စင်ဒီကရောဖို့ဒ်တို့ စုံတွဲက နေအိမ်ရှာဖွေလျက်ရှိပြီး နယူးယောက်မြို့တွင် ဒေါ်လာ ၁၄ သန်းတန် ကွန်ဒိုခန်းကို ခင်ပွန်းနှင့်အတူ ကြည့်ရှုခဲ့
စင်ဒီကရောဖို့ဒ်တို့ စုံတွဲက နေအိမ်ရှာဖွေလျက်ရှိပြီး နယူးယောက်မြို့တွင် ဒေါ်လာ ၁၄ သန်းတန် ကွန်ဒိုခန်းကို ခင်ပွန်းနှင့်အတူ ကြည့်ရှုခဲ့ - Property News in Myanmar from iMyanmarHouse.com
23 Oct 2019 11:44 am တွင် တင်ခဲ့သည်
1155 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
### Unicode Version ###
ကမ္ဘာကျော် စုံတွဲဖြစ်သော စင်ဒီကရောဖို့ဒ်နှင့် ခင်ပွန်းဖြစ်သူ ရန်ဒီ ဂါဘာတို့သည် နေအိမ်ရှာဖွေလျက်ရှိပြီး နယူးယောက်မြို့တွင် ဒေါ်လာ ၁၄ သန်းတန် ကွန်ဒိုခန်းကို အသေးစိတ် ဝင်ရောက်ကြည့်ရှုခဲ့ကြကြောင်း နယူးယောက်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
စင်ဒီကရောဖို့ဒ်တို့ ဇနီးမောင်နှံ ဝင်ရောက်ကြည့်ရှုခဲ့သော ကွန်ဒိုခန်းမှာ နယူးယောက်မြို့၊ မန်ဟက်တန်ဒေသ၊ နိုလီတာအရပ်၊ အဲလစ်ဇဘက်လမ်း၊ အမှတ် ၁၅၂ တွင် တည်ရှိသော အဆောက်အအုံ၌ တည်ရှိသည်။ ရန်ဒီဂါဘာသည် ယခင်က မော်ဒယ်အဖြစ် လုပ်ကိုင်ခဲ့ပြီး ယခုအခါ ကမ္ဘာတစ်ဝန်းတွင် အရက်ဘားများ၊ စားသောက်ဆိုင်များ ပိုင်ဆိုင်ထားသော လုပ်ငန်းရှင်ကြီးတစ်ဦး ဖြစ်ကာ စင်ဒီကရောဖို့ဒ်နှင့် ၁၉၉၈ ခုနှစ်ကတည်းက လက်ထပ်ခဲ့ခြင်း ဖြစ်သည်။
ကွန်ဒိုခန်းတည်ရှိရာ အဆောက်အအုံကို Pritzker ဆုရ နာမည်ကြီး ဗိသုကာပညာရှင် Tadao Ando က ဒီဇိုင်းရေးဆွဲဆောက်လုပ်ပေး ထားခြင်းဖြစ်ပြီး စုစုပေါင်း အခန်း ၇ ခန်းသာ ပါဝင်သည်။
အဆိုပါ အဆောက်အအုံသည် Tadao Ando အတွက် အာရှပြင်ပတွင် ပထမဆုံးသော လက်ရာတစ်ခုလည်း ဖြစ်သည်။ အလွှာတစ်ခုလုံးကို နေရာယူထားသည့် အဆိုပါကွန်ဒိုကို အရောင်းဈေးကွက်တွင် ကန်ဒေါ်လာ ၁၃ ဒသမ ၇၅ သန်းဖြင့် ဈေးခေါ်ထားပြီး လစဉ် အထွေထွေကုန်ကျစရိတ်မှာ ကန်ဒေါ်လာ ၇၇၁၃ ခန့်ရှိသည်။
အခန်းအကျယ်အဝန်း စတုရန်းပေ ၄၁၅၈ ရှိပြီး အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၄ ခန်းခွဲ ပါဝင်သည်။ ဈေးကွက်တင်ပေးသည့် အကျိုးဆောင်များမှာ Compass ကုမ္ပဏီမှ ဒီဘရာ လာချန့်စ်၊ ဒင်းနစ် လာချန့်စ်၊ လီယိုနာ့ဒ် စတိန်းဘာ့ဂျ်တို့ ဖြစ်သည်။ သီးသန့်ဓာတ်လှေကားမှ တက်လျှင် နားနေခန်းနှင့် အနုပညာလက်ရာများစွာရှိသည့် ပြခန်းတစ်ခုတို့သို့ ရောက်ရှိမည် ဖြစ်သည်။
မီးဖိုဆောင်တွင် Gaggenau ကုမ္ပဏီထုတ် အသုံးအဆောင်ပစ္စည်းများ၊ ယူကလစ်သား နံရံကပ်စင်များ၊ စကျင်ကျောက် စားပွဲမျက်နှာပြင်များကို တွေ့ရပြီး တောင်ဘက်သို့ မျက်နှာမူသည့် ဟင်းလင်းပြင် နေရာတစ်ခုသို့ ရောက်ရှိနိုင်သည်။
ထို့အပြင် ဓာတ်ငွေ့သုံး မီးလင်းဖိုတစ်ခု ပါဝင်သော ဧည့်ခန်းတစ်ခန်းလည်း ပါဝင်သည်။
အဆောက်အအုံတွင် ၂၄ နာရီ တံခါးစောင့်တစ်ဦး၊ ဝန်ထမ်းတစ်ဦးနှင့် ကားရပ်နားရန် နေရာတစ်ခုတို့ ပါဝင်သည်။
ပြီးခဲ့သောလအတွင်းကလည်း ကမ္ဘာကျော်ထိပ်သီးမော်ဒယ် ဘယ်လာ ဟာဒစ်က ယခုအဆောက်အအုံရှိ ကန်ဒေါ်လာ ၅ ဒသမ ၉၈ သန်းတန်ကြေးရှိ အခန်းတစ်ခန်းကို လာရောက်ကြည့်ရှုသွားခဲ့သေးသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
INNO CITY
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service