စင်္ကာပူရှိ ဆော်ဒီအာရေးဗီးယားသံရုံးအဆောက်အအုံ စင်္ကာပူဒေါ်လာ ၁၇၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
စင်္ကာပူရှိ ဆော်ဒီအာရေးဗီးယားသံရုံးအဆောက်အအုံ စင်္ကာပူဒေါ်လာ ၁၇၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
21 Oct 2019 11:39 am တွင် တင်ခဲ့သည်
1293 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
### Unicode Version ###
စင်္ကာပူနိုင်ငံ တောင်ပိုင်း နာဆင်လမ်းတွင် တည်ရှိသော ဆော်ဒီအာရေးဗီးယားသံရုံးအဖြစ် အသုံးပြုခဲ့သည့် အဆောက်အအုံဟောင်းကို စင်္ကာပူဒေါ်လာ ၁၇၅ သန်းဖြင့် အရောင်းဈေးကွက်တင်လာသည်။
စင်္ကာပူတွင် ခြံအကျယ်အဝန်း အနည်းဆုံး ၁၅၀၀၀ စတုရန်းပေရှိပြီး နိုင်ငံအတွင်း တန်ဖိုးအကြီးဆုံးဖြစ်သည့် good class bungalow (GCB) ဟုခေါ်သော လူနေအိမ်များ ရှိသည်။
ဆော်ဒီအာရေးဗီးယားသံရုံးသည် GCB တစ်ခုဖြစ်ပြီး နာဆင်လမ်း၊ အမှတ် ၄၀ တွင် တည်ရှိကာ ယခင်က ဆော်ဒီအာရေးဗီးယားနိုင်ငံ၏ တော်ဝင်သံရုံးအဖြစ် အသုံးပြုခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင်မူ ခေါ်ဈေး ဒေါ်လာ ၁၇၅ သန်းဖြင့် တင်ဒါခေါ်ယူလာခြင်း ဖြစ်သည်။
စုစုပေါင်း အကျယ်အဝန်း စတုရန်းပေ ၅၈၇၈၄ ရှိရာ ၁ စတုရန်းပေလျှင် စင်္ကာပူဒေါ်လာ ၂၉၇၇ အထိ ကျသင့်နေခြင်းဖြစ်သည်။
အရောင်းဈေးကွက်တင်ပေးသည်မှာ CBRE ကုမ္ပဏီမှဖြစ်ပြီး ပြီးခဲ့သော အောက်တိုဘာ ၁၆ ရက် (ဗုဒ္ဓဟူးနေ့) က အရောင်းဈေးကွက် တင်ခဲ့ခြင်း ဖြစ်သည်။
နာဆင်လမ်းရှိ ခမ်းနားလှသော စံအိမ်ကြီးများသည် မကြာသေးမီလများအတွင်း စံချိန်တင်ဈေးနှုန်းများ ရရှိခဲ့ကြောင်း CBRE ၏ မှတ်တမ်းများတွင် ဖော်ပြသည်။
နာဆင်လမ်းရှိ စတုရန်းပေ ၈၄၅၄၃ ကျယ်ဝန်းသော GCB စံအိမ်တစ်လုံးကို ဖေ့စ်ဘုတ် ပူးတွဲတည်ထောင်သူ အက်ဒွါးဒို ဆာဗီရင်ထံ ဒေါ်လာ သန်း ၂၃၀ (သို့မဟုတ်) ၁ စတုရန်းပေလျှင် ၂၇၂၁ ဒေါ်လာဖြင့် ရောင်းချခဲ့ရဖူးသည်။
ရောင်းချသွားသူမှာ Wing Tai Holdings ကုမ္ပဏီဥက္ကဌ သူဌေးကြီး ချန်းဝေကွမ်းနှင့် ၎င်း၏ဇနီး ဟယ်လင်တို့ ရှယ်ယာပါဝင်သော Winright Investment မှ ဖြစ်သည်။
(အဆိုပါသတင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ရေးသားတင်ပြခဲ့ပြီးဖြစ်ရာ https://www.imyanmarhouse.com/news/read/847768 အင်တာနက်လင့်ခ်တွင် ပြန်လည်ဖတ်ရှုနိုင်ပါသည်) CBRE ၏ ဖော်ပြချက်အရ ဆော်ဒီအာရေးဗီးယားသံရုံးသည် နာဆင်လမ်းရှိ အဆောက်အအုံမှ လွန်ခဲ့သော ၁၀ နှစ်ကတည်းက ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး အဆောက်အအုံ၏ ပိုင်ရှင်မှာ အလွန်တရာကြွယ်ဝချမ်းသာလှသူတစ်ဦးဖြစ်သည်ဟု ဆိုသည်။
ဝယ်ယူမည့် ဝယ်လက်အနေဖြင့် သံရုံးအဆောက်အအုံဟောင်းနေရာတွင် GCB အဆောက်အအုံသစ် ၃ ခု ပြန်လည်တည်ဆောက်နိုင်သည်။
အဆောက်အအုံတည်ရှိရာ ခြံဝန်းမျက်နှာစာသည် မီတာ ၇၀ (၂၂၉ ဒသမ ၆ ပေ) ခန့်ရှိပြီး ၁၄၈၆၇ စတုရန်းပေ၊ ၁၅၇၇၉ စတုရန်းပေနှင့် ၂၈၁၃၈ စတုရန်းပေ အသီးသီးရှိသော ကပ်လျက်မြေကွက် ၃ ခုဖြင့် ပေါင်းစပ်ထားသည်။ လက်ရှိအားဖြင့် စင်္ကာပူတွင် GCB နေအိမ်စာရင်းတွင် မြေကွက်နေရာပေါင်း ၂၈၀၀ ခန့်ရှိကြောင်း မြို့ပြပြန်လည်ဖွံ့ဖြိုးရေး အာဏာပိုင်ဌာန၏ အချက်အလက်များတွင် ဖော်ပြသည်။
အမှတ် ၄၀ ၊ နာဆမ်လမ်း အဆောက်အအုံနေရာသည် GCB အဆောက်အအုံတည်ရှိရာ နေရာများအနက် နာမည်အကျော်ဆုံးဖြစ်ပြီး ခြံဝန်းအများစုတွင် သံရုံးများ၊ မဟာမင်းကြီးရုံးများ၊ စီးပွားရေးလုပ်ငန်းရှင် သူဌေးကြီးများနှင့် အလွန်တရာကြွယ်ဝချမ်းသာသော မိသားစုများ နေထိုင်လျက်ရှိကြသည်။ တင်ဒါပိတ်မည့်နေ့မှာ နိုဝင်ဘာလ ၁၄ ရက် ညနေ ၃ နာရီ ဖြစ်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
18th Property and Car Expo
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service