် ကားပါကင် ၄ နေရာပိုင်ဆိုင်ထားခြင်းဖြစ်ကာ ၃ ခုကို ရောင်းထုတ်ခဲ့ပြီးဖြစ်ပြီး ယခုကားပါကင်မှာ နောက်ဆုံးတစ်ခုဖြစ်သည်။

ချောင်ရွှန်းယီ ရောင်းချလိုက်သူမှာ The Center အဆောက်အအုံကြီးတွင်ပင် ရုံးခန်းဖွင့်လှစ်ထားသူတစ်ဦးဖြစ်ပြီး ကားပါကင်လိုအပ်နေသည့်အတွက် ရောင်းချပေးလိုက်ခြင်းဖြစ်သည်ဟု ချောင်ရွှန်းယီက ပြောကြားခဲ့သော်လည်း ဝယ်လက်အမည်ကိုမူ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိချေ။

ကားပါကင်နေရာ၏ အကျယ်အဝန်းမှာ ၁၃၄ ဒသမ ၅ စတုရန်းပေ (၁၂ ဒသမ ၅ စတုရန်းမီတာ) ရှိရာ ၁ စတုရန်းပေလျှင် ဟောင်ကောင်ဒေါ်လာ ၅၆၅၀၅ အထိ ပေးခဲ့ရခြင်းလည်းဖြစ်သည်။

အဆိုပါဈေးနှုန်းမှာ ကမ္ဘာပေါ်တွင် အိမ်ခြံမြေဈေးအကြီးဆုံးအဖြစ် ၉ နှစ်တိုင် ထိပ်ဆုံးမှ ရပ်တည်နေသော ဟောင်ကောင်တွင်ပင် အလယ်လတ်တန်းနေအိမ်ဈေးနှုန်းထက် ၃ ဆခန့် များပြားနေသေးသည်။

၂၀၁၇ ခုနှစ် အချက်အလက်များအရ ဟောင်ကောင်တွင် လူ ၅ ဦးလျှင် ၁ ဦးသည် အစိုးရက သတ်မှတ်ထားသော ဆင်းရဲမွဲတေမှုမျဉ်း အောက်တွင် နေထိုင်ကြရလျက်ရှိသည်။

ယခုအရောင်းအဝယ်က မီးမောင်းထိုးပြသည်မှာ ဟောင်ကောင်ကို အဆိုးရွားဆုံး နိုင်ငံရေးအကျပ်အတည်းအတွင်း တွန်းပို့ခဲ့သော ဆင်းရဲချမ်းသာ ကွာဟချက်ကို ပြသနေသည်။

မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service