The Lord of the Rings ဇာတ္ကားၾကီး၏ ဝတၳဳဇာတ္လမ္းကို ေရးသားခဲ့သည့္ စာေရးဆရာၾကီး တိုလ္ကီယန္၏ အဂၤလန္ႏိုင္ငံ၊ ေအာက္စ္ဖို႔ဒ္ျမိဳ႕ရွိေနအိမ္ ေပါင္ ၄ ဒသမ ၅ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာ

The Lord of the Rings ဇာတ္ကားၾကီး၏ ဝတၳဳဇာတ္လမ္းကို ေရးသားခဲ့သည့္ စာေရးဆရာၾကီး တိုလ္ကီယန္၏ အဂၤလန္ႏိုင္ငံ၊ ေအာက္စ္ဖို႔ဒ္ျမိဳ႕ရွိေနအိမ္ ေပါင္ ၄ ဒသမ ၅ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာ - Property News in Myanmar from iMyanmarHouse.com
23 Oct 2019 11:54 am တွင် တင်ခဲ့သည်
818 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

The Lord of the Rings ဇာတ္ကားၾကီး၏ ဝတၳဳဇာတ္လမ္းကို ေရးသားခဲ့သည့္ စာေရးဆရာၾကီး တိုလ္ကီယန္၏ အဂၤလန္ႏိုင္ငံ၊ ေအာက္စ္ဖို႔ဒ္ျမိဳ႕ရွိေနအိမ္ေပါင္ ၄ ဒသမ ၅ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာသည္။

စာေရးဆရာၾကီး တိုလ္ကီယန္ (၁၈၉၂- ၁၉၇၃) ၏ အမည္ရင္းမွာ ဂၽြန္ ေရာ္နယ္ ရူးလ္ တိုကီယန္ဟု အမည္ရျပီး အတိုေကာက္အားျဖင့္ ေဂ်-အာရ္-အာရ္-တိုကီယန္ဟုလည္း လူသိမ်ားသည္။

တိုကီယန္သည္ အဂၤလိပ္လူမ်ဳိး စာေရးဆရာ၊ ကဗ်ာဆရာ၊ ဘာသာေဗဒပညာရွင္တစ္ဦးျဖစ္ျပီး ဂႏၳဝင္ဝတၳဳၾကီးမ်ားျဖစ္ေသာ The Hobbit, The Lord of the Rings ႏွင့္ The Silmarillion တို႔ကို ေရးသားခဲ့ျခင္းျဖင့္ နာမည္ေက်ာ္သည္။

The Lord of the Rings သည္ ကမၻာ့အေရာင္းရဆံုးစာအုပ္မ်ားတြင္ အပါအဝင္ျဖစ္ျပီး ကမၻာတစ္ဝန္းတြင္ အုပ္ေရ သန္း ၁၅၀ ေက်ာ္ ေရာင္းခ်ထားရျပီး ျဖစ္သည္။

တိုကီယန္၏ စာေပလက္ရာမ်ားမွာ ကမၻာ့စာေပအေပၚ အလြန္ၾသဇာသက္ေရာက္မႈရွိလွေသာေၾကာင့္ ေအာက္စ္ဖုိ႔ အဘိဓာန္တြင္ "Tolkienian" ႏွင့္ "Tolkienesque" ဟူေသာ စကားလံုးမ်ား ထည့္သြင္းေဖာ္ျပလာရသည္။

စာေရးဆရာၾကီး တိုကီယန္သည္ အိပ္ခန္း ၆ ခန္းပါ စံအိမ္ၾကီးတြင္ မိသားစုႏွင့္အတူ ၁၉၃၀ ျပည့္ႏွစ္မွ ၁၉၄၇ ခုႏွစ္အထိ ေနထိုင္ခဲ့ျပီး အဆိုပါကာလအတြင္းတြင္ပင္ သူ၏ Hobbit ဝတၳဳၾကီးကို ေရးသားခဲ့ျခင္းလည္း ျဖစ္သည္။

စံအိမ္ၾကီးအတြင္းရွိ ဧည့္ခန္းတြင္ အဆိုပါဝတၳဳၾကီးကို ေရးသားခဲ့သည္ဟု ယူဆရသည္။

တိုကီယန္သည္ Lord of the rings ဇာတ္လမ္းမ်ားကိုလည္း ယခုစံအိမ္ၾကီးတြင္ပင္ ေရးသားခဲ့ျခင္း ျဖစ္သည္။

စံအိမ္ေရွ ႔တြင္ ဂုဏ္ျပဳတပ္ဆင္ထားေသာ အျပာေရာင္တံဆိပ္ျပားတြင္ “ေဂ်-အာရ္-အာရ္-တိုကီယန္။ Lord of the rings စာေရးဆရာၾကီး။ ၁၉၃၀ မွ ၁၉၄၇ အထိ ဤစံအိမ္တြင္ ေနထုိင္ခဲ့သည္” ဟု ေရးသားေဖာ္ျပထားသည္။

စံအိမ္ၾကီး၏ ေစ်းကြက္တင္ေခၚေစ်းမွာ ေပါင္ ၄၅၇၅၀၀၀ ျဖစ္ျပီး ေအာက္စ္ဖို႔ဒ္၏ သမိုင္းတြင္ အေရးၾကီးသည့္ အစိတ္အပိုင္းတစ္ခုျဖစ္ေၾကာင္း အိမ္ျခံေျမအက်ဳိးေဆာင္တစ္ဦးက ေျပာၾကားသည္။

တိုကီယန္တို႔ မိသားစုသည္ မူလက အမွတ္ ၂၂ ရွိ ေနအိမ္တြင္ ေနထုိင္ခဲ့ၾကေသာ္လည္း ေနာက္ပိုင္းတြင္ သိုေလွာင္ခန္း၊ နံနက္စာစားခန္းႏွင့္ အိပ္ခန္း ၆ ခန္းပါဝင္ေသာ ေဘးခ်င္းကပ္ေနအိမ္သို႔ ေရႊ ႔ေျပာင္းခဲ့ၾကသည္။

ယခုစံအိမ္ကို ဝယ္လက္တစ္ဦးက ၂၀၀၄ ခုႏွစ္အတြင္း ေပါင္ ၁ ဒသမ ၅ သန္းေက်ာ္ျဖင့္ ဝယ္ယူခဲ့သည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

The Lord of the Rings ဇာတ်ကားကြီး၏ ဝတ္ထုဇာတ်လမ်းကို ရေးသားခဲ့သည့် စာရေးဆရာကြီး တိုလ်ကီယန်၏ အင်္ဂလန်နိုင်ငံ၊ အောက်စ်ဖို့ဒ်မြို့ရှိနေအိမ် ပေါင် ၄ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာသည်။

စာရေးဆရာကြီး တိုလ်ကီယန် (၁၈၉၂- ၁၉၇၃) ၏ အမည်ရင်းမှာ ဂျွန် ရော်နယ် ရူးလ် တိုကီယန်ဟု အမည်ရပြီး အတိုကောက်အားဖြင့် ဂျေ-အာရ်-အာရ်-တိုကီယန်ဟုလည်း လူသိများသည်။

တိုကီယန်သည် အင်္ဂလိပ်လူမျိုး စာရေးဆရာ၊ ကဗျာဆရာ၊ ဘာသာဗေဒပညာရှင်တစ်ဦးဖြစ်ပြီး ဂန္ထဝင်ဝတ္ထုကြီးများဖြစ်သော The Hobbit, The Lord of the Rings နှင့် The Silmarillion တို့ကို ရေးသားခဲ့ခြင်းဖြင့် နာမည်ကျော်သည်။

The Lord of the Rings သည် ကမ္ဘာ့အရောင်းရဆုံးစာအုပ်များတွင် အပါအဝင်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းတွင် အုပ်ရေ သန်း ၁၅၀ ကျော် ရောင်းချထားရပြီး ဖြစ်သည်။

တိုကီယန်၏ စာပေလက်ရာများမှာ ကမ္ဘာ့စာပေအပေါ် အလွန်သြဇာသက်ရောက်မှုရှိလှသောကြောင့် အောက်စ်ဖို့ အဘိဓာန်တွင် "Tolkienian" နှင့် "Tolkienesque" ဟူသော စကားလုံးများ ထည့်သွင်းဖော်ပြလာရသည်။

စာရေးဆရာကြီး တိုကီယန်သည် အိပ်ခန်း ၆ ခန်းပါ စံအိမ်ကြီးတွင် မိသားစုနှင့်အတူ ၁၉၃၀ ပြည့်နှစ်မှ ၁၉၄၇ ခုနှစ်အထိ နေထိုင်ခဲ့ပြီး အဆိုပါကာလအတွင်းတွင်ပင် သူ၏ Hobbit ဝတ္ထုကြီးကို ရေးသားခဲ့ခြင်းလည်း ဖြစ်သည်။

စံအိမ်ကြီးအတွင်းရှိ ဧည့်ခန်းတွင် အဆိုပါဝတ္ထုကြီးကို ရေးသားခဲ့သည်ဟု ယူဆရသည်။

တိုကီယန်သည် Lord of the rings ဇာတ်လမ်းများကိုလည်း ယခုစံအိမ်ကြီးတွင်ပင် ရေးသားခဲ့ခြင်း ဖြစ်သည်။

စံအိမ်ရှေ့တွင် ဂုဏ်ပြုတပ်ဆင်ထားသော အပြာရောင်တံဆိပ်ပြားတွင် “ဂျေ-အာရ်-အာရ်-တိုကီယန်။ Lord of the rings စာရေးဆရာကြီး။ ၁၉၃၀ မှ ၁၉၄၇ အထိ ဤစံအိမ်တွင် နေထိုင်ခဲ့သည်” ဟု ရေးသားဖော်ပြထားသည်။

စံအိမ်ကြီး၏ ဈေးကွက်တင်ခေါ်ဈေးမှာ ပေါင် ၄၅၇၅၀၀၀ ဖြစ်ပြီး အောက်စ်ဖို့ဒ်၏ သမိုင်းတွင် အရေးကြီးသည့် အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောကြားသည်။

တိုကီယန်တို့ မိသားစုသည် မူလက အမှတ် ၂၂ ရှိ နေအိမ်တွင် နေထိုင်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် သိုလှောင်ခန်း၊ နံနက်စာစားခန်းနှင့် အိပ်ခန်း ၆ ခန်းပါဝင်သော ဘေးချင်းကပ်နေအိမ်သို့ ရွှေ့ပြောင်းခဲ့ကြသည်။

ယခုစံအိမ်ကို ဝယ်လက်တစ်ဦးက ၂၀၀၄ ခုနှစ်အတွင်း ပေါင် ၁ ဒသမ ၅ သန်းကျော်ဖြင့် ဝယ်ယူခဲ့သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service