ေျမကြက္အိပ္မက္ ေမွ်ာ္လင့္ျခင္းပုစာၦ

ေျမကြက္အိပ္မက္ ေမွ်ာ္လင့္ျခင္းပုစာၦ - Property News in Myanmar from iMyanmarHouse.com
21 Oct 2019 11:05 am တွင် တင်ခဲ့သည်
2453 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

အခုတစ္ေလာ ရန္ကုန္တိုင္းအစိုးရက ေျမကြက္အသစ္ေတြ ေရာင္းခ်ေပးမယ္ဆိုတဲ့ သတင္းေၾကာင့္ အိမ္ရာမဲ့လူတန္းစားေတြအတြက္ ကိုယ္ပိုင္ၿခံကြက္ပိုင္ဆိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ေတြ အသက္ဝင္လာပါတယ္။

ေျမကြက္အတြက္ ေဖာင္တစ္ေစာင္ကို တစ္ေသာင္းနဲ႔ဝယ္ၿပီး ေလွ်ာက္လို႔ရတယ္ဆိုေတာ့ တစ္ဦးနဲ႔တစ္ဦးလက္တို႔ရင္း ေျမ ကြက္ေလွ်ာက္ဖို႔ အခ်င္းခ်င္းတိုက္တြန္းၾကသလို တခ်ိဳ႕ဆိုရင္ လုပ္လက္စအလုပ္ေတြကေန ခြင့္ယူၿပီး သြားေရာက္ေလွ်ာက္ထားၾကေၾကာင္း ေဖ့စ္ဘြတ္ခ္ေပၚတင္ထားသူေတြလည္း အေတြ႕ရမ်ားလာၾကတယ္။

ဘာပဲျဖစ္ျဖစ္ အျပင္မွာ ေပ ၂၀× ၆၀ ေျမကြက္တစ္ကြက္ကို သိန္း ၂၀၀ ေက်ာ္ ျဖစ္ေနခ်ိန္မွာ အစိုးရကေရာင္းခ်ေပးမယ့္ ေပ ၄၀ × ၆၀ ေျမကြက္ က သိန္း ၆၀ ဝန္းက်င္နဲ႔ ရမယ္ဆိုေတာ့ ဝယ္ႏိုင္တဲ့ အေျခအေနျဖစ္ၿပီဆိုေတာ့ ေမွ်ာ္လင့္ခ်က္ေတြနဲ႔ အလုအယက္တိုးေဝွ႔ကာ ေလွ်ာက္လႊာေတြရဖို႔ ႀကိဳးစားၾကပါတယ္။

အဲဒါေၾကာင့္ ပထမေန႔မွာတင္ ေလွ်ာက္လႊာဝယ္ယူလိုသူ သုံးေထာင္ခန႔္ေလာက္ရွိၿပီး သုံးရက္ေျမာက္ေန႔မွာ ေလွ်ာက္လႊာ ေတြ လာေရာက္ဝယ္ယူသူမ်ားလြန္းလို႔ အေရွ႕ပိုင္းခ႐ိုင္စုေပါင္း႐ုံး တံခါးပိတ္ၿပီး ေရာင္းခ်ရတဲ့အထိ ျဖစ္ခဲ့ရေၾကာင္းနဲ႔ ေနာက္ေန႔ ေတြမွာ တိုကင္စနစ္နဲ႔ ထုတ္မေပးေတာ့ဘဲ တန္းစီစနစ္နဲ႔သာ ေလွ်ာက္လႊာမ်ားကို ေရာင္းခ်ေပးမွာျဖစ္ေၾကာင္းလည္း သိရပါတယ္။

သက္ဆိုင္ရာက ေလွ်ာက္လႊာတစ္ေစာင္ကို တစ္ေသာင္းလို႔ သတ္မွတ္ၿပီး ေရာင္းခ်ေပးပါတယ္။ ဒီေငြပမာဏဟာ ပိုက္ဆံရွိသူေတြအတြက္ အဆင္ေျပႏိုင္ေပမယ့္အေျခခံလူတန္းစားေတြအတြက္ကေတာ့ မိသားစုတစ္စုလုံး ႏွစ္ရက္၊ သုံးရက္စာအ တြက္ စားဝတ္ေနေရး ျဖစ္ေနပါတယ္။

သူတို႔မွာ ေျမကြက္ေလးရေလမလားဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေလးတစ္ခုေၾကာင့္သာ အလုပ္ေတြ အပ်က္ခံၿပီး မနက္ ၂ နာရီ ေလာက္ထကာ လာေရာက္ေလွ်ာက္ထားျခင္း ျဖစ္ပါတယ္။ ဒါေၾကာင့္ အစိုးရေပးမယ့္ ေျမကြက္ထက္ ေလွ်ာက္ထားသူေတြ အေရအတြက္က ပိုမ်ားလို႔ေနပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ လယ္ေျမေတြကို ေျမကြက္႐ိုက္ေရာင္းတာနဲ႔စာရင္ အစိုးရကေပးတဲ့ ေျမကြက္ေတြက အာမခံလည္းရၿပီး ေဈးလည္းသက္သာတာမို႔ ေလွ်ာက္ထားသူေတြကမ်ားေနၾကျခင္းသာ ျဖစ္ၾကပါတယ္။

လက္ေတြ႕မွာေတာ့ ေျမကြက္ေလွ်ာက္လႊာထဲမွာ၊ ေဖာ္ျပတဲ့ စည္းကမ္းခ်က္ေတြထဲမွာ မဲေပါက္သူဟာ ေျခာက္လအတြင္း လုပ္ငန္းအေကာင္အထည္ေဖာ္ရမယ္ဆိုတဲ့ စည္းကမ္းလည္း သက္ဆိုင္ရာက ထည့္သြင္းထားတာေၾကာင့္ တခ်ိဳ႕မွာ အခက္ ေတြ႕ရျပန္ပါတယ္။

ဒါကလည္း ေျမကြက္ကို အမွန္တကယ္လိုအပ္သူေတြအတြက္ အခက္အခဲ မျဖစ္ေစႏိုင္ပါဘူး။ ဘာျဖစ္လို႔လဲ ဆိုေတာ့ သူတို႔မွာ လတ္တေလာ ငွားေနရတဲ့သူေတြ ျဖစ္ၾကေတာ့ ေျမကြက္ေလးရရင္ အနည္းဆုံး ေမ်ာတိုင္ေလးေတြနဲ႔ လူေနရ႐ုံ အိမ္ေလးတစ္လုံးတာ့ ေဆာက္ၿပီးေနထိုင္ႏိုင္မွာ ျဖစ္ပါတယ္။ ဒါေပမဲ့ ေျမရရင္ ျပန္ေရာင္းမယ္ဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ လာေရာက္ေလွ်ာက္ထားသူေတြ အေနနဲ႔ကေတာ့ အဆင္မေျပႏိုင္ပါဘူး။ သူတို႔ကေတာ့ အျမတ္ရရင္ ျပန္ေရာင္းခ်ဖို႔ ေလွ်ာက္ထားၾကတာျဖစ္ၿပီး သုံးႏွစ္အတြင္း ျပန္မေရာင္းရဆိုတဲ့ စည္းကမ္းခ်က္က သူတို႔ကို အခက္ေတြ႕ေစခဲ့ပါတယ္။ ဒါေၾကာင့္ ပိုက္ဆံရွိသူေတြဟာ ေျမရရင္ေတာင္နားလည္မႈနဲ႔သာ အိမ္ငွားေတြ တင္ထားႏိုင္မယ့္ အေျခအေနေတြ ျဖစ္လာ ပါတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ အစိုးရကခ်ေပးတဲ့ ေျမကြက္ေတြမွာ ေလွ်ာက္ထားၾကသူေတြ ေထာင္ေပါင္းမ်ားစြာထဲက ကံထူးသူေတြေတာ့ ေပၚထြက္လာၾကဦးမွာပါ။ ေမွ်ာ္လင့္ခ်က္မ်ားစြာနဲ႔ ကခုန္ၾက သူေတြထဲက ဘယ္သူေတြကမ်ား ဝမ္းပန္းတသာနဲ႔ ေပ်ာ္ေပ်ာ္ႀကီး ကခုန္ႏိုင္ၾကမလဲ၊ ဘယ္သူေတြက ဝမ္းနည္းၾကရေလမလဲဆိုတာကေတာ့ မၾကာခင္ အေျဖေတြက ထြက္ေပၚလာေတာ့မွာပါ။ အဲဒီအခါ ေမွ်ာ္လင့္ခ်က္ျဖင့္ ကခုန္ၾကသူေတြအမ်ားႀကီး ေပၚထြက္လာဖို႔ကို ေမွ်ာ္လင့္ရင္း။ ။

ေနးရွင္းျမန္မာ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

### Unicode Version ###

အခုတစ်လော ရန်ကုန်တိုင်းအစိုးရက မြေကွက်အသစ်တွေ ရောင်းချပေးမယ်ဆိုတဲ့ သတင်းကြောင့် အိမ်ရာမဲ့လူတန်းစားတွေအတွက် ကိုယ်ပိုင်ခြံကွက်ပိုင်ဆိုင်ဖို့ မျှော်လင့်ချက်တွေ အသက်ဝင်လာပါတယ်။

မြေကွက်အတွက် ဖောင်တစ်စောင်ကို တစ်သောင်းနဲ့ဝယ်ပြီး လျှောက်လို့ရတယ်ဆိုတော့ တစ်ဦးနဲ့တစ်ဦး လက်တို့ရင်း မြေ ကွက်လျှောက်ဖို့ အချင်းချင်းတိုက်တွန်းကြသလို တချို့ဆိုရင် လုပ်လက်စအလုပ်တွေကနေ ခွင့်ယူပြီး သွားရောက်လျှောက်ထားကြကြောင်း ဖေ့စ်ဘွတ်ခ်ပေါ်တင်ထားသူတွေလည်း အတွေ့ရများလာကြတယ်။

ဘာပဲဖြစ်ဖြစ် အပြင်မှာ ပေ ၂၀× ၆၀ မြေကွက်တစ်ကွက်ကို သိန်း ၂၀၀ ကျော် ဖြစ်နေချိန်မှာ အစိုးရကရောင်းချပေးမယ့် ပေ ၄၀ × ၆၀ မြေကွက် က သိန်း ၆၀ ဝန်းကျင်နဲ့ ရမယ်ဆိုတော့ ဝယ်နိုင်တဲ့ အခြေအနေဖြစ်ပြီဆိုတော့ မျှော်လင့်ချက်တွေနဲ့ အလုအယက်တိုးဝှေ့ကာ လျှောက်လွှာတွေရဖို့ ကြိုးစားကြပါတယ်။

အဲဒါကြောင့် ပထမနေ့မှာတင် လျှောက်လွှာဝယ်ယူလိုသူ သုံးထောင်ခန့်လောက်ရှိပြီး သုံးရက်မြောက်နေ့မှာ လျှောက်လွှာ တွေ လာရောက်ဝယ်ယူသူများလွန်းလို့ အရှေ့ပိုင်းခရိုင်စုပေါင်းရုံး တံခါးပိတ်ပြီး ရောင်းချရတဲ့အထိ ဖြစ်ခဲ့ရကြောင်းနဲ့ နောက်နေ့ တွေမှာ တိုကင်စနစ်နဲ့ ထုတ်မပေးတော့ဘဲ တန်းစီစနစ်နဲ့သာ လျှောက်လွှာများကို ရောင်းချပေး မှာဖြစ်ကြောင်းလည်း သိရပါတယ်။

သက်ဆိုင်ရာက လျှောက်လွှာတစ်စောင်ကို တစ်သောင်းလို့ သတ်မှတ်ပြီး ရောင်းချပေးပါတယ်။ ဒီငွေပမာဏဟာ ပိုက်ဆံ ရှိသူတွေအတွက် အဆင်ပြေနိုင်ပေမယ့်အခြေခံလူတန်းစားတွေအတွက်ကတော့ မိသားစု တစ်စုလုံး နှစ်ရက်၊ သုံးရက်စာအ တွက် စားဝတ်နေရေး ဖြစ်နေပါတယ်။

သူတို့မှာ မြေကွက်လေးရလေမလားဆိုတဲ့ မျှော်လင့်ချက်လေးတစ်ခုကြောင့်သာ အလုပ်တွေ အပျက်ခံပြီး မနက် ၂ နာရီ လောက်ထကာ လာရောက်လျှောက်ထားခြင်း ဖြစ်ပါတယ်။ ဒါကြောင့် အစိုးရပေးမယ့် မြေကွက်ထက် လျှောက်ထားသူတွေ အရေအတွက်က ပိုများလို့နေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လယ်မြေတွေကို မြေကွက်ရိုက်ရောင်းတာနဲ့စာရင် အစိုးရကပေးတဲ့ မြေကွက်တွေက အာမခံလည်းရပြီး ဈေးလည်းသက်သာတာမို့ လျှောက်ထားသူတွေက များနေကြခြင်းသာ ဖြစ်ကြပါတယ်။

လက်တွေ့မှာတော့ မြေကွက်လျှောက်လွှာထဲမှာ၊ ဖော်ပြတဲ့ စည်းကမ်းချက်တွေထဲမှာ မဲပေါက်သူဟာ ခြောက်လအတွင်း လုပ်ငန်းအကောင်အထည်ဖော်ရမယ်ဆိုတဲ့ စည်းကမ်းလည်း သက်ဆိုင်ရာက ထည့်သွင်းထားတာကြောင့် တချို့မှာ အခက် တွေ့ရပြန်ပါတယ်။ ဒါကလည်း မြေကွက်ကို အမှန်တကယ်လိုအပ်သူတွေအတွက် အခက်အခဲ မဖြစ်စေနိုင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့မှာ လတ်တလော ငှားနေရတဲ့သူတွေ ဖြစ်ကြတော့ မြေကွက်လေးရရင် အနည်းဆုံး မျောတိုင်လေးတွေနဲ့ လူနေရရုံ အိမ်လေးတစ်လုံးတာ့ ဆောက်ပြီးနေထိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ မြေရရင် ပြန်ရောင်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လာရောက်လျှောက်ထားသူတွေ အနေနဲ့က တော့ အဆင်မပြေနိုင်ပါဘူး။ သူတို့ကတော့ အမြတ်ရရင် ပြန်ရောင်းချဖို့ လျှောက်ထားကြတာ ဖြစ်ပြီး သုံးနှစ်အတွင်း ပြန်မရောင်းရဆိုတဲ့ စည်းကမ်းချက်က သူတို့ကို အခက်တွေ့စေခဲ့ပါ တယ်။ ဒါကြောင့် ပိုက်ဆံရှိသူတွေဟာ မြေရရင်တောင် နားလည်မှုနဲ့သာ အိမ်ငှားတွေ တင်ထားနိုင်မယ့် အခြေအနေတွေ ဖြစ်လာ ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အစိုးရကချပေးတဲ့ မြေကွက်တွေမှာ လျှောက်ထားကြသူတွေ ထောင်ပေါင်းများစွာထဲက ကံထူးသူတွေ တော့ ပေါ်ထွက်လာကြဦးမှာပါ။ မျှော်လင့်ချက်များစွာနဲ့ ကခုန်ကြ သူတွေထဲက ဘယ်သူတွေကများ ဝမ်းပန်းတသာနဲ့ ပျော်ပျော်ကြီး ကခုန်နိုင်ကြမလဲ၊ ဘယ်သူတွေ က ဝမ်းနည်းကြရလေမလဲဆိုတာကတော့ မကြာခင် အဖြေတွေက ထွက်ပေါ်လာတော့မှာပါ။ အဲဒီအခါ မျှော်လင့်ချက်ဖြင့် ကခုန်ကြသူတွေအများကြီး ပေါ်ထွက်လာဖို့ကို မျှော်လင့်ရင်း။ ။

နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service