ဗုံးကြဲလေယာဉ်ကြီးများ ထုတ်လုပ်ပေးခဲ့သည့် သူဌေးကြီး ဖရက်ဒရစ် ဟန်ဒလေ ပိတ်ခ်ျ ကွယ်လွန်ချိန်အထိ နေထိုင်ခဲ့သည့် လန်ဒန် လူနေခန်း ပေါင် ၁၈ ဒသမ ၇၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗုံးကြဲလေယာဉ်ကြီးများ ထုတ်လုပ်ပေးခဲ့သည့် သူဌေးကြီး ဖရက်ဒရစ် ဟန်ဒလေ ပိတ်ခ်ျ ကွယ်လွန်ချိန်အထိ နေထိုင်ခဲ့သည့် လန်ဒန် လူနေခန်း ပေါင် ၁၈ ဒသမ ၇၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
21 Oct 2019 11:55 am တွင် တင်ခဲ့သည်
828 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
ဗုံးကြဲလေယာဉ်ကြီးများ ထုတ်လုပ်ပေးခဲ့သည့် ဗြိတိသျှ လေကြောင်းလုပ်ငန်းသူဌေးကြီး ဖရက်ဒရစ် ဟန်ဒလေ ပိတ်ခ်ျ ကွယ်လွန်ချိန်အထိ နေထိုင်ခဲ့သည့် လန်ဒန်လူနေခန်း ပေါင် ၁၈ ဒသမ ၇၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာသည်။
သူရဲကောင်းဘွဲ့ ချီးမြှင့်ခံရသူ သူဌေးကြီး ဆာဖရက်ဒရစ် ဟန်ဒလေ ပိတ်ခ်ျ (၁၈၈၅-၁၉၆၂) သည် လေယာဉ်လုပ်ငန်းနယ်ပယ်၏ ရှေ့ ပြေးပုဂ္ဂိုလ်၊ အင်္ဂလိပ်လူမျိုး စက်မှုလုပ်ငန်းရှင်ကြီးဖြစ်ပြီး ကြီးမားလှသော ဗုံးကြဲလေယာဉ်ကြီးများ၏ ဖခင်ကြီးအဖြစ် လူသိများသည်။
သူ၏ ကုမ္ပဏီ ဟန်ဒလေပိတ်ခ်ျ လိမိတက် (Handley Page Limited) သည် Handley Page 0/400 ၊ Halifax ဗုံးကြဲလေယာဉ်များနှင့် H.P.42 လေယာဉ်များ ထုတ်လုပ်ခြင်းဖြင့် နာမည်ကျော်သည်။
ယခုအခါ လန်ဒန်မြို့ ၏ လူကုံထံရပ်ကွက်တစ်ခုဖြစ်သော Grosvenor Square တွင် တည်ရှိပြီး တချိန်က ဖရက်ဒရစ် ဟန်ဒလေ ပိတ်ခ်ျနေထိုင်ခဲ့သော နေအိမ်ခန်းကို ပေါင် ၁၈ ဒသမ ၇၅ သန်း (ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်း) ဖြင့် အရောင်းဈေးကွက်တင်လာသည်။
နီယိုး ဂျော်ဂျီယန်ဗိသုကာဟန်ဖြင့် အုတ်၊ ကျောက်တုံးတို့ကို အသုံးပြုကာ ဆောက်လုပ်ထားသည့် အဆောက်အအုံကြီးတွင် ဟန်ဒလေ ပိတ်ခ်ျ၏ အခန်းမှာ ၃ လွှာတွင် တည်ရှိပြီး အဆောက်အအုံမျက်နှာစာတွင် အပြာရောင်တံဆိပ်ပြားကပ်ကာ သမိုင်းဝင်အဖြစ် ဂုဏ်ပြုခြင်း ခံရသော အဆောက်အအုံကြီး ဖြစ်သည်။
ဟန်ဒလေ ပိတ်ခ်ျသည် အဆိုပါအခန်းတွင် ၁၉၄၆ ခုနှစ်မှ ၎င်းကွယ်လွန်ချိန် ၁၉၆၂ ခုနှစ်အထိ နေထိုင်သွားခဲ့သည်။
ဟန်ဒလေ ပိတ်ခ်ျ၏ Handley Page Limited ကုမ္ပဏီသည် ပထမနှင့်ဒုတိယကမ္ဘာစစ်ကြီးများအတွင်း ဗြိတိသျှတော်ဝင်လေတပ် အသုံးပြုမည့်ဗုံးကြဲလေယာဉ်ကြီးများကို ဒီဇိုင်းရေးဆွဲပေးခဲ့သည်။
Grosvenor Square ရှိ လူနေခန်းတွင် ဟန်ဒလေ ပိတ်ခ်ျ နေထိုင်ခဲ့စဉ်ကာလအတွင်း လာရောက်လည်ပတ်သူများတွင် အဲလစ်ဇဘက် ဘုရင်မကြီး (II) ၏ မယ်တော်နှင့် ကမ္ဘာကျော်သူဌေးကြီး ဟောင်းဝပ်ဟုခ်ျတို့ ပါဝင်ကြောင်း ဈေးကွက်တင်ပေးသည့် အိမ်ခြံမြေကုမ္ပဏီ Wetherell က ဖော်ပြသော အချက်အလက်များတွင် ပါဝင်သည်။ ဟန်ဒလေ ပိတ်ခ်ျ၏ အခန်းကို မကြာသေးမီကပင် ပရိဘောဂသစ်များ ထည့်သွင်းကာ ခေတ်မီအဆင့်မြှင့်တင် မွမ်းမံထားပြီးဖြစ်သည်။
### Unicode Version ###
ဗုံးကြဲလေယာဉ်ကြီးများ ထုတ်လုပ်ပေးခဲ့သည့် ဗြိတိသျှ လေကြောင်းလုပ်ငန်းသူဌေးကြီး ဖရက်ဒရစ် ဟန်ဒလေ ပိတ်ချ် ကွယ်လွန်ချိန် အထိ နေထိုင်ခဲ့သည့် လန်ဒန် လူနေခန်း ပေါင် ၁၈ ဒသမ ၇၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာသည်။
သူရဲကောင်းဘွဲ့ ချီးမြှင့်ခံရသူ သူဌေးကြီး ဆာဖရက်ဒရစ် ဟန်ဒလေ ပိတ်ချ် (၁၈၈၅-၁၉၆၂) သည် လေယာဉ်လုပ်ငန်းနယ်ပယ်၏ ရှေ့ပြေးပုဂ္ဂိုလ်၊ အင်္ဂလိပ်လူမျိုး စက်မှုလုပ်ငန်းရှင်ကြီးဖြစ်ပြီး ကြီးမားလှသော ဗုံးကြဲလေယာဉ်ကြီးများ၏ ဖခင်ကြီးအဖြစ် လူသိများသည်။
သူ၏ ကုမ္ပဏီ ဟန်ဒလေပိတ်ချ် လိမိတက် (Handley Page Limited) သည် Handley Page 0/400 ၊ Halifax ဗုံးကြဲလေယာဉ်များနှင့် H.P.42 လေယာဉ်များ ထုတ်လုပ်ခြင်းဖြင့် နာမည်ကျော်သည်။
ယခုအခါ လန်ဒန်မြို့၏ လူကုံထံရပ်ကွက်တစ်ခုဖြစ်သော Grosvenor Square တွင် တည်ရှိပြီး တချိန်က ဖရက်ဒရစ် ဟန်ဒလေ ပိတ်ချ်နေထိုင်ခဲ့သော နေအိမ်ခန်းကို ပေါင် ၁၈ ဒသမ ၇၅ သန်း (ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်း) ဖြင့် အရောင်းဈေးကွက်တင် လာသည်။
နီယိုး ဂျော်ဂျီယန်ဗိသုကာဟန်ဖြင့် အုတ်၊ ကျောက်တုံးတို့ကို အသုံးပြုကာ ဆောက်လုပ်ထားသည့် အဆောက်အအုံကြီးတွင် ဟန်ဒလေ ပိတ်ချ်၏ အခန်းမှာ ၃ လွှာတွင် တည်ရှိပြီး အဆောက်အအုံမျက်နှာစာတွင် အပြာရောင်တံဆိပ်ပြားကပ်ကာ သမိုင်းဝင်အဖြစ် ဂုဏ်ပြုခြင်း ခံရသော အဆောက်အအုံကြီး ဖြစ်သည်။
ဟန်ဒလေ ပိတ်ချ်သည် အဆိုပါအခန်းတွင် ၁၉၄၆ ခုနှစ်မှ ၎င်းကွယ်လွန်ချိန် ၁၉၆၂ ခုနှစ်အထိ နေထိုင်သွားခဲ့သည်။ လန်ဒန်မြို့တော်တစ်ဝန်းတွင် အပြာရောင်တံဆိပ်ပြားများဖြင့် မှတ်တမ်းတင်ဂုဏ်ပြုခံရသည့် အဆောက်အအုံပေါင်း ၉၀၀ ကျော်ရှိပြီး ထင်ရှားကျော်ကြားသည့် ပုဂ္ဂိုလ်များ နေထိုင်ခဲ့သည့် အဆောက်အအုံများကို မှတ်တမ်းတင်ခြင်း ဖြစ်သည်။
ဟန်ဒလေ ပိတ်ချ်၏ Handley Page Limited ကုမ္ပဏီသည် ပထမနှင့် ဒုတိယကမ္ဘာစစ်ကြီးများအတွင်း ဗြိတိသျှတော်ဝင်လေတပ် အသုံးပြုမည့် ဗုံးကြဲလေယာဉ်ကြီးများကို ဒီဇိုင်းရေးဆွဲပေးခဲ့သည်။
Grosvenor Square ရှိ လူနေခန်းတွင် ဟန်ဒလေ ပိတ်ချ် နေထိုင်ခဲ့စဉ်ကာလအတွင်း လာရောက်လည်ပတ်သူများတွင် အဲလစ်ဇဘက် ဘုရင်မကြီး (II) ၏ မယ်တော်နှင့် ကမ္ဘာကျော်သူဌေးကြီး ဟောင်းဝပ်ဟုချ်တို့ ပါဝင်ကြောင်း ဈေးကွက်တင်ပေးသည့် အိမ်ခြံမြေကုမ္ပဏီ Wetherell က ဖော်ပြသော အချက်အလက်များတွင် ပါဝင်သည်။ ဟန်ဒလေ ပိတ်ချ်၏ အခန်းကို မကြာသေးမီကပင် ပရိဘောဂသစ်များ ထည့်သွင်းကာ ခေတ်မီအဆင့်မြှင့်တင် မွမ်းမံထားပြီးဖြစ်သည်။
အခန်းအတွင်း အိပ်ခန်း ၄ ခန်း၊ စကျင်ကျောက်ပြားများဖြင့် မွမ်းမံထားသည့် အဝင်ခန်းမ၊ အထူးတံခါးများ၊ စကျင်ကျောက်ဖြင့် ပြုလုပ်ထားသည့် မီးလင်းဖိုများ၊ သစ်နံရံများ၊ ဥရောပ ဝက်သစ်ချသား ကြမ်းခင်းများ ပါဝင်သည်။ Master bedroom တွင် အဝတ်အစားထားသိုခန်း ပါဝင်ပြီး တစ်ခုသော အိပ်ခန်းကိုမူ လက်ရှိအားဖြင့် အိမ်တွင်းရုပ်ရှင်ရုံအဖြစ် အသုံးပြုထားသည်။
နေအိမ်၏ လက်ရှိပိုင်ရှင် မည်သူဖြစ်သည်ကိုမူ မသိရချေ။
လန်ဒန်တွင် Mayfair နှင့် Grosvenor Square တို့သည် ၁၈ ရာစုကတည်းကပင် လူကုံထံရပ်ကွက်အဖြစ် ရပ်တည်ခဲ့ခြင်း ဖြစ်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
Mingalar Market
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service